
သဘင်ဂီတမှ အင်တာနက်သို့(ဘိုဘိုလန်းစင်)၁၃၇၃ စာဆိုတော်ရာသီက လန်ဒန်တောင်ဘက်ကမ်းတက္ကသိုလ်ကျောင်းတိုက်တွင်ကျင်းပသော စာဆိုတော်နေ့၌ မြန်မာသတင်းမီဒီယာသမိုင်းအကြောင်း သဘင်ဂီတမှ အင်တာနက်သို့ ဟောပြောချက်ကို ဆီလျော်အောင် ပြန်ရေးသည်။ မြန်မာမီဒီယာရေစီ--မီဒီယာဆိုဒါစကားလုံးကြီးမို့ ဘာမှတော့မဟုတ်ပါ ဘူး။ လူတွေကြား ပြန့်ပွားစေလိုတာကို ရောက်အောင်ဖြန့်ချိဒါပါဘဲ။ ရှေးကတော့ ဗမာပြည်မှာ ဇာတ်အငြိမ့်တွေပဲရှိတော့ သူတို့ကနေ အထက်ပုဂ္ဂိုလ်များဆီရောက်စေလိုဒါ၊ ပြည်သူကြား အာဏာပိုင်တွေသိစေ ထင်စေချင်ဒါတွေကို ဝင်သွားအောင်ဖြန့်ပေးကြရတယ်။...