Monday, March 18, 2013

လက်ပံတောင်းတောင်ဒေသခံများကို နိုင်ငံရေးအမြတ်ထုတ်နေသည်ဟု စွပ်စွဲခံထားရသူနှင့်တွေ့ဆုံခြင်း

0 comments
လက်ပံတောင်းတောင်သပိတ်စခန်းများကို လုံခြုံရေးတပ်ဖွဲ့ဝင်များက အင်အားသုံးဖြေ ရှင်းခဲ့ပြီးနောက်ဖြစ်ပေါ်လာသော နောက်ဆက် တွဲပြဿနာများနှင့်
ဒသခံများကြုံတွေ့နေရသည့်ပြဿနာ များကိုဖြေရှင်းနိုင်ရန် စုံစမ်းစစ်ဆေးရေးကော်မရှင် တစ်ရပ်ကို နိုင်ငံတော်သမ္မတကဖွဲ့စည်းပေးခဲ့သည်။ အဆိုပါကော်မရှင်က ၄င်းတို့၏အပြီးသတ် အစီရင်ခံစာကို မတ်လ ၁၂ရက်နေ့တွင် ထုတ်ပြန်ခဲ့ပြီးနောက် ဒေသခံအချို့က အစီရင်ခံစာနှင့်ပတ်သက်၍ကန့်ကွက်ဆန္ဒပြမှုများ ပြုလုပ်ခဲ့ကြသည်။ စုံစမ်းစစ်ဆေးရးကော်မရှင်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် အစီရင်ခံစာနှင့်ပတ်သက်၍ ဒေသခံများနှင့်တွေ့ဆုံရှင်းပြမှုများပြုလုပ်ရာတွင်လည်း ကန့်ကွက်ဆန္ဒပြမှုအချို့နှင့် ကြုံတွေ့ခဲ့ရသည်။ ယင်းဆန္ဒပြမှုများ၏နောက်ကွယ်တွင် ပြည်ပမှအထောက်အပံ့များရယူ၍ လက်ပံတောင်းတောင် ဒေသခံများအားကြိုးကိုင်လှုပ်ရှားနေသူ နိုင်ငံရေးအရအမြတ်ထုတ်နေသူဟုစွပ်စွဲခံထားရသော ကိုဟန်ဝင်းအောင်နှင့် The Messenger ဂျာနယ်က တွေ့ဆုံမေးမြန်းထားသည်များကို ဖော်ပြလိုက်ပါသည်။

ပထဦးဆုံးအနေနဲ့ ကိုဟန်ဝင်းအောင်အနေနဲ့ စုံစမ်းစစ်ဆေးရေးကော်မရှင်ရဲ့အစီရင်ခံစာကို ဖတ်ပြီးပြီလား၊ ဘာပြောချင်သလဲ။ 
အဓိက က စုံစမ်းစစ်ဆေးရေးကော်မရှင်ရဲ့ နောက်ဆုံးမှတ်ချက်က စီမံကိန်းဆက်လုပ်ရေးဆိုတဲ့ဟာပေါ့။ အဲ့ဒီအတွက်အစီရင်ခံစာမှာ ရွေးချယ်ခွင့်သုံးခုပေါ့။ စီမံကိန်းကို ဒီအတိုင်းဆက်လုပ်မလား၊ ပြုပြင်ပြီးဆက်လုပ်မလား လုံးဝရပ်ဆိုင်းမလားဆိုတာပေါ့။ ဆက်လုပ်မလား၊ လုံးဝရပ်ဆိုင်းမလားဆိုတာပေါ့။ အဲဒီမှာ ပြုပြင်ပြီးဆက်လုပ်ရမယ့်သဘောကို ပြထားတယ်။ နောက် စီမံကိန်းဆက်လုပ်ရေးဆိုတဲ့ဟာကို အကြံပြုချက်တွေနဲ့ဖြည့်စွက်တင်ပြထားတယ်။ အဲ့ဒီတော့ ခြုံပြီးပြောရရင် အရင်ကအခြေအနေထက်ပိုပြီး တိုးတက်လာတဲ့တင်ပြချက်တွေဖစ်လာတဲ့အတွက် တစ်စုံတစ်ရာလက်ခံနိုင်စရာရှိပါတယ်။
အစီရင်ခံစာမှာ မကျေနပ်တဲ့အချက်တွေကဘာတွေလဲ။                 
အဓိကပြောရရင် ကာလကြာရှည်မှ အဖြေပေါ်လာမယ့်အပိုင်းတွေ စောင့်ကြည့်လေ့လာမှုနျဲ့ကောင်တာချက် (Counter Check)ပြန်လုပ်ရမယ့် အပိုင်းတွေမှာအားနည်းချက်ရှိတယ်။ လက်ရှိ ဒီမှာဖြစ်နေတဲ့ပြဿနာကိုဖြေရှင်းတဲ့အခါမှာ လက်တွေ့ကိစ္စကိုပဲဦးစွာဖြေရှင်းသင့်တယ်။ အဲ့ဒါ ဘာလဲဆိုတော့ ဒေသခံပြည်သူတွေရဲ့ရင်ထဲမှာ စိတ်ဒဏ်ရာတွေရထားတယ်။ သူတို့တွေနှစ်နဲ့ချီပြီး ပုဒ်မ ၁၄၄ ထုတ်ခံရတယ်။ မီးလောင်ဗုံးနဲ့ အကြမ်းဖက်ခံရတဲ့ကိစ္စတွေ၊ မြေယာသိမ်းထားတဲ့ကိစ္စတွေဖြစ်တဲ့ အတွက် စိတ်ဒဏ်ရာရထားတယ်။ ပြင်းထန်ပြီး ဆန္ဒတွေပင်းပြနေတဲ့ဟာမျိုး တွေရှိတယ်။ ဒါမျိုးကို လက်တွေ့ကျကျ ဖြေရှင်းသင့်တယ်။ စုံစမ်းစစ်ဆေးရေးကော်မရှင်ရဲ့ပြသနာမှာ အရေးကြီးဆုံးပဋိပက္ခဖြစ်နေတဲ့ဟာက ပုဒ်မ ၁၄၄ ထပ်ထုတ်ထားရမယ့်ဟာပေါ့။ အဲ့ဒါက ဒေသခံတွေရဲ့စိတ်ဒဏ်ရာကို ကြီးထွားစေတယ်။ နောက်တစ်ခုက မီးခိုးဗုံးလား၊ မီးလောင်ဗုံး လားဆိုတဲ့ပြဿနာမှာ သုံးစွဲတဲ့ပစ္စည်းထက် အကြမ်းဖက်မှုဖြစ်ပွားတယ်။ ဒါကို တစ်စုံတစ်ရာဖော်ထုတ် မထားဘူး။ အဲ့ဒီတချက်ကလည်း တော်တော်လေးမခံမရပ်နိုင်ဖြစ်သွားတယ်။ နောက်တစ်ခုက  စီမံကိန်းဆက်လုပ်ရမယ့်ကိစ္စပေါ့။  လောလောဆယ်ပြဿနာတွေကို ပြေပြေလည်လည်မရှင်းသေးပဲ နဲ့ နေ့စဉ်မြေယာသိမ်းတာကို ကန့်ကွက်မယ်။ ကုမ္ပဏီက ရွာအနီးမှာစွန့်ပစ်မြေတွေလာပုံရင် ကန့်ကွက်မယ်။ နေ့စဉ်ကန့်ကွက်မှုတွေဆန္ဒပြမှုတွေဖြစ်နေမှာ။ စုံစမ်းစစ်ဆေးရေးကော်မရှင်ရဲ့အစီရင်ခံစာကို အခြားအချက်တွေထက် လက်တွေ့ကျတဲ့အချက်တွေ ပါသင့်တယ်။ လူထုကို ပိုမိုကြီးထွားစေတဲ့အချက်က သုံးချက်ပါ။ ပုဒ်မ ၁၄၄ ဆက်ထုတ်ရေး၊ မီးလောင်ဗုံးတရားခံဖော်ထုတ်နိုင်ခြင်းမရှိတာ၊ စီမံကိန်းဆက်လုပ်ထားမယ်ဆိုတဲ့ ဒေသခံပြည်သူတွေရဲ့ စိတ်ဒဏ်ရာကိုပိုမိုကြီးထွားစေတယ်။ ပတ်ဝန်းကျင်ထိန်းသိမ်းရေးကကြီးကျယ်ခန်းနားလွန်းနေပြီ။ ကျွန်တော်တို့နံပါတ်တစ်ဖြေရှင်းရမှာက ဒေသခံသူတွေရဲ့အရှိန်ကို လျော့ချပေးရမယ်။ ယုံကြည်မှုတည်ဆောက်ရမယ်။ ပြီးမှ အခြား အဆင့်တွေနဲ့ဆောင်ရွက်ရမယ်။ ဒေသခံပြည်သူတွေရဲ့ စိတ်ဒဏ်ရာလျော့မချပဲ ဘာကိုမှအကောင်အထည်ဖော်လို့မရဘူး။ ပိုပြီးတော့ ဆိုးသွားစတယ်။ သူတို့ ပညာမဲ့ရင်မဲ့မယ်။ ရိုးသားပြီး မဟုတ်မခံစိတ်ရှိတယ်။ ရိုးသားမှုနဲ့မဟုတ်မခံစိတ်က ဒါကိုစဉ်းစားမှာပဲ။
၁၄ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည်လာတဲ့အခါမှာ မုံရွာသပိတ်စခန်းမှာဆန္ဒပြခဲ့တာကို ကိုဟန်ဝင်းအောင် နောက်ကွယ်ကနေလှုံ့ဆော်နေတယ်ဆိုပြီး သတင်းတွေပြန့်နေတယ်။ ဒီကိစ္စနဲ့ပတ်သတ်ပြီး ဘာပြောချင်ပါသလဲ။
ကျွန်တော်တို့ ၁၄ ရက်နေ့ကအစီရင်ခံစာမှာ စီမံကိန်းဆက်လုပ်မယ့်ဟာကို ဆားလင်းကြီးမှာ ဆန္ဒပြကြတယ်။ လက်ပံတောင်းတောင်ကြးနီစီမံကိန်းရပ်ဆိုင်းပေးရေး၊ ပုဒ်မ ၁၄၄ ရုတ်သိမ်းပေးရေး မီးလောင်ဗုံးအကြမ်းဖက်သမားတွေဖော်ထုတ်ပေးရေးနှင့်ဆန္ဒပြကြတယ်။ ဒေါ်အောင်ဆန်းစုကြည် လာခြင်း/မလာခြင်းနဲ့မသက်ဆိုင်ဘူး။ ဆန္ဒပြမှုတွေကရာနဲ့ချီပြီးဖြစ်နေတာ။ ဒေသခံက သူ့နည်းသူ့ဟန်နဲ့ ဆန္ဒပြတယ်။ ဒေါ်အောင်ဆန်းစုကြည် ခရီးစဉ်နဲ့ကြုံကြိုက်ခဲ့တယ်။ ဒါကို ထိပ်တိုက်မတွေ့ကြနဲ့ ဒေသ ခံပြည်သူလူထုကနားလည်ရင် နားလည်တဲ့အတိုင်းအဓိပ္ပာယ်ဖွင့်ဆိုကြတယ်။ ကျွန်တော် သတင်းရတယ်။ ထိပ်တိုက်မတွေ့စေနဲ့၊ ကျော်ရွာကျော် ကျော်လောက်မှာထိပ်တိုက်တွေ့မယ်လို့ သတင်းရတယ်။ ကိုယ့်လမ်း ကိုယ်လျှောက်ကြ၊ တားဆီးတာတွေမလုပ်နဲ့၊ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ လုပ်နေတာက လူတစ်ယောက်ပုဂ္ဂိုလ်တစ်ယောက်ကိုဆန္ဒပြနေတာမဟုတ်ဘူး။ စီမံကိန်းဖျက်သိမ်းရေးကိုဆန္ဒပြနေတာ၊ ဆန္ဒပြပြီးညနေမှာ ဒေသခံတွေနဲ့ ကျွန်တော်တို့တွေ့ကြတယ်။ ဒေါ်အောင်ဆန်းစုကြည် နောက်နေ့ မှာ ဒေသခံတွေကိုလိုက်လံတွေ့ဆုံတဲ့အချိန်ကြရင် ဘယ်လိုလုပ်မလဲ။ ကျွန်တော်တို့က တစ်ယောက်တည်း လုပ်တာမဟုတ်ဘူး။ အားလုံးလုပ်ကြတယ်။ လက်ခံနိုင်ရင်စကားပြော၊ လက်မခံနိုင်ရင် စကားမပြောနဲ့၊ ဒီကိစ္စက ဒေါ်အောင်ဆန်းစုကြည်ဆန့်ကျင်ရေးမဟုတ်ဘူး။ သူရဲ့အမြင်တွေက လုပ်သင့်တာကိုလုပ်သင့် တယ်လို့ မြင်ကောင်းမင်လိမ့်မယ်။ အမျိုးမျိုးကြောင့် မလုပ်သင့်ဘူးဆိုတဲ့ပြည်သူတွေကလည်း စိတ်ခံစားချက်ရှိလိမ့်မယ်။ ဒါသဘောထား ကွဲလွဲခွင့်ရှိတယ်။ ဒါ မွေးရာပါအခွင့်အရေးပဲ။ အဲဒါဘာမှပြသနာမရှိဘူး။ ဒါဟာ ကျွန်တော်ရဲ့ဆုံးဖြတ်ချက်ပဲ။ ၁၄ ရက်နေ့ ဒေါ်အောင်ဆန်းစုကြည် မုံရွာသပိတ်စခန်းကို လာတာဆိုတော့ ကျွန်တော်က ရန်ကုန်ကရောက်လာတဲ့ နိုင်ငံရေးအကျဉ်းသားအဖွဲ့ ချုပ်ကလူတွေရယ်၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီဟောင်းတွေရယ်၊ ABSDF ရဲဘော်ဟောင်း ကိုရဲလင်းတို့နဲ့ တနေရာမှာအစည်းအဝေးလုပ်နေတယ်။ ကျွန်တော်ဘာမှ လုပ်လို့မရဘူး။ တုံရွာကိုရောက်ပြီ လားဆိုတော့ ပိုကာင်းတာပေါ့။ တွေ့ချင်တဲ့လူလည်းတွေ့။ မတွေ့ချင်တဲ့ လူလည်းမတွေ့နဲ့။ အဲဒီအချိန် တုံရွာထဲကကျာင်းတကျောင်းမှာ အစည်းအဝေးလုပ်ဖို့ပြင်ဆင်ထားတယ်။ ဒေါ်စုကရောက်လာပြီး ရွာထိပ်က သပိတ်စခန်းထဲကိုဝင်လာတယ်။ ဝင်တဲ့အချိန်မှာ လုံထိန်းတွေပါလာတယ်။ ဒါကို ကိုဗထူးက ဒါသပိတ်စခန်းဖြစ်တယ်။ မမြင်သင့်တာတွေလည်းရှိတယ်။ ဘုန်းကြီးတွေလည်းရှိတယ်။ တားမြစ်တယ်လို့ ကြားတယ်။ ကျွန်တော် အဲဒီမှာ လုံးဝမရှိဘူး။ နောက်ဆုံးလုံထိန်းတွေက အားသိပ်ကောင်းတဲ့အခါမှာ သပိတ်စခန်းပေါ်တက်သွားတယ်။ ကိုဗထူးက သပိတ်စခန်းမှာရှိနေတာ။ ဒေါ်အောင်ဆန်းစုကြည်လာမှ သပိတ်စခန်းထဲဝင်လာတာ မဟုတ်ဘူး။ အသေးစိတ်တော့ ကျွန်တော်မသိဘူး။ အဲဒီမှာ ကိုဗထူးက မီးလောင်ဗုံးအခြေအနေဘယ်လိုရှိလည်းမေးတော့ (ဒေါ်အောင်ဆန်းစုကြည်ကသားက ဘယ်ကလဲလို့မေးတော့ ရန်ကုန်ပြည်သူ့အကျိုးဆောင်ကွန်ယက်ကပါလို့ ပြန်ဖြေတယ်)** အန်တီဒေသခံတွေနဲ့တွေ့ဖို့လာတာ။ ရန်ကုန်ကလူတွေကိုတွေ့ဖို့အစီအစဉ်မရှိဘူးလို့ ပြောလိုက်တယ်။ ဒါ သပိတ်စခန်းထဲမှာဖစ်နေတာ။ သပိတ်စခန်းအပြင်ထွက်ပြီး ဒေသခံတွေက မီးခိုးဗုံးလား မီးလောင်ဗုံးလားမေးတော့ မီးခိုးဗုံးလို့ပြန်ဖြေတော့ ဒေသခံတွေကမကျေမနပ်ဖစ်သွားတယ်။ ကျွန်တော်ပြောတဲ့သုံးချက်ဘဲ ပုဒ်မ ၁၄၄၊ မီးခိုးဗုံး၊ စီမံကိန်းဆက်လုပ်မယ့်ပြဿနာတွေ ကိုလျာ့ချဖို့လိုတာ။ အဲဒီမှာ ပေါက်ကွဲပြီးရွာထဲကို အဝင်မခံတော့ဘူးဆိုပြီး သူတို့ဘာသာဆုံးဖြတ်တာ။ ဆုံးဖြတ်ချင်တဲ့သူလည်း ဆုံးဖြတ်တယ်။ ပါချင်တဲ့သူလည်းပါမယ်။ မပါချင်တဲ့သူလည်း မပါဘူး။ ကျွန်တော်က အားလုံးကိုကိုင်ထားလို့မရဘူး။ လက်ပံတောင်းတောင်ကြးနီစီမံကိန်းအလိုမရှိ၊ စုံးစမ်းစစ်ဆေးရေးကော်မရှင်အဖြေ အလိုမရှိဆိုပြီး ဆန္ဒပြပွဲဖြစ်သွားတယ်။ ကျွန်တော်နဲ့လည်းမဆိုင်ဘူး။ ကျွန်တော်တာဝန်ယူသလားဆိုရင် ဒီဒေသမှာကူညီနေတဲ့သူတွေအတွက်ရှိရင် ရှိသလောက်သတ်မှတ်ပါ။ ကျွန်တော်တာဝန်ယူတယ်။ ဒါပေမယ့် ကျွန်တော်တို့ ဒေါ်အောင်ဆန်းစုကြည်ကို ဆန့်ကျင်ရေး မလုပ်ဘူး။ ဖြစ်သွားတာ ဒါပဲ။
ဒေါ်အောင်ဆန်းစုကြည်က ဆန္ဒပြတဲ့သူတွေနဲ့ တွေ့ဆုံညှိနှိုင်းဖို့ကိုးစားတယ်လို့ကြားတယ်။ တစ်ဖက်ကလည်း အတွေ့မခံဘူးလို့ ကြားတယ်။ ဘာလို့မတွေ့တာလဲ။
ဒေါ်အောင်ဆန်းစုကြည် ၁၃ရက်နေ့ရောက်ပြီး မနေ့က ၁၄ ရက်နေ့ ပြန်သွားရတဲ့အချိန် ထိ ဒေါ်အောင်ဆန်းစုကြည်ဘေးမှာပါတဲ့ လုပ်ဖော်ကိုင်ဖက်တွေ၊ သတင်းသမားတွေ၊ လုံခြုံရေးတွေ၊ အကြံပေးတွေဆက်သွယ်ခြင်းအကြောင်းကြားခြင်းမရှိဘူး၊ ကျွန်တော့် ဖုန်းကို Call Log ကို ပြန်ဖွင့်လို့ ရတယ်။ ကြားခံတစ်စုံတစ်ဦးနဲ့ ဖြေရှင်းပေးတယ်။ ကျွန်တော်တို့ဒေသခံတွေအနေနဲ့မတွေ့ရဲတာ ဘာများရှိလို့လဲဗျာ။ ဝမ်းပန်းတသာနဲ့ ခုန်ပျံကျော်ပေါက်ပြီးတွေ့ရမယ့်ဟာ။ ဒါဖြင့် မင်းကကောတွ့ဖို့မကြိုးစားဘူးလား။ ခင်ဗျားတို့ မေးနိုင်ပါတယ်။ မကြိုးစားဘူး။ ဘာကြောင့်လဲဆိုတော့ ကိုဗထူးနဲ့ပထမဦးဆုံးဖြစ်စဉ်မှာ အန်တီလာတာက ရန်ကုန်ကလူတွေနဲ့ တွေ့ဖို့မဟုတ်ဘူး။ ဒေသခံတွေ နဲတွ့ဖို့လာတာဆိုတဲ့စကားရှိပြီးသားဖြစ်တဲ့အတွက် ဒေါ်အောင်ဆန်းစုကြည်ဟာ
ဒသခံပြည်သူလူထုအတွက် ဒေသခံတွေရှင်းပြဖို့က အဓိကဖစ်တယ်။ ကျိန်းသေတာတစ်ခုက လုံးဝ အဲ့ဒီဘက်ကနေ ဆက်သွယ်မှု၊ ကမ်းလှမ်းမှုမရှိခဲ့ဘူး။ ဒါဟာ ကျိန်းသေဘဲ။
လက်ပံတောင်းကိစ္စမှာ ကိုဟန်ဝင်းအောင်တို့ကို နိုင်ငံခြားတိုင်းပြည်တစ်ခုကနေ အဖွဲ့အစည်းတစ်ခုကပိုက်ဆံထောက်ပံ့တယ်လို့ သတင်းတွေ ထွက်တယ်။ ဒီငွေတွေနဲ့ လက်ပံတောင်းတောင် ရပ်စဲရေးဖြစ်အောင်လုပ်ခိုင်းတယ်။ နဂိုအစိုးရလက်ထက်က ထိုင်း-မြန်မာ နယ်စပ် ဟိုဘက်ကမ်း ကနေ မြန်မာအစိုးရကိုဝေဖန်ပြီးဆဲရင် ပရိုပို့ဆယ်တင်ပြီး ပိုက်ဆံရတယ်။ အခု ဒီလိုပုံစံလုပ်နေတယ်လို့ သတင်းတွေပျံ့နေတယ်နော်။
ကျွန်တော်သိသလောက် ကျွန်တော်တို့ကို ထိုင်နိုင်ငံအခြေစိုက် ဒေါက်တာနိုင်အောင်၊ ဒေါ်ခင်ဥမ္မာထောက် ပံ့တယ်ဆိုတဲ့စကားသံတွေရှိတယ်။ နောက်တခါ AAPP  က ကိုဘိုကြည်တို့ ထောက်ပံ့တယ်။ ကိုမိုးသီးဇွန်၊ တခြားအဖွဲ့အစည်း၊ ပြည်တွင်းကဆိုရင် ဒေါက်တာကျော်သူထာက်ပံ့တယ်လို့ပြောတယ်။
နိုင်ငံရေးအမည်ခံတဲ့အဖွဲ့အစည်းတွေထောက်ပံ့မှုပေးတယ်လို့ထွက်နေတာမဟုတ်ပါဘူး။ ခင်ဗျားက ကျွန်တော်ကို ညီအစ်ကိုလိုခင်လို့ ပိုက်ဆံပေးတာကိုတော့ လာမပြောနဲ့လေဗျာ။ ကျွန်တော်အမေ ပိုက်ဆံပေးတာ။ ထောက်ပံ့တာမဟုတ်ဘူး။ ဒါကမဆိုင်ဘူး။ နိုင်ငံရေးအဖွဲ့အစည်းတစ်ခုက
နိုင်ငံရေးရည်ရွယ်ချက်တစ်ခုနဲ့ထောက်ပံ့တယ်လို့ပြောကြတာပေါ့။ ကြိုက်တဲ့အချိန် ကြိုက်တဲ့နရာ ဟန်ဝင်းအောင်ရှင်းလို့ရတယ်။ စိန်ခေါ်တယ်။ ကိုဘိုကြည် မြန်မာပြည်ကို AAPP  ကိစ္စနဲ့လာတယ်။ ကျွန်တော်က နိုင်ငံရေးအကျဉ်းသားဟာင်းတစ်ယောက်ဖြစ်လို့ ရောဂါဖြစ်နေရင် အကျဉ်းသားတစ်ယောက်ကို အကူအညီပေးလို့ရတဲ့ဆေးဖိုးငါးသိန်းပေးလို့ရတယ်လို့ ပြောတယ်။ ကျွန်တော်လက်မခံဘူး။ ကျွန်တော်နဲ့တွဲပြီးလုပ်တဲ့ ရဲဘော်တွေရှိတယ်။ ကြိုက်တဲ့အချိန်မေးကြည့်။ ကျွန်တော်ပြောတာကို တရားဝင်ကြေညာပးပါ။ ဒေါက်တာနိုင်အောင်၊ ဒေါ်ခင်ဥမ္မာတို့နဲ့ ငါးပြားမှမပတ်သက်ဘူး။ မယူဖူးဘူး။ ဒေါက်တာနိုင်အောင် ကျွန်တော့်ကို တစ်ခါတစ်လေ Online မှာတွေ့ရင် ညီလေးတော့ဒီလိုမျိုးဆောင်ရွက်နေတယ်။ ကိုယ်တို့လည်း ဒီမိုကရေစီအရေးဆောင်ရွက်နေ တာဖြစ်လို့ ဘာအကူအညီလိုပါသလဲ မေးတယ်။ ကျွန်တော် မလိုပါဘူး။ လက်လည်းမခံပါဘူး၊ သုံးကြိမ်တိတိ ကျွန်တော့်ကိုပြောတယ်။ လုံးဝ လက်မခံဘူး။ AAPP အဖွဲ့နဲ့လည်း  လုံးဝမရှိပါဘူး။ ယူထားတာလည်း မရှိပါဘူး။ ပေါင်းကူး ဒေါက်တာကျော်သူ ငါးပြားမှ မယူဘူးဖူး။ အမေရိကန်သံရုံးဆို ပိုတောင်ဆိုးပါတယ်။ ကျွန်တော်မှာ မွေးချင်းနှစ်ယောက်ရှိတယ်။ ကျွန်တော့်အမေက ရွှေဆိုင်ဖွင့်တယ်။ ကျွန်တော်ညီမလည်း ရွှေဆိုင်ဖွင့်ထားတယ်။ ကျွန်တော် ထောင်နှစ်ကြိမ်ကျတာ အိမ်က သိန်း ၄ဝဝ ကျော် ကုန်သွားတယ်။ အိမ်ကိုသွားတယ်၊ မုန့်ဖိုးယူတယ်။ တစ်ခါတစ်လေကျရင် ငယ်ပေါင်းကြီးဖော် သူငယ်ချင်းတွေကခင်မင်လို့ပးတာမျိုးတွေရှိတယ်။ အရက်တိုက်ရင် တိုက်တယ်။ ဘီယာတိုက်ရင် တိုက်သွားတယ်။ နိုင်ငံရေးအမည်ခံတဲ့အဖွဲ့အစည်းတွေကမယူဘူး။ NLD ဆီကလည်း မယူဘူး။ ဒေါက်တာနိုင်အောင်ကိုအဆက်အသွယ်ရှိရင် မေးကြပါ။ ကျွန်တော့်ကို ကိုမိုးသီးဇွန်ထောက်ပံ့ပါတယ်ပြောတယ်။ မိုးသီးဇွန်နဲ့တစ်ခါမှမဆုံဖူးဘူး။ Onlineပ်ါမှာတွေ့ဖူးတယ်။ ပြည်သူ့လှုပ်ရှားမှုသပိတ်စခန်းကနေ တစ်သောင်းတောင်းလို့ဆန္ဒထပ်မပြရင် ငါးထောင်စီတောင်းတာ ဒီမှာ အကုန်လုံးရှိတယ်။ ရွာသားတွေကိုမေးကြည့်ပါ။ ကျွန်တော် တရားဝင်အကူအညီတောင်းပြီး သပိတ်စခန်းဖြစ်နေတာ။ အလှူရှင်တွေရှိတယ်။ ကိုဇော်ထွန်းပည်တွင်းခရီးစဉ်လာတုန်းက လာလှူသွားတာရှိတယ်။ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ပြည်တွင်းကိုလာတုန်းက လာလှူသွားတာရှိတယ်။ တရားဝင်စာရင်းဇယား ရှိတယ်။ မဟုတ်ရင် ပြောတဲ့လူ အကုန်တာဝန်ယူရမယ်။
ကိုဟန်ဝင်းအောင် ၂ဝ၁ဝ မှာ ထောင်ကလွတ်လာပြီး ဘာအသက်မွေးဝမ်းကျောင်းမှု အလုပ်လုပ်လဲ။ ဘယ်လိုရပ်တည်သလဲ။ လက်ပံတောင်း တောင်မှာ ဘယ်လိုပုံစံမျိုးနဲ့ နေထိုင်တာလဲ။
ကျွန်တော် ၂ဝ၁ဝ ဒီဇင်ဘာမှာ ထောင်ကနေလွတ်လာပြီး အိမ်မှာနေတယ်။ စာဖတ်တယ်။ ကျွန်တော့်အမေဆီက ပိုက်ဆံတောင်းတယ်။ ညီမဆီက တောင်းတယ်။ ဦးလေးဆီက တောင်းတယ်။ အရင်တုန်းက ရွှေဆိုင်ထိုင်ပြီးပန်းတိမ်လုပ်တယ်။ ကျွန်တော်က နိုင်ငံရေးလှုပ်ရှားမှု၊ လယ်သမား၊ အလုပ်သမားလူတန်းစားတွေရဲ့အခွင့်အရေးလှုပ်ရှားမှု တတ်နိုင်သလောက်ပါဝင်ခဲ့တယ်။ ဥပမာ နိုင်ငံရေးအကျဉ်းသားတွေ ထောင်ဝင်စာတွေ့ဖို့လိုရင် အချင်းချင်းချိတ်ဆက်ပြီးတော့ ငါးပိတို့၊ ငါးခြောက်တို့သွားပို့တာမျိုးတွေရှိတယ်။ ရန်ကုန်မှာ ဖယောင်းတိုင်ထွန်းပြီးဆန္ဒပြတုန်းက ကျွန်တော် မြန်မာငွေငါးရာပဲကုန်တယ်။ ပြည်သူတွေက ဖယောင်းတိုင်ယူလာကြတယ်။ အပြန်ကျတော့ သူတို့ပါလာတဲ့ကားနဲ့လိုက်ပို့တယ်။ ကျွန်တော်နဲ့သိတဲ့အိမ် ရှိတယ်။ ကျွန်တော်ငွရေးကြေးရေး မသုံးစွဲဘူး။ လက်ပံတောင်းကို ၂ဝ၁၁ မေလမှာ စရောက်တယ်။ ကျွန်တော်လှုပ်ရှားမှုနဲ့သွားလာမှုတွေက ဟိုတယ်ကြီး အခမ်းအနားကြီးတွေလုပ်တာမဟုတ်ဘူး။ သာမန်ပြည်သူတွေလိုပဲ ငွေရေးကြေးရေးသုံးစွဲတယ်။ သူငယ်ချင်းတွေလည်း လူမှုရေးအရကူညီတာရှိတယ်။ မိသားစုကလည်း ကူညီတယ်။ ဒီရွာလာတုန်းက သူငယ်ချင်းတစ်ယောက်က အသုံးစရိတ် မြန်မာငွေသုံးသောင်း သုံးချင်တာသုံးလို့ပေးလိုက်တယ်။ အဲဒီစရိတ်နဲ့ လက်ပံတောင်းတောင်ကို ကားစီးလာတယ်။
မြန်မာနိုင်ငံမှာဖွံ့ဖြိုးဖို့ စီမံကိန်းကြီးတွေ လိုအပ်တယ်။ ဒီစီမံကိန်းရပ်လိုက်ရင် အခြားစီမံကိန်းတွေပါ လိုက်ရပ်ပေးရမယ့်ပုံစံ ဖြစ်နေတယ်။ နိုင်ငံခြားကရင်းနှီးမြှုပ်နှံတွေကလည်းဝင်ရမှာကြောက်နေတယ်။ ဒါတွေနဲ့ပတ်သက်ပြီး လက်ပံတောင်းတောင်စီမံကိန်းကို ဆက်လုပ်သင့် မလုပ်သင့်။
လက်ပံတောင်းတောင်ကြေးနီစီမံကိန်းကို နှစ်နိုင်ငံစာချုပ် ချုပ်ထားတဲ့အတွက် ရပ်ဆိုင်းလိုက်ရင် ဒီဖြစ်စဉ်ပေါ်မူတည်ပြီး အခြားနိုင်ငံကရင်းနှီးမြှုပ်နှံမှုတွေ တွန့်ဆုတ်သွားနိုင်တယ်ဆိုတာ ပြီးပြတ်နိုင်တဲ့ဆင်ခြေမဟုတ်ဘူး။ ဘာကြောင့်လဲဆိုတော့ အခုဆိုရင် ဥရောပသမဂ္ဂ အမေရိကန်နိုင်ငံလို ဟာမျိုးတွေ မြန်မာပြည်ကို စင်ကာပူ၊ ဂျပန်၊ ကိုရီးယားအစရှိတဲ့နိုင်ငံတွေကလည်း စိတ်ဝင်စားကြတယ်။ တစ်နိုင်ငံက တစ်နိုင်ငံကို ပြန်လည်ပြည့်ဖြိုးမြဲမဟုတ်တဲ့စွမ်းအင် ထုတ်လုပ်ရေး၊ ရေနံ၊ ကျောက်မျက် ထုတ်လုပ်ရေးလုပ်ငန်းတွေကို ကုန်သွယ်ဖက်လုပ်ဖို့ဆိုရင် ပြည်သူတွေကကန့်ကွက်တာ ဘာမှစိုးရိမ်စရာမရှိဘူး။ ပြည်သူတွေအနေနဲ့အဆင့်အတန်းရှိတဲ့ကုန်ထုတ်လုပ်မှု၊ မညှာမတာဈးပေါပေါနဲ့လုပ်တာတွေကိုကန့်ကွက်ရဦးမယ်ထင်တယ်။ ဥပမာ အမေရိကန်ဆိုရင် ဒီလိုဟာမျိုးတွေမထုတ်ဘူး။ ဒါ Open  မိုင်းချည်းပဲ။ လက်ဝါးကြီးအုပ်ထားတာဖစ်နေတယ်။ သဘာဝပတ်ဝန်းကျင်ညစ်ပတ်တယ်။ ကျွန်တော်တို့က ကန့်ကွက်ရင် ပြည်သူလူထုကို ပွင့်လင်းမြင် သာအောင်လုပ်ပေါ့။ အဲဒီတော့ အခြားလူတွေကကြောက်သွားလို့ရှိရင် ကြောက်သွားကောင်း ကြောက်သွား လိမ့်မယ်။ မြန်မာပြည်ကနေ ခရိုနီတချို့ လက်ဝါးကြီးအုပ်ဝင်နှိုက်မယ့် နိုင်ငံတကာရင်းနှီးမြှုပ်နှံ မှုတွေကြောက်သွားမှာ ဖြစ်တယ်။ ဒါပေမယ့် မတရားအမှောင်ချပြီးတော့ တစ်သက်လုံး မြှုပ်နှံမှုတွေဆက်လုပ်နေရင် မလုပ်တာကမှပိုကောင်းဦးမယ်။ ဘာကြောင့်လဲဆိုရင် ဟိုးရှေးကလုပ်ခဲ့တဲ့ စီမံကိန်းတွေ၊ မဆလ လက်ထက်ကတည်းကစီမံကိန်းတွေလုပ်တာ၊ ဘယ်သူ့အတွက်အကျိုးအမြတ်ရမလဲ။ သာဓကတွေရှိတယ်။ ထုတ်လုပ်တိုင်း ပြည်သူတွေအကျိုးမခံစားရဘူး။ ပွင့်လင်းမြင်သာမှုနဲ့ ထုတ်လုပ်ရေးပေါ်လစီ၊ နိုင်ငံတော်က ဘယ်လောက်ရမှာလဲ။ အစိုးရဘယ်လောက်ရ မလဲဆိုတဲ့ ပေါ်လစီတွေဆက်လုပ်ဆောင်နေရင် အလကားပြီးစီးနေမှာပဲ။ အဲဒီဆင်ခြေကို ကျွန်တော် လုံးဝလက်မခံဘူး။
တကယ်လို့ စာချုပ်ချုပ်တဲ့ထဲမှာ ကိုဟန်ဝင်းအောင်လိုမျိုး ကူညီပေးနေတဲ့လူမျိုးပါလာခဲ့မယ်ဆိုရင် ဒီစီမံကိန်းရပ်ဆိုင်းသင့် မသင့်ဆိုတာက တစ်စုံတစ်ရာ ပြောင်းလဲလာနိုင်သလား။
ကျွန်တော်အမြင်ပြောရရင်တော့ အစီရင်ခံစာဖော်ပြချက်မှာ အစီရင်ခံစာရဲ့အပိုင်းပေါ့ဗျာ။ စီမံကိန်းလုပ်မယ်ဆိုရင် ဒီအတိုင်းကြီးတော့ မလုပ်ပါနဲ့။ မကောင်းဘူး။ ဖျက်သိမ်းတာလည်း မကောင်းဘူး။ ပြင်ဆင်ပြီးလုပ်တဲ့။ အကြံပြုချက်တွေမှာ။ စီမံကိန်း မစတင်ခင် ဖြည့်ဆည်းဆာင်ရွက်ရမယ့်ကိစ္စတွေရှိတယ်။ စီမံကိန်းလုပ်ဆောင်နေတဲ့နှစ် ၂၈ နှစ်လောက် တောက်လျှောက်ဖြည့်ဆည်းပေးရမယ့်ကိစ္စတွေရှိတယ်။ စီမံကိန်းလုံးဝပြီးသွားပြီ။ တောင်ကြီးလည်း လုံးဝပျောက်သွားပြီဆိုတဲ့ကာလမှာ ပြန်လည်ဖြည့်စွက်ပေးရ မယ့်ကိစ္စ သုံးပိုင်းလောက်ရှိတယ်။ အဲဒီအကြံပြုချက်ကို တကယ်ဖြည့်ဆည်းပေးနိုင်မလား။ ဘယ်သူကစာင့်ကြည့်မလဲ။ ဘယ်သူကရော အာမခံမလဲဆိုတဲ့ ပြဿနာရှိတယ်။ ဒါက မဖြစ်နိုင်တာကိုမးခွန်းထုတ်နေတာ မဟုတ်ဘူး။ ပွင့်လင်းမြင်သာမှုနဲ့ တကယ်တာဝန်ခံမှုရှိတယ်ဆိုရင် မလုပ်ရသေးတဲ့ ဒီတောင်ကို မပြောနဲ့။ လုပ်ပြီးလက်စ စံပယ်တောင်၊ ကြေးစင်တောင်ကိုပဲ အရင်ဖြည့်ဆည်းကြည့်ပါလို့။ ကြေးစင်က ရန်စီကုမ္ပဏီ၊ လက်ပံတောင်းတောင်က  ဝမ်ပေါင်ကုမ္ပဏီ အတူတူပဲ။ အရင်ဖြည့်ဆည်းပေးပါလို့ မေးခွန်းထုတ်ချင်တယ်။ စာချုပ်ပါအချက်အလက်တွေကိုပြင်ဆင်ဖို့အရင်လုပ်မယ်ဆိုရင် ဒီကိစ္စဟာ ဒေသဆိုင်ရာပြဿနာမဟုတ်တော့ဘဲ တည်ငြိမ်ရေးကိုပါ တဖြည်းဖြည်းနဲ့ထိပါးလာတဲ့ပြဿနာတွေဖြစ်တဲ့အတွက် တိုင်းပြည်မှာ ပါဝင်သင့်၊ ပါဝင်ထိုက်တဲ့ကျွမ်းကျင်ပညာရှင်တွေ၊ တကယ်ဒေသခံခေါင်းဆောင်တွေ တိုင်းပြည်ကို တကယ်ချစ်မြတ်နိုးသူတွေနဲ့ လုပ်တာ တကယ်အဆင်ပြေပါတယ်။ ကျွန်တော်တို့ကတော့ ပြည်သူအများစု လက်ခံတယ်။ သဘောတူတယ်ဆိုရင် ပြည်သူတွေရဲ့သဘော ဆန္ဒအတိုင်းပဲလိုက်မှာပါ။
သပိတ်ဖြိုခွင်းတဲ့နေရာမှာ အသုံးပြုသွားတဲ့ဗုံးကို အစိုးရကထုတ်ပြန်တဲ့အခါမှာ မီးခိုးဗုံးလို့ထုတ်ပြန်တယ်။ နောက် ဒေါ်အောင်ဆန်းစုကြည် တာဝန်ယူဦးဆောင်တဲ့ စုံစမ်းရေးကော်မရှင်ရဲ့နောက်ဆုံးအစီရင်ခံစာမှာလည်း မီးခိုးဗုံးလို့ပဲ သတ်မှတ်ထားတယ်။
တစ်ကြောင်းဆွဲကောက်ချက်နဲ့တော့ အပိတ်ပြောလို့မရဘူး။ နှစ်ပိုင်းတော့ရှိတယ်။ အကြမ်းဖက်ဖြိုခွင်းလိုက်တဲ့ကိစ္စနဲ့ပတ်သက်ပြီး စဉ်းစားရမယ့်အချက်က နံပါတ်တစ်။ နံပါတ်နှစ်က ကန့်သတ်လက်နက်သုံးစွဲမှုဟုတ်/မဟုတ်ဆိုတဲ့အဖြေ ရှာရမယ့်အပိုင်း နှစ်ပိုင်းရှိတယ်။ စုံစမ်းရေးကော်မရှင်ရဲအစီရင်ခံစာမှာတင်ပြသလို အဆင့်ဆင့်ဥပဒေနဲ့အညီ လုပ်ထုံးလုပ်နည်းအရအသိပေးပြီးမှ ကျင့်ထုံးအရဝင်ရောက်ဖိုခွင်းတယ်ဆိုရင် ဥပဒေနဲ့ညီတယ်ပေါ့ဗျာ။ ဒါဆိုရင် ကန့်သတ်ပစ္စည်းသုံး/မသုံးဆိုတာ လေ့လာရမယ်။ ဒါနဲ့ပတ်သက်ပြီး  အမေရိကန်နိုင်ငံက ဒေါက်တာရောလ်မန်တို့ ခွဲစိတ်သုတေသနလုပ်တာ၊ ထိုင်းနိုင်ငံကဆင်းလာတဲ့အဖြေတွေကို စတဲ့ ကျွမ်းကျင်အလွတ်ပညာရှင်တွေ၊ နိုင်ငံတော် တာဝန်ပေးချက်မဟုတ်တဲ့ဟာတွေကတော့ ဖော့စဖရိတ်ဗုံးလို့သတ်မှတ်ထားတယ်။ ဒီကတော့ မဟုတ်ဘူးလို့ပြောတယ်။ ဒါကတော့ သေသေချာချာစုံစမ်းပြီးတော့ ပြောရမှာပေါ့။ ကပစ ကနေ ထုတ်ပေးလိုက်တယ်လို့လည်းပြောကြတယ်။ ဒါက အငြင်းပွားစရာရှိတယ်။ ကျွန်တော်ပြောချင်တာက လူထုရှုထောင့်ကနေပြောတာတွေအ်ာတာတွေ တစ်ခုတည်းကိုကြည့်လို့မရဘူး။ သပိတ်စခန်းတွေဖွင့်တယ်။ အကြိမ်ကြိမ်ဆန္ဒပြခွင့် ရှစ်ကြိမ်တောင်းတယ်။ တစ်ကြိမ်မှ မရဘူး။ ကုမ္ပဏီဘက်ကျတော့ လယ်မြေတွေသိမ်းတယ်။ ခွင့်ပြုချက်မကျတော့ ဆန္ဒပြဖို့လိုတယ်။ မပြလို့ကလည်းမဖြစ်နိုင်ဘူး။ ကုမ္ပဏီကမြေသိမ်းတော့ ဒေသခံတွေက လမ်းမပေါ်ထွက်လာတဲ့အကြောင်းကို ထည့်စဉ်းစားရတယ်။ အဲဒါတွေက ပြဿနာတွေကြီးထွားလာတဲ့အခါကျတော့ စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးသာအေးက စီမံကိန်းနဲ့ပတ်သက်ပြီး ကြွေးကြော်တောင်းဆိုနေတဲ့ကိစ္စတွေကို ဆန္ဒပြမှုတွေနဲ့ပတ်သက်တာတွေကို သူ့အနေနဲ့ မဖြေရှင်းပေးနိုင်ဘူးလို့ပြောတယ်။ ပြည်ထောင်စုအဆင့်ကပဲဖြေရှင်းပေးနိုင်တာ လို့ပြောတယ်။ ပြည်ထောင်စုအဆင့် Level  ကလည်း လုံးဝမလာဘူး။ နိုဝင်ဘာ ၂၃ ရက်မှာတာ့ တစ်ကြိမ်လာတယ်။ ဦးအောင်မင်းရယ်၊ ပြည်ထောင်စုကြံ့ခိုင်ရေးအမတ်ဦးသန်းမြင့် အဲတာပဲလာတယ်။ ဒါတောင် ဖြေရှင်းသွားတာ မဟုတ်ဘူး။ ဒေသခံတွေရဲ့ကန့်ကွက်ဆန္ဒပြမှုတွေ မကြာကြာအောင် အချိန်ဆွဲထားတဲ့..ကိစ္စက မကြီးထွားရင် ကြီးထွားလာအောင်လုပ်ခဲ့တဲ့ကိစ္စတွေ ဖြေရှင်းသင့်တယ်။ ဘယ်သူ့မှာတာဝန်ရှိသလဲ။ စည်းမဲ့ကမ်းမဲ့လမ်းပေါ်တက်လာတာမျိုးတော့ မဟုတ်ဘူး။ ဥပဒေအရမဟုတ်တာ့ဘဲတက်လာအောင် ခွင့်မပြုပေးတာက ဘယ်သူတွေလဲ။ အဲဒါကြောင့် ဒါမျိုးတွေဖြစ်လာတာ။ သပိတ်စခန်းတွေဖွင့်ကြတယ်။ အဲဒီမှာ ကုမ္ပဏီနဲ့ပြည်သူ တိုက်ရိုက်ဆက်ဆံခိုင်းပြီးမှ မြေသိမ်းမှုတွေလုပ်တယ်။ ပြည်သူက တိုက်ရိုက်မြေသိမ်းတာကို ဆန့်ကျင်တယ်။ အဲဒီလိုမျိုး ကုမ္ပဏီ၊ အစိုးရနဲ့ တိုက်ရိုက်ဖြစ်ပေါ်လာတဲ့ပြဿနာမှာ ကြားခံပါ။
ဒေါ်အောင်ဆန်းစုကြည်က (၁၄)ရက်နေ့က သပိတ်စခန်းမှာ ဆရာတော်ကိုလျှောက်ပါတယ်။ အစီရင်ခံစာက ကျွန်မပဲလုပ်တာပါ။ ကုမ္ပဏီနဲ့လည်းမဆိုင်ပါဘူး။ ဒေသဆိုင်ရာအာဏာပိုင်နဲ့လည်း မဆိုင်ပါဘူး။ ဆန္ဒပြချင်တယ်ဆိုရင် ကျွန်မကိုပြလို့ရပါတယ်။ ခွင့်ပြုချက်ယူပြီး တရားဝင် ကျွန်မအိမ်ရှေ့မှာလာပြီး ဆန္ဒပြနိုင်ပါတယ်လို့ပြောသွားတယ်။ အစ်ကိုတို့အနေနဲ့ ဆန္ဒပြမယ်ဆိုရင် ဒေါ်အောင်ဆန်းစုကြည်ကိုပြသလို ဖြစ်နေမှာပေါ့။
ဒေါ်အောင်ဆန်းစုကြည်က လူထုခေါင်းဆောင်ဆိုတော့ ဒေသတွင်းပြဿနာတွေကြီးထွားနေတဲ့ဒေသမှာ မလိုလားအပ်တဲ့ နိုင်ငံရေးအရပါက်ကွဲမှုတွေ၊ ပယောဂတွေမပါလာအောင် တာဝန်ယူမှု၊ တာဝန်ခံမှုနဲ့ပြောလိုက်တဲ့စကားတွေလို့ နားလည်တယ်။ လက်တွေ့ဆန်ဆန်ကြတာ့ ပြည်သူ က ဒေါ်အောင်ဆန်းစုကြည်ကိုမမြင်ဘူး။ ဒေါ်အောင်ဆန်းစုကြည်ကြောင့် ဒါကြီး ဖြစ်နေတယ်လို့ သူတို့က မြင်တာမဟုတ်ဘူး။ ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း မဆိုင်ဘူး။ နှစ်ပေါင်းများစွာကတည်းက ဦးပိုင်ကလုပ်ခဲ့တယ်။ Wanbao နဲ့ ဖြစ်ခဲ့တယ်ဆိုတာပဲ သူတို့နားလည်ထားတယ်။ ပြဿနာရဲ့အရင်းအမြစ် ကိုဖြေရှင်းမယ်ဆိုရင် တကယ်ကုမ္ပဏီပိုင်းနဲ့တာဝန်ရှိသူပိုင်းကပဲ တာဝန်ယူပြီးဖြေရှင်း ရမှာပါ။ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အကြံပြုတဲ့အပိုင်း စုံစမ်းတဲ့အပိုင်းမှာပဲတာဝန်ရှိတယ်။ စေတနာနဲ့ ပါဝင်ခဲ့တာပါ။ ကျွန်တော်နားလည်တာ ကတော့ ဒေါ်အောင်ဆန်းစုကြည်ကို ဆန္ဒပြစရာမလိုပါဘူး။ ပြတယ်ဆိုတာကတော့ တခြားအပိုင်းတွေပဲရှိလိမ့်မယ်။ ကျွန်တော်တို့က ဒေါ်အောင်ဆန်းစုကြည်နဲ့ပတ်သက်ပြီး ပြောစရာအကြောင်းမရှိပါဘူး။ ကျွန်တော်တို့က စီမံကိန်းနဲ့ပတ်သက်ပြီး ပွင့်လင်းမြင်သာမှုရှိဖို့မလိုအပ်ဘူးဆိုရင်ဖျက်သိမ်းဖို့ လုံးဝ Perfect ဖစ်နေရင် ပြည်သူလူထုကလက်ခံလို့ဆိုရင် လုပ်ချင်နေ၊ မလုပ်ချင်နေ ဒါကတစ်ပိုင်း။ ကျွန်တော်တို့က စီမံကိန်းဖျက်သိမ်းရေး ပွင့်လင်းမြင်သာမှုရှိရေး၊ လူထုအကျိုးစီးပွားပိုင်းကပဲသွားနေတဲ့ အတွက် ဒေါ်အောင်ဆန်းစုကြည်အပိုင်းကို ဘာမှပြောမှာမဟုတ်ပါဘူး။ စီမံကိန်းနဲ့ပတ်သက်ပြီး တာဝန်ရှိတဲ့သူရဲ့အပိုင်းကိုပြောရမှာပါ။
နောက်ဆုံးအနေနဲ့ ဆည်တဲရွာကို ဒေါ်အောင်ဆန်းစုကြည်နဲ့ လုံခြုံရေးငါးဦးကိုပဲ လမ်းလျှောက်ပြီး ပေးဝင်ခိုင်းတာ ဘာကြောင့်လဲ၊ လုံခြုံရေးအပြည့်အဝနဲ့ ဘာကြောင့် ပေးမဝင်တာလဲ။
ဆည်တဲရွာက ဇီးတောရွာ၊ ဝက်မှေးရွာတို့က ပုဒ်မ ၁၄၄ အထုတ်ခံထားရတာ။ ရွာက ခြံစည်းရိုးတွေ ကာထားတယ်။ အမြဲတမ်းသတိနဲ့နေတဲ့ ရွာပေါ့ဗျာ။ အဲဒီအခါကျတော့ ဒေါ်အောင်ဆန်းစုကြည်က ဆည်တဲကိုဝင်တယ်။ ဝင်တဲ့အခါကျတော့ ကျွန်တော်က အဲဒီဘက်မှာ မရှိဘူး။ ရွာသားတွေက အခြေအနေလှမ်းပြောတယ်။ လုံထိန်းကား သုံးစီးပါတယ်။ အားလုံးလည်း သက်သေရှိတယ်။ ထောက် လှမ်းရေးတွေလည်းပါလာတယ်။ ဒေါ်အောင်ဆန်းစုကြည်ကတော့ ဒီကိစ္စကို လာရောက်ရှင်းလင်း အဖြေရှာတာပဲ။ ဒါက ပြဿနာမဟုတ်ဘူး။ လုံထိန်းတွေကပါနေတဲ့အတွက် လုံထိန်းတွေကို ရွာထဲအဝင်မခံတာ။ ရွာလမ်းကြောင်းတွေကိုသိပြီး နောက်တစ်ခါကျရင် လုံထိန်းတွေက ဒီရွာကိုလာဖြိုရင် လုံထိန်းလမ်းကြောင်းသိနိုင်တယ်။ ဒါမျိုးကို သူတို့တွေစိုးရိမ်မှုရှိတယ်။ ရွာသားတွေက တံခါးကိုပိတ်လိုက်တယ်။ ရွာသားတွေက စပြောတယ်။ ဒေါ်အောင်ဆန်းစုကြည် ဝင်ပါ။ လုံခြုံရေး လေးငါးခြောက်ယောက် ဝင်ပါ။ ထောက်လှမ်းရေးတွေ မပါ ပါစေနဲ့။ သတင်းထောက်တွေ ထဲမှာလည်း ထောက်လှမ်းရေးတွေပါနေမှာကို သူတို့အရမ်းကြောက်တယ်။ ကားနဲ့ ဝင်ပါ၊ လမ်းလျှောက်ဝင်ပါ၊ ဘာမှမပါဘူး။ ရွာသားတွေ ပြောတာက ဒေါ်အောင်ဆန်းစုကြည်ကို ဝင်ခွင့်မပေးတာ မဟုတ်ဘူး။ လုံထိန်းနဲ့ထောက်လှမ်းရေးကို ပိတ်တာ။ အဲဒီမှာ ရုတ်ရုတ်သဲသဲ ဖြစ်သွား တယ်။ နောက်ဆုံးတော့ လုံထိန်းတွေ ပါမသွားဘူးပေါ့ဗျာ။ သတင်းထောက်တချို့နဲ့ ဒေါ်အောင်ဆန်းစုကြည်ပဲ ဝင်ခွင့်ရခဲ့တယ်။ ဒေါ်အောင်ဆန်းစုကြည်ကို ဆည်တဲရွာ မဝင်ပါနဲ့လို့ ရွာသားတွေကအမိန့်ပေးလို့ မရဘူး။ ဘယ်သူမှ အမိန့်ပေးလို့ မရဘူး။ ကျွန်တော်လည်း အမိန့်ပေးလို့ မရပါဘူး။ ရွာသားတွေပြောတာက လမ်းလျှောက်ခြင်း/မလျှောက်ခြင်း တစ်ခုမှ မပါပါဘူး။ လုံထိန်းတပ်ဖွဲ့တွေ ရွာထဲအဝင် မခံနိုင်ဘူး။ ထောက်လှမ်းရေးတွေ အဝင် မခံနိုင်ဘူး။ ဒေါ်အောင်ဆန်းစုကြည် လိုအပ်တဲ့သူတွေ ဝင်ပါ။ ဒေါ်အောင်ဆန်းစုကြည်နဲ့ ရွာသားတွေလည်း ပြေလည်တာလည်းရှိတယ်၊ မပြေလည်တာလည်း ရှိတယ်။ ကျွန်တော့်သဘောအရ ရွာသားတွေပြောတာ ရှင်းရှင်းလင်းလင်းသဘောပေါက်တယ်။ ဖြစ်စဉ်က ဒီအတိုင်းပဲ။ ဒေါ်အောင်ဆန်းစုကြည်ကို လူထုခေါင်းဆောင်တစ်ယောက်အနေနဲ့ ဒီဒေသက ပြည်သူတွေ မမုန်းဘူး။ မကန့်ကွက်ကြဘူး။ သူတို့ကန့်ကွက်နေတာက တစ်ဖက်သတ်နိုင့်ထက်စီးနင်းလုပ်နေတဲ့ စီမံကိန်းအပေါ်မှာစိတ်ပျက်နေကြတာဖြစ်တယ်။ အဲဒါကို ကွဲကွဲပြားပြားနားလည်ဖို့လိုတယ်။ အဲဒီလိုမဟုတ်ဘဲနဲ့ ဒေါ်အောင်ဆန်းစုကြည်ကြောင့် စီမံကိန်းကြီးပုံဖော်မှုက ပင်မအကြောင်းအရာဖြစ်တဲ့ စီမံကိန်းနဲ့ပတ်သက်တဲ့အဖြေရှာရေး၊ အကြမ်းဖက်မှုတွေဖော်ထုတ်ရေး၊ ဒေသတည်ငြိမ်ရေးနှင့် တိုင်းပြည်စီးပွားရေးနဲ့ပတ်သက်တဲ့ပြဿနာတွေလမ်းကြောင်းလွှဲမှာဖြစ်တဲ့အတွက် ကျွန်တော်ကိုယ်တိုင်လည်း အဲဒါကိုမပြောဘူး။ အားလည်း မပေးဘူး။ ကျွန်တော ဆက်မရှင်းဘူး။ တိုင်းပြည်အတွက်အကျိုးမရှိတဲ့ခေါင်းစဉ်တွေဖြစ်နေတဲ့အတွက် ပြည်သူနဲ့ဒေါ်အောင်ဆန်းစုကြည်နဲ့
ပဿနာတွေတက်တယ်ဆိုတာတွေ မဖြစ်သင့်ဘူး။ အဓိက က စီမံကိန်းကြောင့်
ပဿနာကိုဖြေရှင်းဖို့ဆိုရင် စီမံကိန်းခေါင်းစဉ်အောက်ကဖြစ်နေတဲ့ခေါင်းစဉ်ကိုပဲပြောကြပါ။ အဖြေရှာကြပါ။
ယူတာကဒီနေရာကဖြစ်ပါတယ် https://www.facebook.com/pages/Messenger-News-Journal/127099574018030?sk=notes


0 comments:

Post a Comment