(ပုဂ္ဂိုလ်ရေးတိုက်ခိုက်ရင်
နိုင်ငံရေးတွေ မပါကြေး) မျိုးမြင့်ချို
ဒီ့မတိုင်ခင်လေးက “အမေရိကန်တွေ ငါ့ဘက်တိမ်းညွှတ်လာတော့မှာပဲ”တွေးပြီး ကာကွယ်ရေးဝန်ကြီးအပါအဝင် အခြား စစ်ရေး၊ နိုင်ငံရေး၊ နိုင်ငံတကာအရေး၊ အရှေ့အလယ်ပိုင်းအရေး၊ သံရေးတမန်ရေး နားလည်သူတွေကိုပြောနေတဲ့ကြားက အားလုံးကိုခါချပြီး ဆီးရီးယားက အမေရိကန်တပ်တွေ ပြန်ရုပ်မယ်ဆိုပြီးလုပ်တော့ သူထင်သလိုမဟုတ်တဲ့ တုံ့ပြန်မှုနဲ့ တိုးမိသွားတယ်။ စစ်လက်နက်ကုမ္ပဏီပိုင်ရှင်ကြီးတွေက မျက်စောင်းခဲလာတယ်။ စစ်ကန်ထရိုက်တာတွေ မျက်စိမျက်နှာ နည်းနည်းပျက်သွားတယ်။ ကာကွယ်ရေးဝန်ကြီးလည်း သိက္ခာရှိရှိ ထွက် ပစ်လိုက်တယ်။ နေတိုးမဟာမိတ်တွေလည်း အတော်လေး မြင်ပြင်းကပ်ကုန်တယ်။ ခြေမကိုင်မိ လက်မကိုင်မိတွေလည်း ဖြစ်သွားကြတယ်။ တကယ်တမ်း တပ်တွေပြန်ရုပ်ဖို့ဆိုတာ လက်တွေ့မှာ အတော်မလွယ်ကူသေးတဲ့ အနေအထားပါ။ ကိုယ်မွှေးတဲ့မီး ကိုယ့်ပြန် လောင်ပြီး အရူးမီးဝိုင်းဖြစ်မယ့်ကိန်းပါ။ ဒါကိုမလျှော့သေးဘူး၊ သူ့ ဒုတိယကကာကွယ်ရေးဝန်ကြီးက တပ်တွေရုပ်ဖို့ကိစ္စဆက်ကိုင်တွယ်ဖို့ သူ အမိန့်ပေး ပြီးပြီ၊ နောက်ထပ် တပ်ရုပ်စရာက အာဖဂန်နစ္စတန်ပဲ ဘာညာနဲ့ အလုံးကြီးတွေပစ်နေတယ်။
တပ်တွေသာ တကယ်ရုပ်မယ်ဆို စစ်ဗိုလ်စစ်သားတွေရဲ့မိသားတွေ ဆွေမျိုးတွေ ဝမ်းသာကြမှာပဲ။ ထောက်လည်း ထောက်ခံကြမှာပဲ။ စစ်အရင်းရှင်ကြီးတွေ၊ စစ်ကုန်သည်ကြီးတွေ၊ စစ်ပွဲစားကြီးတွေ၊ ဘဏ်သူဋ္ဌေးကြီးတွေ ဆထက်ထမ်းပိုးဓနတွေတိုးစေဖို့ သူတို့လင်တွေ၊ သားတွေ မိဘမောင်ဘွားတွေ ပြည်ပနိုင်ငံတွေသွား အသေခံနေကြရတာ မဟုတ်လား။ ဒါပေမယ့် ခက်နေတာက အဲ့ဒီ စစ်သားမယား တွေဆိုတာက လော့ဂ်ဟိမာတင်လို့၊ နော့သ်ရော့ကရူးမင်းလို၊ ဘိုးရင်းလိုဟာတွေမှာ ရှယ်ယာလေးတောင် လက်ကြီးကြီး မဝယ်နိုင်တာပဲ။ သူတို့လင်တွေသားတွေ မိဘမောင်ဘွားတွေလက်ထဲ သေနတ်သာရှိပေမယ့် ပစ်မိန့်ပေးနိုင်တဲ့အာဏာက သူတို့ပြောင်းဝကလာတာမှ မဟုတ်တာ။ စစ်လက်နက်ပစ္စည်း ထုတ်လုပ်ရောင်းချရင်း၊ စစ်တိုက်စားရင်းကြီးပွားနေတဲ့ကောင်က စစ်ပွဲမရှိရင် လက်နက်သစ်တွေ တကယ့်လက်တွေ့ ဘယ်နားသွားစမ်းသပ်ပြရင်း ကြော်ငြာရင်း ဈေးခေါ်လို့ရပါ့မလဲ၊ ရှိတဲ့လက်နက်တွေ ဘယ်နားသွား ဖြုန်းပစ်ရပါ့မလဲလို့ အမြဲတွေးပူနေရတာလေ။ စစ်သားမယားက လင်သားအတွက်လောက် ပူရတာ။
ခရစ္စမတ်စ်မတိုင်ခင်လေးမှာပဲ မက္ကဆီကို-အမေရိကန်နယ်စပ် တံတိုင်းခတ်ဖို့လိုငွေ ဘီလီယံ ၂ဝ ထဲက ၅ ဘီလီယံကို အရင်ပေးထားရမယ်လို့ လွှတ်တော်တွေကို လည်မျိုသွားညှစ်တာ ဟိုတွေက နယ်စပ်လုံခြုံရေးအတွက် လိုအပ်တာလည်းမှန်တယ်။ ငွေလည်း ထိုက်သလောက် ပေးမယ်။ တံတိုင်းတော့ မလိုဘူး။ ငွေလည်း တောင်းသလောက်ခွင့်မပြုဘူးလို့ ခံထားလိုက်တော့ အေး..ဒါဆို အဲ့ဒါကို ငါလည်း လက်မှတ် မထိုးဘူးကွာ ရှပ်ဒေါင်းမကလို့ ခွပ်ဒေါင်းဖြစ်ဖြစ်ဆိုပြီး ညစ်လုံးပြန်လုံးတော့ ဂါးဗမင်န့်ရှပ်ဒေါင်းဖြစ်သွားတယ်။ အဲ့ဒါကို အေးအေးမနေဘူး၊ ခရစ္စမတ်စ်နေ့မှာ အမေရိကန်စစ်သားတွေနဲ့ ဖုန်းဆက်နှုတ်ခွန်းဆက်စကားပြောရင်း ငါကတော့ အဲ့ဒီငွေ မရမခြင်း အစိုးရပြန်မပွင့်လည်း ဒီအတိုင်းနေမယ်ဆိုပြီး လုပ်ချလိုက်တော့ လူ့ချဉ်ဖတ် ပိုဖြစ်သွားတယ်။
ဟော အခု အဲ့ဒါတွေရဲ့ဂယက်အပြင် တရုတ်နဲ့ဖြစ်တဲ့ကုန်သွယ်ရေးစစ်ကလည်း နဂါးအမြီးမကုပ်ဘဲ ကျားမြီးဆွဲမိသွားတယ်။ လောလောဆယ် မှာတော့ အဲ့ဒီကိစ္စကြီးက ဖြဲချောက်ရုံလောက်ဖြစ်နေတယ်။ အောက်ကိုးနဲ့ ဟောက်ထုတ်သလိုဖြစ်သွားတယ်။ နောင်တော့ ဘယ်အထိ ၂ ဘက်နာ နာကြမလဲ မပြောတတ်သေးဘူး။ လတ်တလောမှာ တရုတ်ကို ဘယ်လောက် ထိမထိ မပြောနိုင်ပေမယ့် ကိုယ့်ဘက်ထိချက်က ချက်ခြင်းသိသာလာတယ်။ ကုန်ပစ္စည်းထုတ်လုပ်မှုတွေ ကမောက်ကမ ဖြစ်လာတယ်။ စက်ရုံ အလုပ်ရုံ၊ ကုမ္ပဏီတွေရှေ့မှာ ထောင်ထောင် ထားတဲ့ Hiring now လူသစ်ငှားရမ်းနေပါသည်ဆိုတဲ့ ဆိုင်းဘုတ်လေးတွေ နည်းနည်းလာတယ်။
အဲဒီလို အသူရာနဲ့သိကြားမင်းစစ်တွေဖြစ်နေတုန်း ဒေါ်လာငွေသခွပ်ပင်က မီးတကျီကျီဖြစ်လာတယ်။ အိမ်ရှေ့ပူ အိမ်နောက်မချမ်းသာ ဖြစ်လာတယ်။ ဒေါ်လာကို နိုင်ငံခြားအရန်ငွေအဖြစ် သိမ်းသူတွေစိတ်ထဲ "တောင်ပံနီဒင်္ဂါးတွေဖြစ်ကုန်ရင်တော့ ကိုယ်ကျိုးနည်းရချည်ရဲ့"ဆိုပြီး လက်ထဲ သိပ်မထားချင်တော့ဘူး။ အရင်ကဝယ်ထားတဲ့ အမေရိကန်အစိုးရငွေချေးစာချုပ်တွေကို မသိမသာရောရော သိသိသာသာရော၊ တိုးတိုးတိတ်တိတ်ရော ဗြောင်ကျကျရော ထုတ်ရောင်းလာကြတယ်။ ဗဟိုဘဏ့်ခေါင်းပေါ် ငွေကြေးဗြမ္မာ့ဥက္ခောင်းက ကျလာတယ်။ သူတင်လိုက်တဲ့ ဗဟိုဘဏ်ဥက္ကဌကလည်း ချေးငွေအတိုးနှုန်းကို မြှင့်လိုက်တယ်။ ဗဟိုဘဏ်ဥက္ကဌဆိုတာ အမေရိကန်ငွေကြေးပေါ်လစီကို ကျားကန်ပေးရတဲ့လူ။ ပြည်တွင်းပြည်ပ နိုင်ငံတကာ၊ ကုန်သွယ်ရေး၊ စီးပွားရေး၊ ငွေကြေးဖလှယ်မှု၊ သွင်းကုန်ထုတ်ကုန်၊ တဦးချင်းဝင်ငွေ၊ တမျိုးသားလုံး အသားတင်ထုတ်လုပ်မှု၊ ငွေဖောင်းပွနှုန်း၊ ငွေကျုံ့ဝင်နှုန်းစတာတွေကို အဘက်ဘက်က တွက်ချက်ပြီးမှ ငွေကြေးပေါ်လစီ ချမှတ်ရတာ။ သမ္မတက အမည်စာရင်းတင်သွင်းသူမှန်ပေမယ့် တိုင်းပြည်မျက်နှာကြည့်ပြီး ငွေကြေးကိစ္စကိုင်တွယ်တာမှာ သမ္မတမျက်နှာ ထောက်နေစရာမလိုဘူး။ သူ့မှာ ငွေလုပ်စက်မရှိပေမယ့် ငွေလုပ်နိုင်တဲ့ပါဝါရှိတယ်။ ငွေတိုးနှုန်းတွေ တက်လာတယ်။ ဒေါင်းဂျုံးစ်လို့ဆိုတဲ့ စတော့ရှယ်ယာဈေးကွက် အတက်အကျပြမြားဦးက အောက်စိုက်လာတယ်။ ရှယ်ယာဈေးတွေ လုံးပါး ပါးလိုက်လာတယ်။ ဒီတင် ဒေါ်ကြီး ကျားနာခဲ ခဲပြီး ဘဏ္ဏာရေးဝန်ကြီးကို ထုတ်မယ်တွေဘာတွေ ခြိမ်းခြောက်အကျပ်ကိုင်လာတယ်။ သူတင်တဲ့ ဝန်ကြီးတွေပဲ သူ့ပြန် ကလန် ကြတာ။
ဒေါ်ကြီး မီလာနီကြီးပါ မပြီး
အီရတ်ရောက် အမေရိကန်တပ်တွေဆီ ဒိုင်လျှိုလေးနဲ့ ဒိုးတယ်၊ “ဂါးဗမင်န့်ရှပ်ဒေါင်း
သူ့ကြောင့်မဟုတ်ဘူး၊ ဒီမိုကရက်တွေကြောင့်”လို့ပြောပြီး
နိုင်ငံရေးသမားနဲ့စစ်တပ်ကြား သပ်သွားလျှိုတာ၊ ရန် လှည့်တိုက်ပေးတာ။ ဒါပေမယ့်
ထင်သလောက် မပေါက်တဲ့အပြင် နောက်က CNN က အစတခု ထပ်ဆွဲထုတ်ပြတာပါ ခံလိုက်ရသေးတယ်။
ဗီယက်နမ်စစ်တုန်းက ဒေါ်ကြီးဖနောင့်ရိုးက အတက်ထွက်လို့ စစ်မှုထမ်းကင်းလွတ်ခွင့်
ရသွားတဲ့အကြောင်းကို ပြန်ဖော်ပေးတယ်။ ဆရာဝန်က ဒေါ်ကြီးအဖေမျက်နှာကြောင့်
ဖနောင့်အရိုး အတက်ထွက်နေပါတယ်လို့ ဆေးစာရေးပေးလိုက်တာတဲ့။ စစ်တိုက်ရမှာကြောက်လို့
သူရဲဘောကြောင်ပြီး ရှောင်ခဲ့တဲ့ကောင်တဲ့လို့ မပြောရုံတမယ် ဝိုင်းရန်ထောင်ကြတယ်။
ဒီ့မတိုင်ခင်လေးက “အမေရိကန်တွေ ငါ့ဘက်တိမ်းညွှတ်လာတော့မှာပဲ”တွေးပြီး ကာကွယ်ရေးဝန်ကြီးအပါအဝင် အခြား စစ်ရေး၊ နိုင်ငံရေး၊ နိုင်ငံတကာအရေး၊ အရှေ့အလယ်ပိုင်းအရေး၊ သံရေးတမန်ရေး နားလည်သူတွေကိုပြောနေတဲ့ကြားက အားလုံးကိုခါချပြီး ဆီးရီးယားက အမေရိကန်တပ်တွေ ပြန်ရုပ်မယ်ဆိုပြီးလုပ်တော့ သူထင်သလိုမဟုတ်တဲ့ တုံ့ပြန်မှုနဲ့ တိုးမိသွားတယ်။ စစ်လက်နက်ကုမ္ပဏီပိုင်ရှင်ကြီးတွေက မျက်စောင်းခဲလာတယ်။ စစ်ကန်ထရိုက်တာတွေ မျက်စိမျက်နှာ နည်းနည်းပျက်သွားတယ်။ ကာကွယ်ရေးဝန်ကြီးလည်း သိက္ခာရှိရှိ ထွက် ပစ်လိုက်တယ်။ နေတိုးမဟာမိတ်တွေလည်း အတော်လေး မြင်ပြင်းကပ်ကုန်တယ်။ ခြေမကိုင်မိ လက်မကိုင်မိတွေလည်း ဖြစ်သွားကြတယ်။ တကယ်တမ်း တပ်တွေပြန်ရုပ်ဖို့ဆိုတာ လက်တွေ့မှာ အတော်မလွယ်ကူသေးတဲ့ အနေအထားပါ။ ကိုယ်မွှေးတဲ့မီး ကိုယ့်ပြန် လောင်ပြီး အရူးမီးဝိုင်းဖြစ်မယ့်ကိန်းပါ။ ဒါကိုမလျှော့သေးဘူး၊ သူ့ ဒုတိယကကာကွယ်ရေးဝန်ကြီးက တပ်တွေရုပ်ဖို့ကိစ္စဆက်ကိုင်တွယ်ဖို့ သူ အမိန့်ပေး ပြီးပြီ၊ နောက်ထပ် တပ်ရုပ်စရာက အာဖဂန်နစ္စတန်ပဲ ဘာညာနဲ့ အလုံးကြီးတွေပစ်နေတယ်။
တပ်တွေသာ တကယ်ရုပ်မယ်ဆို စစ်ဗိုလ်စစ်သားတွေရဲ့မိသားတွေ ဆွေမျိုးတွေ ဝမ်းသာကြမှာပဲ။ ထောက်လည်း ထောက်ခံကြမှာပဲ။ စစ်အရင်းရှင်ကြီးတွေ၊ စစ်ကုန်သည်ကြီးတွေ၊ စစ်ပွဲစားကြီးတွေ၊ ဘဏ်သူဋ္ဌေးကြီးတွေ ဆထက်ထမ်းပိုးဓနတွေတိုးစေဖို့ သူတို့လင်တွေ၊ သားတွေ မိဘမောင်ဘွားတွေ ပြည်ပနိုင်ငံတွေသွား အသေခံနေကြရတာ မဟုတ်လား။ ဒါပေမယ့် ခက်နေတာက အဲ့ဒီ စစ်သားမယား တွေဆိုတာက လော့ဂ်ဟိမာတင်လို့၊ နော့သ်ရော့ကရူးမင်းလို၊ ဘိုးရင်းလိုဟာတွေမှာ ရှယ်ယာလေးတောင် လက်ကြီးကြီး မဝယ်နိုင်တာပဲ။ သူတို့လင်တွေသားတွေ မိဘမောင်ဘွားတွေလက်ထဲ သေနတ်သာရှိပေမယ့် ပစ်မိန့်ပေးနိုင်တဲ့အာဏာက သူတို့ပြောင်းဝကလာတာမှ မဟုတ်တာ။ စစ်လက်နက်ပစ္စည်း ထုတ်လုပ်ရောင်းချရင်း၊ စစ်တိုက်စားရင်းကြီးပွားနေတဲ့ကောင်က စစ်ပွဲမရှိရင် လက်နက်သစ်တွေ တကယ့်လက်တွေ့ ဘယ်နားသွားစမ်းသပ်ပြရင်း ကြော်ငြာရင်း ဈေးခေါ်လို့ရပါ့မလဲ၊ ရှိတဲ့လက်နက်တွေ ဘယ်နားသွား ဖြုန်းပစ်ရပါ့မလဲလို့ အမြဲတွေးပူနေရတာလေ။ စစ်သားမယားက လင်သားအတွက်လောက် ပူရတာ။
ခရစ္စမတ်စ်မတိုင်ခင်လေးမှာပဲ မက္ကဆီကို-အမေရိကန်နယ်စပ် တံတိုင်းခတ်ဖို့လိုငွေ ဘီလီယံ ၂ဝ ထဲက ၅ ဘီလီယံကို အရင်ပေးထားရမယ်လို့ လွှတ်တော်တွေကို လည်မျိုသွားညှစ်တာ ဟိုတွေက နယ်စပ်လုံခြုံရေးအတွက် လိုအပ်တာလည်းမှန်တယ်။ ငွေလည်း ထိုက်သလောက် ပေးမယ်။ တံတိုင်းတော့ မလိုဘူး။ ငွေလည်း တောင်းသလောက်ခွင့်မပြုဘူးလို့ ခံထားလိုက်တော့ အေး..ဒါဆို အဲ့ဒါကို ငါလည်း လက်မှတ် မထိုးဘူးကွာ ရှပ်ဒေါင်းမကလို့ ခွပ်ဒေါင်းဖြစ်ဖြစ်ဆိုပြီး ညစ်လုံးပြန်လုံးတော့ ဂါးဗမင်န့်ရှပ်ဒေါင်းဖြစ်သွားတယ်။ အဲ့ဒါကို အေးအေးမနေဘူး၊ ခရစ္စမတ်စ်နေ့မှာ အမေရိကန်စစ်သားတွေနဲ့ ဖုန်းဆက်နှုတ်ခွန်းဆက်စကားပြောရင်း ငါကတော့ အဲ့ဒီငွေ မရမခြင်း အစိုးရပြန်မပွင့်လည်း ဒီအတိုင်းနေမယ်ဆိုပြီး လုပ်ချလိုက်တော့ လူ့ချဉ်ဖတ် ပိုဖြစ်သွားတယ်။
ဟော အခု အဲ့ဒါတွေရဲ့ဂယက်အပြင် တရုတ်နဲ့ဖြစ်တဲ့ကုန်သွယ်ရေးစစ်ကလည်း နဂါးအမြီးမကုပ်ဘဲ ကျားမြီးဆွဲမိသွားတယ်။ လောလောဆယ် မှာတော့ အဲ့ဒီကိစ္စကြီးက ဖြဲချောက်ရုံလောက်ဖြစ်နေတယ်။ အောက်ကိုးနဲ့ ဟောက်ထုတ်သလိုဖြစ်သွားတယ်။ နောင်တော့ ဘယ်အထိ ၂ ဘက်နာ နာကြမလဲ မပြောတတ်သေးဘူး။ လတ်တလောမှာ တရုတ်ကို ဘယ်လောက် ထိမထိ မပြောနိုင်ပေမယ့် ကိုယ့်ဘက်ထိချက်က ချက်ခြင်းသိသာလာတယ်။ ကုန်ပစ္စည်းထုတ်လုပ်မှုတွေ ကမောက်ကမ ဖြစ်လာတယ်။ စက်ရုံ အလုပ်ရုံ၊ ကုမ္ပဏီတွေရှေ့မှာ ထောင်ထောင် ထားတဲ့ Hiring now လူသစ်ငှားရမ်းနေပါသည်ဆိုတဲ့ ဆိုင်းဘုတ်လေးတွေ နည်းနည်းလာတယ်။
အဲ့လိုတွေ တဘက်မှာဖြစ်နေတုန်း တရုပ်ဖုန်းကုမ္ပဏီပိုင်ရှင်တပိုင်းလည်းဖြစ်
စီးပွားရေးဆိုင်ရာအမှုဆောင်လည်းဖြစ်သူကို အီရန်နဲ့ဆက်လို့ ဆိုပြီး ကနေဒါကိုဖမ်းခိုင်းတာကလည်း
မြွေပူရာကင်းမှောင့်ဖြစ်ပြန်တယ်။ တရုတ်ကလည်း ကနေဒါ ၃ ဦးကိုပြန်ဖမ်းထားတယ်။ စစ်အေး
တခေတ်လုံး အဲ့သလိုမျိုး အပြန်အလှန်တွေ ဓားစာခံသဘောဖမ်းကြ၊ ပြန်လဲလှယ်ကြတာ ဘာမှမထူးဆန်းဘူး။
ဟိုတုန်းက သူ့ဘက်ကိုယ့်ဖမ်း ကြပြီဟေ့ဆို သံတမန်နိုင်ငံကူးလက်မှတ် ကိုင်ထားသူတွေများတယ်။
ဖမ်းရင်လည်း ဒလျှိုလုပ်လို့ဆိုပြီး ဖမ်းတာ။ သံတမန်လုပ်ငန်းမှာ ဒလျှိုလုပ်ငန်းဟာ
အခရာကျတဲ့လေတော့တော့ မပြေးသော်လည်းကန်ရာရှိ အဖမ်းခံကြရတာပဲ။ ခု ဖမ်းတာက
သံတမန်တွေမဟုတ်ဘူး။ စီးပွားရေးသမားတွေ၊ နိုင်ငံရေးဆက်နွယ်စီးပွားရေးသမားတွေဆိုတော့
နည်းနည်းထူးမှာပဲ။ ခေတ်ကလည်း စစ်အေးခေတ်မဟုတ်ဘူး။
အဲဒီလို အသူရာနဲ့သိကြားမင်းစစ်တွေဖြစ်နေတုန်း ဒေါ်လာငွေသခွပ်ပင်က မီးတကျီကျီဖြစ်လာတယ်။ အိမ်ရှေ့ပူ အိမ်နောက်မချမ်းသာ ဖြစ်လာတယ်။ ဒေါ်လာကို နိုင်ငံခြားအရန်ငွေအဖြစ် သိမ်းသူတွေစိတ်ထဲ "တောင်ပံနီဒင်္ဂါးတွေဖြစ်ကုန်ရင်တော့ ကိုယ်ကျိုးနည်းရချည်ရဲ့"ဆိုပြီး လက်ထဲ သိပ်မထားချင်တော့ဘူး။ အရင်ကဝယ်ထားတဲ့ အမေရိကန်အစိုးရငွေချေးစာချုပ်တွေကို မသိမသာရောရော သိသိသာသာရော၊ တိုးတိုးတိတ်တိတ်ရော ဗြောင်ကျကျရော ထုတ်ရောင်းလာကြတယ်။ ဗဟိုဘဏ့်ခေါင်းပေါ် ငွေကြေးဗြမ္မာ့ဥက္ခောင်းက ကျလာတယ်။ သူတင်လိုက်တဲ့ ဗဟိုဘဏ်ဥက္ကဌကလည်း ချေးငွေအတိုးနှုန်းကို မြှင့်လိုက်တယ်။ ဗဟိုဘဏ်ဥက္ကဌဆိုတာ အမေရိကန်ငွေကြေးပေါ်လစီကို ကျားကန်ပေးရတဲ့လူ။ ပြည်တွင်းပြည်ပ နိုင်ငံတကာ၊ ကုန်သွယ်ရေး၊ စီးပွားရေး၊ ငွေကြေးဖလှယ်မှု၊ သွင်းကုန်ထုတ်ကုန်၊ တဦးချင်းဝင်ငွေ၊ တမျိုးသားလုံး အသားတင်ထုတ်လုပ်မှု၊ ငွေဖောင်းပွနှုန်း၊ ငွေကျုံ့ဝင်နှုန်းစတာတွေကို အဘက်ဘက်က တွက်ချက်ပြီးမှ ငွေကြေးပေါ်လစီ ချမှတ်ရတာ။ သမ္မတက အမည်စာရင်းတင်သွင်းသူမှန်ပေမယ့် တိုင်းပြည်မျက်နှာကြည့်ပြီး ငွေကြေးကိစ္စကိုင်တွယ်တာမှာ သမ္မတမျက်နှာ ထောက်နေစရာမလိုဘူး။ သူ့မှာ ငွေလုပ်စက်မရှိပေမယ့် ငွေလုပ်နိုင်တဲ့ပါဝါရှိတယ်။ ငွေတိုးနှုန်းတွေ တက်လာတယ်။ ဒေါင်းဂျုံးစ်လို့ဆိုတဲ့ စတော့ရှယ်ယာဈေးကွက် အတက်အကျပြမြားဦးက အောက်စိုက်လာတယ်။ ရှယ်ယာဈေးတွေ လုံးပါး ပါးလိုက်လာတယ်။ ဒီတင် ဒေါ်ကြီး ကျားနာခဲ ခဲပြီး ဘဏ္ဏာရေးဝန်ကြီးကို ထုတ်မယ်တွေဘာတွေ ခြိမ်းခြောက်အကျပ်ကိုင်လာတယ်။ သူတင်တဲ့ ဝန်ကြီးတွေပဲ သူ့ပြန် ကလန် ကြတာ။
CNN
သတင်းသမားနဲ့သူနဲ့ ခွန်းကြီးခွန်းငယ်ဖြစ်ကြတာမှာလည်း သူတင်တဲ့
ဗဟိုတရားရုံးချုပ် တရားသူကြီးကပဲ “သတင်းသမားကို အိမ်ဖြူတော်လာ
သတင်းယူခွင့်ပိတ်ပင်နိုင်တဲ့အာဏာ သမ္မတမှာမရှိဘူး၊
သူ့သတင်းထောက်ကဒ်ပြန်ပေးလိုက်ပါ”လို့ ဖွဲ့စည်းပုံအခြေခံဥပဒေ ကိုင်ပြီး
စီရင်ချက်ချလိုက်တော့ ဒေါ်ကြီး ထွန့်ထွန့်လူးသွားတယ်။ ငါမွေးတဲ့မျောက်
ငါ့ပြန်ချောက်ရကောင်းလား ဖြစ်သွားပေမယ့် ဘာမှ လုပ်လို့မရဘူး။
လက်ဖျားနဲ့သွားတို့လို့မရဘူး။
ဒီကြားထဲ သူ့တဖားဖား မယားကလည်း
တမျိုး။ သမ္မတကတော်ပေမယ့် အိမ်ဖြူတော်မှာ လင်နဲ့အတူ မနေသူ။ မော်ဒယ်ဘဝကနေ သမ္မတကတော်
First Lady ဖြစ်လာတာဆိုတော့ နိုင်ငံရေးအဝန်းအဝိုင်းထဲ မဝင်ဆန့်ဘူး။ မစ်ရှဲလ်အိုဘားမားရဲ့စကားတွေကို
သူ့မိန့်ခွန်းထဲ ခိုးထုတ်ခိုးထည်နဲ့မိခဲ့တယ်။ ရဟတ်ယဉ်ပေါ်တက်ခါနီး
လင်တော်မောင်ကလက်ဆွဲတာကို ပုတ်ချတဲ့အထိ စိတ်မစောင့်စည်းနိုင်လို့ လူပြောစရာ
လူရီစရာဖြစ်ခဲ့တယ်။ ပွဲတက်တိုင်းလည်း ရှိုးတိုးရှန့်တန့်တွေနဲ့ ဗိုလ်ပုံအလယ်
မင်းပရိတ်သတ်တွေကြား မင်းခန်းမင်းနားတွေမှာ အိနြေ္ဒမရတာမို့ အမေရိကန်တွေက
မျက်နှာပူကြတယ်။ လှောင်ကြ သရော်ကြတယ်။ သူကလည်း လင်တောင်မောင့်အားကျမခံ သမ္မတ ကတော်ရုံး
အကြီးအကဲကို ဖြုတ်ပစ်လိုက်တယ်။ ဒါက ကိုယ်ရေးကိုယ်တာဆိုပေမယ့် သူက သမ္မတကတော်ဆိုတော့
နိုင်ငံရေးဖြစ်သွားတယ်။
ဒေါ်ကြီး သမ္မတတက်ဖြစ်ပြီးမှ
ဖြုတ်ထုတ်ရှင်းလုပ်ခဲ့တဲ့ ဝန်ကြီးတွေအပါအဝင် အိမ်ဖြူတော်နဲ့ အစိုးရထိပ်တန်းအရာရှိပေါင်း
အယောက် ၄ဝ ကျော်ပြီ။ သူနဲ့ဖြစ်ခဲ့တဲ့ ဒါမှမဟုတ် သူ ပြဿနာ မီးခွက်ထွန်းရှာလွှတ်လိုက်တဲ့လူတွေကိုကြည့်
နိုင်ငံရေးသမားတွေ၊ စီးပွားရေးပညာရှင်တွေ၊ ငွေကြေးကျွမ်းကျင်သူတွေ၊ စီမံခန့်ခွဲရေးဂုရုတွေ၊
သံကြီးတမန်ကြီးတွေ၊ စစ်ဗိုလ်ဟောင်းကြီးတွေ၊ ဥပဒေနဲ့တရားရေးဌာနက လူတွေခည်းပဲ။ အားလုံးဟာ
သူ့နယ်နဲ့သူ ထင်ရှားကြသူတွေ နံမည်ကောင်းရှိသူတွေများတယ်။ တရားဥပဒေကို၊
ဖွဲ့စည်းပုံကို၊ စည်းမျဉ်းစည်းကမ်းတွေကို၊ ကျင့်ဝတ်ကျင့်ထုံးတွေကိ၊
သံခင်းတမန်ခင်းတွေကို လေးစားတန်ဖိုးထားကြသူတွေဖြစ်သလို အမေရိကန်နှုန်းစံ
တန်ဖိုးတွေကိုလည်း မြတ်နိုးတနာရှိကြသူတွေဖြစ်နေတယ်။ သူ့လို Popular Politics
ကြိုက်လုံးပစ်နိုင်ငံရေးနဲ့လှည့်ဖျား၊ ငွေနဲ့ပေါက်ပြီး အာဏာထဲရောက်လာတဲ့ တဇောက်ကန်း
တဇွတ်ထိုးသမားတွေ မဟုတ်ကြဘူး။
အမှန်က သူ အကျပ်ရိုက်နေတာ။ မျောက် မီးခဲကိုင်မိနေတာ။
အရူးမီးဝိုင်းဖြစ်နေတာ။ ဘာတွေ ဆက်ဖြစ်ဦးမလဲကတော့ နှစ်သစ်ကူးပြီးမှ ငွေရောင်ပိတ်ကားပေါ်
ဆက်ကြည့်ရမှာဘဲ။ သူ့မဲပေးမိသူတွေအဖြစ်က မျောက်လက် စက်သေနတ် အပ်မိလိုက်တာ။ သူ့
မထောက်ခံတဲ့ လူတွေအတွက်ကျ အရူးနဲ့လင် အပေးစားခံလိုက်ရတာ။ နိုင်ငံတကာကတော့
ကိုယ်နိုင်ငံအိမ်ဦး ချေးတက်ပါမရအောင် လူ့စည်း ဘီလူးစည်းတွေ သားသားလာတာလည်း
မြင်နေရတယ်။
မျိုးမြင့်ချို(ဒီဇင်ဘာ ၂၆၊ ၂ဝ၁၈)
0 comments:
Post a Comment