Sunday, December 11, 2011

စောအယ်လ်စိုးတန်ထူးနှင့် ဖေ့စ်ဘွတ်ခ်ပေါ်မှာနိုင်ငံရေးစကားပြောဖြစ်ခြင်း။(မျိုးမြင့်ချို)

0 comments
ဂူးဂယ်လ်ကနေယူတာပါ
စောအယ်လ်စိုးတန်ထူးနှင့် ဖေ့စ်ဘွတ်ခ်ပေါ်မှာနိုင်ငံရေးစကားပြောဖြစ်ခြင်း။ (မျိုးမြင့်ချို)
(စော)ဦမျိုးရေ မင်္ဂလာပါ အိပ်ယာ ထစလား။
8:43am
(ကျနော်)မင်္ဂလာပါ
ကျနော် ဒီနေ့ စောပြီးနိုးနေတာပါ။
သတင်းတွေဖတ်ရင်း ပြန်မျှရင်ကောင်းမယ်တွေးမိတာလေးတွေကို ထုံးစံအတိုင်း ဖေ့စ်ဘွတ်ခ်ပေါ်ပြန်တင်ပေါ့လေ။
8:46am
(စော)ကောင်းပါတယ် ကျနော်လည်းဦးမျိုးရဲ့ ရုရှားဝန်ကြီးချုပ်ကန့်ကွက်ပွဲကို ဖတ်မလို့။
8:48am
(ကျနော်)အေးဗျာ..ကျနော်တို့က ခင်ဗျားတို့ထက်စာရင် သတင်းတွေကိုလွယ်လွယ်ရနေနိုင်တာ၊ အင်တာနက် ကွန်ပြူတာဆိုတာလည်း နည်းနည်းဖေါဖေါသီသီ အလှမ်းမီတာဆိုတော့ ကျနော်တို့ထက်လက်လှမ်းဝေးသူတွေကို ကူတဲ့သဘောပါပဲ။ သတင်းတိုင်းတော့လည်း မတင်ပါဘူး။ တချို့ကသတင်းလို့သာဆိုတယ် သတင်းမှမဟုတ်တာလို့ ကျနော်ထင်တယ်လေ။
8:50am
(စော)ကျနော်ကတော့ ကျေးဇူးအထူးတင်တယ်။ ဦးမျိုးရေ ဒီမှာက မြန်မာပြည်လေ သိတယ်ဟုတ်။
8:50am
(ကျနော်)ဖတ်ပြီးရင် ကွန်မင့်န်လေးရေးခဲ့စေချင်တယ်ဗျ။ အခြားသူတွေရဲ့ အမြင်တွေပါသိရအောင်လို့ပေါ့ဗျာ။ တခါတလေမှာ သူ့အမြင်ကိုယ့်အမြင်ကို လူချင်းဆုံပြောလို့မှမရတဲ့အခါ ဖေ့စ်ဘွတ်ခ်မှာ ကွန်မင့်န်ကနေတဆင့် ဆုံလို့ရတယ်လေ။
8:51am
(စော)ဟုတ်...ကျနော်အတတ်နိုင်ဆုံးရေးပေးခဲ့ပါ့မယ်။
ဦးမျိုး ကျနော် .........မှာ ဒီနေ့စမ်းရေးနေပြီ  သတင်းလှမ်းပို့တာပါ။
8:54am
(ကျနော်)ကောင်းပါ့..
သတိလည်းထား..ညောင်သီးရော လေးသံရော။ နေဘုန်းလတ်တောင် ပြန်မလွတ်သေးဘူးနော်။
8:55am
(စော)ကျနော့် ဘော်ဒါဆိုင်ကတော့ Save ဖြစ်တယ်။
ကျနော်တို့ သထုံမှာလည်း NLD ကရုံးခန်းပြန်ဖွင့်ဖို့ လုပ်နေကြပြီ။
8:58am
(ကျနော်)ဟုတ်ကဲ့သိတယ်ဗျ။
9:00am
(စော)ကျနော်တော့ ပါတီဝင်ထားပြီးပြီ...လူကြီးတွေကတော့ လူငယ်တာဝန်ခံလုပ်ပေးဖို့ ပြောနေတယ်။ ဦးမျိုး၊ ဦးမျိုးရေ ကျနော့်အမြင် ပြောရရင် NLD မှတ်ပုံတင်တာ ကြားဖြတ်ရွေးကောက်ပွဲတာ ဒုတိယအကြိမ် သတ်ကွင်းထဲဝင်တာလားလို့။
9:03am
(ကျနော်)ကျနော့်အမြင်နည်းနည်းပြောလို့ရမလား။
9:03am
(စော)ပြော..ဦး..ကျနော် ကသိချင်နေတာ။
9:05am
(ကျနော်)ခုခေတ်မှာ အတော်လေးရေးပန်းပြန်စားနေတဲ့ စကားလုံးတခုအကြောင်းပါ။ (ပါတီနိုင်ငံရေးနဲ့အမျိုးသားနိုင်ငံရေး) ဆိုတာပါ။ ကျနော် တောက်လျှောက်ပြောသွားမယ်။ ပြီးတဲ့အခါ ခင်ဗျားအမြင်ပြန်ပြောပါ။ ကျနော်နားထောင်မယ်။ ကိုလိုနီခေတ်ဦး ဗမာ့နိုင်ငံရေးလှုပ်ရှားမှုမှာ (အမျိုး ဘာသာ သာသနာ၊ ဝံသာနုရက္ခိတရား၊ ပြည်တွင်းဖြစ်ကိုအားပေးပါ) အဲဒါတွေဟာ အဲဒီ ခေတ်ရဲ့အမျိုးသားရေးကြွေးကြော်သံနဲ့ အမျိုးသားနိုင်ငံရေးပါပဲ။ (မှတ်ချက် အခုကျနော်ပြောမှာတွေကို ကော်ပီလုပ်ချင်ရင် လုပ်ထားစေချင်ပါတယ်) ဆက်ပြောပါ့မယ်။ အဲဒီခေတ် အမျိုးသားနိုင်ငံရေးလမ်းကြောင်းကနေ သွေဖည်ပြီး ၅၀၀၀ ထောင စားအမတ်မင်းတွေအဖြစ်ကို ပြောင်းလဲခံယူလိုက်သူတွေရှိသလို အဲဒီအမျိုးသားနိုင်ငံရေး လမ်းကြောင်းပေါ်မှာ ခိုင်ခိုင်ကျည်ကျည် ဆက်ရပ်သူတွေလည်း ရပ်ခဲ့ကြပါတယ်။
တခါ နောက်တခေတ်ရောက်တော့ နယ်ချဲ့ဆန့်ကျင်ရေး ဖက်ဆစ်တော်လှန်ရေးနဲ့ အမျိုးသားလွတ်လပ်ရေး (တနည်း ပြောရရင် လုံးဝလွတ်လပ်ရေး) ဆိုတာဟာ အဲဒီ့နောက်တခေတ်ရဲ့ အမျိုးသားရေးကြွေးကြော်သံနဲ့ အမျိုးသားနိုင်ငံရေးဖြစ် ပါတယ်။
ကျနော်တို့ခေတ်ရောက်တော့ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး၊ ဒီမိုရေစီရေး၊ ပြည်တွင်းငြိမ်းချမ်းရေး၊ လူမျိုးစုအားလုံး တန်းတူရည်တူသွေးစည်းညီညွတ်တဲ့ ပြည်ထောင်စုနိုင်ငံတော်ပေါ်ပေါက်ရေးဆိုတာ(တနည်းပြောရရင် ဖက်ဒရယ်လ်မူ) အမျိုးသားရေးကြွေးကြော်သံနဲ့ အမျိုးသားနိုင်ငံရေးဖြစ်လာပါတယ်။ အဲဒီအရေးကို ဘယ်နေရာကပဲ၊ ဘယ်သူကပဲလုပ်နေ လုပ်နေ၊ ဒါဟာ အမျိုးသားအရေး၊ တိုင်းပြည်ရဲ့လက်ငင်းအရေး၊ နိုင်ငံ့ရဲ့အရေးပါပဲ။
ဆိုတော့ ဗိုလ်ချူပ်အောင်ဆန်းကိုကြည့်ပါ။ ကိုအောင်ဆန်း၊ သခင်အောင်ဆန်း၊ ဗိုလ်အောင်ဆန်းနဲ့ ဦးအောင်ဆန်းဆိုပြီး ကျောင်းသားခေါင်းဆောင်၊ သခင်ခေါင်းဆောင်၊ စစ်ခေါင်းဆောင်နဲ့ လူထုခေါင်းဆောင်ဆိုပြီး ရုပ်ပိုင်းဘဝအရ (အခြေအနေ အရ) လေး ဘဝပြောင်းခဲ့ရပါတယ်။
ဒါပေမယ့် ဘယ်ဘဝ ဘယ်နေရာမှာရောက်ရောက် မူလရည်မှန်းချက်ဖြစ်တဲ့ အမျိုးသားရေးဖြစ်တဲ့ အမျိုးသားနိုင်ငံရေးဖြစ်တဲ့ လုံးဝလွတ်လပ်ရေးလမ်းကြောင်းပေါ်မှာ ခိုင်ခိုင်ကျည်ကျည်ရပ်ခံသွားခဲ့ပါတယ်။ ဒါ့ကြောင်းလည်း အမျိုးသားခေါင်းဆောင် ဖြစ်ခဲ့တာပါ။
ကျနော်တို့ ဒီဘက်ခေတ် အမျိုးသားနိုင်ငံရေး National Politics မှာ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး၊ ဒီမိုကရေစီရေး၊ ငြိမ်းချမ်းရေး၊ လူမျိုးတန်းတူသွေးစည်းညီညွတ်ရေးဟာ အမျိုးသားရေးဖြစ်တော့..ဒီအရေးတွေကို ဘယ်သူက ဘယ်နေရာ ကလုပ်လုပ် ဒါဟာအမျိုးသားနိုင်ငံရေးပါပဲ။ လွှတ်တော်ထဲက/အပြင်က၊ ကျောင်းသားသမဂ္ဂထဲက/အပြင်က။ ပါတီတွင်း က/အပြင်က။ ဘယ်နေရာကဖြစ်ဖြစ်လုပ်လို့ရသလို လုပ်လည်းလုပ်ရမှာဖြစ်ပါတယ်။ အဲဒီအရေးတွေနဲ့ သွေဖည်လာပြီ၊ သွေဖည်သွားပြီဆိုရင်တော့ ပြောစရာရှိလာမှာပါ။
မိမိကိုယ်တိုင်၊ မိမိပါတီ၊ အဖွဲ့အစည်း၊ အာဏာရရေးသက်သက်ဖြစ်လာပြီ၊ ဖြစ်သွားပြီဆိုရင်တော့ ဒါကို ပါတီနိုင်ငံရေးလို့ ခေါ်မယ့်အား Power Politics အာဏာနိုင်ငံရေးလို့ ခေါ်ရမယ်ဖြစ်ပါတယ်။
ကျနော့်အမြင်မှာ ပါတီနိုင်ငံရေးတို့၊ အမျိုးသားနိုင်ငံရေးတို့ဆိုပြီး အမြင်ကွဲကြ၊ စကားလုံးကွဲကြတာထက်စာရင် အမျိုး သားရေးကို ဘယ်နေရာကလုပ်လုပ်၊ ဘယ်သူလုပ်လုပ် လုပ်တဲ့သူကိုထောက်ခံအားပေးမှာပါ။
ဆိုတော့ ပါတီနိုင်ငံရေး Party Politics နဲ့ Power Politics နဲ့ National Politics ဆိုတာတွေအပေါ်မှာ ကျနော့်အမြင်နဲ့အသိကိုချပြတာပါ။
ခင်ဗျား ဘယ်နေရာကပဲလုပ်လုပ်ပါ။ အဲဒီအရေးတွေကို မသွေဖည်သရွေ့ ခင်ဗျားကို ကျနော်အားပေးမှာပါ ထောက်ခံမှာပါ။
အဲဒါနဲ့ ဆန့်ကျင်ဘက်ဖြစ်လာရင်တော့ ခင်ဗျားကို ကျနော်ဆန့်ကျင်မှာပါပဲ။
အဲသလိုဖြစ်လာရင် ပြည်သူကရော သမိုင်းကရော ဆန့်ကျင်တာခံရမှာပါပဲ။
ကျနော့်သဘောကတော့ လုပ်ပါ။ ဘယ်နေရာကပဲဖြစ်ဖြစ်လုပ်စေချင်ပါတယ်။
ဒီလောက်ပါပဲဗျပြောပါဦးဗျ။ ကျနော့်အတွေးပေါ်မှာ ခင်ဗျားမြင်တဲ့အမြင်။
9:26am
(စော)ဟုတ်ပါတယ် ကျနော့်ခံယူချက်ကိုပြောပြမယ် အမျိုးသားနိုင်ငံရေး၊ ပါတီနိုင်ငံရေး။ နာမည်ကတော့ကွဲနေတယ်။ အကယ်လို့ ခံယူချက်ရှိတယ် ယုံကြည်ချက်ကောင်းတယ်ဆိုရင် အမျိုးသားနိုင်ငံရေးပဲဖြစ်ဖြစ်၊ ပါတီနိုင်ငံရေးပဲဖြစ်ဖြစ် နိုင်ငံနဲ့လူမျိုးအတွက်ပဲလေ ဦးမျိုးပြောသလိုပေါ့ ဒီလမ်းကြောင်းပေါ်ကနေသွေဖည်တာဆိုရင်တော့ နိုင်ငံရေးလုပ်စားတာပေါ့ ဥပမာ ဦး......တို့လို လူစားတွေပေါ့။လက်ရှိကတော့ အန်အယ်လ်ဒီအနေနဲ့ ရပ်တည်မှုကောင်းအောင်၊ ခိုင်ခိုင်မာမာရပ်တည် နိုင်အောင် အင်အားဝင်ဖြည့်ပေးစေချင်တာက ကျနော့်စေတနာပါ။ တစ်ယောက်တိုးလည်းမနည်းဘူးဆိုတဲ့ သဘောပါ။
9:35am
(ကျနော်)ကိုစောသန်းထူးရေ ဖြစ်နိုင်ရင် လူပုဂ္ဂိုလ်အမည်တွေကိုတော့ ရှောင်သုံးစေချင်ပါတယ်။ ကျနော်နဲ့ခင်ဗျား အခုပြောဖြစ်တာလေးကို ကျနော် နည်းနည်းပြန်တည်းဖြတ်ပြီး(ဆိုလိုတာက လူအမည်တွေကိုဖြုတ်ပြီးတော့) ဖေ့စ်ဘွတ်ခ်မှာ ပြန်တင်ချင်ပါတယ်။
9:37am
(စော)ဟုတ် နောက်ဆုံးဖြစ်ရပါစေမယ်။ ဒီတစ်ကြိမ်တော့ ခွင့်လွှတ် ဦးမျိုး၊ ပြီိးတော့ ရွာကလူငယ် -၉၀% က ကျနော်စကား တစ်ခွန်းနဲ့ပြီးတယ်လေ။ ကျနော့်ကိုယ် ကျနော်အထင်ကြီးတာတော့ မဟုတ်ဘူး။ ခရစ်ယာန်လူငယ် ခေါင်းဆောင်အနေ နဲ့ကော ကာလသားခေါင်းအနေနဲ့ကော - နှစ်နီးပါးလုပ်ခဲ့ရတာဆိုတော့ ကျနော့်ကိုယ်ကျနော်ယုံတယ်။ ရွာကလူငယ် တွေကိုယုံတယ်။ ယုံကြည်ချက်၊ ခံယူချက်တူမယ်ဆိုရင် လုပ်နိုင်မယ်။ အောင်မြင်မယ်။ တစ်ခုပဲ ဆုတောင်းတယ်..
လုပ်စားမယ့်သူတွေ အဖွဲ့ထဲမှာ မပါပါစေနဲ့...နောက်တစ်ခုက ၁၉၉၀ မှာလို အစိုးရညစ်ပတ်တာကိုမခံရပါစေနဲ့ ဆိုတာ။
(ကျနော်) အခု ခင်ဗျားနဲ့ကျနော်ပြောဖြစ်တာလေးကိုလည်း အခြားသူတွေနဲ့ဆွေးနွေးကြည့်စေချင်ပါတယ်။
9:48am
(စော)တစ်ခုပဲဆိုးတယ်.....ကျနော်တို့ အရှေ့ကလူကြီးတွေ (အဓိက ကျနော်တို့အဖေတို့ မျိုးဆက်) လူငယ်တွေကို နိုင်ငံရေးဆို တာကြောက်စရာသတ္တ၀ါလို့ထင်အောင် လုပ်ခဲ့ကြတာ။ အဲဒီတော့ ဒီကနေ့ လူငယ်တွေက နိုင်ငံရေးဆို မတို့ရဲမထိရဲတဲ့အခြေအနေ။ တော်သေးတယ်။ ၂၀၁၀-၂၀၁၁ မှာ နိုင်ငံရေးစာအုပ်ကောင်းတွေ ပြန်ထွက်လာပြီး လူငယ်တွေကို မျက်စိပွင့်၊ နားဖွင့်ပေးလိုက်လို့။ ကျနော်ရိုင်းတာတော့မဟုတ်ဘူးနော်...အပါး(အဖေ)ကိုကော၊ အမိုး(အမေ)ကိုပါ ပြောထားတယ်။
(ကျနော်) ဟုတ်ကဲ့...ဆက်ပါဦး
9:53am
(စော) မလုပ်ရဲရင် ဘေးထွက်ထိုင်နေ....မကန့်ကွက်နဲ့ မဝေဖန်ကြေး....လက်ခုပ်တီးတာ၊ အပြစ်တင်တာကို ပွဲပြီးမှ လုပ်ပါလို့။ ကြောက်ရင်လွဲမယ် ရဲဖို့လိုနေပြီလို့။ ဦးမျိုးရေ ဒါကျနော့် ခံယူချက်။ ဦးမျိုးရဲ့ အမြင်လေး။ မလုပ်ရဲရင် ဘေးထွက်ထိုင်နေ....မကန့်ကွက်နဲ့ မဝေဖန်ကြေး ....လက်ခုပ်တီးတာ၊ အပြစ်တင်တာကို ပွဲပြီးမှလုပ်ပါလို့
ကြောက်ရင်လွဲမယ်။ ရဲဖို့လိုနေပြီလို့။ ဦးမျိုးရေ ဒါကျနော့် ခံယူချက်။ ဦးမျိုးရဲ့ အမြင်လေးပြောပါဦး။
9:57am
(ကျနော်) ပြောမယ်လေ။ ပထမတချက် အကန့်ကွက်အဝေဘန်ဆတ်ဆတ်ထိမခံဖြစ်တာနဲ့  ပွဲပြီးမှလက်ခုပ်တီးပါအပြစ် တင်ပါဆိုတာက ပွဲတွေဇာတ်တွေမှာတော့ ဟုတ်ပါတယ်။ ဒါက နိုင်ငံရေးဆိုတော့ အဲဒီဒဏ်တွေကိုခံနိုင်ရည်မရှိရင် ကာယကံရှင်ကအစကတည်းက မကပဲနေတာက ပိုသင့်တယ်လို့ထင်ပါတယ်။ ခုခေတ်မှာ(လက်ရှိအနေအထားမှာ အင်န်အယ်လ်ဒီဝင်လုပ်လို့ အဖမ်းခံရမယ့်အနေအထားလည်းမမြင်မိပါဘူး။ ရဲစရာမလိုသလို ကြောက်စရာအနေအထား လည်း မရှိဘူးထင်ပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံကိုလေးစားလိုက်နာနေသရွေ့ ခင်ဗျားမှာအန္တရာယ်မရှိဘူးလို့ထင်ပါတယ်။ အင်န်အယ်လ်ဒီကို ခုနေချိန်မှာ ဝင်လိုသူတွေ၊ ဝင်မယ့်သူတွေများသလို၊ စုံကန်ထွက်သွား ခြံခုန်သွားသူတွေလည်း နောက်တကြိမ် အင်န်အယ်လ်ဒီထဲကို ခြံခုန်ပြန်ဝင်လာကြဦးမှာပါ။ နိုင်ငံရေးသဘောမှာတော့ အချောင်သမားဆိုတာ၊ သာယာစီးဆိုတာ၊ ခြံခုန်သမားဆိုတာ ခေတ်တိုင်းမှာရှိတာပါပဲ။ ခင်ဗျားသိထားစေချင်တာက ဗမာစကားပုံတခုကိုပါဗျ(၃ ကျောင်းပြောင်းသောရှင်၊ ၃ လင်ပြောင်းသောမယား) ကျောင်းပြောင်းလင်ပြောင်းတွေ ပြောင်းလာကြပါလိမ့်။ ၃ ပါတီမက ပြောင်းကြလည်း ဆန်းတော့မဆန်းဘူးထင်တာပဲဗျ။ ရှေ့မျိုးဆက်တွေအပေါ်ထားတဲ့ ကျနော့်အမြင်ကတော့.. ကျနော်တို့က ရှေ့လူတွေဆီက၊ သမိုင်းကအမှားတွေကို ကြည့်တာမြင်တာကိုပဲ ပိုဇောင်းပေးပြောတတ်ကြပြီး သမိုင်းကနေ၊ ရှေ့မျိုးဆက် တွေဆီကနေ သင်္ခန်းစာယူရမယ်ဆိုတာကိုပဲ ပြောလေ့ရှိသလို ယူလည်းယူလေ့ရှိပါတယ်။ ရှိလည်းရှိရ၊ ယူလည်းယူရမယ့် ကိစ္စပါပဲ။ အဲသလိုမယူနိုင်၊ မယူတတ်ရင် ရှေ့လူတွေမှားသလိုထပ်မှားမိနိုင်တာနဲ့၊ ထပ်မမှားဖို့အတွက်ပေါ့နော။ ဒါပေမယ့်.. အဲဒီရှေ့လူတွေဆီက၊ သမိုင်းကအမှန်တွေ၊ အတုယူစရာတွေ နမူနာယူစရာတွေကျတော့ ဘာလို့မပြောကြ၊ မယူနိုင်ကြတာ ပါလဲ။ မယူနိုင်ကြရမှာပါလဲ။ သမိုင်းမှာ၊ ရှေ့ကမျိုးဆက်တွေမှာ ကျနော်တို့ယူစရာက သင်ခန်းစာတခုတည်းပဲလား။ နမူနာ ရောမရှိလို့လား။
အဲသလိုမဟုတ်ဘူးထင်တယ်။ သမိုင်းကနေ ရှေ့မျိုးဆက်ကနေ ကျနော်တို့ဟာ သင်ခန်းစာရော နမူနာပါယူရမယ်ထင်တယ်။ ယူဖို့လိုမယ်တွေးမိတယ်ဗျ။ သင်ခန်းစာယူတယ်ဆိုတာက သမိုင်းမှာ ရှေ့လူတွေမှားသလို နောက်ကို နောက်လူတွေထပ် မမှားဖို့အတွက်မဟုတ်လား။ (ဒီနေရာမှာ ပြောစရာရှိတာက သင်ခန်းစာယူပြီး အဲဒီအမှားမျိုးကို၊ တထပ်တည်းကျတဲ့အမှား မျိုးကို မကျူးလွန်နိုင်မှာမှန်ပေမယ့် ကျနော်တို့မှာ အသစ်ထပ်မှားရဦးမယ့်၊ မှားကြဦးမယ့်အမှားတွေလည်း အဆင်သင့်ရှိနေ ဦး၊ ကြုံနေဦးမှာဆိုတာကိုတော့ သတိချပ်စေချင်ပါတယ်)
ရှေ့လူတွေ သမိုင်းမှာမှန်ခဲ့တဲ့အမှန်ကို နမူနာမယူနိုင်ရင်တော့ ကိုယ့်ကိုယ်ကိုမှန်အောင်လုပ်ရေးမှာ၊ လုပ်တာမှာ ပိုမှားစရာ ရှိမယ်တွေးမိတာပါပဲ။
10:07am
(စော)ဦးမျိုးသတိရလို့ ပြောရဦးမယ် ကျနော့်နာမည် စောအယ်လ်စိုးတန်ထူးပါ....စောအယ်လ်စိုးလို့ပဲ အခေါ်များပါတယ် ဒါမှမဟုတ် စောတန်ထူး ပေါ့ (သန်းထူး မဟုတ်ဘူး ဦးမျိုး)
10:07am
(ကျနော်) ဟုတ်ကဲ့။ ကျနော်က ပြင်ခေါ်ပါ့မယ်။ ဆိုတော့ သမိုင်းမှာရှေ့လူတွေဆီက အမှားကိုသင်ခန်းစာယူရင်း အမှန်ကို လည်း နမူနာယူဖို့လိုမယ်လို့တွေးမိပါတယ်။ ကျနော် အာရ်အက်ဖ်အေအတွက် အသံသွင်းရတော့မယ်။ နောက်နေ့ဆက် ပြောမယ်။ ခုတော့ စက်ပိတ်တော့မယ်။ ကျေးဇူးတင်ပါတယ်။ ခင်ဗျားလည်း ကော်ပီလုပ်ထားစေချင်ပါတယ်။
(စော)ကျနော် ဦးမျိုးနဲ့ စကားပြောရတာ အားတစ်ရပ်ပါ...ဘာပဲပြောပြော အတွေ့အကြုံက ကျနော်ထက်စာရင် ဦးမျိုးက အများကြီး ပိုပါတယ်..ကျေးဇူးပါ ဦးမျိုး။

0 comments:

Post a Comment