Saturday, January 7, 2012

ဆိုက်ဘီးရီယားသို့ (မောင်သာနိုး-ထင်းရှူးပင်ရိပ်မှ)

0 comments

ဆိုက်ဘီးရီယားသို့
ဆိုက်ဘီးရီးယား သတ္ထုတွင်းများရဲ့ အနက်များထဲမှာ
မောက်မာတဲ့ ဇွဲနပဲကို ထိမ်းသိမ်းထားကြ။
သင်တို့ရဲ့ကြေကွဲဖွယ် အလုပ်ကြမ်းနဲ့စိတ်ဓါတ်ရဲ့
မြင့်မားတဲ့မျှော်ခေါ်ချက်များ အချည်းနှီးမဖြစ်စေရ..
ကံဆိုးမိုးမှောင်ကျခြင်းရဲ့ညီမ ကောင်း
မျှော်လင့်ခြင်းဟာ မြေအောက်မှောင်မည်းမည်းထဲမှာ
ခွန်အားနဲ့ရွှင်လန်းမှုကို နိုးဆွပေးပါလိမ့်မယ်..
စောင့်ရကြာတဲ့အချိန်ရောက်လာရမှာပါ

မေတ္တာစိတ်နဲ့မိတ်ဆွေစိတ် သင်တို့ဆီကို
မှောင်မည်းမည်း မင်းတုံးများကို ဖြတ်ပြီးရောက်လာမယ်
သင်တို့ရဲ့အကျဉ်းတိုက်တွေဆီ...
ငါ့ရဲ့လွတ်လပ်သောအသံ ရောက်လာသလိုပေါ့..
လေးလေးလံလံ သံခြေကျင်းများ ပြုတ်ကျရမယ်..
ထောင်တွေပြိုလဲကြရမယ်...လွပ်လပ်ခြင်းဟာ
သင်တို့ကို တံခါးဝကနေ ၀မ်းပန်းတသာကြိုနေမယ်။
ညီနောင်များက သင်တို့ကို ဓါးတွေပြန်အပ်နှင်းကြမယ်..

မောင်သာနိုး
(ထင်းရူးပင်ရိပ်)

Message to Siberia

Deep in the Siberian mine,
Keep your patience proud;
The bitter toil shall not be lost,
The rebel thought unbowed.

The sister of misfortune, Hope,
In the under-darkness dumb
Speaks joyful courage to your heart:
The day desired will come.

And love and friendship pour to you
Across the darkened doors,
Even as round your galley-beds
My free music pours.

The heavy-hanging chains will fall,
The walls will crumble at a word;
And Freedom greet you in the light,
And brothers give you back the sword.

Alexander Pushkin
(Translated from the Russian by Max Eastman)

0 comments:

Post a Comment