တရားဥပဒေစိုးမိုးရေးဆိုတဲ့စကားသတိထား(ကိုပေါ) ခေတ်မောင်း စာစောင်အောက်တိုဘာထုတ်မှ..
မြန်မာနိုင်ငံရေးသမားတွေရဲ့မိန့်ခွန်းတွေထဲမှာ ရူးအော့ဖ်လော (rule of law)ဆိုတာတချိန်လုံးကြားနေရတယ်။ စစ်လွှတ်တော်ထဲမှာလည်း လွှတ်တော်တရားဥပဒေစိုးမိုးရေးနဲ့ငြိမ်းချမ်းရေးကော်မတီ ဆိုပြီး ကော်မတီတရပ်ပေါ်ထွန်းလာတယ်။ နိုင်ငံတကာမှာတော့ တရားဥပဒေစိုးမိုးရေးလို့ပြောကြရင် တရားဥပဒေဟာ နိုင်ငံသားတိုင်းအပေါ်ကို ညီတူညီမျှသက်ရောက်စေရမယ်ဆိုတဲ့ သဘော။ ဘယ်သူမှလည်း တရားဥပဒေအထက်မှာ မရှိစေရဘူးတဲ့။
မြန်မာနိုင်ငံရေးသမားတွေရဲ့မိန့်ခွန်းတွေထဲမှာ ရူးအော့ဖ်လော (rule of law)ဆိုတာတချိန်လုံးကြားနေရတယ်။ စစ်လွှတ်တော်ထဲမှာလည်း လွှတ်တော်တရားဥပဒေစိုးမိုးရေးနဲ့ငြိမ်းချမ်းရေးကော်မတီ ဆိုပြီး ကော်မတီတရပ်ပေါ်ထွန်းလာတယ်။ နိုင်ငံတကာမှာတော့ တရားဥပဒေစိုးမိုးရေးလို့ပြောကြရင် တရားဥပဒေဟာ နိုင်ငံသားတိုင်းအပေါ်ကို ညီတူညီမျှသက်ရောက်စေရမယ်ဆိုတဲ့ သဘော။ ဘယ်သူမှလည်း တရားဥပဒေအထက်မှာ မရှိစေရဘူးတဲ့။
မြန်မာနိုင်ငံမှာရော ဒီဥပဒေတွေကို ဘယ်သူကရေးဆွဲသလဲ။
တရားမျှတသောဥပဒေတွေဟုတ်ပါရဲ့လား။ နိုင်ငံသားတွေရဲ့အကျိုးစီးပွားကို
ရှေ့တန်းတင်ပြီးရေးဆွဲထားတဲ့ဥပဒေတွေဟုတ်ပါရဲ့လား၊ နိုင်ငံသားတိုင်းကို ညီတူညီမျှသက်ရောက်နေပါရဲ့လား..
.စတဲ့အချက်တွေကို
ဆက်ပြီးစဉ်းစားဖို့တော့လိုမယ်။ နောက်ပြီးတော့ တရားဥပဒေရှေ့မှောက်မှာ
နိုင်ငံသားတိုင်းဟာတန်းတူညီမျှအခွင့်အရေး ရကြပါသလား။
နိုင်ငံအုပ်ချုပ်ရေးယန္တယားရဲ့ပင်မအချက်အခြာ အသက်သွေးကြောတမျှအရေးကြီးလှတဲ့၂ဝဝ၈
အခြေခံ ဥပဒေမှာ စစ်တပ်ကိုယ်စားလှယ်တွေက လွှတ်တော်ရဲ့ ၂၅ ရာခိုင်နှုန်းကို
ယှဉ်ပြိုင်စရာမလိုဘဲ ရတယ်ဆိုတော့ စစ်သားများဟာ အရပ်သားများထက်တဆင့်မြင့်တဲ့ အခွင့်ထူးခံလူတန်းစားတရပ်လို ရှိနေတယ်ဆိုတာတွေ့ရတယ်။ ဒါ့အပြင် သမ္မတနဲ့ဒုသမ္မတရာထူးအတွက်လည်း
စစ်ရေးအမြင်ရှိရမယ်ဆိုတဲ့အချက်နဲ့ အရပ်သားကသမ္မတမဖြစ်နိုင်အောင် ကန့်သတ်ထားပြန်တယ်။
ဒီတော့ ၂ဝဝ၈ အခြေခံဥပဒေအောက်မှာ နိုင်ငံသားတိုင်းဟာ တန်းတူညီမျှမရှိဘူးဆိုတာ
အထင်းသားပေါ်လွင်နေတယ်။ ယခင်စစ်အစိုးရအဆက်ဆက် လက်ထက်က တာဝန်အရလုပ်ဆောင်ခဲ့တာတွေကို မှားမှားမှန်မှန်နောက်ကြောင်းပြန်အရေးယူခြင်းမရှိရဘူး ဆိုတဲ့အချက်ကြောင့် စစ်အစိုးရအဖွဲ့ဝင်များဟာတရားဥပဒေအထက်မှာ
ရှိနေကြတာကိုတွေ့ရပြန်ရော။ ပဒေသရာဇ်ခေတ်ကရှင်ဘုရင်တွေဟာ တရားဥပဒေအထက်မှာရှိတဲ့သဘောမျိုး။
လက်ရှိ မြန်မာပြည်ကဥပဒေတွေဟာ နိုင်ငံသားတိုင်းကိုအညီအမျှသက်ရောက်စေခြင်းမရှိတဲ့
ဥပမာတခုကတော့ အစိုးရကိုထောက်ခံဆန္ဒပြသူတွေအပေါ် တရားစွဲဆိုအရေးယူခြင်းမရှိဘဲ
အာဏာပိုင်တွေကမျက်စိမှိတ်ခွင့်ပြုပေးထားချိန်မှာ အစိုးရကိုဝေဖန်ဆန့်ကျင်တဲ့
သဘောကိုဆောင်တဲ့ဆန္ဒပြတောင်းဆိုသူတွေကိုတော့ ဥပဒေချိုးဖောက်သူများအဖြစ် တရားရုံးပေါင်းမြောက်မြားစွာမှာ
တပြိုင်နက်တည်းတရားစွဲဆိုအရေးယူနေခြင်းပါပဲ။ စီတန်းလှည့်လည်ဆန္ဒပြခွင့်လျှောက်ထားတဲ့အခါ ရက်များစွာကြိုတင်လျှောက်ထားရခြင်း၊ ခွင့်ပြုချက် ထုတ်မပေးခြင်း
စတဲ့အချက်တွေကိုယ်တိုင်ကလည်း ဥပဒေရဲ့ဖိနှိပ်ချုပ်ချယ်လိုတဲ့သဘောနဲ့  ဥပဒေကိုထိန်းသိန်းစောင့်ရှောက်ရမယ့်
ဥပဒေဘက်တော်သားတွေရဲ့အာဏာအလွဲသုံးစားလုပ်မှုတွေကို ထင်ဟပ်နေစေပါတယ်။
မတရားတဲ့ဥပဒေကိုကာကွယ်ထိန်းသိမ်းစောင့်ရှောက်ခြင်းကို တရားဥပဒေစိုးမိုးရေးလို့
ခေါ်ဆိုလို့မရပါ။ အုပ်ချုပ်သူအစိုးရက နိုင်ငံသားများကိုဖိနှိပ်ရာမှာ အသုံးချတဲ့နည်းလမ်းတခုမျှသာဖြစ်နေပါလိမ့်မယ်။
ပြည်သူလူထုကို အင်မတန်ဖိနှိပ်အုပ်ချုပ်ခဲ့တဲ့ နဝတခေတ်၊ နအဖခေတ်
စတဲ့ စစ်အစိုးရအဆက်ဆက်လက်ထက်တုန်းက “ဥပဒေဘောင်တွင်း နေထိုင်ခြင်းဘေးကင်းရန်ကွာလွန်ချမ်းသာ”ဆိုတဲ့
ဆိုင်းဘုတ်ကြီးတွေ လမ်းမကြီးတွေဘေးမှာ ပြူးနေအောင်ထောင်ထားတာ တွေကြုံခဲ့ကြရဖူးပါတယ်။
“မတရားတဲ့ဥပဒေဆိုတာ ဥပဒေလုံးဝမဟုတ်ဘူး”လို့ စိန်သြဂတ်စတင်းကပြောဘူးပါတယ်။
မတရားတဲ့ဥပဒေတွေကို ပြည်သူတွေအပေါ်မှာကျင့်သုံးလာရင် ကိုယ့်မှာ အဲဒီ
ဥပဒေတွေကိုချိုးဖောက်ခွင့်ရှိတယ်။ တွန်းလှန်ကာကွယ်ခွင့်ရှိပါတယ်။ တွန်းလှန်ကာကွယ်ရမယ့်ဝတ္တရားရှိတယ်လို့တောင် ပြောနိုင်ပါတယ်။ ဥပဒေဆိုတာ ပြည်သူပြည်သားတွေအကျိုးစီးပွားကိုကာကွယ်စောင့်ရှောက်တဲ့ဥပဒေသာဖြစ်ရမှာဖြစ်ပြီး
အုပ်ချုပ်သူအစိုးရရဲ့အာဏာကိုကာကွယ်ရန်သက်သက် ဖိနှိပ်ချုပ်ချယ်တဲ့ဥပဒေ မဖြစ်စေရပါ။
(ကိုပေါ ၏ “တရားဥပဒေစိုးမိုးရေးဆိုတဲ့စကား သတိထား” ၊
ခေတ်မောင်း စာစောင်
အောက်တိုဘာလထုတ် မှ..)
https://www.facebook.com/aungmyo.tun.52?sk=notes
0 comments:
Post a Comment