Saturday, December 31, 2011

သဘင်ဂီတမှ အင်တာနက်သို့(ဘိုဘိုလန်းစင်)

0 comments
သဘင်ဂီတမှ အင်တာနက်သို့(ဘိုဘိုလန်းစင်)၁၃၇၃ စာဆိုတော်ရာသီက လန်ဒန်တောင်ဘက်ကမ်းတက္ကသိုလ်ကျောင်းတိုက်တွင်ကျင်းပသော စာဆိုတော်နေ့၌ မြန်မာသတင်းမီဒီယာသမိုင်းအကြောင်း သဘင်ဂီတမှ အင်တာနက်သို့ ဟောပြောချက်ကို ဆီလျော်အောင် ပြန်ရေးသည်။ မြန်မာမီဒီယာရေစီ--မီဒီယာဆိုဒါစကားလုံးကြီးမို့ ဘာမှတော့မဟုတ်ပါ ဘူး။ လူတွေကြား ပြန့်ပွားစေလိုတာကို ရောက်အောင်ဖြန့်ချိဒါပါဘဲ။ ရှေးကတော့ ဗမာပြည်မှာ ဇာတ်အငြိမ့်တွေပဲရှိတော့ သူတို့ကနေ အထက်ပုဂ္ဂိုလ်များဆီရောက်စေလိုဒါ၊ ပြည်သူကြား အာဏာပိုင်တွေသိစေ ထင်စေချင်ဒါတွေကို ဝင်သွားအောင်ဖြန့်ပေးကြရတယ်။...

Thursday, December 29, 2011

သခင်သန်းထွန်း-အနီကိုလေ့လာကြည့်ရှူချက်(ဒဂုန်တာရာ)

0 comments
(၂၀၁၁ သြဂုတ်လတွင် ကျရောက်သော ဗမာပြည်ကွန်မြူနစ်ပါတီဥက္ကဌ သခင်သန်းထွန်း(၁၉၁၁-၂၀၁၁) ရဲ့ မွေးနေ့ရာပြည့်အထိမ်းအမှတ်အဖြစ် မာယာမဂ္ဂဇင်းက ဂါရဝပြုဖော်ပြခြင်း ဖြစ်ပါတယ်) (၁)လူငယ်လည်း ဖြစ်ရမည်၊ အဝတ်အစား ခပ်စုတ်စုတ်ခပ်နွမ်းနွမ်းနှင့်၊(ဒါမှပစ္စည်းမဲ့သရုပ်ပေါ်ပေမည်ကိုး) မော်တော်ကားခန့်ခန့်၊ ဆိုဖာ၊ အိုက်စကရင်နှင့်ကိတ်မုန့်၊ စန္ဒယားစသည်တို့နှင့် မနီးစပ်ရ။ (တောအောင်းနေနိုင်က ပိုကောင်းမည်)အကြမ်းပတမ်း လက်နက် ကိုင်ထကြွမှုကိုလိုလားသူ။ ယေဘူယျလူအများက ကွန်မြူနစ်ဆိုလျှင် ဤသို့ ဘဲဟု အောက်မေ့လျက် ရှိကြသည်။

ကွန်မြူနစ်ဆိုသူမှာလည်း...

ငယ်ချစ်များ ... သို့ (ကမာပုလဲ)

0 comments
ငယ်ချစ်များ ... သို့ အသက်က ငါးဆယ်ထဲ ၀င်ခဲ့ပြီအရပ်က ပိုရှည်မလာတော့ဘူးသံသရာကခံနိုင်ရည်ထက် ပိုနေတယ် ...။ လမ်းတွေက ကွေ့ကွေ့ကောက်ကောက်(ကိုယ့်အတ္တအတွက် ကိုယ်မကွေ့တတ်ခဲ့ဘူး)အမြင့်မို့တက်ရရင်လည်း အူလျားဖါးလျားအဆင်းမို့သက်ရရင်လည်း ဒလိမ့်ခေါက်ကွေး ...။ ခုတလောစိတ်တွေ လေးလေးလံလံ ဖြစ်နေတယ်မကြီးမငယ်ကြီးနဲ့ချစ်တဲ့အကြောင်းတွေ ခဏခဏပြောဒီအရွယ်ကြီး ရောက်ခါမှအသည်းကလည်း အထပ်ထပ်ကွဲအဲဒီလို အသည်းကွဲတိုင်းလည်းသူ့ခမျာ ငိုလို့မဆုံးပြန်ဘူး။ သူငိုတယ်မိခင်ပျောက်ကလေးများကို တွေ့တဲ့အခါ ...သူငိုတယ်သစ္စာမဲ့သူတွေရဲ့လက်ထဲသေလုမျောပါး...

Wednesday, December 28, 2011

အစ်ကို (နေမျိုး)

0 comments
အစ်ကို (နေမျိုး)တစ်နေ့ကျတော့
စာသင်ခန်းထဲမှာ ဆရာမက
ကျောင်းသားလေးတစ်ယောက်ကို ထခိုင်းပြီး
မေးခွန်းတစ်ခုမေးတယ်
မင်းကြီးလာရင် ဘာဖြစ်ချင်သလဲတဲ့
ကျောင်းသားလေးက ထရပ်ပြီး
ဆရာမကို အကြာကြီး စိုက်ကြည့်နေတယ်။
 ပြီးမှ လေသံတိုးတိုးနဲ့ ဖြေလိုက်ရဲ့(နားထောင်စမ်းပါ)
ကျွန်တော်ဟာ ခြေတစ်ဖက်ဆာနေတဲ့ ကောင်လေးတစ်ယောက်
ဖြစ်ချင်ပါတယ်တဲ့
ဆရာမက တအံ့တသြနဲ့
ကျောင်းသားလေးကိုကြည့်ကာ
ဘာဖြစ်လို့လဲ သားတဲ့ ထပ်ပြီးမေးလိုက်ပေါ့
 ဒီတော့ ကျောင်းသားလေးက
အရည်လဲ့နေတဲ့ မျက်လုံးအစုံကိုပုတ်ခတ်ပြီး
ဦးခေါင်းကိုငုံ့ကာ
ဆရာမကြားနိုင်ရုံ တိုးတိုးလေး...

စစ်မြေပြင်မှပုံရိပ်များ(အပိုင်း၄၃) မျိုးမြင့်ချို

0 comments
စစ်မြေပြင်မှပုံရိပ်များ(အပိုင်း၄၃) (ဒီဇင်ဘာ ၂၈ ရက် ၂၀၁၁ နေ့က အာရ်အက်ဖ်အေမှထုတ်လွှင့်ပြီးဖြစ်ပါတယ်)၈၈ အာဏာသိမ်းပြီးနောက်မှာ နိုင်ငံရေးပါတီတွေထောင်ကြဖို့ အမိန့် ကြေငြာစာထုတ်လိုက်တယ်ဆိုရင်ပဲ ကော်မရှင်မှာမှတ်ပုံတင်ကြတဲ့ ပါတီတွေလည်း အပြိုင်းအရိုင်းထွက်လာကြပါတယ်။ ၈၈ လှုပ်ရှားမှုကြီးရဲ့ မျိုးဆက်သစ်ခေါင်းဆောင်တွေ အစဉ်အလာရှိခဲ့တဲ့နိုင်ငံရေးသမားတွေ တင်မကပါဘူး နယ်ပယ်စုံအလွှာစုံကပုဂ္ဂိုလ်တွေပါ ပါတီတွေထောင်ကြ၊ လှုပ်ရှားကြ၊ စည်းရုံးလှုံ့ဆော်ကြနဲ့မို့လို့ ဗမာ့နိုင်ငံရေးအခင်းကျင်းသစ်တခုလို့တောင် ဆိုရမယ်ထင်ပါတယ်။ ဗမာပြည်မှာစံချိန်တင်လောက်တဲ့...

Tuesday, December 27, 2011

ကွန်ကရစ်မြို့တော်(ပန်ဒိုရာ)

0 comments
ကွန်ကရစ်မြို့တော်တစ်နာရီ ခြောက်ဆယ်မိုင်လျော့လျော့မှာ မအိပ်ငိုက်အောင်ဖြစ်စေ အိပ်မငိုက်အောင်ဖြစ်စေ သတိပေးစာတမ်းကိုနာခံလျက် အသက်ကိုမြတ်မြတ်နိုးနိုးထုပ်ပိုးကာဘာ့ကြောင့်ရပ်ရပ် လမ်းဘေးချရပ်ရင်း အလျင်လိုသူများအနေဖြင့်လမ်းအိုကိုသာလိုက်သင့်သော ခရီးအဆုံးမှာမြင်လေရာရာ ဟာခနဲ ဟင်ခနဲ ကမ္ဘာမှားသလား ဂြိုဟ်မှားသလား ခရမ်းပြာလဲ့လဲ့ မီးလုံးမီးစုန်းတွေ အဆန်းတကြယ် ပလတ်စတစ်ပန်းရောင်စုံတို့ဝန်းရံခနေသော ပဒုမ္မာ ကုမုဒြာကြာပန်းများလည်း လန်းစွင့်လျက် ဘိလပ်မြေ ဘိလပ်ရည်များ လိမ်းကျံသည့် ကျက်သရေဆောင်လမ်းမရှည်များ စည်းကမ်းတကျ လေးထောင့်ကွက်ကျ...