Monday, January 16, 2012

"နွေဦးကဘယ်တော့မွေးမှာလဲ" (ကြည်မောင်သန်း)

0 comments

"နွေဦးကဘယ်တော့မွေးမှာလဲ"


ငါတို့ရှာဖွေခဲ့တဲ့အနွေးဓါတ်
ငါတို့ရဲ့သွေးအေးမှုများ
ငါတို့ကိုယ့်ကိုယ်ကို ပြန်နွှေးနေရတဲ့နေ့ရက်တွေ
ဒါနဲ့ နွေဦးကဘယ်တော့မွေးမှာလဲ

ငါတို့ရဲ့ချဉ်ခြင်းတပ်မှုများ
ငါတို့ရဲအပူအစပ်ရှောင်ခဲ့ပုံများ
ငါတို့ရဲ့နေ့စေ့လစေ့သန္ဓေသား
ဒါနဲ့ နွေဦးကဘယ်တော့မွေးမှာလဲ

ငါတို့ ဆုံးရှုံးခဲ့တဲ့နှောင်ကြိုးများ
ငါတို့ ဆင်းသက်ခဲ့တဲ့ထောင်ချောက်များ
ငါတို့ ပိတ်မိသွားတဲ့လှောင်အိမ်များ
ဒါနဲ့ နွေဦးကဘယ်တော့မွေးမှာလဲ

ငါတို့ရဲ့မျက်ရည်ပေါက်ကြီးငယ်များ
နွေဦးကဘယ်တော့မွေးမှာလဲ
ငါတို့ စတေးခဲ့တဲ့နေ့စွဲများ
နွေဦးကဘယ်တော့မွေးမှာလဲ
ငါတို့ရဲ့ချွေးများ
နွေဦးကဘယ်တော့မွေးမှာလဲ

( ကြည်မောင်သန်း)
 ဧပြီ ၂၀၀၁ ချယ်ရီ မဂ္ဂဇင်း

0 comments:

Post a Comment