လက်ရှိနိုင်ငံရေး ရေစီးကြောင်းတစ်ခုလုံးကို နှစ်လိုစိတ်မရှိ၊
စိန်စုလမ်းကို လက်သင့်မခံ ဝေဖန်တဲ့အခါ တန်ပြန်အစွပ်စွဲခံရဆုံးက
အပြုသဘောမဆောင်တဲ့ အဆိုးမြင်သမားအဖြစ်ပဲ။ အဲ့ဒါ အတော်လွဲတယ်။
ဘယ်လို လွဲသလဲဆို ကျနော်ယုံကြည်တာ ခေတ်ဆိုတာ မြစ်လိုပဲ၊ အမှိုက်သရိုက်နဲ့ဒိုက်တွေကို တာရှည်မသယ်၊ လမ်းတင်စွန့်ပယ်တယ်။ စွန့်ပယ်ခံရတဲ့အမှိုက်သရိုက် ဒိုက်တို့ဟာလည်း အလဟဿမဖြစ်၊ အချိန်နဲ့အမျှ မြေဆီသြဇာ ဖြစ်ရပြန်တယ်။
အဓိပ္ပာယ်က လူ့သမိုင်းမှာ ရုပ်ဝတ္ထုပစ္စည်းတွေအသာထားဦး စာရိတ္တကျင့်ဝတ်များဆိုင်ရာစံနှုန်းတန်ဘိုး သတ်မှတ်လက်ခံမှုဆင့်ကဲမြင့်တက် စည်ပင်ဖွံ့ဖြိုးခဲ့ကြောင်း ရှူမြင်တာဖြစ်တယ်။ အလွယ်ပြောရရင် လူတွေ ပိုယဉ်ကျေးလာတယ်လို့ ဆိုလိုတယ်။
လွန်ခဲ့တဲ့ အနှစ် ၂၀၀လောက်မှာ ကျနော်လူဖြစ်ရင်၊ ကျနော်ဟာ ဘယ်လောက် အနုပညာ ဝါသနာထုံထုံ၊ ကဗျာတွေဖတ်ပြီး ဂန္ဓဝင်ဂီတနားထောင်ထောင်၊ ထူးကဲတဲ့ လူမှုသူပုန်မှ မဟုတ်ရင် လူကိုလူချင်း ဆင်မြင်းကျွဲနွားသဖွယ်ပိုင်ဆိုနိုင်တဲ့ ကျွန်စံနစ်ရှိတာကို၊ ကျွန်စံနစ်ရှိတဲ့လူ့အဝန်းအဝိုင်းမှာ အလိုက်သင့်လက်သင့်ခံနေထိုင်ရခြင်းကို ရှက်စရာအဖြစ်မြင်ကောင်းမှ မြင်မယ်၊ ဖျက်ရန်လုံ့လပြုဖို့ရာ အဝေးကြီး။
ကျနော်တို့ ပိုယဉ်ကျေးလာခဲ့တာ သေချာတယ်။ စစ်ဆို ဒါးချင်းခုတ်ကြရာက သေနတ်ချင်းပစ်လာတာ ပိုယဉ်ကျေးလာသလားဆို စစ်ရဲ့တရားခြင်း မတရားခြင်းအပေါ် ပိုင်းခြားနိုင်စွမ်း၊ ဘက်ခွဲခြား ရပ်တည်ပေးနိုင်စွမ်း၊ ငြိမ်းချမ်းရေးကို ပိုတမ်းမက် အဖိုးထားနိုင်စွမ်းတို့နဲ့ ပိုယဉ်ကျေးလာပါခဲ့ပါကြောင်း ကျနော်ယုံတယ်။
လူတွေဟာ ဘယ်လောက်ပိုယဉ်ကျေးလာသလဲဆို သက်ဦးဆံပိုင်လည်း အအုပ်ချုပ်မခံတော့ဘူး၊ ဖက်ဆစ်စံနစ်ဟာ လူ့သမိုင်းရဲ့ရှက်စရာအဖြစ်လည်း နီတိထုတ်လာနိုင်ပြီး အဲဒီ့အမှောင်တိုက်ထဲ ပြန်မသွားရကောင်းမှန်း အသိ ရှိလာကြတယ်။ ဒီလိုအသိတွေရှိ နီတိတွေ ထုတ်လာနိုင်တာဟာ မြစ်ကစွန့်တဲ့အမှိုက်သရိုက်ဟာ မြေဆီဖြစ်လာသည့်နှယ်ပဲ။
ကျနော်တို့ဟာ ကိုယ်ရှင်ရတဲ့ခေတ်ရဲ့ သွန်သင်မှုကြောင့် ရှက်ရကောင်းမှန်း အလွယ်သိလာရတာတွေ အများသားပဲ။ တော်ရုံအသိမဲ့ရုံနဲ့ ဆင်စွယ်ပစ္စည်းကို ဂုဏ်ယူသုံးဖို့ခက်မယ်၊ ဝေလငါးကို သတ်ဖို့ခက်မယ်၊ သားမွှေးဝတ်ရုံ ခြုံဖို့ခက်မယ်။ လူတွေငတ်နေ သေနေရင် အနွယ်မတူ အမျိုးခြားလည်း ကိုယ်နဲ့မဆိုင်စိတ်မျိုး ထားဖို့ခက်လာမယ်။ စီအိုတူးလျှော့ချဖို့ကစလို့ လူကြားထဲ ဆေးလိပ်တဖွာဖွာလည်း ရှက်စရာပါ့လား သိလာမယ်။
မလုပ်သင့် မလုပ်အပ်ရာလို့ ရှက်စိတ်ဝင်တတ်ဖို့ရာ အရေးကြီးဆုံးပဲ။ တောတွေပြုန်းနေစေတာ၊ မြစ်နေသုဉ်းနေစေတာ ချက်ခြင်းမရပ်တန့်နိုင်စေဦး ဒါ မှားတဲ့အလုပ်၊ လူ့မျိုးဆက်အတွက် ရေရှည်မစဉ်းစားတဲ့ ပညာနဲ့မယှဉ်သောရှက်စရာအလုပ်အဖြစ် အမှန်အမှားပိုင်းခြားတဲ့ စာရိတ္တအသိ ရှိလာဖို့ကအရေးကြီးဆုံးပဲ။
ဒီပုံပဲ.... လင်္ကျာစွန်းရောက် အမျိုးသားရေးနှိုးဆွတာလည်း သိပ်ရှက်ဖို့ကောင်းတဲ့အဖြစ်ရယ်လို့
မသိကြသေးဘူးဆို ဒီခေတ်မှာ လုံလောက်အောင်မယဉ်ကျေးသေးလို့ပေါ့၊
ပိတ်လှောင်ခံထားရတဲ့ လူ့အဖွဲ့အစည်းဖြစ်နေသေးလို့ပေါ့။
ပိတ်လှောင်အမှောင်ကျမှုကို မှန်ကန်တဲ့သတင်းအချက်အလက်တွေ သမ္မာတဲ့အယူတွေနဲ့
အစားထိုးဖို့ပဲ။ ခေတ်ပြိုင်ကမ္ဘာကြီးကတော့ ဘယ်ပုံ့ဘယ်နှယ်
ပိုယဉ်ကျေးလာခဲ့ပြီဖြစ်ကြောင်း သတင်းကောင်းကို သူတို့ဆီ ဆောင်ကြဉ်းပေးပါ။
လင်းထင်
ဘယ်လို လွဲသလဲဆို ကျနော်ယုံကြည်တာ ခေတ်ဆိုတာ မြစ်လိုပဲ၊ အမှိုက်သရိုက်နဲ့ဒိုက်တွေကို တာရှည်မသယ်၊ လမ်းတင်စွန့်ပယ်တယ်။ စွန့်ပယ်ခံရတဲ့အမှိုက်သရိုက် ဒိုက်တို့ဟာလည်း အလဟဿမဖြစ်၊ အချိန်နဲ့အမျှ မြေဆီသြဇာ ဖြစ်ရပြန်တယ်။
အဓိပ္ပာယ်က လူ့သမိုင်းမှာ ရုပ်ဝတ္ထုပစ္စည်းတွေအသာထားဦး စာရိတ္တကျင့်ဝတ်များဆိုင်ရာစံနှုန်းတန်ဘိုး သတ်မှတ်လက်ခံမှုဆင့်ကဲမြင့်တက် စည်ပင်ဖွံ့ဖြိုးခဲ့ကြောင်း ရှူမြင်တာဖြစ်တယ်။ အလွယ်ပြောရရင် လူတွေ ပိုယဉ်ကျေးလာတယ်လို့ ဆိုလိုတယ်။
လွန်ခဲ့တဲ့ အနှစ် ၂၀၀လောက်မှာ ကျနော်လူဖြစ်ရင်၊ ကျနော်ဟာ ဘယ်လောက် အနုပညာ ဝါသနာထုံထုံ၊ ကဗျာတွေဖတ်ပြီး ဂန္ဓဝင်ဂီတနားထောင်ထောင်၊ ထူးကဲတဲ့ လူမှုသူပုန်မှ မဟုတ်ရင် လူကိုလူချင်း ဆင်မြင်းကျွဲနွားသဖွယ်ပိုင်ဆိုနိုင်တဲ့ ကျွန်စံနစ်ရှိတာကို၊ ကျွန်စံနစ်ရှိတဲ့လူ့အဝန်းအဝိုင်းမှာ အလိုက်သင့်လက်သင့်ခံနေထိုင်ရခြင်းကို ရှက်စရာအဖြစ်မြင်ကောင်းမှ မြင်မယ်၊ ဖျက်ရန်လုံ့လပြုဖို့ရာ အဝေးကြီး။
ကျနော်တို့ ပိုယဉ်ကျေးလာခဲ့တာ သေချာတယ်။ စစ်ဆို ဒါးချင်းခုတ်ကြရာက သေနတ်ချင်းပစ်လာတာ ပိုယဉ်ကျေးလာသလားဆို စစ်ရဲ့တရားခြင်း မတရားခြင်းအပေါ် ပိုင်းခြားနိုင်စွမ်း၊ ဘက်ခွဲခြား ရပ်တည်ပေးနိုင်စွမ်း၊ ငြိမ်းချမ်းရေးကို ပိုတမ်းမက် အဖိုးထားနိုင်စွမ်းတို့နဲ့ ပိုယဉ်ကျေးလာပါခဲ့ပါကြောင်း ကျနော်ယုံတယ်။
လူတွေဟာ ဘယ်လောက်ပိုယဉ်ကျေးလာသလဲဆို သက်ဦးဆံပိုင်လည်း အအုပ်ချုပ်မခံတော့ဘူး၊ ဖက်ဆစ်စံနစ်ဟာ လူ့သမိုင်းရဲ့ရှက်စရာအဖြစ်လည်း နီတိထုတ်လာနိုင်ပြီး အဲဒီ့အမှောင်တိုက်ထဲ ပြန်မသွားရကောင်းမှန်း အသိ ရှိလာကြတယ်။ ဒီလိုအသိတွေရှိ နီတိတွေ ထုတ်လာနိုင်တာဟာ မြစ်ကစွန့်တဲ့အမှိုက်သရိုက်ဟာ မြေဆီဖြစ်လာသည့်နှယ်ပဲ။
ကျနော်တို့ဟာ ကိုယ်ရှင်ရတဲ့ခေတ်ရဲ့ သွန်သင်မှုကြောင့် ရှက်ရကောင်းမှန်း အလွယ်သိလာရတာတွေ အများသားပဲ။ တော်ရုံအသိမဲ့ရုံနဲ့ ဆင်စွယ်ပစ္စည်းကို ဂုဏ်ယူသုံးဖို့ခက်မယ်၊ ဝေလငါးကို သတ်ဖို့ခက်မယ်၊ သားမွှေးဝတ်ရုံ ခြုံဖို့ခက်မယ်။ လူတွေငတ်နေ သေနေရင် အနွယ်မတူ အမျိုးခြားလည်း ကိုယ်နဲ့မဆိုင်စိတ်မျိုး ထားဖို့ခက်လာမယ်။ စီအိုတူးလျှော့ချဖို့ကစလို့ လူကြားထဲ ဆေးလိပ်တဖွာဖွာလည်း ရှက်စရာပါ့လား သိလာမယ်။
မလုပ်သင့် မလုပ်အပ်ရာလို့ ရှက်စိတ်ဝင်တတ်ဖို့ရာ အရေးကြီးဆုံးပဲ။ တောတွေပြုန်းနေစေတာ၊ မြစ်နေသုဉ်းနေစေတာ ချက်ခြင်းမရပ်တန့်နိုင်စေဦး ဒါ မှားတဲ့အလုပ်၊ လူ့မျိုးဆက်အတွက် ရေရှည်မစဉ်းစားတဲ့ ပညာနဲ့မယှဉ်သောရှက်စရာအလုပ်အဖြစ် အမှန်အမှားပိုင်းခြားတဲ့ စာရိတ္တအသိ ရှိလာဖို့ကအရေးကြီးဆုံးပဲ။
ဒီပုံပဲ.... လင်္ကျာစွန်းရောက် အမျိုးသားရေးနှိုးဆွတာလည်း သိပ်ရှက်ဖို့ကောင်းတဲ့အဖြစ်ရယ်လ
လင်းထင်
0 comments:
Post a Comment