Wednesday, January 11, 2012

ကိုလိုနီခေတ်မြန်မာ့နိုင်ငံရေးသမိုင်းမှ သင်ခန်းစာတစ်ပုဒ် (ကေမြူး)

0 comments

ကိုလိုနီခေတ် မြန်မာ့နိုင်ငံရေးသမိုင်းမှ သင်ခန်းစာတစ်ပုဒ်
၁။ ၁၉၄၇ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက် နေ့၊ နံနက် ၁၀ နာရီ ၃၇ မိနစ်တွင် ရန်ကုန်မြို့အတွင်းဝန်များရုံးကြီး၌ ဗိုလ်ချုပ်အောင်ဆန်း၊ ၀န်ကြီးများဖြစ် ကြသော ဒီးဒုတ်ဦးဘချို၊ သခင်မြ၊ ဦးဘ၀င်း၊ မိုင်းပွန်စော်ဘွားကြီး စပ်စံ ထွန်း၊ ဦးရာဇတ်၊ မန်းဘခိုင်၊ အတွင်းဝန်ဦးအုန်းမောင်နှင့် သက်တော် စောင့်ကိုထွေးတို့ လုပ်ကြံသတ်ဖြတ်ခံခဲ့ရသည်။ ဗိုလ်ချုပ်အောင်ဆန်းမှာ ဗြိတိသျှဘုရင်ခံ၏အမှုဆောင်ကောင်စီဒုတိယဥက္ကဋ္ဌ (ဒုတိယ၀န်ကြီးချုပ်) တာဝန်ကို ထမ်းဆောင်နေချိန်ဖြစ်သည်။
မြန်မာနိုင်ငံဆိုင်ရာ ဗြိတိသျှဘုရင်ခံက လုပ်ကြံသတ်ဖြတ်မှုကို စစ်ဆေးစီရင်ရန် ၁၉၄၇ ခုနှစ် သြဂုတ်လ ၃၀ ရက်နေ့တွင် အထူးခုံရုံးဖွဲ့စည်းသည့်ဥပဒေထုတ်ပြန်ခြင်းနှင့် ၁၉၄၇ ခုနှစ် စက်တင်ဘာလ ၂၀ ရက်နေ့တွင် အထူးခုံရုံးဖွဲ့စည်းတာဝန်ပေးအပ်ခြင်းတို့ကို စီစဉ်ဆောင်ရွက်ပေးခဲ့သည်။ အထူးခုံရုံးသည် ၁၉၄၇ ခုနှစ် စက်တင်ဘာလ ၂၄ ရက်နေ့တွင် စတင်ရုံးထိုင်၍ ဦးစော၊ မောင်စိုး၊ သက်နှင်း၊ စိန်ကြီး(မောင်စိန်ခေါ် လှအောင်) ရန်ကြီးအောင်(လှထွန်း) သုခ၊ ခင်မောင်ရင်၊ မောင်နီ(ဘိုနီ ခေါ် ဂနီ) မှုံကြီး(မောင်မှုန်)နှင့် ဘညွန့် တို့ (၁၀)ဦးအား တရားစွဲဆိုခြင်းနှင့် ၁၉၄၇ ခုနှစ် အောက်တိုဘာလ ရက်နေ့တွင် အမှုစတင် စစ်ဆေးခြင်းတို့ စတင်ဆောင်ရွက်ခဲ့သည်။ တရားစွဲဆိုခြင်းခံရသူ ၁၀ ဦးအနက် ဦးစောသည် ဂဠုန်ဦးစော အဖြစ်လည်းကောင်း၊ နန်းရင်းဝန်ဦးစောအဖြစ်လည်းကောင်းထင်ရှားခဲ့ပြီး လုပ်ကြံသတ်ဖြတ်မှုကို စီစဉ်လှုပ်ရှားခဲ့သူအဖြစ်လည်း ကျော်ကြားခဲ့ပါသည်။
အထူးခုံရုံးရှေ့မှောက်တွင် ရှေ့နေချုပ်၏မေးမြန်းချက်အား ဦးစော၏ပြောကြားချက်များအနက်မှ ဦးစော၏ဘ၀ ဖြစ်စဉ်နှင့်စပ်လျဉ်း၍ အောက်ပါအတိုင်း ကောက်နုတ်ဖော်ပြအပ်ပါသည်။
ကျွန်တော် ကျောင်းမှာ တန်း အောင်ပါတယ်။ ၁၉၂၇ ခုနှစ်မှာ အောက်တန်းရှေ့နေစာမေးပွဲ အောင်ပါတယ်။ အဲဒီနှစ်မှာ အောက်တန်းရှေ့နေစာမေးပွဲ နောက်ဆုံးကျင်းပခြင်း ဖြစ်ပါတယ်။ ကျွန်တော် နိုင်ငံရေးထဲ ၀င်တော့ ဂျီစီဘီအေ၀ံသာနုအဖွဲ့ကိုဝင်ပါတယ်။ အဲဒီအဖွဲ့ကြီးကွဲသွားတော့ ၂၁ ဦးအဖွဲ့မှာပါပါတယ်။ ၁၉၂၂ ခုနှစ်မှာပါ။ ၁၉၃၆ ခုနှစ် ရွေးကောက်ပွဲများမတိုင်မီ မှာ ၂၁ ဦး အဖွဲ့နဲ့ အခြားနိုင်ငံရေး အဖွဲ့အစည်းများ ပူးပေါင်းကြပြီး ငါးပွင့်ဆိုင်အဖွဲ့ ဖွဲ့ကြပါတယ်။ မျိုးချစ်ပါတီကို ၁၉၃၈ ခုနှစ်မှာ တည်ထောင်ပါတယ်။ ကျွန်တော့်ကို မျိုးချစ်ပါတီက ပထမဆုံးခေါင်းဆောင်တင်မြှောက်ပါတယ်။ မျိုးချစ်ပါတီဟာ သီးခြားပါတီပါ။ ငါး ပွင့်ဆိုင်နှင့်မဆိုင်ပါ။ အဲဒီ အချိန်လောက်ကျတော့ ငါးပွင့်ဆိုင်အဖွဲ့လည်း ကွဲပါပြီ။
၁၉၂၇ ခုနှစ်မှာ ကျွန်တော် ဥပဒေပြုလွှတ်တော်ကို ပထမဆုံးအကြိမ် ရွေးကောက်တင်မြောက်ခြင်းခံရပါတယ်။ သာယာဝတီတောင်ပိုင်းမဲဆန္ဒနယ်က တက်ပါတယ်။ ဗမာပြည်နဲ့အိန္ဒိယပြည် ခွဲရေးတွဲရေးပြဿနာကိုအခြေ ခံတဲ့ရွေးကောက်ပွဲကြီးမှာ ကျွန်တော် သာယာဝတီတောင်ပိုင်းကပဲ ယှဉ်ပြိုင်အရွေးခံပါတယ်။ သို့ပေမယ့် ရှုံးနိမ့် ခဲ့ပါတယ်။ နောက် ၁၀လလောက်ကြာတော့ ဟင်္သာတမြောက်ပိုင်းမှာ အရွေးခံရပါတယ်။
နန်းရင်းဝန်ဖြစ်ပြီး ၁၉၄၁ခုနှစ်မှာ လန်ဒန်သွားခဲ့ပြီးအပြန် စစ်အတွင်းက ကျွန်တော့်ကို ယူဂန်ဒါနိုင်ငံမှာ ဖမ်းဆီးထားခဲ့ပါတယ်။ ဘာကြောင့် ဖမ်းဆီးကြတယ်ဆိုတာ မသိပါ။ ရန်ကုန်ပြန်ရောက်ပြီး ၁၉၄၆ ခုနှစ်၊ မေလ လောက်မှာ မျိုးချစ်ပါတီကိုပြန်လည်ဖွဲ့စည်းဖို့ ကျွန်တော် ကြိုးပမ်းပါတယ်။ အဲဒီလမှာ စည်းဝေးကြပြီး အမှုဆောင်ကော်မတီဖွဲ့ပါတယ်။ ကော်မတီမှာ ၁၉ ယောက် ပါဝင်ပါတယ်။ ၁၉၄၆ ခုနှစ် စက်တင်ဘာလမှာ ကျွန်တော် ဘုရင်ခံအမှုဆောင်အဖွဲ့ဝင်တစ်ယောက် ဖြစ်လာပါတယ်။
ကျွန်တော့်ကိုယ်ကျွန်တော် ဂဠုန်စစ်သူကြီးလို့ဘွဲ့ခံတာ ၁၉၃၆ ခုနှစ်ထဲမှာ ဖြစ်ပါလိမ့်မယ်။ ဂဠုန်အပျော်တမ်း တပ်ဖွဲ့ရဲ့ဗိုလ်ချုပ်ဆိုတဲ့ အဓိပ္ပာယ်ပါ။ ယူဂန်ဒါကပြန်လာတော့ ပါတီကိုသာအဓိကထားပြီးစည်းရုံးနေရလို့ ဂဠုန် တပ်ဖွဲ့ကို ပြန်မဖွဲ့နိုင်ပါ။ သာယာဝတီနယ်သား ပြည့်စုံကြွယ်ဝလှသည် မဟုတ်သော တန်းသာ အောင်မြင် ကာ အောက်တန်းရှေ့နေလက်မှတ်သာရသည့်ဦးစောသည် ဗြိတိသျှအစိုးရခေတ် နိုင်ငံရပ်ခြားမှဘွဲ့ရများ၊ ၀တ်လုံများ၊ တက္ကသိုလ်မှဘွဲ့ရများနှင့် အင်္ဂလိပ်စာရေးနိုင်ပြောနိုင်သူများကြားတွင် နိုင်ငံရေးနယ်ပယ်သို့ ခက်ခက်ခဲခဲ ထိုးဖောက်ဝင်ရောက်ခဲ့သည်။
ဟင်္သာတမြောက်ပိုင်း မဲဆန္ဒနယ်မှ အောက်လွှတ်တော်အမတ်အဖြစ် အရွေးချယ်ခံရပြီးနောက် 
မြန်မာနိုင်ငံအား အိန္ဒိယအင်ပါယာမှခွဲထုတ်၍ ကိုယ်ပိုင်အုပ်ချုပ်ရေးစနစ်သစ် စမ်းသပ်ကျင့်သုံးချိန် ၁၉၃၇ ခုနှစ် ဧပြီလတွင် ဒေါက်တာဘမော်ဦးဆောင်၍ ညွန့်ပေါင်းအစိုးရဖွဲ့နိုင်ခဲ့ပြီး ဦးစောက လွှတ်တော်တွင် အတိုက်အခံခါင်းဆောင်အဖြစ် လှုပ်ရှားခဲ့သည်။ ၁၉၃၈ ခုနှစ်တွင် ၁၃၀၀ ပြည့်အရေးတော်ပုံဖြစ်ပွားပြီး မြန်မာပြည်သူများ၏ နယ်ချဲ့ဆန့်ကျင်ရေးအရှိန်အဟုန်မြင့်မားလာခဲ့၍ ၁၉၃၈ ခုနှစ် ဖေဖော်ဝါရီလတွင် ဒေါက်တာဘမော်၏ ညွန့်ပေါင်းအစိုးရအား လွှတ်တော်တွင် ဦးစောက အယုံအကြည်မရှိအဆိုတင်သွင်းပြီး ဖြုတ်ချနိုင်ခဲ့သည်။ ၁၉၃၉ ခုနှစ်ဆန်းတွင် နန်းရင်းဝန်အဖြစ်ဦးပုဖြစ်လာပြီး အစိုးရအဖွဲ့ကိုခေါင်းဆောင်ကာ ဦးစောသည် လယ်ယာနှင့်သစ်တောဝန်ကြီး ဖြစ်လာသည်။ ၀န်ကြီးဖြစ်လာပြီးနောက် ဦးစောသည် မျိုးချစ်ပါတီအား တောင့်တင်းအောင်ဖွဲ့စည်းပြီး အစိုးရအဖွဲ့တွင် မျိုးချစ်ပါတီဝင်များကိုရအောင်သွင်း၍ လွှတ်တော်အပါအ၀င် အဘက်ဘက်တွင် စည်းရုံးမှု၊ အင်အားစုစည်းမှုတို့ကို အစဉ်တစိုက်ပြုလုပ်ခဲ့သည်။
၁၉၄၀ ပြည့်နှစ် စက်တင်ဘာလတွင် ဦးပု၏အစိုးရအဖွဲ့အား တစ်ဖက်လှည့်ဖြင့် အယုံအကြည်မရှိကြောင်း အဆိုကိုတင်သွင်းစေပြီး အစိုးရအဖွဲ့မှနုတ်ထွက်ခဲ့သည်။ အစိုးရအဖွဲ့မှ နုတ်ထွက်ပြီးနာရီဝက်အတွင်း၌ပင် အယုံအကြည်မရှိအဆိုကို ထောက်ခံမဲပေး၍ ဦးပုအစိုးရပြုတ်ကျကာ ဦးစောနန်းရင်းဝန် ဖြစ်လာသည်။
နန်းရင်းဝန်အဖြစ် ဦးစောသည် ဗြိတိသျှဘုရင်ခံအပါအ၀င် ဗြိတိသျှအစိုးရအရာရှိများဖြင့် သင့်တင့်အောင် ပေါင်းသင်းဆက်ဆံခြင်း၊ အတိုက်အခံများအား ဖြိုခွင်းခြင်း၊ တို့ဗမာအစည်းအရုံးများမှ သခင်ခေါင်းဆောင်များ အား နှိမ်နင်းခြင်း၊ ဗြိတိသျှဘုရင်ခံနှင့် အပေးအယူလုပ်ဆက်ဆံပြီး နန်းရင်းဝန်သက်တမ်းရှည်ရန် ရွေးကောက်ပွဲအားရွှေ့ဆိုင်းခြင်း၊ ရှေးမြန်မာဘုရင်များနှယ် လယ်ထွန်မင်္ဂလာပွဲ ခင်းကျင်းခြင်း၊ ဗြိတိသျှဘုရင်ခံနှင့်ညှိနှိုင်း၍ ဗြိတိသျှနန်းရင်းဝန် မစ္စတာချာချီနှင့်သွားရောက်တွေ့ဆုံပြီး မြန်မာနိုင်ငံအား ကိုယ်ပိုင်အုပ်ချုပ်ရေး (Dominion) တောင်းဆိုရေးအတွက် ၁၉၄၁ ခုနှစ် စက်တင်ဘာလတွင် ဗြိတိန်နိုင်ငံ လန်ဒန်မြို့သို့ သွားရောက်ခြင်းတို့ ပြုလုပ်ခဲ့သည်။ လန်ဒန်သို့ ဦးစောသွားရောက်စဉ်က အတွင်းဝန် ဦးတင်ထွဋ်လည်း လိုက်ပါခွင့်ရခဲ့သည်။
ဗြိတိန်နိုင်ငံတွင် ဗြိတိသျှနန်းရင်းဝန်မစ္စာချာချီနှင့် မြန်မာနန်းရင်းဝန်ဦးစောတို့တွေ့ရာတွင် မစ္စတာချာချီက ဗြိတိန်အနေဖြင့် လောလောဆယ် ဒုတိယကမ္ဘာစစ်အောင်နိုင်ရေးလုံးပမ်းနေ၍ စစ်ပြီးမှမြန်မာ့အရေးစဉ်းစား ပေးပါမည်ဟုသာ အဖြေစကားပေးလိုက်၍ ဦးစောလည်း ဗြိတိန်မှအမေရိကန်သို့ ခရီးတစ်ထောက်နားပြီး မြန်မာနိုင်ငံသို့ပြန်ခဲ့သည်။ ပါလက်စတိုင်းနိုင်ငံ ဟိုင်ဖာမြို့အရောက်တွင် အပြန်လမ်းခရီး လစ်စ်ဘွန်းမြို့ ရောက်ရှိစဉ်က ဂျပန်သံရုံးသို့သွားရောက်ဆက်သွယ်မှုအတွက် ဗြိတိသျှတို့ကထိန်းသိမ်းလိုက်ပြီး ယူဂန်ဒါ နိုင်ငံတွင် အကျယ်ချုပ်ဖြင့် လေးနှစ်ခန့်ကြာထိန်းသိမ်းထားခဲ့သည်။ ဗြိတိသျှတို့သည် ဦးစောအား တစ်လ ကျော်ခန့် လျှို့ဝှက်ထိန်းသိမ်းထားပြီးမှ ၁၉၄၂ ခု နှစ် ဇန်န၀ါရီ ၁၈ ရက်နေ့တွင် ထိန်းသိမ်းထားကြောင်းနှင့် မြန်မာနိုင်ငံသို့ ပြန်ခွင့်မပြုသေးကြောင်း ကြေညာခဲ့သည်။ နန်းရင်းဝန်ဘ၀မှ အကျယ်ချုပ်ခံအကျဉ်းသားဘ၀ ရောက်ခဲ့ရသောဦးစောသည်လည်း မြန်မာ့နိုင်ငံရေးလှုပ်ရှားမှုနှင့် လွတ်လပ်ရေးကြိုးပမ်းမှုတို့ဖြင့် မျက်ခြည် ပြတ်ခဲ့ရသည်။
၂။
၁၉၃၀ ပြည့်နှစ် အောက်တိုဘာလ ၂၈ ရက်နေ့တွင် သာယာဝတီနယ်မှစတင်၍ ဂဠုန်ဆရာစံဦးဆောင်သည့် တောင်သူလယ်သမားအရေးတော်ပုံ ဖြစ်ပွားခဲ့သည်။ တောင်သူလယ်သမားတို့၏ လက်နက်ကိုင် ဗြိတိသျှနယ် ချဲ့ဆန့်ကျင်ရေးအရှိန်အဟုန်မှာ သာယာဝတီနယ်မှ မြန်မာနိုင်ငံအနှံ့အပြားသို့ ကူးစက်ခဲ့သည်။ ဗြိတိသျှ အစိုးရသည် တောင်သူလယ်သမားတို့၏ လက်နက်ကိုင်ဆန့်ကျင်မှုအား စစ်သည်နှင့်လက်နက်အင်အား ကြီးမားစွာသုံးစွဲ၍ခြေမှုန်းခဲ့ရသည်။ ဦးစောသည် တောင်သူလယ်သမားအရေးတော်ပုံ ဖြစ်ရပ်စုံအား ဓာတ်ပုံ မှတ်တမ်းများနှင့် ဗြိတိသျှတို့၏ရက်စက်စွာနှိမ်နင်းမှုတို့နှင့်အတူ ဂဠုန်အရေးတော်ပုံအမည်ဖြင့် စာအုပ်ပြုစု ဖြန့်ဝေခဲ့သည်။ ဦးစောသည် ဂဠုန်အရေးတော်ပုံစာအုပ်အား မြန်မာနိုင်ငံတွင်းမှာသာမက နိုင်ငံတကာ သို့ပါ အစီအစဉ်တကျဖြန့်ဝေခဲ့ရာ ဗြိတိသျှအစိုးရ၏ လိုက်လံသိမ်းဆည်းပိတ်ပင်မှုခံရပြီး ဦးစောလည်း ဂဠုန်ဦးစောအဖြစ် နာမည်တွင်ကျော်ကြားခဲ့သည်။
ထို့ပြင် ဦးစောသည် နိုင်ငံရေးနယ်ပယ်တွင်ကျင်လည်လျှင် စာနယ်ဇင်းလောကနှင့်ကင်းကွာ၍ မရသည်ကို လည်းကောင်း ဦးစော၏ မျိုးချစ်ပါတီ၏လှုပ်ရှားမှုအား ၀ါဒဖြန့်ချိမှုနှင့်စည်းရုံးမှုအတွက် ကိုယ်ပိုင်သတင်းစာ တစ်စောင်လိုအပ်သည်ကိုလည်းကောင်း၊ ကောင်းစွာသိမြင်ခံယူသည့်အားလျော်စွာ သတင်းစာလုပ်ငန်းကို တစ်ဖက်တစ်လမ်းမှ ၀င်ရောက်လုပ်ကိုင်ခဲ့သည်။ ၀ိုင်အမ်ဘီအေအသင်းမှ ဂျီစီဘီအေအသင်းအဖြစ် ပြောင်း လဲဖွဲ့စည်းခဲ့သည့် အသင်းကြီး၏စည်းရုံးလှုပ်ရှားမှုကို အားပေးထောက်ခံသည့် ထိုစဉ်က အရှိန်အ၀ါကြီးလှ သော သူရိယသတင်းစာတွင် ဦးစွာအစုရှယ်ယာများစွာထည့်ဝင်ပြီး စာနယ်ဇင်းလောကတွင် ကျင်လည်လှုပ် ရှားခဲ့သည်။ ၁၉၃၅ ခုနှစ် တွင် သတင်းစာဆရာအဖြစ် ဂျပန်နိုင်ငံသို့ လှည့်လည်လေ့လာပြီး မြန်မာနိုင်ငံ 
ပြန်ရောက်ချိန်တွင် ဂျပန်နိုင်ငံနှင့်ဂျပန်လူမျိုးတို့အား ချီးမွမ်းခန်းဖွင့် ရေးသားဟောပြောခဲ့သည်။
ထို့ပြင် ရဲဘော်သုံးကျိပ်နှင့်အတူ မြန်မာနိုင်ငံအတွင်းသို့ဝင်ရောက်ခဲ့သည့် ဗိုလ်ချုပ်ကြီး ဆူဇူကီး (ဗိုလ်မိုးကြိုး) သည် သတင်းစာဆရာတစ်ဦးအသွင် မြန်မာနိုင်ငံတွင်းဝင်ရောက်၍ မြန်မာ့နိုင်ငံရေးအခြေအနေကို ထောက်လှမ်းခဲ့စဉ်ကတွေ့ဆုံသူများတွင် ဦးစောလည်းပါဝင်ခဲ့သည်။ ဦးစောက ဆူဇူကီးအား ဗြိတိသျှတို့အား တော်လှန်ဆန့်ကျင်ရေးအတွက် လက်နက်ခဲယမ်းနှင့်ငွေကြေးတို့ကမ်းလှမ်းခဲ့ရာ ဆူဇူကီးက ကောင်စစ်ဝန်နှင့် ဆွေးနွေးရန်တုံ့ပြန်ပြီး နောက်ဆုတ်ခဲ့သည်။ ၁၉၃၆ ခုနှစ်မှ စတင်၍ သူရိယသတင်းစာမှာ မျိုးချစ်ပါတီ၏၀ါဒ ဖြန့်ချိရေးသတင်းစာဖြစ်လာပြီး ၁၉၃၈ ခုနှစ်တွင် ဦးစောသည် သူရိယသတင်းစာ၏အယ်ဒီတာချုပ် ဖြစ်လာခဲ့ သည်။
ဦးစောသည် နိုင်ငံရေးလှုပ်ရှားမှုအဖြစ် အခါအားလျော်စွာ မျက်မှောက်ကာလ နိုင်ငံရေးကို အခြေခံဟောပြောလေ့ရှိရာ ဦးစော၏အာဝဇ္ဇန်းကောင်းမှုကြောင့် လူငယ်များ၏နှစ်သက်အားပေးမှုကိုလည်း ရယူနိုင်ခဲ့သည်။ ဦးနုနှင့်ဗိုလ်ချုပ်အောင်ဆန်း ရန်ကုန်တက္ကသိုလ်ကျောင်းသားသမဂ္ဂတာဝန်ထမ်းဆောင် စဉ်က ရန်ကုန်တက္ကသိုလ်တွင်လာရောက်၍ ဦးစောဟောပြောခဲ့ရာ ကျောင်းသားထုက အားပေးသဘောကျ ခဲ့သည်။ မောင်သုမန (ညိုမြ)က ဗမာ့ဝဋ်ကြွေးဆောင်းပါး(အိုးဝေ သတင်းစာ ..၄၈)တွင်၁၉၃၈ ခုနှစ်လောက်က ဦးစောက သူရိယသတင်းစာအယ်ဒီတာ၊ ဗိုလ်ချုပ်အောင်ဆန်းကလည်း ကျောင်းသားခေါင်းဆောင်အဖြစ်နဲ့ တက္ကသိုလ်သမဂ္ဂမှာရှိနေစဉ်ပဲ။ အဲဒီအချိန်မှာ ဗိုလ်ချုပ်က ဦးစောကို အတော်ကြည်ညိုတယ်။ဦးစောဟာ ဘယ်လောက်ချီးမွမ်းစရာကောင်းလဲ။ သူများလို ဘီအေ၊ အမ်အေ မအောင်ပေမယ့် ကိုယ်ထူးကိုယ်ချွန်ကြိုးစား ပြီး ထိပ်တန်းခေါင်းဆောင်တစ်ဦး ဖြစ်အောင်လုပ်နိုင်တဲ့လူပဲလို့ ဗိုလ်ချုပ်ကိုယ်တိုင် မောင်သုမနကိုပြောတာ မှတ်မိသေးတယ်ဟု ပြန်ပြောင်း အောက်မေ့ရေးသားခဲ့သည်။
တောင်သူလယ်သမားအရေးတော်ပုံကို အကြောင်းပြု၍ ဂဠုန်အရေးတော်ပုံစာအုပ် ရေးသားဖြန့်ချိမှုနှင့် ဂဠုန် ဆရာစံအား ဗြိတိသျှအစိုးရမှ ဖမ်းဆီးတရားစွဲဆို သေဒဏ်ချမှတ်ရာတွင် အောက်တန်းရှေ့နေအဖြစ် လိုက်ပါ ဆောင်ရွက်မှုတို့ဖြင့် မြန်မာ့နိုင်ငံရေးနယ်ပယ်တွင် ဦးစော စတင်ထင်ရှားချိန်တွင် တို့ဗမာအစည်းအရုံးကြီးမှာ စတင်ဖွဲ့စည်းလှုပ်ရှားနေပြီ ဖြစ်ပါသည်။ ၁၉၃၇ ခုနှစ် တွင် ဗြိတိသျှအစိုးရမှ မြန်မာနိုင်ငံအား အိန္ဒိယ၏ ပြည်နယ်တစ်ခုအဖြစ်မှခွဲထုတ်၍ ဒိုင်အာခီအုပ်ချုပ်ရေးစနစ်ကိုရပ်စဲ၍ ၉၁-ဌာနအုပ်ချုပ်ရေးစနစ်သစ်ကို စတင်ဖော်ဆောင်ပြီး ဦးစောကလည်း မျိုးချစ်ပါတီကို ဖွဲ့စည်းဦးဆောင်လှုပ်ရှားခဲ့သည်။ ထို့နောက် ဦးစောသည် ၉၁-ဌာနအုပ်ချုပ်ရေးစနစ်၏ လွှတ်တော်နှင့်မြန်မာနိုင်ငံရေးနယ်တွင် ဆက်လက်လှုပ်ရှားခဲ့ရာ ၁၉၄၀ ပြည့်နှစ်၊ စက်တင် ဘာလ ရက်နေ့တွင် နန်းရင်းဝန်ဘ၀ကို ပိုင်ဆိုင်လာခဲ့သည်။
ထိုကာလအတွင်း တို့ဗမာအစည်းအရုံးမှ တောင်သူလယ်သမား၊ အလုပ်သမား၊ လူငယ်စသည့် ပြည်သူများနှင့် အသင်းအဖွဲ့များကိုစည်းရုံးပြီး ဗြိတိသျှနယ်ချဲ့ဆန့်ကျင်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်ခဲ့ ရာ၌ မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းမှ ထင်ရှားသည့် ၁၃၀၀ ပြည့်အရေးတော်ပုံနှင့် လွတ်လပ်ရေးအား လက်နက်စွဲကိုင်တိုက်ခိုက်ရယူရေးအစီအစဉ်ကို ချမှတ်အကောင်အထည်ဖော်ခဲ့သည်။ နန်းရင်းဝန်အဖြစ် မြန်မာနိုင်ငံမှ ဗြိတိန်နိုင်ငံသို့ မြန်မာနိုင်ငံအုပ်ချုပ်ရေးကိစ္စအရေးဆိုရန်သွားချိန်တွင် ဗိုလ်ချုပ်အောင်ဆန်း၏ မြန်မာနိုင်ငံလွတ်လပ်ရေးစီမံကိန်းအား ဂျပန်တပ်မတော်မှ လက်ခံအတည်ပြုပြီး၍ ဂျပန်နိုင်ငံတွင် ရဲဘော် သုံးကျိပ်သည် စစ်ပညာသင်ယူနေကြပြီ ဖြစ်ပါသည်။ ဗြိတိသျှအစိုးရမှ ဦးစောအား ပြည်ပတွင် အကျယ်ချုပ် ဖြင့် စတင် ထိန်းသိမ်းစဉ် ၁၉၄၁ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့တွင် ရဲဘော်သုံးကျိပ်က ဗမာ့လွတ်လပ်ရေး တပ်မတော်ကိုဖွဲ့စည်းနိုင်ခဲ့ပြီး ထိုင်းနိုင်ငံဘန်ကောက်မြို့၌ ပထမအကြိမ်စစ်ရေးပြအခမ်းအနားကိုကျင်းပ၍ မြန်မာနိုင်ငံတွင်းသို့ဝင်ရောက်ကာ ဗြိတိသျှတို့အား စတင်တိုက်ခိုက်နေကြပြီ ဖြစ်ပါသည်။
ဦးစော နန်းရင်းဝန်ဘ၀မှ ဗြိတိသျှအစိုးရ၏ အကျယ်ချုပ်အကျဉ်းသားဘ၀ ရောက်ရှိနေစဉ်ကာလအတွင်း မြန်မာပြည်သူများနှင့် ဗမာ့လွတ်လပ်ရေးတပ်မတော်သည် ဂျပန်တပ်မတော်နှင့်လက်တွဲ၍ ဗြိတိသျှတို့အား တိုက်ခိုက်အောင်မြင်ခဲ့ခြင်း၊ မြန်မာနိုင်ငံအား ဖက်ဆစ်ဂျပန်စိုးမိုးသောကာလ (၁၉၄၂ -၁၉၄၅)တွင် ခါးသီး သောအတွေ့အကြုံများ ရရှိခဲ့ခြင်း၊ ၁၉၄၄ ခုနှစ် သြဂုတ်လ ၂၃ ရက်နေ့တွင် ဗမာ့လွတ်လပ်ရေးတပ်မတော်နှင့် နိုင်ငံရေးအင်အားစုအချို့ ပူးပေါင်း၍ နောင် ဖက်ဆစ်ဆန့်ကျင်ရေး ပြည့်သူလွတ်လပ်ရေးအဖွဲ့ချုပ် (.. .) ဖြစ်လာမည့် ဖက်ဆစ်တိုက်ဖျက်ရေးပြည်သူ့အဖွဲ့ချုပ် (..)ကို စတင်ဖွဲ့စည်း၍ ဖက်ဆစ်ဂျပန် တော်လှန်ရေးအစီအစဉ်များ ချမှတ်အကောင်အထည်ဖော်ခြင်း၊ ၁၉၄၅ ခုနှစ် မတ်လ ၂၇ ရက်နေ့တွင် မြန်မာပြည်သူများနှင့် ပြည်သူ့လွတ်လပ်ရေးတပ်မတော်သည် ဗြိတိသျှနှင့်မဟာမိတ်တပ်များနှင့်လက်တွဲ၍ ဖက်ဆစ်ဂျပန်တို့အား တိုက်ခိုက်အောင်မြင်ခြင်းတို့ ဆောင်ရွက်နိုင်ခဲ့ကြသည်။
၃။
မြန်မာနိုင်ငံမှ ဖက်ဆစ်ဂျပန်များဆုတ်ခွာပြီး ဗြိတိသျှတို့ ပြန်လည်ဝင်ရောက်လာချိန်တွင် ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်သည့် ဖဆပလအဖွဲ့ချုပ်သည် ဗြိတိသျှတို့ထံမှ လုံးဝလွတ်လပ်ရေးရရှိရန် ဗြိတိသျှအာဏာပိုင်များနှင့် ဆက်လက်ညှိနှိုင်းကြိုးပမ်းခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်းသည် ဖဆပလတွင် ပါတီစုံအဖွဲ့စုံမှ လူကြီးလူရွယ် လူငယ်များ၊ တိုင်းရင်းသားများနှင့်တပ်မတော်ကိုယ်စားလှယ်များဖြင့် တောင့်တင်းခိုင်မာသည့်အမျိုးသားရေး အင်အားစုကြီးဖြစ်အောင်လည်း ကြိုးပမ်းဖွဲ့စည်းထားသည်။ ဗြိတိသျှအစိုးရသည် မြန်မာနိုင်ငံတွင်း ပြန်လည် ၀င်ရောက်ပြီး နေသားတကျဖြစ်သည်နှင့် ဂျပန်နိုင်ငံတွင်အကျဉ်းချထားသူဒေါက်တာဘမော်နှင့် ယူဂန်ဒါ နိုင်ငံတွင်အကျဉ်းချထားသူဦးစောတို့အားပြန်လွှတ်ပြီး မြန်မာနိုင်ငံသို့ ပြန်ပို့ပေးခဲ့သည်။ နန်းရင်းဝန်ဟောင်း ဦး အား မြန်မာနိုင်ငံရေးနယ်ပယ်တွင် ပြန်လည်လှုပ်ရှားခွင့်ပေးလိုက်ခြင်းဖြစ်သည်။ မြန်မာပြည်ဘုရင်ခံ ဆာဒေါ်မန်စမစ်သည် ၁၉၄၅ ခုနှစ် အောက်တိုဘာ ၁၆ ရက်နေ့တွင် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိ လာ ပြီးလျှင် ဖဆပလခေါင်းဆောင်မျာါးဝင်မှုမရှိသည့် ဘုရင်ခံ၏အမှုဆောင်ကော်မတီ (အစိုးရအဖွဲ့)အား ဗြိတိသျှ ဦးနှင့် မြန်မာ ဦးဖြင့်လည်းကောင်း၊ ဘုရင်ခံ၏ ဥပဒေပြုလွှတ်တော်အား အဖွဲ့ဝင် ၃၄ ဦး ဖြင့်လည်းကောင်း၊ ၁၉၄၅ ခုနှစ် နိုဝင်ဘာလနှင့်ဒီဇင်ဘာလအတွင်း၌ဖွဲ့စည်းပြီး မြန်မာနိုင်ငံအုပ်ချုပ်ရေးကို စီမံဆောင်ရွက်ခဲ့သည်။ ဖဆပလအဖွဲ့ချုပ်နှင့် မြန်မာပြည်သူတို့သည် ဗြိတိသျှအစိုးရ၏ စက္ကူဖြူစီမံကိန်းအုပ် ချုပ်ရေးစနစ်ကို ဆန့်ကျင်ကန့်ကွက်မှု၊ အမျိုးသားစည်းလုံးညီညွတ်ရေးကို တည်ဆောက်မှု၊ လွတ်လပ်ရေး အမြန်ဆုံးပေးရေး တောင်းဆိုမှု၊ လွတ်လပ်ရေးမပေးမီ ယာယီအစိုးရဖွဲ့စည်းရေးနှင့် ပြည်သူများ ရွေးချယ် တင်မြှောက်သည့် တိုင်းပြု ပြည်ပြုလွှတ်တော်ထားရှိရေးတို့ကို အစဉ်တစိုက်အရေးဆိုခဲ့ပြီး ထန်းတပင် လယ်သမားများ၏ ကန့်ကွက်ဆန္ဒပြမှုနှင့် အမှုထမ်းသပိတ်များဆက်တိုက်ပေါ်ထွန်းခဲ့သည်။
ထို့နောက် ဗြိတိသျှအစိုးရသည် ဘုရင်ခံဆာဒေါ်မန်စမစ်အားပြန်လည်ခေါ်ယူ၍ ဘုရင်ခံအဖြစ် ဆာဟူးဘတ်ရန့်စ်ကို အစားထိုးခန့်အပ်ခဲ့သည်။ ဘုရင်ခံဆာဟူးဘတ်ရန့်စ်သည် ဆာဒေါ်မန်စမစ် ဖွဲ့စည်း ခဲ့သော ဘုရင်ခံ၏အမှုဆောင်ကောင်စီကို တာဝန်ထမ်းဆောင်ပြီးနှစ်ပတ်အကြာ ၁၉၄၆ ခုနှစ် စက်တင်ဘာလ ၁၇ ရက်နေ့တွင် နုတ်ထွက်စေခဲ့သည်။ ဘုရင်ခံသည် ဘုရင်ခံ၏အမှုဆောင်ကောင်စီ ပြန်လည်ဖွဲ့စည်းရေးအတွက် စက်တင်ဘာလအတွင်း၌ ဗိုလ်ချုပ်အောင်ဆန်းနှင့်သုံးကြိမ်တိုင်တွေ့ဆုံညှိနှိုင်း ခဲ့သည့်ပြင် စက်တင်ဘာလ ၂၁ ရက်နေ့တွင် ဂဠုန်ဦးစောနှင့်လည်း တွေ့ဆုံခဲ့သည်။ ဘုရင်ခံနှင့်တွေ့ဆုံပြီး အပြန်တွင် ဂဠုန်ဦးစောအား သေနတ်ဖြင့်ပစ်ခတ်မှုဖြစ်ပွားပြီး ဒဏ်ရာရခဲ့သည်။ ဖဆပလ အမှုဆောင် လူကြီးများကနိုင်ငံရေး နယ်နိမိတ်အတွင်းသို့ အကြမ်းဖက်သည့်စနစ်များ သွတ်သွင်းလာခြင်းကို များစွာပြစ်တင်ရှုတ်ချကြလျက် ယခုကဲ့သို့ ဦးစော ဒဏ်ရာအနာတရဖြစ်သွားသည့်အတွက် ၀မ်းနည်းကြောင်းထုတ်ဖော်ခဲ့သည့်ပြင် စက်တင်ဘာလ ၂၇ ရက်နေ့တွင် ရန်ကုန်ဆေးရုံတွင် ဆေးဝါးကုနေသည့်ဦးစောအား ဗိုလ်ချုပ်အောင်ဆန်းနှင့်သခင်နုတို့ သွားရောက်ကြည့်ရှုအားပေးခဲ့ကြသည်။
ဗြိတိသျှအစိုးရမှ ၁၉၄၆ ခုနှစ် စက်တင်ဘာလ ၂၆ ရက်နေ့တွင် ဘုရင်ခံ၏အမှုဆောင်ကောင်စီသစ်ကို အမျိုး သားယာယီအစိုးရအဖြစ် ပြင်ဆင်ဖွဲ့စည်းရာတွင် ဖဆပလမှ ဦးနှင့် ကျန်ပါတီများ၊ တိုင်းရင်းသားများနှင့် တစ်သီးပုဂ္ဂလမှ ဦး ပါဝင်ခွင့်ရခဲ့သည်။ အမှုဆောင်ကော်မတီဥက္ကဋ္ဌအဖြစ် ဘုရင်ခံဆာဟူးဘတ်ရန့်စ်နှင့် ဒုတိယဥက္ကဋ္ဌအဖြစ် ဗိုလ်ချုပ်အောင်ဆန်းတို့ဆောင်ရွက်ခဲ့ကြပြီး မျိုးချစ်ပါတီမှဦးစောကိုလည်း ပညာရေးနှင့် အမျိုးသားစီမံကိန်းဌာန၀န်ကြီးအဖြစ် ပါဝင်စေခဲ့သည်။ ထို့ နောက်ဗြိတိသျှဝန်ကြီးချုပ် မစ္စတာအက်တလီက မြန်မာပြည်အရေး တွေ့ဆုံဆွေးနွေးရန် ဘုရင်ခံ၏အမှုဆောင်ကောင်စီမှ ကိုယ်စားလှယ်အဖွဲ့အား ဖိတ်ကြား ခဲ့သည်။ ၁၉၄၇ ခုနှစ် ဇန်န၀ါရီလ ရက်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်းခေါင်းဆောင်၍ ၀န်ကြီးနှင့် တာဝန်ရှိသူ ၁၆ ဦးတို့သည် လန်ဒန်မြို့သို့ စတင်ထွက်ခဲ့ကြရာ၌ အဖွဲ့ဝင်အဖြစ် ဦးစောလည်းလိုက်ပါခွင့်ရခဲ့သည်။
ဗြိတိသျှဝန်ကြီးချုပ် မစ္စတာအက်တလီနှင့် ဗိုလ်ချုပ်အောင်ဆန်းတို့ခေါင်းဆောင်သည့် နှစ်ဖက်ကိုယ်စား လှယ်များ ဆွေးနွေးညှိနှိုင်းကြပြီးနောက် ၁၉၄၇ ခုနှစ် ဇန်န၀ါရီလ ၂၇ ရက်နေ့တွင် ဗြိတိသျှနှင့်မြန်မာတို့သည် အောင်ဆန်း-အက်တလီစာချုပ်ဟုခေါ် တွင်မည့်စာချုပ်တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့ကြသည်။ ဘုရင်ခံ၏ အလုပ်အမှုဆောင်ကောင်စီအား ကြားဖြတ်အစိုးရအဖြစ်အသိအမှတ်ပြု၍ နိုင်ငံခြားရေး၊ ကာကွယ်ရေး၊ ဘဏ္ဍာရေးစသည့်ကိစ္စရပ်များ ဆောင်ရွက်ခွင့်၊ ပြည်သူ့ဆန္ဒဖြင့် တိုင်းပြုပြည်ပြုလွှတ်တော် ရွေးကောက်ပြီး ထားရှိရေး၊ တောင်တန်းဒေသများမှ ပြည်သူများ၏ဆန္ဒအရသာ ဗမာပြည်မနှင့်တောင်တန်းဒေသအတူ လွတ်လပ်ရေးရယူရန်ဟူသည့် အချက်များပါဝင်သည်။ အောင်ဆန်း-အက်တလီစာချုပ်မှာ ဗြိတိသျှအစိုးရ အား မြန်မာပြည်သူများနှင့်ဖဆပလတို့၏ တောင်းဆိုချက်များဖြစ်ကြပြီး တစ်နှစ်အတွင်း လွတ်လပ်ရေးရတော့ မည့်အာမခံချက်လည်း ဖြစ်သည်။ အောင်ဆန်း-အက်တလီစာချုပ်အား မြန်မာကိုယ်စားလှယ်အဖွဲ့ဝင်နှစ်ဦး ဖြစ်သည့် ပညာရေးနှင့်အမျိုးသားရေးစီမံကိန်းဌာန၀န်ကြီးဦးစောနှင့် သယ်ယူပို့ဆောင်ရေးနှင့်လမ်းပန်းဆက် သွယ်ရေးဌာန၀န်ကြီး သခင်ဗစိန်တို့က ကန့်ကွက်စကားဆို၍ လက်မှတ်ရေးထိုးမှု မပြုခဲ့ကြသော်လည်း ဗြိတိသျှအစိုးရမှ ဗိုလ်ချုပ်အောင်ဆန်းနှင့် ကျန်ကိုယ်စားလှယ်များ၏ သဘောတူညီချက်ဖြင့် ချုပ်ဆိုခဲ့သည်။
၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၁၉ ရက်နေ့တွင် ဘုရင်ခံ၏အမှုဆောင်ကောင်စီမှ ဦးစောနှင့်သခင်ဗစိန်တို့ နုတ် ထွက်ခဲ့ကြသည်။ ထို့နောက် ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၂၃ ရက်နေ့တွင် ဥက္ကဋ္ဌဘုရင်ခံဆာဟူးဘတ်ရန့်စ်နှင့် ဒုတိယဥက္ကဋ္ဌ ဗိုလ်ချုပ်ဆောင်ဆန်းတို့ ဦးဆောင်သည့်အဖွဲ့ဝင် ၁၃ ဦးပါဝင်သည့် ကြားဖြတ်ယာယီအစိုးရ အဖွဲ့ကို ပြန်လည်ဖွဲ့စည်းခဲ့သည်။ ကြားဖြတ်ယာယီအစိုးရအဖွဲ့ဝင် ၁၃ ဦးတွင်လည်း ဦးစော ပါဝင်မှုမရှိ တော့ချေ။
၎။
အောင်ဆန်း-အက်တလီစာချုပ်အရ ဖဆပလအဖွဲ့ချုပ်သည် ဗမာနှင့်တောင်တန်းဒေသများမှ တိုင်းရင်းသား များက လွတ်လပ်ရေးရယူပြီး အေးအတူပူအမျှနေထိုင်သွားကြရန် သန္နိဋ္ဌာန်ချမှတ်သည့် တိုင်းရင်းသားစည်း လုံးညီညွတ်မှု၏ ပြယုဂ်ပင်လုံစာချုပ်ကို ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ချုပ်ဆိုခြင်း၊ ပြည်သူတို့၏ ဆန္ဒဖြင့်ဖွဲ့စည်းသော တိုင်းပြုပြည်ပြုလွှတ်တော် ပထမအကြိမ်အစည်းအဝေးကို ၁၉၄၇ ခုနှစ် ဇွန်လ ၁၀ ရက် နေ့တွင် ကျင်းပခြင်း၊ တိုင်းပြုပြည်ပြုလွှတ်တော် ပထမအကြိမ် အစည်းအဝေးတွင် အဖွဲ့ဝင် ၅၅ ဦးပါဝင်သည့် အခြေခံဖွဲ့စည်းအုပ်ချုပ်ပုံရေးဆွဲရေးကော်မတီဖွဲ့စည်းခြင်းတို့ကို အောင်မြင်စွာဆောင်ရွက်ခဲ့သည်။
ဗိုလ်ချုပ်အောင်ဆန်းနှင့် ဖဆပလအဖွဲ့ချုပ်သည် တစ်နှစ်အတွင်းလွတ်လပ်ရေးရရှိရေးအတွက် လိုအပ်သမျှ အင်တိုက်အားတိုက် ဆောင်ရွက်နေကြစဉ် ၁၉၄၇ ခုနှစ် ဇွန်လ ၂၄ ရက်နေ့တွင် ဗိုလ်တထောင် လက်နက် တိုက်မှ ဘရင်းသေနတ် အလက် ၂၀၀၊ ပြောင်း ပို ၂၀၀ နှင့်ကျည်ကပ် ၈၀၀ ကို စာရွက်စာတမ်းအတုဖြင့် ထုတ်ယူသွားမှုနှင့် ၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၀ ရက်နေ့တွင် မင်္ဂလာဒုံအခြေစိုက် လက်နက်တိုက်မှ ပွိုင့်-၃၀၃ ရိုင်ဖယ်ကျည်ဆန် သိန်း၊ စတင်းကျည်ဆံ ၂၅၆၀၀၀ နှင့် လက်ပစ်ဗုံးအလုံး ၂၀၀ ကို ထုတ်ယူသွားမှုတို့ ဖြစ်ပွားခဲ့သည်။ ထို့နောက် ၁၉၄၇ ခုနှစ် ဇူလိုင်လအတွင်း ၁၅ ရက်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်းနှင့် ပျော်ဘွယ်ဦးမြတို့သည်လည်းကောင်း၊ ၁၆ ရက်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်းနှင့်သခင်နုတို့သည် လည်းကောင်း၊ ၁၈ ရက်နေ့တွင် သခင်နုသည်လည်းကောင်း ဘုရင်ခံဆာဟူးဘတ်ရန့်နှင့်တွေ့ဆုံကြ၍ လက်နက်ခဲယမ်းများပျောက်ဆုံးမှုကို ဆွေးနွေးကြသည်။
ထို့ပြင် ထိုစဉ်က ပြန်ကြားရေးဝန်ကြီးဌာန၀န်ကြီး ဒီးဒုတ်ဦးဘချိုသည် သတင်းစာဆရာများနှင့် တွေ့ဆုံအသိ ပေးခဲ့ရပုံကို သတင်းစာဆရာ ဦးမောင်မောင်ခင်က နိုင်ငံရေးမှတ်တမ်းများ ဆောင်းပါး (မြန်မာ့အလင်း သတင်းစာ ၁၄..၆၇)တွင်ဦးဘချိုက ဂဠုန်ဦးစောသည် လက်နက်များကို စုဆောင်းနေသည်ဟု ပြောသော အခါ ဘာလုပ်ဖို့လဲဟု ကျွန်တော်တို့က သံပြိုင်မေးမိပါသည်။ ကျုပ်တို့ကို သတ်ဖို့ပေါ့ဟု ဦးဘချိုက စိုးရိမ်မှု လုံးဝမပြဘဲ ဖွင့်ဟပြောပြလိုက်ပါသည်။ ဒါဖြင့် ဒီလူကို အရေးမယူကြဘူးလား။ ဗိုလ်ချုပ်ကကော ဘာမှအကာ အကွယ်မလုပ်ဘူးလားလို့ မေးကြသောအခါ ဒါကတော့ဗျာ ကျုပ်တို့က ဗမာပြည်ကြီးကောင်းစားအောင် ဒီလောက်ကြိုးစားနေတာပဲ။ သူတို့က မကျေနပ်လို့သတ်ချင်လည်းသတ်ပေါ့ဟု ဦးဘချိုက ကျွန်တော်တို့အား တစ်ဆင့်ပြောပြပါသည်ဟု ဖော်ပြခဲ့ပြီး ၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၈ ရက်နေ့တွင် ဦးဘချိုနှင့်တွေ့ဆုံကြောင်း မှန်းထားသည်။
မြန်မာနိုင်ငံဆိုင်ရာ ဗြိတိသျှဘုရင်ခံ ဆာဟူးဘတ်ရန့်စ်နှင့် ဗြိတိသျှအာဏာပိုင်များသည် လက်နက်ခဲယမ်း များအား လုံခြုံစွာထိန်းသိမ်းရန်ပျက်ကွက်မှု၊ မသမာသူတို့၏ အကြမ်းဖက်ရန်ပြုမှုအား မကာကွယ်နိုင်မှုနှင့် ဗိုလ်ချုပ်အောင်ဆန်းနှင့် မြန်မာနိုင်ငံ၏ခေါင်းဆောင်များ၏လုံခြုံရေးကို တာဝန်မယူနိုင်မှုတို့ကြောင့် ၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့ နံနက် ၁၀ နာရီ ၃၇ မိနစ်တွင် ဗိုလ်ချုပ်အောင်ဆန်းနှင့်မြန်မာနိုင်ငံ၏ ခေါင်းဆောင်များမှာ မသမာသူတို့၏သတ်ဖြတ်မှုခံရပြီး နိုင်ငံတော်လုပ်ကြံမှု ဖြစ်ပွားခဲ့ရသည်။
နိုင်ငံတော်လုပ်ကြံမှုအတွက် အထူးခုံရုံးက ၁၉၄၇ ခုနှစ် ဒီဇင်ဘာ ၃၀ ရက်နေ့တွင် ဂဠုန်ဦးစောနှင့်အပေါင်း ပါတို့အား သေဒဏ်စီရင်ချက် ချမှတ်ခဲ့သည်။ စီရင်ချက်ဖတ်ကြားပြီးချိန်တွင် ဂဠုန်ဦးစောက စီရင်ချက်သုံး သပ်ချက်အချို့ကို ပြန်လှန်ချေပကန့်ကွက်ခဲ့သည့်ပြင် ၁၉၄၈ ခုနှစ် ဇန်န၀ါရီလ ရက်နေ့တွင် တရားလွှတ် တော်တွင် အယူခံလွှာတင်ခဲ့သည်။ ၁၉၄၈ ခုနှစ် ဇန်န၀ါရီလ ရက်နေ့တွင် မြန်မာနိုင်ငံသည် လွတ်လပ်သော နိုင်ငံအဖြစ် ရပ်တည်နိုင်ခဲ့သည်။
၁၉၄၈ ခုနှစ် ဧပြီလ ၂၇ ရက်နေ့တွင် တရားလွှတ်တော်ချုပ်က ဦးစော၏အယူခံလျှောက်လွှာကို ပယ်ခဲ့သည်။ ဦးစောသည် ၁၉၄၈ ခုနှစ် ဧပြီလ ၂၈ ရက်နေ့တွင် အင်းစိန်အကျဉ်းထောင်၌ ဇနီး၊ သမီးတို့နှင့်အတူ မိုးညှင်း သိင်္ဂီကျောင်းတိုက် ရေလဲ ဦးပဏ္ဍိစ္စဆရာတော်ထံမှ လက္ခဏာရေးသုံးပါးတရားနာပြီး လျှင် ၁၉၄၈ ခုနှစ် မေလ ရက်နေ့ နံနက် အရုဏ်တက်တွင် အင်းစိန်အကျဉ်းထောင်အတွင်း၌ ကြိုးပေးခံခဲ့သည်။
ပြန်ကြားရေးဝန်ကြီးဌာနမှရုပ်ရှင်ရိုက်ကူး၍ အင်းစိန်အကျဉ်းထောင်တွင် ဦးစောအားကြိုးပေးပုံအား မှတ်တမ်း တင်ထားခဲ့သည်။ ထိုမှတ်တမ်းတင်သတင်းကားအား ကြည့်ရှုခွင့်ရခဲ့သော တရားသူကြီးချုပ် ဒေါက်တာ မောင်မောင်က နိုင်ငံတော်လုပ်ကြံမှုစာအုပ်တွင် ခံစားရေးသားဖော်ပြခဲ့ရာ ဦးစော၏ နောက်ဆုံးအချိန် လှုပ်ရှားမှုဟု ဆိုနိုင်ပါသည်။
ဦးစောသည် သူ့အား သောက်ရန်ပေးထားသော နံနက်လက်ဖက်ရည်ကို အခန်း၌ဆွမ်းကပ်ခဲ့သည်။ ဖယောင်းတိုင်သုံးတိုင် ထွန်းညှိ၍လည်းပူဇော်ခဲ့သည်။ ပြီးမှ အပြင်တွင်စောင့်နေကြသော အကျဉ်းဌာန မင်းကြီး ဦးဘမောင်၊ ဦးသန်းနွဲ့(ယခုအကျဉ်းဌာနမင်းကြီး) ဆရာဝန်၊ တရားသူကြီး စသူတို့ကိုပြုံးရွှင်စွာ နှုတ်ဆက်သည်။ ဦးစောသည် ရှမ်းဘောင်းဘီ မီးခိုးရောင်ကို သပ်သပ်ရပ်ရပ် ၀တ်စားထားသည်။ ကြိုးစင်ရှိရာသို့ ထွက်ခွာလာကြရာ ဘုရားရုပ်ပွားတော် တစ်ဆူတည်ထားကိုးကွယ်ရာကို လွန်လာသဖြင့် ပြန်လှည့်၍ ဒူးတုပ်ဝပ်ချသည်။ ကြိုးစင်ဘက်သို့ ဆက်လက်ထွက်ခွာကြရာတွင် မြင်ရာလူကိုလှမ်း၍နှုတ် ဆက်သည်။ မမြင်ရသူကိုမေး၍ နှုတ်ဆက်လိုက်ကြောင်းမှာကြားသည်။ အထူး ခုံရုံးနာယက ဦးကျော်မြင့်နှင့် တကွ သူ့အပေါ်တာဝန်အရဆောင်ရွက်ရသည့်သူများအား မုန်းတီးမှုမရှိပါဟု မှာကြားခဲ့သည်။ ထို့နောက် တည်တည်ငြိမ်ငြိမ်ပင် ကြိုးစင်ပေါ်ကိုတက်သွားလေသည်။
၅။
ဗြိတိသျှကိုလိုနီခေတ် မြန်မာ့နိုင်ငံရေးသမိုင်း လွတ်လပ်ရေးကြိုးပမ်းမှုကာလတွင် ဗုဒ္ဓဘာသာကလျာဏယုဝ အသင်း(၀ိုင်အမ်ဘီအေ) မြန်မာနိုင်ငံလုံးဆိုင်ရာ မြန်မာအသင်းချုပ်ကြီး(ဂျီစီဘီ အေ) တို့ဗမာအစည်းအရုံး၊ ဖက်ဆစ်ဆန့်ကျင်ရေး ပြည်သူလွတ်လပ်ရေးအဖွဲ့(ဖဆပလ) တို့မှာ ထင်ရှားသည့်အဖွဲ့များဖြစ်သည်။ ထိုအဖွဲ့များနှင့် အခြားပါတီအဖွဲ့များတွင် ကဏ္ဍအသီးသီးတွင် ဦးဆောင်ပါဝင်စွမ်းဆောင်လှုပ်ရှားကြသည့် ပုဂ္ဂိုလ်များစွာလည်း ပေါ်ထွန်းခဲ့ကြသ ည်။ မြန်မာနိုင်ငံလွတ်လပ်ရေးရခဲ့သည်မှာ ယခုအခါနှစ်ပေါင်း ၆၀ ကျော် ခဲ့ပြီးဖြစ်၍ ထိုအဖွဲ့အစည်းများနှင့် ထိုပုဂ္ဂိုလ်များ၏စွမ်းဆောင်လှုပ်ရှားမှုများသည်သမိုင်းအဖြစ် မော်ကွန်းဝင် လျက်ရှိပါသည်။
မျက်မှောက်ကာလ မျိုးဆက်များအနေဖြင့် သမိုင်းကိုရှုမြင်ဆင်ခြင်၍ အကောင်းနှင့်အဆိုး၊ အမှန်နှင့်အမှား ပိုင်းခြားပြီး သင်ခန်းစာယူသွားကြရန်သာဖြစ်သည်။
ကေမြူး
ကိုးကားမှု
၁။တရားသူကြီးချုပ် ဒေါက်တာမောင်မောင်၏ နိုင်ငံတော်လုပ်ကြံမှု။
၂။မေမြို့ချစ်ဆွေ၏ ဗိုလ်ချုပ်အောင်ဆန်း၏ လွတ်လပ်ရေးကြိုးပမ်းမှု လစဉ်မှတ်တမ်း။
၃။ဖိုးအောင်လေး၏ မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှုရက်စဉ် သမိုင်း။
၎။မောင်မြဟန်(မဟာဝိဇ္ဇာ) ကိုလိုနီခေတ် မြန်မာ့သမိုင်းအဘိဓာန်။
၅။ယူပီအိုင်ဦးဘသန်း၏ မြန်မာနိုင်ငံသတင်းစာသမိုင်းစာတမ်း။
၆။ဇ၀န၏ စာနယ်ဇင်းနှင့် နိုင်ငံရေးစာတမ်း။
၇။ဦးမြင့်ဆွေ၏ ကိုလိုနီခေတ် စာပေလှုပ်ရှားမှု။

0 comments:

Post a Comment