Friday, March 15, 2013

မခံစားဘူးတော့ ကိုယ်ချင်းမစာတယ် . . .

0 comments
ဆန္ဒပြနေကြတဲ့တိုင်းရင်းသား ဆင်းရဲသားပြည်သူတောင်သူလယ်သမားတွေကို ဦးနှောက်မရှိတဲ့သူတွေ၊ စောက်ရူးတွေ၊ သူများခိုင်းတိုင်းလုပ်တဲ့သူတွေ၊ ပညာ မတက်တဲ့လူတွေ ၊ စသဖြင့် ချိုးချိုးနှိမ်နှိမ်ကဲ့ရဲ့ပြီး အမျိုးမျိုးအပြစ်တင်ပြောဆိုနေကြတဲ့သူတွေကို မေးချင်ပါတယ် . ..
ခင်ဗျားတို့ဘ၀မှာ
ခင်းဗျားတို့ပိုင်ပစ္စည်းဥစ္စာတွေ မတရားအသိမ်းခံရဘူးလား၊
လယ်မြေတွေအသိမ်းခံရဘူးလား၊
အိမ်ယာခြံမြေတွေအသိမ်းခံရဘူးလား၊
မတရားဖမ်းဆီးနှိပ်စက်ခံဘူးလား
အာဏာရှင်နဲ့အပေါင်းအပါတွေရဲ့ဂုတ်သွေးစုပ် အနိုင်ကျင့်ဗိုလ်ကျတာခံဘူးလား . . .။

ဖြေကြည့်ကြပါအုံး....

ဘယ်ခေတ်ဘယ်အခါကမှ နိုင်ငံရေးကိုစိတ်ဝင်စားမှုမရှိခဲ့ဘူး။ မရှိရုံသာမဟုတ်ဘူး နိုင်ငံရေးဆိုတာ လူမိုက်တွေရဲ့အလုပ်လို့တောင်နှာခေါင်းရှုံကြသေးတဲ့သူတွေက ဆင်းရဲသားပည်သူတွေကိုဝေဖန်ကဲ့ရဲ့ပြီး ဘာဖြစ်တယ်ညာဖြစ်တယ် ပြောနေကြတာကတော့ တော်တော်ရီစရာကောင်းတာပါပဲ...

တောင်သူတွေလယ်သမားတွေ အလုပ်သမားတွေဆင်းရဲသားများရဲ့ဘ၀ကို ဘယ်လောက်နားလည်လို့လဲ... ကိုယ်တိုင်ကဖြင့် လယ်ကန်သင်းရိုးပေါ်တောင်လမ်းလျှောက်ဘူးကြလား...

တောင်သူတွေ ခုချိန်မှာ ရာသီဥတုဖောက်ပြန်လို့ သီးနှံတွေမရဘဲ အမတော်ချေးငွေဆပ်ဖို့ ဘယ်လောက်ဒုက္ခရောက်နေကြလဲ...
သူတို့ဘယ်လိုထမင်းစားနေကြလဲဆိုတာသိကြပါသလား...။ တောင်သူလုပ်ငန်းတွေမကောင်းလို့ လူငယ်ယောက်ျားလေး၊ မိန်းခလေးတွေ သူများနိုင်ငံမှာ မိဝေး ဖဝေး ဒုက္ခဆင်းရဲခံ၊ ဘ၀ပျက်ခံ ကျွန်ခံနေရတဲ့ဘ၀တွေကိုစာနာဘူးလား။ နယ်တွေမှာဆင်းပြီး တောသူတောင်သားတွရဲ့ ဘ၀တွေကိုလ့လာခံစားကြည့်လိုက်ပါအုံး။ သူတို့စားတဲ့ထမင်းစားပြီး သူတို့နဲ့အတူတူခဏလောက်နေကြည့်လိုက်ပါအုံး။

ဒီဆင်းရဲသားပြည်သူတွေ တောင်သူလယ်သမားတွေကြောင့် တိုင်းပြည်မှာ ဘယ်တုန်းကဒုက္ခရောက်ဘူးလဲ၊ စစ်ရောဖြစ်ခဲ့ဘူးလား၊ သူတို့က ဘယ်သူ့ပစ္စည်းမှအလကားလုယူတာ၊ သူတပါးအပေါ်ဒုက္ခပေးခဲ့တာ မရှိပါဘူး။ ခုဖြစ်နေကြတဲ့ပြဿာနာတွေကရော ဘယ်သူတွေကြောင့်ဖြစ်နေရတာလဲ။ ပိုက်ဆံရှိ ပညာတတ် စာတတ် ဂုဏ်ဓနရှိ မြို့ကြီးနေ ရေပေါ်ဆီခရိုနီလူတန်းစားနဲ့ အာဏာရှင်လူတန်းစားတွေကြောင့်
ဖြစ်နေရတယ်ဆိုတာ ပြေးကြည့်နေစရာမလိုပါဘူးဗျာ။

၉၀ ရာခိုင်းနှုန်းလောက်ရှိတဲ့ သာမန်ပြည်သူတွေအားလုံးရဲ့လိုလားတောင်းတချက်က မိရိုးဖလာလုပ်ကိုင်စားသောက်နေတဲ့ လယ်ယာလုပ်ငန်းလေးကို အေးအေးချမ်းချမ်း အကြောက်အလန့်ကင်းကင်း လုပ်ကိုင်စားသောက်ပြီးနေချင်တာပါ။ ဒါထက်တဆင့်တိုးပြီး တောင့်တရမယ်ဆိုရင်ထွန်းတုံးပိတ်ချိန်မှာ ရှင်ပြုနားသ အလှူမဂ်လာတွေ၊ ဘရားပွဲတွေပျော်ပျော်ပါးပါးကျင်းပချင်တယ်။ လွတ်လွတ်လပ်လပ် သွားချင်လာချင်တယ်။ ပြောချင်ဆိုချင်တယ်။ ဒီမိုကရေဆီတွေ၊ တော်တိုကရေဆီတွေ၊ ဟိုလူးရှင်း၊ ဒီလူးရှင်းတွေကိုနားမလည်ဘူး။ စိတ်လည်း မ၀င်စားပါဘူး။
ကိုယ့်လယ်ကလေးကိုယ် စိတ်ချလက်ချလုပ်ခွင့်ရရင်ပဲကျေနပ်ပါတယ်။ သူ့ကျွန်ဘ၀နေရစဉ်ကလို ချစ်တီးကလယ်ယာသိမ်းမှာကို တကြောင့်ကြကြနေရတဲ့ဘ၀မျိုးကို ဘယ်သူမှ မလိုချင်ပါဘူးဗျာ . . .

မြို့ပေါ်မှာနေပြီး ဘီယာလေးသောက်လိုက်၊ မာဆတ်လေးသွားလိုက် KTV လေးတက်လိုက်နဲ့ ၀က်သားလေး အီတီတီလုပ်နေတဲ့သူတွေက ဆင်းရဲသားနင်းပြားဘ၀လေးတွေကိုဘာဖြစ်တယ်ညာဖြစ်တယ် မစာမနာ မဝေဖန်ကြပါနဲ့ မပြောကြပါနဲ့ဗျာ . ..
ကိုယ်ချင်းစာတရားထားနိုင်ကြပါစေ . . .

တွေ့တာနဲ့ယူတာကဒီနေရာကပါ https://www.facebook.com/UKoKoKyaw

0 comments:

Post a Comment