
ငြမ်း ရှိဖို့လိုပါသေးတယ်။ ဒီအခြေအနေမှာ ထွက်လာတဲ့အစီရင်ခံစာမှာ နောက်ကွယ်ကအင်အားထုထည်ဟာ အလွန်ကြီးမားတယ်ဆိုတာကို“စီမံကိန်းဖျက်သိမ်းရေး၊ ဦးပိုင်အလိုမရှိ၊ ၀မ်ပေါင်ထွက်သွား” လို့ ကြွေးကြော်နေကြတဲ့ဒေသခံတွေနဲ့ နိုင်ငံအနှံ့ကအခြားပြည်သူတွေရဲ့လိုလားချက်ဆန္ဒ
ပြည့်ဝကျေနပ်စေဖို့ရာ ရာခိုင်နှုန်းအားဖြင့်အားနည်းနေတယ်ဆိုတာ၊ အောင်မြင်ဖို့အလားအလာနိမ့်ပါးနေတာ
အထင်အရှားပါဘဲ။
ဦးပိုင်နဲ့အကျိုးတူစီးပွားဖက်ဝမ်ပေါင်ကုမ္ပဏီဆိုတာ တရုတ်နိုင်ငံအခြေစိုက်ဆိုတာထက် တရုတ်အစိုးရချုပ်ကိုင်တဲ့လုပ်ငန်းစုကြီးထဲက အဆွယ်အပွားတစ်ခုဖြစ်ပါတယ်။ မြန်မာအစိုးရ၀န်ကြီး ဦးအောင်မင်းကိုယ်တိုင် ပြည်ပနိုင်ငံ“တရုတ်ပြည်အစိုးရကို မလွန်ဆန်နိုင်ကြောင်းနဲ့  တရုတ်ကျေးဇူးတွေအများကြီးရှိတယ်၊ ဒါ့ကြောင့် ဆပ်မှဖြစ်လိမ့်မယ်”လို့ ပဋိပက္ခဖြစ်နေတဲ့လက်ပံတောင်းဒေသကဆန္ဒပြသမားတွေကို ထုတ်ဖော်ဝန်ခံဖူးပါတယ်။ ထိုစဉ်က တစ်နိုင်ငံလုံးအုတ်အော်သောင်းတင်း ပွက်ပွက်ညံစွာ ၀ိုင်းဝန်းပြစ်တင်ဆဲဆိုဝေဖန်သံတွေ ပွက်လောရိုက် ခဲ့တာမှတ်မိကြစေချင်ပါတယ်။ သမ္မတဦးသိန်းစိန်မီးစိမ်းမပြဘဲ သူ့ဝန်ကြီးတွေပေါက်လွှတ်ပဲစားပြောလို့မရဘူးလို့ဘဲ အကြမ်းဖျဉ်း နားလည်ထားပါတယ်။ အစိုးရတစ်ဖွဲ့လုံးရဲ့တင်ကူးသဘောထားကိုက ကြေးနီစီမံကိန်းကြီးကို နောက်မဆုတ်တမ်း ရှေ့တိုးလုပ်ဖို့ဆုံးဖြတ်ထားပုံရပါတယ်။
ဦးပိုင်နဲ့အကျိုးတူစီးပွားဖက်ဝမ်ပေါင်ကုမ္ပဏီဆိုတာ တရုတ်နိုင်ငံအခြေစိုက်ဆိုတာထက် တရုတ်အစိုးရချုပ်ကိုင်တဲ့လုပ်ငန်းစုကြီးထဲက အဆွယ်အပွားတစ်ခုဖြစ်ပါတယ်။ မြန်မာအစိုးရ၀န်ကြီး ဦးအောင်မင်းကိုယ်တိုင် ပြည်ပနိုင်ငံ“တရုတ်ပြည်အစိုးရကို မလွန်ဆန်နိုင်ကြောင်းနဲ့  တရုတ်ကျေးဇူးတွေအများကြီးရှိတယ်၊ ဒါ့ကြောင့် ဆပ်မှဖြစ်လိမ့်မယ်”လို့ ပဋိပက္ခဖြစ်နေတဲ့လက်ပံတောင်းဒေသကဆန္ဒပြသမားတွေကို ထုတ်ဖော်ဝန်ခံဖူးပါတယ်။ ထိုစဉ်က တစ်နိုင်ငံလုံးအုတ်အော်သောင်းတင်း ပွက်ပွက်ညံစွာ ၀ိုင်းဝန်းပြစ်တင်ဆဲဆိုဝေဖန်သံတွေ ပွက်လောရိုက် ခဲ့တာမှတ်မိကြစေချင်ပါတယ်။ သမ္မတဦးသိန်းစိန်မီးစိမ်းမပြဘဲ သူ့ဝန်ကြီးတွေပေါက်လွှတ်ပဲစားပြောလို့မရဘူးလို့ဘဲ အကြမ်းဖျဉ်း နားလည်ထားပါတယ်။ အစိုးရတစ်ဖွဲ့လုံးရဲ့တင်ကူးသဘောထားကိုက ကြေးနီစီမံကိန်းကြီးကို နောက်မဆုတ်တမ်း ရှေ့တိုးလုပ်ဖို့ဆုံးဖြတ်ထားပုံရပါတယ်။
တရုတ်သြဇာနာခံဖို့က အဓိက၊ ဒေသခံတွေဆန္ဒက သာမညလို့
စိတ်ဒုံးဒုံးချထားတဲ့အစိုးရလို့အကဲဖြတ်ရင် မှားမယ်မထင်ပါ။
မျက်နှာကြီးနိုင်ငံတွေနဲ့ ရွှေလမ်းငွေလမ်းပွင့်နေချိန်(ဟိုလက်ဖြန့် ဒီလက်ဖြန့်တောင်းစားချိန်)၊
နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ ပလဲနံပအကြည်ဆိုက်နေချိန်ဖြစ်တဲ့
ဦးသိန်းစိန်အစိုးရခေတ်မှာ
သူ့အစိုးရအာသာငမ်းငမ်းဖြစ်နေတဲ့
လက်ပံတောင်တောင်စီမံကိန်းကြီးကိုဆက်မလုပ်ဖို့ အပြီးတိုင်ဖျက်သိမ်းပစ်ဖို့
တောင်းဆိုတိုက်ပွဲဝင်နေတဲ့ဒေသခံတွေရဲ့ဆန္ဒ(၃)ချက်ဟာ
ကွန်ကရစ်နံရံခေါင်းနဲ့ဝင်ဆောင့်သလို လွယ်ကူချောမွေ့တဲ့ကိစ္စမဟုတ်ဘူးဆိုတာ ဆန္ဒပြတောသူတောင်သားတွေ
နားလည်ပြီးသားလို့ယုံကြည်မိပါတယ်။ အားနည်းတဲ့ဘက် အနိမ့်စံဘက်က အလိုလိုရပ်တည်မိနေတယ်လို့
လက်ခံပြီးသားဖြစ်ပါတယ်။
လက်ပံတောင်းတောင်ကြေးနီစီမံကိန်းတစ်ခုလုံးရဲ့ ၄၀
% ကို မြန်မာ့စီးပွားရေးဦးပိုင်ကုမ္ပဏီလိမိတက်က အစုရှယ်ယာငွေကြေးတွေ ထည့်ဝင် ထားခြင်းဟာ
စီမံကိန်းဆက်လက်ဆောင်ရွက်စေဖို့ မဖြစ်မနေစေ့ဆော်နေတဲ့
ပဓနကျတဲ့အရင်းခံအချက်ဖြစ်ပါတယ်။ မြန်မာလူထုကြားမှာ
နာမည်ဆိုးနဲ့ကျော်ကြားတဲ့“ဦးပိုင်”စီးပွားရေးအုပ်စုလုပ်ငန်းကြီးဆိုတာ
စစ်တပ်ကျောထောက်နောက်ခံပြုထားပြီး စစ်တပ်နဲ့နီးစပ်ပက်သက်တဲ့
ဆွေးမျိုးမိသားစုအသိုင်းအ၀ိုင်းသာ
လုပ်ကိုင်ခံစားခွင့်ရတဲ့အဖွဲ့အစည်းဖြစ်ပါတယ်။ စစ်တပ်နွယ်ဝင်မဟုတ်တဲ့၊
စစ်တပ်ရဲ့အာဘော်ကို ငြင်းပယ်တဲ့အမြင်မျိုးရှိတဲ့ သာမန်အရပ်သားတွေအနားကပ်လို့မရတဲ့ ငွေရှာအဖွဲ့အစည်းဖြစ်ပါတယ်။ ၀င်သမျှ
နှစ်စဉ်လစဉ်ငွေကြေးများဟာလည်း စစ်တပ်အရာကြီး (အငြိမ်းစား/လက်ရှိ)များရဲ့ ကိုယ်ပိုင်အိတ်ကပ်တွေထဲဘဲ
စီးဝင်လေ့ရှိပါတယ်။ ဦးပိုင်ရဲ့ ဆင့်ပါးစပ်နှမ်းပက်သလိုပရဟိတလုပ်ငန်းတွေဟာလည်း အပေါ်ယံဟန်ပြတွေပါဘဲ။
တစ်နိုင်ငံလုံးအနှံ့ အုပ်စီးချုပ်ကိုင်ချယ်လှယ်ထားတဲ့ ဦးပိုင်ကုမ္ပဏီကြီးရဲ့လုပ်ငန်းခွဲများဟာ
လက်ညှိုးထိုးမလွဲလောက်အောင်ကျယ်ပြန့်လှပြီး ငွေပေါက်ငွေလမ်းအဓိကကျတဲ့
တွင်းထွက်သယံဇာတတူးဖော်နှိုက်ထုတ်တဲ့လုပ်ငန်းအများစုဟာ ဦးပိုင်လက်သီးဆုပ်ထဲမှာချည်းရှိပါတယ်။
ဦးပိုင်ရဲ့ခေါင်းကိုင်ဖခင်ဖြစ်တဲ့စစ်တပ်ဟာ လက်ရှိမြန်မာ့နိုင်ငံရေးမှာ အတွင်းကျကျ စိုးမိုးချယ်လှယ်စွက်ဖက်ခွင့် အထူးအခွင့်အရေးရရှိနေတယ်ဆိုတာ ၂၀၀၈ ဖွဲ့စည်းပုံအရလက်ခံရမှာဖြစ်ပါတယ်။ ပြည်သူလူထုအပေါ် သေနတ်ရွေးမလား တုတ်ယူမလားဆိုတဲ့ စစ်တပ်ရဲ့အာဏာရှင်ဆန်ဆန်လုပ်ရပ်တွေဟာ မြန်ာနိုင်ငံသားအများစုရဲ့ ရင်ထဲအသည်းထဲမှာ ယနေ့တိုင်အနာမကျက်သေးဘဲ ခြောက်လှန့်နေဆဲဖြစ်ပါတယ်။ စစ်တပ်မွေးထုတ်ေ ပးလို့ လူလားမြောက်ခဲ့လေတဲ့လက်ရှိအစိုးရရဲ့ ၂ နှစ်ကျော်ကာလအတွင်း
ဆန့်ကျင်ဘက် နိုင်ငံရေးတက်ကြွသူတွေကို
ရက်ရက်စက်စက် လူမဆန်စွာ
အင်အားသုံးအကြမ်းဖက်ဖြိုခွင်းခဲ့တဲ့ ပြစ်မှုကြီးငယ်များဟာ
ထိတ်လန့်ခြောက်ခြားစရာကောင်းခဲ့ပါတယ်။ ပစ္စခတ်
သွေးအလိမ်းလိမ်းပေကျံတဲ့နှိပ်ကွပ်မှုကြီးတွေကြားမှာ စစ်တပ်ခေါင်းစဉ်အောက်က
သွားရရှာလေတဲ့ဦးပိုင်ကုမ္ပဏီရဲ့ဝင်ငွေ
မြောက်မြားစွာကိုရှာဖွေဖြည့်ဆည်းပေးမယ့် လက်ပံတောင်းတောင်ကြေးနီစီမံကိန်းကြီးကို
အတိုက်အခံလုပ်ရမယ့် ဒေသခံတောင်သူလယ် သမားတွေရဲ့တောင်းဆိုချက်(၃)ရပ်ရရှိဖို့အခွင့်အလမ်းဟာ
ကျဉ်းမြောင်းလှတာသိသာလှပါတယ်။ သေချာပေါက်အပိုင်နိုင်မယ့် နိုင်ငံရေးကစားပွဲတစ်ခုကိုဝင်ထိုင်ကြတဲ့
လက်ပံတောင်းတောင်ကြေးနီစီမံကိန်
ဦးပိုင်ရဲ့ခေါင်းကိုင်ဖခင်ဖြစ်တဲ့စစ်တပ်ဟာ လက်ရှိမြန်မာ့နိုင်ငံရေးမှာ အတွင်းကျကျ စိုးမိုးချယ်လှယ်စွက်ဖက်ခွင့် အထူးအခွင့်အရေးရရှိနေတယ်ဆိုတာ ၂၀၀၈ ဖွဲ့စည်းပုံအရလက်ခံရမှာဖြစ်ပါတယ်။ ပြည်သူလူထုအပေါ် သေနတ်ရွေးမလား တုတ်ယူမလားဆိုတဲ့ စစ်တပ်ရဲ့အာဏာရှင်ဆန်ဆန်လုပ်ရပ်တွေဟာ မြန်ာနိုင်ငံသားအများစုရဲ့ ရင်ထဲအသည်းထဲမှာ ယနေ့တိုင်အနာမကျက်သေးဘဲ ခြောက်လှန့်နေဆဲဖြစ်ပါတယ်။ စစ်တပ်မွေးထုတ်ေ
လက်ပံတောင်းဒေသခံတွေမဟုတ်ကြပါဘူး။
ဒါကိုသိလျက်နဲ့ ရင်ထဲကခံစားမှုတွေနဲ့ သူတို့ကြွေးကြော်သံတွေကို ကမ္ဘာကသိအောင် ဖော်ထုတ်ဆန္ဒပြခဲ့ကြတာ
ဖြစ်ပါတယ်။
“စီမံကိန်းရပ်”
“ဦးပိုင်ဖျက်သိမ်းရေး”
“၀မ်ပေါင်ထွက်သွား” စတဲ့ ဒေသခံတွေရဲ့ဦးတည်ရည်မှန်းချက်(၃)ရပ်ဟာ ဒီမိုကရေစီရရှိရေး၊ စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေးဆိုတဲ့ ပကတိ လက်ရှိ မြန်မာ့နိုင်ငံရေးလိုအပ်ချက်ကြီး(၂)ရပ်ကို သွယ်ဝိုက်ပြီးကိုယ်စားပြုတယ်လို့ခံယူတဲ့အတွက် လက်ပံတောင်းတောင်ဒေသခံတွေရဲ့ တောင်းဆိုမှုတွေကို လှိုက်လှိုက်လှဲလှဲထောက်ခံမိပါတော့တယ်။ မိမိတို့အကျိုးစီးပွားအတွက်မဟုတ်ဘဲ တတိုင်းပြည်လုံးအကျိုးစီးပွားအတွက် အားကျိုးမာန်တက်ဆောင်ရွက်နေတဲ့ လက်ကံတောင်းတောင်ဒေသခံတွေရဲ့လှုပ်ရှားမှုတွေကို ဂုဏ်ပြုဦးညွှတ်လိုက်ပါတယ်။
https://www.facebook.com/aungmyo.tun.52
0 comments:
Post a Comment