မြန်မာအပေါ် ဒဏ်ခတ်ဖို့ ဒေါ်စု တောင်းဆိုခဲ့သလား(ဒိန်ဖန်ခူး) (အစအဆုံး ဖတ်မယ်ဆို ရေးသူရဲ့ဆိုလိုရင်းကို ဒုတ်ဒုတ်ထိပေါက်မှာပါဗျား)
မြန်မာနိုင်ငံအပေါ် အနောက်နိုင်ငံတွေက စီးပွားရေးဒဏ်ခတ်ပိတ်ဆို့ထား သည့်အကြောင်းအမျိုးမျိုးအနက် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်က စစ်အစိုးရအပေါ် နိုင်ငံတကာကစီးပွားရေးပိတ်ဆို့ဖို့ တောင်းဆိုခဲ့သည့် သာဓကရှိသည်။ သို့သော် နောက်ပိုင်းမှာ အန်အယ်လ်ဒီက စီးပွားရေးပိတ် ဆို့ဖို့ မတောင်းဆိုခဲ့သယောင် အန်အယ်လ်ဒီမှ ထုတ်ပြန်ချက်ထုတ်ခဲ့ဖူး သည်။ သမိုင်းကြောင်းရှင်းစေရန် ပြန်ကြည့်မည်။
အန်အယ်လ်ဒီသည် စီးပွားရေးပိတ်ဆို့မှုတွေ မတောင်းဆိုခဲ့ကြောင်း ဒေါ်အောင်ဆန်းစုကြည် ၂ဝဝ၃ ခုနှစ် ဧပြီင်္လမှာ ပြောသည့်စကားကိုကိုးကားပြီး အန်အယ်လ်ဒီ၏ တချိန်က ထုတ်ပြန်ချက်မှာဖော်ပြခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည် အကျယ်ချုပ်ကျနေချိန်ဖြစ်သည့်အတွက် မီဒီယာတွေက ဒေါ်စုကို ထိုအချိန်ကမေးခွင့်မရခဲ့ပေ။
ဒီမိုကရေစီရေးထောက်ခံသူတွေကို စစ်အစိုးရကဖမ်းဆီးနေသည့်အတွက် စစ်အစိုးရအပေါ် နိုင်ငံတကာက စီးပွားရေး ဒဏ်ခတ်မှု (ဆန်ရှင်)လုပ်ပေးပါရန် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် မေတ္တာရပ်ခံခဲ့သည်။
၁၉၉၇ ခု ဖေဖော်ဝါရီလထဲမှာ မြန်မာနိုင်ငံအပေါ် နိုင်ငံတကာကဒဏ်ခတ်ပိတ်ဆို့ရေးအတွက် ရန်ကုန်အခြေ စိုက် နိုင်ငံခြားသတင်းထောက်များနှင့်တွေ့ဆုံရာမှာ ဒေါ်အောင်ဆန်းစုကြည်ကမေတ္တာရပ်ခံခဲ့သည့်အကြောင်း ၁၉၉၇ ခု ဖေဖော်ဝါရီ ၃ ရက်နေ့စွဲပါ ရန်ကုန်ကလာသည့် အေပီသတင်းမှာ အောက်ပါအတိုင်းဖော်ပြ ထားသည်။
Burma's Suu Kyi Urges Sanctions Monday, February 3, 1997 4:53 pm EST
RANGOON, Burma (AP) -- Nobel Peace Prize-winner Aung San Suu Kyi appealed Monday for international sanctions against Burma's military regime, saying it has arrested scores of pro-democracy supporters since quelling a student uprising.More than 100 people -- double the number acknowledged by the government -- have been arrested in the wake of the December student protests, including 52 supporters of her National League for Democracy, Suu Kyi said. After secret trials, Burma announced it had sentenced 34 people to seven-year prison terms for fomenting the protests, Burma's most significant demonstrations since an uprising against military rule in 1988. Sanctions are essential given ``large-scale repression of the democracy movement,'' Suu Kyi told reporters, who were given a rare chance to meet with her in what has been increasing government restrictions on her movements.
Security officials checked journalists' identifications before allowing them past the government barricades around the lakeside home of Suu Kyi, winner of the 1991 Nobel Peace Prize for her efforts to bring democracy to Burma. Plainclothes officers took photographs of those entering.
Burma's ruling State Law and Order Restoration Council, which succeeded an earlier military regime in 1988 after gunning down thousands of protesters, has opened the economy to foreign investment after years of isolation.
Suu Kyi rejected the argument that foreign investment in Burma will raise living standards and freedom.
"The reason why we want sanctions is because what the international investment is doing now is putting more and more money into the pockets of a small privileged group, who become more keen on preserving the status quo,'' she said.
She also praised the "great perseverance and courage'' of supporters who have gathered at the Shwedagon pagoda, Rangoon's holiest shrine, in recent weeks in the vain hope she would appear to speak.
"We think that every single person who turns up for the weekend has 10,000 behind him or her,'' she said.
Inside the compound, about 20 party supporters made preparations for a celebration Suu Kyi plans to hold Feb. 12 for Union Day, marking a pact signed by anti-colonial leaders against British rule.
Suu Kyi expressed hope that 4,000 to 5,000 people would come -- more than the regime has allowed her to meet in months.
She faulted the government for the secret trials of those accused in the December protests.
"If the authorities have solid evidence of their guilt, they should have no qualms about making the trials public,'' Suu Kyi said.
The U.S. State Department, in its annual human rights report issued last week, said that such trials in Burma usually are decided in advance and that maltreatment in prison is common.
Burmese Foreign Minister Ohn Gyaw said Saturday the report was "not duly substantiated.''
The SLORC has curtailed Suu Kyi's movement to the extent possible without formally returning her to house arrest. She was freed from six years of house arrest in 1995. The government has refused her calls for a dialogue. Suu Kyi's supporters overwhelmingly won democratic elections in 1990, but the regime never honored the result. [Associated Press, 3 Feb 1997].
၁၉၉၆ ခု ဇူလိုင်လတုံးကလည်း အီးယူပါလီမန်အမတ်တွေကိုပြသဖို့ မြန်မာပြည်ကခိုးထုတ်လာသည့် ဒေါ်အောင်ဆန်းစုကြည်၏ ဗီဒီယိုတိတ်ခွေထဲမှာ မြန်မာနိုင်ငံအပေါ် နိုင်ငံတကာကဒဏ်ခတ်ပိတ်ဆို့ဖို့ တောင်းဆိုထားသည့်အကြောင်း ၁၉၉၆ ခု ဇူလိုင် ၁၈ ရက်နေ့စွဲပါ ဘရပ်ဆဲကလာသည့် ရိုက်တာသတင်းမှာ ဖော်ပြထားသည်။ မြန်မာနိုင်ငံကို ဒဏ်ခတ်ပိတ်ဆို့သည့်အတွက် အခွင့်ထူးခံလူတန်းစားကိုသာထိခိုက်မှာဖြစ်ပြီး သာမန်ပြည် သူတွေကို မထိခိုက်နိုင်ကြောင်း အီးယူကိုပို့သည့်ဗီဒီယိုတိတ်ခွေထဲမှာ ဒေါ်အောင်ဆန်းစုကြည် ၁၉၉၆ ခုနှစ်က ပြောခဲ့သည်။
မြန်မာနိုင်ငံအပေါ် စီးပွားရေးဒဏ်ခတ်ပိတ်ဆို့ထားခြင်းသည် သာမန်မြန်မာပြည်သူကိုထိခိုက်ဖို့မဟုတ်ဘဲ စစ်အစိုးရ၊ စစ်အစိုးရနှင့်ဆက်စပ်သည့်အဖွဲ့အစည်းများ၊ ကုမ္ပဏီများ၊ စစ်အစိုးရကိုမှီပြီး စီးပွားရှာနေသူများ အတွက် ရည်ရွယ်ထားသည့် Targeted Sanctions ဖြစ်ကြောင်း အမေရိကန်အစိုးရက ရှင်းရှင်းလင်းလင်း ပြောဆိုထားပြီးဖြစ်သည်။
အဆိုပါ အထောက်အထားတွေအရ အန်အယ်လ်ဒီ အထွေထွေအတွင်းရေးမှုး ဒေါ်အောင်ဆန်းစုကြည်သည် စစ်အစိုးရ အပေါ် နိုင်ငံတကာက ဆန်ရှင်လုပ်ဒဏ်ခတ်ဖို့ တောင်းဆိုခဲ့ကြောင်း ထင်ရှားသည်။သို့သော် အမေရိကန်အပါအ၀င် အနောက်နိုင်ငံတွေမှ ဆန်ရှင်ဥပဒေပြဌာန်းသည့်အခါ အဓိကအားဖြင့် ဒေါ်အောင်ဆန်းစုကြည် တောင်းဆိုသည့်အတွက် ဒဏ်ခတ်ပိတ်ဆို့ကြောင်း ဥပဒေမှာမဖော်ပြသော်လည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ တောင်းဆိုမှုအပေါ်အခြေခံပြီး စစ်အစိုးရဘက်က ပြောင်းလဲလာအောင် ရည်ရွယ် သည့်အနေနှင့် ဒဏ်ခတ်ကြခြင်းဖြစ်သည်။ ထိုသို့ ဒဏ်ခတ်ရန် ဒေါ်စု တောင်းဆိုခဲ့သည်ကို အကြောင်းပြုပြီး ဆန်ရှင်ပိတ်ဆို့မှုအတွက် ဒေါ်စုမှာတာဝန်ရှိသည်ဟု စစ်အစိုးရက တစိုက်မတ်မတ်စွပ်စွဲခဲ့သည့်အတွက် ဒေါ်စု ဆန်ရှင်ကျိန်စာသင့်နေရခြင်းဖြစ်သည်။ အမှန်စင်စစ် မြန်မာအပေါ် ဆန်ရှင်ပိတ်ဆို့မှုများအတွက် ဒေါ်စု တဦးတည်းတွင် တာဝန်ရှိသည်ဆိုသည်မှာ မဟုတ်ပါ။ စစ်အစိုးရ၏ လူ့အခွင့်အရေးချိုးဖောက်မှုများကြောင့် အဓိကဖြစ်သည်။
မြန်မာနိုင်ငံအပေါ် အမေရိကန်စီးပွားရေးဒဏ်ခတ်မှု
မြန်မာစစ်အစိုးရကို အမေရိကန်က စီးပွားရေးဒဏ်ခတ်သည့် အသုံးအနှုန်းကို မြန်မာပြည်သူတွေ ရင်းနှီးပြီးဖြစ်သည်။ သို့သော် မည်သို့မည်ပုံ စီးပွားရေးဒဏ်ခတ်သည်ကို ရှင်းရှင်းလင်းလင်းနားမလည်သူများလည်း ရှိသည်။ မြန်မာနိုင်ငံအပေါ် အမေရိကန်က စီးပွားရေးဒဏ်ခတ်ရာတွင် ပုံစံအမျိုးအမျိုးရှိသည်။
ဥပမာ - အမေရိကန်လုပ်ငန်းရှင်များအား မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုအသစ်မလုပ်ရန်တားမြစ်သည့် ဒဏ်ခတ်မှု (Sanctions for new investment) စစ်အစိုးရပိုင်လုပ်ငန်းများကိုပစ်မှတ်ထားသည့် ငွေကြေးဆိုင်ရာဒဏ်ခတ်မှု (Financial Sanctions) ၂၀၀၈ ခုနှစ်မှာ ထပ်မံပြဋ္ဌာန်းသည့် မြန်မာ့ကျောက်မျက်ရတနာများ အမေရိကန်သို့ တင်သွင်းခွင့်ပိတ်ပင်သည့်ဒဏ်ခတ်မှု (Block Burma Jade Act) မြန်မာစစ်အစိုးရအား ထောက်ပံ့ပေးနေသည့် မြန်မာစီးပွားရေးလုပ်ငန်းရှင်များ (ဥပမာ- ဘိန်းဘုရင် လော်စစ်ဟန်နှင့်သား စတီဗင်လော၊ ဦးတေဇ ... စသည်) အား အမေရိကန်နိုင်ငံသားများ၊ အမေရိကန်လုပ်ငန်းရှင်များနှင့် မဆက်ဆံရမည့်သူများအဖြစ် နာမည်ပျက်စာရင်းသွင်းသည့်နည်း..စသဖြင့် အမျိုးမျိုးရှိသည်။
၁၉၉၇ ခု မေလ ၂၀ ရက်မှစတင်၍ အမေရိကန်နိုင်ငံသားများ၊ အမေရိကန်လုပ်ငန်းများ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှု အသစ်မလုပ်ရန်တားမြစ်သည့်ဒဏ်ခတ်မှုကို စတင်သည်။ အမေရိကန်သမ္မတဘုရှ်သည် လက်ရှိမြန်မာနိုင်ငံကို စီးပွားရေးပိတ်ဆို့မှုများအားတိုးချဲ့ထားသည့် ၂၀၀၃ ခုနှစ် မြန်မာနိုင်ငံ လွတ်လပ်ရေးနှင့်ဒီမိုကရေစီဥပဒေကို ၂၀၀၃ ခုနှစ် ဇူလိုင်လ ၂၈ ရက်နေ့၌ လက်မှတ်ရေးထိုးခဲ့သည်။
ဘုရှ်သည် ထိုဥပဒေပြဋ္ဌာန်းမှု ဖြစ်မြောက်စေရေးအတွက် ၂၀၀၃ ခုနှစ် ဇူလိုင်လ ၂၉ ရက်နေ့တွင် သမ္မတအမိန့်ဒီဂရီ တရပ် ထုတ်ပြန်သည်။ ထိုအမိန့်ထဲတွင် ပိုင်ဆိုင်မှုများကိုသိမ်းဆည်းခြင်း၊ ပြည်ပသို့ ငွေကြေးဝန်ဆောင်မှုလုပ်ငန်းများ တင်ပို့ခြင်းတို့ကိုတားမြစ်ခြင်း၊ အမိန့်တည်ပြီး ရက်ပေါင်း ၃၀ အတွင်း မြန်မာနိုင်ငံထွက်ကုန်များ အမေရိကန်တင် သွင်းခွင့် တားမြစ်ခြင်း..စသည်တို့ ပါဝင်သည်။
အမေရိကန်သမ္မတဟောင်းကလင်တန်၏ သမ္မတအမိန့်ဒီဂရီနံပါတ် ၁၃၀၄၇ ထုတ်ပြန်ခဲ့ချိန် ၁၉၉၇ ခုနှစ် မေလ ၂၀ ရက်နေ့ကတည်းက မြန်မာနိုင်ငံအပေါ် ပိတ်ဆို့မှုများ စတင်အာဏာသက်ဝင်နေပြီဖြစ်သည်။ ထိုအမိန့်အရ အမေရိကန်နိုင်ငံသားများ၊ အမေရိကန်နိုင်ငံရှိအဖွဲ့အစည်းများအနေဖြင့် မြန်မာနိုင်ငံတွင်ရင်းနှီးမြှုပ်နှံမှုအသစ် ထပ်မံ ပြုလုပ်ခြင်းကိုတားမြစ်သကဲ့သို့ အခြားသောနိုင်ငံခြားသား၊ နိုင်ငံခြားအဖွဲ့အစည်းများ မြန်မာနိုင်ငံတွင်ရင်းနှီးမြှုပ်နှံခြင်း ကူညီပေးမှုကိုလည်းတားမြစ်သည်။ ထိုအမိန့်ကို အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာန နိုင်ငံခြားပိုင်ဆိုင်မှုထိန်းချုပ်ရေးရုံး (OFAC) မှ စီရင်သော မြန်မာပိတ်ဆို့မှုစည်းမျဉ်းဥပဒေ (၃၁) (C.F.R)၊ အပိုင်း ၅၃၇ "မြန်မာနိုင်ငံအပေါ် ပိတ်ဆို့မှုစည်း မျဉ်းဥပဒေ" ဖြင့် အကောင်အထည်ဖော်သည်။
မြန်မာနိုင်ငံအပေါ် ပိတ်ဆို့မှုစည်းမျဉ်းဥပဒေအရ မြန်မာအစိုးရနှင့်စာချုပ်တရပ် ချုပ်ဆိုခြင်းမျိုးဖြင့်ဖြစ်စေ၊ မြန်မာနိုင်ငံတွင်ရှိနေသော သဘာဝရင်းမြစ်များ (သဘာဝရင်းမြစ်၊ စိုက်ပျိုးရေးဆိုင်ရာရင်းမြစ်၊ စီးပွားရေးဆိုင်ရာရင်းမြစ်၊ ငွေကြေး ဆိုင်ရာရင်းမြစ်၊ စက်မှုလုပ်ငန်းဆိုင်ရာရင်းမြစ်၊ လူသားရင်းမြစ်များ အပါအ၀င်) တိုးတက်ဖွံ့ဖြိုးရေးအတွက် အစိုးရ မဟုတ်သောအဖွဲ့အစည်းအသွင်မျိုးဖြင့် စာချုပ်ချုပ်ဆိုခြင်းတို့ကို“ရင်းနှီးမြှုပ်နှံမှုအသစ်”ဟု အဓိပ္ပာယ်ဖွင့်ဆိုခြင်းဖြစ်သည်။
မြန်မာနိုင်ငံတွင်ရှိနေသောအရင်းအမြစ်များကိုအခြေခံပြီး ကုမ္ပဏီ၏စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု အမြတ်အစွန်းအများအပြားရရှိနေသည့် တတိယနိုင်ငံကုမ္ပဏီမှ အစုရှယ်ယာဝယ်ယူခြင်းမျိုးမပြုလုပ်ရန်လည်း အမေရိကန်နိုင်ငံသားများ၊ အမေရိကန်နိုင်ငံရှိအဖွဲ့အစည်းများအား တားမြစ်ထားသည်။ သမ္မတဒီဂရီအမိန့် နံပါတ် ၁၃၀၄၇ ၏ ပြဋ္ဌာန်းချက်များ သည် အမိန့်သစ်နှင့်ဆီလျော်နေသည့်ကာလအထိ ထိုတားမြစ်မှုများ ဆက်လက်ရှိနေမည်ဖြစ်သည်။
သွင်းကုန်ပိတ်ဆို့ခြင်း ထိုဥပဒေသည် အတည်ပြုသည့်နေ့မှ ရက် ၃၀ အတွင်းစတင်ကာ မြန်မာနိုင်ငံမှထုတ်ကုန်မှန်သမျှ တင်သွင်းခြင်းကို တားမြစ်သည်။ ထိုဥပဒေပြဋ္ဌာန်းချက်အရ သွင်းကုန်ပစ္စည်းများမ၀ယ်ယူရန် အထူးသတ်မှတ်ထားသည့် ကုမ္ပဏီများ၊ အဖွဲ့အစည်းများမှာ(၁) နအဖ၊ (၂) နအဖအဖွဲ့ဝင်များနှင့်မိသားစုဝင်များ၊ (၃) မူးယစ်မှောင်ခိုလုပ်သည်ဟု အမည်ပေါက်သူများနှင့်၎င်းတို့၏ မိသားစုဝင်များ၊ (၄) မြန်မာ့စီးပွားရေးဦးပိုင်နှင့် ဦးပိုင်၏အကျိုးစီးပွားပါဝင်နေသည့် ကုမ္ပဏီ အားလုံး၊ (၅) မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC) နှင့် MEC ၏ အကျိုးစီးပွားပါဝင်နေသည့် ကုမ္ပဏီအားလုံး၊ (၆) ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးအသင်း၊ (၇) အထက်ပါ ကုမ္ပဏီများအဖွဲ့အစည်းများကို ဆက်ခံလုပ်ကိုင်သူ အားလုံးတို့ဖြစ်သည်။
ထိုတားမြစ်သည့် အခွင့်အာဏာနှင့် နိုင်ငံတကာအရေးပေါ် စီးပွားရေးအာဏာများဥပဒေ (IEEPA) အောက်တွင်ရှိ အထွေထွေလုပ်ပိုင်ခွင့်ကိုအသုံးပြုကာ သမ္မတသည် အမိန့်ချမှတ်ပြီးရက်ပေါင်း ၃၀ မှ စတင်၍ ၂၀၀၃ ခု သြဂုတ်လ ၂၈ ရက်မှစ၍ မြန်မာနိုင်ငံမှထုတ်ကုန်မှန်သမျှတင်သွင်းခြင်း တားမြစ်သည့်ဥပဒေကို ကျယ်ကျယ်ပြန့်ပြန့် စတင်အကောင် အထည်ဖော်ခဲ့သည်။
ပိုင်ဆိုင်မှုသိမ်းဆည်းခြင်း ထိုဥပဒေအရ သမ္မတအနေဖြင့် အမေရိကန်ငွေကြေးဆိုင်ရာအဖွဲ့အစည်းများတွင်ရှိနေသော နအဖ၊ နအဖ၏အကြီးတန်းအရာရှိများ သို့မဟုတ် နအဖ၏ နိုင်ငံရေးအင်အားစု၊ ကြံ့ဖွံ့..စသည်တို့၏ပိုင်ဆိုင်မှုကို ထိန်းချုပ်ရန်လိုအပ်ပြီး ပိုင်ဆိုင်မှုများအား OFAC သို့ အစီရင်ခံရသည်။ ၂၀၀၃ ခုနှစ် ဇူလိုင်လ ၂၉ ရက်နေ့မှ အကျုံးဝင်သော သမ္မတအမိန့် အောက်တွင် သမ္မတသည် အမိန့်အောက်တွင်စာရင်းရှိနေသည့် အထက်ပါအဖွဲ့အစည်းများနှင့် အခြားမြန်မာအဖွဲ့အစည်းများ၏ပိုင်ဆိုင်မှုများကိုပိတ်ဆို့ထားပြီး နောင်တွင် မြန်မာစစ်အစိုးရမှဖွဲ့စည်းမည့် အခြားအဖွဲ့အစည်းများကိုလည်း ပိတ်ဆို့ဦးမည်ဖြစ်သည်။ IEEPA ၏ အခန်း ၂၀၃ (ခ) အရ သမ္မတအမိန့်ဖြင့် အထက်ပါအဖွဲ့အစည်း၊ ပုဂ္ဂိုလ်များအတွက် ကိုယ်စားဖြစ်စေ၊ တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ပိုင်ဆိုင်ထားသော၊ ထိန်းချုပ်ထားသော အဖွဲ့အစည်းများကိုလည်း ထပ်မံပိတ်ဆို့မည်ဖြစ်သည်။
ပို့ကုန်ပိတ်ဆို့ခြင်း IEEPA နှင့် TSRA တို့၏ အခန်း ၂၀၃ (ခ) တွင် ပြဋ္ဌာန်းထားသည်မှလွဲ၍ သမ္မတအမိန့်သည် အမေရိကန်ပြည်ထောင်စုမှ (သို့) အမေရိကန်နိုင်ငံသား၊ အမေရိကန်နိုင်ငံရှိအဖွဲ့အစည်းများ (မည်သည့်နေရာတွင် ရှိနေစေကာမူ) အနေဖြင့် မည်သည့် ငွေကြေးဆိုင်ရာဝန်ဆောင်မှုလုပ်ငန်းများကိုမျှ ပြည်ပတင်ပို့ခြင်း သို့မဟုတ် တဆင့်ခံပြန်လည်တင်ပို့ခြင်းကိုတားမြစ်သည်။
ထို့အတူ အမေရိကန်နိုင်ငံတွင်းတွင်ဖြစ်စေ၊ အမေရိကန်နိုင်ငံသား၊ အမေရိကန်အဖွဲ့အစည်းများမှဖြစ်စေ လုပ်ကိုင် ဆောင်ရွက်လာခဲ့လျှင် တားမြစ်ပိတ်ပင်ခြင်းခံထားရသည့် နိုင်ငံခြားသားကပြုလုပ်သော အရောင်းအ၀ယ်ကိစ္စများအတွက် အမေရိကန်နိုင်ငံသား၊ အမေရိကန်အဖွဲ့အစည်းများက အတည်ပြုခြင်း၊ ငွေကြေးထောက်ပံ့ခြင်း၊ လုပ်ငန်းအဆင်ပြေအောင်လုပ်ပေးခြင်း (သို့) အာမခံပေးခြင်းတို့ကိုလည်း တားမြစ်သည်။ သို့ရာတွင် ငွေကြေးဆိုင်ရာဝန်ဆောင်မှုလုပ်ငန်းနှင့်ပတ်သက်၍မူ သမ္မတအမိန့်တွင် အဓိပ္ပာယ်ဖွင့်ဆိုထားခြင်းမရှိပေ။
နိုင်ငံတကာက မြန်မာနိုင်ငံအား ချေးငှားမှုများကို ကန့်ကွက်ခြင်း ထိုဥပဒေအရ မြန်မာနိုင်ငံအား နိုင်ငံခြားတိုင်းပြည်များနှင့် နိုင်ငံတကာအဖွဲ့အစည်းများမှ ငွေကြေးအားဖြင့်ဖြစ်စေ၊ နည်းပညာထောက်ပံ့မှုအရဖြစ်စေ ချေးငှားလုပ်ဆောင်ခြင်းများအား အမေရိကန်ပြည်ထောင်စုအနေဖြင့် ဆန့်ကျင်ကန့်ကွက်ရမည်ဖြစ်ပြီး မြန်မာနိုင်ငံရှိ ဒီမိုကရေစီလိုလားသူများကို ကူညီထောက်ပံ့ပေးရမည်ဖြစ်သည်။
သတ်မှတ်ထားသည့် အခြေအနေများရောက်ရှိလျှင် မြန်မာနိုင်ငံအပေါ်ပိတ်ဆို့ထားမှုကို သမ္မတအား ရုပ်သိမ်းခွင့်ပေးထားခြင်း မြန်မာနိုင်ငံရှိ ဒီမိုကရေစီနည်းကျကျရွေးကောက်တင်မြှောက်ထားသောအစိုးရအနေဖြင့် အခြေအနေ အရပ်ရပ်အပေါ် တွင် ဆောင်ရွက်မှုများပြည့်စုံနေပါပြီဟု မေတ္တာရပ်ခံလာခဲ့လျှင် ထိုပိတ်ဆို့မှုဥပဒေပြဋ္ဌာန်းချက်များကို အမေရိကန်သမ္မတအနေဖြင့် ရုပ်သိမ်းနိုင်သည်။
ဆောင်ရွက်မှုများထဲတွင် လူ့အခွင့်အရေးချိုးဖောက်မှုများ အဆုံးသတ်စေရေးအတွက် နအဖမှ ပြည့်ပြည့်စုံစုံ လုံလုံ လောက်လောက် ဆောင်ရွက်ခြင်း၊ နိုင်ငံရေးအကျဉ်းသားများလွှတ်ပေးပြီး ဒီမိုကရေစီ အစိုးရဖြစ်အောင် ဆောင်ရွက်ခြင်း၊ အရပ်သားအစိုးရအား အာဏာလွှဲပြောင်းပေးရန်အတွက် ဒီမိုကရေစီအင်အားစုများနှင့် သဘောတူညီမှုတရပ် ရယူခြင်း၊ နိုင်ငံတကာမူးယစ်ဆေးဝါးတန်ပြန်နှိမ်နင်းမှု သဘောတူညီချက်ပါအချက်များကို လိုက်နာရန်ပျက်ကွက်ခဲ့သည့်နိုင်ငံစာရင်းမှ ပယ်ဖျက်ခြင်း..စသည်တို့ ပါဝင်သည်။
သွင်းကုန်ပိတ်ဆို့မှုဥပဒေကို လွှတ်တော်မှသက်တမ်းတိုးခြင်းမရှိပါက ထိုဥပဒေ စတင်အာဏာတည်သည့်နေ့မှ ၁ နှစ်အကြာတွင် သက်တမ်းကုန်မည်ဖြစ်သည်။ သွင်းကုန်ပိတ်ဆို့မှုဥပဒေကို စတင်ပြဋ္ဌာန်းသည့် နေ့မှ ၃ နှစ်အထိသာ သက်တမ်းတိုးနိုင်သည်။
အကယ်၍ သွင်းကုန်ပိတ်ဆို့မှုဥပဒေကြောင့် အမေရိကန်အကျိုးစီးပွားထိခိုက်မည်ဟု အမေရိကန်သမ္မတက ဆုံးဖြတ် ပြီး လွှတ်တော်ကိုအကြောင်းကြားခဲ့လျှင် သွင်းကုန်ပိတ်ဆို့မှုဥပဒေကိုရုပ်သိမ်းရန် လွှတ်တော်က သမ္မတအား လုပ်ပိုင်ခွင့်ပေးနိုင်သည်။ သို့ရာတွင် သမ္မတသည် IEEPA နှင့် ထိုဥပဒေအောက်ရှိ သူ့အခွင့်အာဏာအရ သမ္မတအမိန့်ကို တင်သွင်းထားသောကြောင့် ပိတ်ဆို့မှုများကို သမ္မတအမိန့်ဖြင့်ရုပ်သိမ်းခွင့်မရှိပေ။ ။
ဒိန်ဖန်ခူး
(ခင်ရတနာ၏ ဖေ့စ်ဘွတ်ခ်မှ ...) http://www.facebook.com/notes/ခင်-ရတနာ/မြန်မာအပေါ်-ဒဏ်ခတ်ဘို့-ဒေါ်စုတောင်းဆိုခဲ့သလား/172074226226377
0 comments:
Post a Comment