Monday, January 16, 2012

"စိတ်ပျက်တေးသံ"(ကြည်မောင်သန်း)

0 comments

"စိတ်ပျက်တေးသံ"

ကြိုးစားထားခဲ့တာတွေကို
အငြိုးထားခဲ့လသလား

ကြေကွဲမှုတစ်စုံတစ်ရာ
နာကြည်းမှုအထိုက်အလျောက်
ပေါက်ကွဲမှုအပြည့်အဝ
လျာထားချက်တွေက တိကျလွန်းပြန်တယ်

ကုက္ကိုရွက်ကြွေတွေ တဖွဲဖွဲ
နေ့ရက်တွေပြန့်ကြဲသွားကြ
ဘယ်တော့များမှလဲ ....
ဘယ်တော့များမှလဲ .. တဲ့

နေပူပူကွင်းပြင်ထဲ
ကိုယ့်ကိုယ်ကိုတံလှပ်လို့ထင်မိသူပါ
လောကဓါတ်ရှုခင်းကို
သက်ပြင်းတစ်ပုဒ်နဲ့တုန့်ပြန်ဖို့
အသံကိုသွန်ချမိပြန်ပေါ့

(ကြည်မောင်သန်း)
ဧပြီ ၂၀၀၁ Fashion Image Magazine

0 comments:

Post a Comment