Saturday, January 7, 2012

အတွေးအခေါ်ဟောင်းကို ကမ္မဝါဖတ်ကြည့်ခြင်း (ငြိမ်းဝေ)

0 comments
အတွေးအခေါ်ဟောင်းကို ကမ္မဝါဖတ်ကြည့်ခြင်း
(၁)
ဒီ ရက်တွေအတွင်း
ကျနော်တို့ရဲ့ သောကတွေကို
သွေးတစက်စက် ကျခဲ့ကြရတယ်။
ဆူးတွေနဲ့ သီကုံးရင်း


(၂)

လွတ်လပ်မှုကို ယူချင်ရင်
လွတ်လပ်တဲ့ လူတစ်ယောက်ဖြစ်ဖို့
လွတ်လပ်မှုနဲ့ တန်အောင် ထုဆစ်ဖို့
အရေးကြီးနေပြီ။


သူများကို လွတ်လပ်အောင် လုပ်ပေးဖို့
ကျနော်တို့က ပထမ လွတ်မြောက်နေရမယ်။


ကျနော်တို့ဟာ
ဂူ အပြင်ဘက်ကို ထွက်ပြီး
လရောင် လိမ်းကျံ
ကြယ်ရောင် လိမ်းကျ
နေရောင် လိမ်းကျံရင်း
ကိုယ်ပိုင် အရှိန်အဝါကို တည်ဆောက်ကြ။


ရန်သူ ပြဌာန်းပေးတဲ့ ခွန်အားနဲ့မတူတဲ့
ခွန်အားသစ်ကို တည်ဆောက်ကြ။


ရန်သူခင်းပေးတဲ့ လမ်းနဲ့ မတူတဲ့
ကိုယ်ပိုင် လမ်းသစ်ကို ဖေါက်ကြ။


ရှိခဲ့ဖူးပြီ်
ကျနော်တို့က
အမှားတွေကို အမှားတွေနဲ့တိုက်ခိုက်ရင်း
နှစ်ပေါင်းများစွာ တောလည်ခဲ့ကြဖူးတယ်။


ရှိခဲ့ဖူးပြီ
ရန်သူ့လက်နက်ကိုယ့်လက်နက် ဆိုတာလောက်နဲ့
ကျနော်တို့ မိုးသောက်ခဲ့ကြဖူးတယ်။


မတူကွဲပြားမှုဆိုတာ
စစ်မှန်တဲ့ အမှန်ခွန်အား
မတူကွဲပြားမှုဆိုတာ
လေးလည်း ဖြစ်တယ် ဒိုင်းလည်း ဖြစ်တယ်
ကျနော် ယုံကြည်။


ထုချေပစ်လိုက်ပါ
ဖွပ်လျှော်ပစ်လိုက်ပါ။


ရန်သူက
ကျနော်တို့အပေါ်
ရန်သူလို သဘောထားနေတဲ့အချိန်
ကျနော်တို့ကလည်း
ရန်သူကို ရန်သူလောက်ပဲမြင်နေရင်
ကျနော်တို့ မအောင်မြင်နိုင်ဘူး။


ရန်သူ ဆွဲကိုင်တဲ့သေနတ်လောက်နဲ့
ကျနော်တို့
ဒီတိုက်ပွဲ အောင်ပွဲမဆင်နိုင်ဘူး။


လွတ်မြောက်ကြ
လွတ်မြောက်ကြ
ကိုယ့်ကိုယ်ကို အရင်ဦးစွာ လွတ်မြောက်အောင်လုပ်ကြ။


သိမ်းပိုက်ကြ
သိမ်းပိုက်ကြ
ကိုယ့်ကိုယ်ကို အရင်ဦးစွာ သိမ်းပိုက်ကြ။


အတွေးအခေါ်အရာမှာ
တာမီးကို
ရှို့မီးနဲ့ လှန်ပစ်တဲ့ ခေတ်
မနှစ်တနှစ် ကတည်းက
ကုန်ဆုံးသွားခဲ့ပြီ။


(၃)
ကျနော်တို့
ဆူးတွေက သွေးတွေကို မတိတ်စေနိုင်ဘူး။


ငြိမ်းဝေ
၅၊ ၁၊ ၂၀၁၂
လွတ်လပ်ရေးနေ့ရဲ့ နောက်တနေ့။
ကဗျာသရုပ်ဖေါ် ဓါတ်ပုံ ပန်းချီထိန်လင်း
ဒီနေရာကယူပါတယ်http://www.kaungkin.com/index.php?option=com_content&view=article&id=688:poem&catid=34:2009-04-17-00-31-18&Itemid=77



0 comments:

Post a Comment