မလက်နိင်တဲ့ကြွေ မခုန်နိင်တဲ့ကြက်(မြစ်ကျိုးအင်း)
(၂)
(၃)
(၄)
(၁)
မကြာခင်စပါးပေါ်ချိန် ရောက်တော့မယ်ဆိုတော့
သပြေတန်းရွာရော စစ်စီးတောရွာရော လှုပ်လှုပ်ခတ်ခတ် ဖြစ်လာကြတယ်။ သပြေတန်းဘက်ကလည်း
ရွာသားအချင်းချင်းစုံရင် ဒီတခါတော့ ငါတို့အလှည့်ပါကွာဆိုပြီး လက်သီးလက်မောင်း
တန်းကြတယ်။ ရွာနှစ်ရွာယှဉ်တိုင်း ခံဘက်ဖြစ်ခဲ့ရသမျှ ဒီတကြိမ်တော့ အနိင်ယူမယ်ဆိုတဲ့မခံချင်စိတ်တွေ
တဖွားဖွားထွက်နေကြလေရဲ့။ အဲ့ဒီလိုပဲ စစ်စီးတောဘက်ကလည်း စိတ်ကူးနဲ့ရွှင်မြူးကြပြန်တယ်။
အရင်အကြိမ်တွေလို အချိန်တန်တော့လည်း စစ်စီးတောက စစ်စီးတောပါပဲကွာဆိုပြီး ဝံ့ကြွားဟန်
ပြုကြပြန်တယ်။ ဒါကလည်း စစ်စီးတောအနေနဲ့ ရာဇဝင်နဲ့ချီပြီး သပြေတန်းရွာအပေါ် အနိင်ကြီးနိင်ခဲ့ဖူးတာကိုး။
ပြောရရင် သပြေတန်းရွာနဲ့ စစ်စီးတောရွာက
ရန်ဘက်နှစ်ရွာလို့တောင် ပြောလို့ရတယ်။ ရန်ဘက်ရွာ ဖြစ်ကြပေမယ့် သပြေတန်းရော
စစ်စီးတောရောက ဟိုးယခင်နှစ်ပေါင်းများစွာတုန်းက တရွာတည်း တပေါင်းတစည်းတည်း
တည်ရှိခဲ့ပြီးမှ နှစ်ခြမ်းကွဲသွားခဲ့တဲ့ ရွာနှစ်ရွာပါ။ လွန်ခဲ့တဲ့နှစ်ပေါင်း
ခြောက်ဆယ်ကျော်တုန်းက ဒီနေရာမှာပဲ ရွှေသာယာရွာဆိုပြီး တည်ရှိခဲ့တာပေါ့။
အဲ့ဒီ့အချိန်တုန်းကတော့ ရွှေသာယာရွာ ဆိုတာ အင်မတန်စည်ကားခဲ့တဲ့ ရွာကြီးပေါ့လေ။
ရွာနီးချုပ်စပ် ပါတ်ဝန်းကျင် ရွာတွေက အမှီသဟဲ ပြုရလောက်တဲ့အထိ
လယ်ယာချောင်းမြောင်းနဲ့ ကြွယ်ဝချမ်းသာသူတွေရှိခဲ့တဲ့ ရွာကြီးဖြစ်ခဲ့လေရဲ့။
ဒါကလွန်ခဲ့တဲ့နှစ်ပေါင်း
ခြောက်ဆယ်လောက်အထိ တည်ရှိခဲ့တဲ့ဖြစ်စဉ်ပါပဲ။ နောက်ပိုင်းမှာ ကြမ္မာဆိုးဝင်ချင်တော့
ရွှေသာယာရွာကို အုပ်ချုပ်တဲ့ ရွာသူကြီးကိုဆန်း ခွေးရူးကိုက်ခံလိုက်ရပြီး
ဆုံးပါးသွားတယ်။ အဲဒီနောက်ပိုင်းကစပြီး ရွှေသာယာမှာ ရွာသူကြီးနေရာ
အပြိုင်အဆိုင်လုကြရင်း မဲဆွယ်ကြရင်း တဖက်နဲ့တဖက် အငြင်းအခုန်တွေ စဖြစ်လာကြတယ်။
ရွာလူကြီးတွေ အချင်းချင်း အယူဝါဒ မတူညီရာကနေစပြီး ရွှေသာယာရွာကြီးရဲ့တည်ငြိမ်မှု
အက်ကြောင်းထင်လာခဲ့တယ်။ စကားလုံးတိုက်ပွဲတွေ ဆင်နွဲကြတယ်။ နောက်ဆုံး တုတ်တပြက်
ဓါးတပြက်အထိဖြစ်ပြီး ရွှေသာယာရွာလည်း နှစ်ခြမ်းကွဲသွားရတော့တာပါပဲ။ ဒါကရွှေသာယာနဲ့
ပါတ်သတ်တဲ့ သမိုင်းကြောင်းပေါ့။
အဲဒီနောက်ပိုင်းတော့ ရွာလယ်ကနေ
ဖြတ်စီးဆင်းနေတဲ့ သာယာအေးချောင်းက ရွာနှစ်ရွာရဲ့နယ်နမိတ်စည်း ဖြစ်လာတော့တယ်။
စစ်စေးပင်တွေရှိနေတဲ့ မြောက်ဘက်အခြမ်းကို စစ်စီးတော(စစ်စေးတော)ရွာလို့ခေါ်ပြီး သပြေပင်တွေပေါက်ရောက်တဲ့
တောင်ဘက် ခြမ်းကိုတော့ သပြေတန်းရွာလို့ အလွယ်ခေါ်ရာကနေ အခုတော့ စစ်စီးတောရွာနဲ့
သပြေတန်းရွာရယ်ဆိုပြီး ရွာနှစ်ရွာ ဖြစ်လာတော့တာပါပဲ။ သာယာအေးချောင်းကို
တံတားတစ်စင်း ထိုးထားပေမယ့် တရွာနဲ့တရွာ ကူးလူးဆက်ဆံမှု အင်မတန် နည်းပါးတယ်။ ရုပ်ရှင်တွေထဲကလို
နှစ်ခြမ်းကွဲရွာတွေရဲ့ပုံစံအတိုင်း တစ်ရွာမှာ ဘုန်းကြီးကျောင်းရှိပြီး
နောက်တစ်ရွာမှာ သင်္ချိုင်းရှိတာမျိုးလည်း မဟုတ်ပါဘူး။ ကိုယ့်ရွာနဲ့ကိုယ်
ဘုန်းကြီးကျောင်းကိုယ်စီ သင်္ချိုင်းကိုယ်စီ ရှိကြတာပါပဲ။
အဲ..သပြေတန်းဘက်ကသင်္ချိုင်းမှာ မြေပုံတွေပိုများတာကတော့ စစ်စီးတောထက် ပိုသာတာတခုလို့
ပြောရင်ရမယ်။ ဒါကလည်း သပြေတန်းဘက်မှာနေတဲ့သူ ပိုများတာကြောင့်လို့ ယေဘူယျကောက်ချက်ချရမှာပါ။
ပြောရရင် ရွာနှစ်ရွာ ကွဲပြီးချိန်ကစပြီး
သပြေတန်းရွာက မိရိုးဖလာ လယ်ယာလုပ်ငန်းပဲဆက်ပြီးလုပ်ကိုင်ခဲ့ကြတာကြောင့်
ရရစားစားဘဝနဲ့ ချမ်းသာတဲ့သူ သိပ်မများဘူး။ စစ်စီးတောနဲ့ယှဉ်ရင် ပိုပြီး
ဆင်းရဲနှုံချာတယ်လို့ ဆိုရမယ်။ စစ်စီးတောကတော့ သပြေတန်းနဲ့ ဆန့်ကျင်ဘက် ပါပဲ။
အနည်းစုက မိရိုးဖလာလယ်လုပ်သူတွေ
ရှိသေးပေမယ့် အများစုကတော့ ငါးမွေးကန်တွေတူးတယ်။ သားသတ်လိုင်စင်ယူပြီး
ရွာနီးချုပ်စပ်ကို အသားငါး ရောင်းချသလို တရားမဝင် အရက်ချက်လုပ်ငန်းတွေလည်း ရှိတယ်။
ငွေရလွယ်ရင်ပြီးရော ဘာမဆိုလုပ်တဲ့ ရွာလူကြီးအပါအဝင် ရွာသားတွေကြောင့်
သပြေတန်းထက်စာရင် ပိုပြီးကြွယ်ဝ ချမ်းသာကြတယ်။ ပြီးတော့ သပြေတန်းနဲ့ယှဉ်ရင်
ပိုပြီးစရိုက်ကြမ်းတယ်လို့လည်း ဆိုရမယ်။ ဒါကြောင့်လည်း သပြေတန်းဘက်က
ငါတို့ရှူတဲ့လေက ပိုလတ်ဆတ်တယ်ဆိုပြီး ရွာထဲက နောက်တက်လူငယ်တွေကို အားပေးလေ့ရှိတယ်။
ရွာနှစ်ရွာက အကူးအလူးအဆက်အဆံ
နည်းတယ်ဆိုပေမယ့် စပါးပေါ်ချိန် တချိန်တော့ ရွာနှစ်ရွာ အဆက်အဆံရှိကြတယ်။ ဒီဘက်နယ်
တကြောရဲ့ အစွဲလမ်းဆုံးဝါသနာတခုကတော့ ကြက်တိုက်ကြတာပဲ။ ဒါကြောင့် သပြေတန်းရွာဘက်မှာ
စပါးပေါ်ပြီး ငွေစကြေးစ ရွှင်တဲ့အချိန်ဆို စစ်စီးတောရွာနဲ့ ချိန်းပွဲလေးတွေရှိတတ်သလို
နဂိုအခံ အငြိုးလေးတွေရှိတာကြောင့်လည်း ချိန်းပွဲတိုင်းက မြိုင်မြိုင်ဆိုင်ဆိုင် လည်း
ရှိတတ်ကြတယ်။ ကြက်ပွဲမှာ စစ်စီးတောဘက်ရော သပြေတန်းဘက်ပါ ရွာလုံးကျွတ်
ရှိသမျှပုံလောင်းကြတယ်။ အောလောင်း ကြတယ်။ လယ်, လယ် ချင်းထပ်ပြီး
လောင်းကြတာတောင်ရှိတယ်။
ရွာနှစ်ရွာလုံးမှာ ကြက်သမားတွေ
ကိုယ်စီရှိကြပေမယ့် စပါးပေါ်ချိန်ရောက်ပြီး ငွေစကြေးစရွှင်ပြီဆို တရွာထဲသားချင်း
ကြက်တိုက်လေ့မရှိဘဲ တဖက်ရွာနဲ့သာချိန်းပြီး ကြက်တိုက်လေ့ရှိကြတယ်။ ကြက်ပွဲရဲ့အနိင်အရှုံးက
ရွာတစ်ရွာချင်းစီရဲ့ဂုဏ်သိက္ခာဖြစ်သလို တချို့တွေအတွက် ပုံအောရင်းနှီးထားရတဲ့
ဘဝတခုလုံးစာလည်း ဖြစ်နေတော့တယ်။ ဒါကြောင့် စပါးပေါ်ဖို့ သုံးလေးလအလိုလောက်ထဲက
ရွာရဲ့ ကြက်သမား တွေက ကိုယ့်ရဲ့တိုက်ကြက်ကို တသသ လုပ်နေကြသလို
ချိန်းပွဲရက်နီးရင်လည်း ဗေဒင်မေးကြ ယတြာချေကြပြန်တယ်။ ကြက်တိုက်မယ့် နေ့မှာ
ကြက်ကု(ကြက်ကိုင်)က ဘာအရောင် ဝတ်ရမယ် ၊ တိုက်မယ့်ကြက်ကို ဘာနေ့နံနဲ့နာမည်ပေးရမယ်ဆိုတဲ့အထိ
အကဲပိုကြတယ်။ စေ့စေ့စပ်စပ် ပြင်ဆင်လေ့ရှိကြတယ်။ ဒါကြောင့်လည်း အခုလို
စပါးပေါ်ချိန်နီးလာပြီဆိုတော့ နှစ်ဘက်ရွာစလုံး လှုပ်လှုပ်ခတ်ခတ်တွေ
ဖြစ်နေကြတော့တာပေါ့။
(၂)
သပြေတန်းရွာဘက်မှာ ကြက်ကိုင်ကောင်းတဲ့သူက
ကိုရင်ဒီရေ ရှိတယ်။ သူ့ကိုမွေးတဲ့အချိန်က ရွာနှစ်ရွာကြားက ချောင်းထဲထိ ထူးထူးခြားခြား
ဒီရေတွေတိုးလာချိန်မှာ တိုက်ဆိုင်ပြီးမွေးလာတာနဲ့ပဲ ဒီရေဆိုတဲ့နာမည် ပေးလိုက်တာ။
သင်္ကန်းစည်းတော့လည်း ရွာက ကိုရင်ဒီရေဆိုပြီး အလွယ်ခေါ်ကြရာကနေ လူထွက်ပြီးတဲ့အထိ
ဒီနာမည်ပဲ တွင်သွားတော့တယ်။ ကိုရင်ဒီရေက သင်္ကန်းဝတ်ဘဝနဲ့ ကြာကြာမနေနိင်တာလည်း
ဒီကြက် ကြောင့်လို့ပဲဆိုရမယ်။ အရွယ်လေးရကတည်း သူ့အဖေနဲ့ ကြက်ဝိုင်းတွေရောက်ရင်းကနေ
တိုက်ကြက်မွေးတာ ဝါသနာပါသွားတော့ တာ။ ကိုရင်ဘဝနဲ့တစ်ဝါမပြည့်ခင်မှာပဲ လူထွက်ပြီး
ကြက်မွေး ကြက်တိုက်ကိုပဲ ဇောင်းပေး လုပ်တော့တယ်။
စစ်စီးတောဘက်မှာကျတော့ ကြက်သမားငပုရှိတယ်။
ငပုက နာမည်ပြောင်ပေးထားတဲ့အတိုင်းပဲ အရပ်က ပုတက်တက်ဖြစ်ပြီး လူတယောက်ကိုကြည့်ရင်
ပေစောင်းစောင်း ကြည့်တတ်တာကြောင့် ငပုနဲ့တည့်တဲ့သူတော့ ရှားတယ်။ စကားပြောရင်လည်း
ဗလောင်းဗလဲ နိင်လွန်းတော့ ငပုကိုသတိထားပေါင်းကြရတယ်။ ဒါပေမယ့် ငပုကို
ပစ်ပစ်ခါခါလုပ်လို့မရတာက ကြက်ဝိုင်းတွေကြောင့်ပဲ။ ငပုက စစ်စီးတောမှာတော့
ကြက်ကိုင်အကောင်းဆုံးလို့ သတ်မှတ်ကြတယ်။ ဟုတ်တော့လည်းဟုတ်တယ်။
ငပုကိုင်တဲ့ကြက်တိုင်းက အရှုံး နဲတာကြောင့် စစ်စီးတောတစ်ရွာလုံးကလည်း အချိန်တန်ရင်
ချိန်းဝိုင်းအတွက် ကြက်သမားငပုကိုပဲ အားကိုကြရတယ်။
ဒါကြောင့် ရွာနှစ်ရွာရဲ့ကြေးအကြီးဆုံး
ချိန်းဝိုင်းကြီးတွေကို သူတို့တွေရဲ့ကြက်နဲ့ပဲ တိုက်လေ့ရှိသလို စစ်စီးတောနဲ့သပြေတန်း
တရွာလုံးကလည်း ယုံယုံကြည်ကြည်နဲ့ ပုံလောင်းလေ့ရှိကြတယ်။ တရွာလုံးက
ယုံကြည်အားကိုးရလောက်အောင်လည်း သူတို့တွေက ကြက်နဲ့ ပါတ်သက်ရင် စနစ်တကျရှိတယ်။
ဂရုတစိုက်ရှိတယ်။ ဝါရင့်ကြက်သမားတွေပီပီ ကြက်ကိုဂရုတစိုက်နဲ့ပြုစုတယ်။
တိုက်ကြက်ကောင်းတစ်ကောင် ဖြစ်လာဖို့ ဆိုတာ အချိန်ပြည့် ဂရုတစိုက်နဲ့ပြုစုရတယ်လို့
အခါအခွင့်သင့်တိုင်း လက်သင် ကြက်သမားလေးတွေကို ပြောပြလေ့ရှိတယ်။
“ကြက်များ ဂရုစိုက်ရတာလွယ်တယ်မှတ်လို့။
အိမ်ကအဖေအမေထက်တောင် ဂရုစိုက်ရသေးတယ်ဟ။ အစာကျွေးရင်တောင် ဒီအတိုင်း ကြဲပက်ကျွေးလို့မရဘူး။
အိုးဖြစ်ဖြစ် ခွက်ဖြစ်ဖြစ်ယူ၊ အဲ့ဒီအိုးအဝကို ပိတ်စည်းပြီးမှ အဲ့ဒီပိတ်စပေါ်
အစာတင်ကျွေးရတာ။ မြေကြီးပေါ် ချကျွေးတော့ ဘာဖြစ်လဲသိလား။ ကြက်ကအစာကောက်တော့
နှုတ်သီးနာတာပေါ့။ ခွပ်တဲ့အချိန်အနာဒဏ်ရာ ကင်းမှဖြစ်မှာကိုး” ကိုရင် ဒီရေက
သူ့တိုက်ကြက်လေးရဲ့တောင်ပံကို မကြည့်ရင်းပြောတော့ ကာလသားပေါက်လေးတွေခမျာ
ခေါင်းတညိတ်ညိတ်နဲ့ နားထောင်ရ ရှာတယ်။
ပြီးတော့ သူ့ကြက်တောင်ပံတဖက်ကို
မြှောက်ပြရင်း ဆက်ပြောပြန်တယ်။ “ဒီမှာကြည့်။ တောင်ပံအရင်းကိုကြည့်။
ပုံမှန်အသားအရောင် အတိုင်းပဲ နီနေတာတွေ့တယ်မဟုတ်လား။ ဒါဆို ငါ့ကြက်က အဆီမတက်ဘူးဆိုတဲ့သဘောပဲ။
တကယ်လို့ တောင်ပံအရင်း အရေပြား အောက်မှာ ဝါနေပြီဆိုရင် အဲ့ဒါ အဆီတွေတက်နေပြီ။
ဒါဆိုအဆီချပေးရတော့မယ်”
“ကြက်ကို ဘယ်လိုအဆီချတာလဲ ကိုရင်ဒီရေရဲ့။ ဓါးနဲ့လှီးဖြတ် ခွဲစိတ်ရသေးတာလား”
“လခွမ်းတဲ့မှ ဓါးနဲ့လှီးစရာလားဟ။ နေပူထဲ သုံးလေးငါးရက်လောက် ကြိုးချည်ထားရတာပေါ့။ ဒါမှ အပူဓါတ်နဲ့ ကြက်လည်းအဆီကျ ကိုယ်ရေစစ်သွားတော့တာပဲ။ ဒါပေမယ့် ကြက်ပန်းတယ်ကွ။ ဒါကြောင့် အဆီမတက်အောင် အစာကျွေးကတည်းက လုံးတီးဆန် ကျွေးတယ်ကွာ။ စပါးကျွေးတယ်ကွာ။ ဆန်အကောင်းများ သွားကျွေးလိုက်ရင် အဲ့ဒီကြက်အဆီတက်လာတော့တာပဲ” ကိုရင်ဒီရေက သူ့ကြက်လေးကို တသသလုပ်ရင်း ရွာထဲကနောက်တက် လူငယ်လေးတွေကို ပညာဖြန့်တဲ့ သဘောနဲ့ ရှင်းပြတယ်။ ကောင်လေးတွေကလည်း လေးလေးစားစားနဲ့ ပညာယူကြတယ်။ သူတို့လည်း ကြက်တိုက်ဝါသနာ ပါတာဆိုတော့ ဒီလိုဝါရင့်ဆရာသမားက သင်ပေးချိန် မှတ်ကြတော့ပဲ။ နောက်ပြီးတော့ ကိုရင်ဒီရေက သူ့ကြက်တွေကို အရမ်းဂရုစိုက်မှန်း တရွာလုံးကသိကြတယ်။ ကြက်ကို ညသိပ်ရင်တောင် ဒီအတိုင်း တန်းပေါ်တင် အိပ်ခိုင်းတာမဟုတ်ဘူး။ သူသာ ပုဆိုးခြုံပြီးအိပ်ရင်သာအိပ်မယ်။ သူ့ကြက်ကို ခြင်ထောင်ချပေးပြီးမှ အိပ်တာ။ “ခြင်မကိုက် တော့ ခဏခဏ အိပ်ရေးမပျက်ဘူးပေါ့ကွာ။ ဒါမှကြက်က လန်းဆန်းပြီး အားရှိတာ။ ဟောဟိုကြိုးပုခက်က ကြက်အိပ်တဲ့ အိပ်ရာပဲ။ ကြိုးပုခက်ပေါ်မှာအိပ်တော့ ခြေကုပ်အား မြဲမယ်ကွာ ၊ အောက်ပိုင်းခိုင်တယ်ကွာ။ ညသန်းခေါင်လောက်ဆို တစ်ခေါက်နှိုးပြီး ရေတိုက်ရ အစာနည်းနည်းကျွေးရတယ်။ အစာဝပြီးမှ ပြန်အိပ်တော့ ပိုအားရှိလာတာပေါ့”
“ကြက်ကို ဘယ်လိုအဆီချတာလဲ ကိုရင်ဒီရေရဲ့။ ဓါးနဲ့လှီးဖြတ် ခွဲစိတ်ရသေးတာလား”
“လခွမ်းတဲ့မှ ဓါးနဲ့လှီးစရာလားဟ။ နေပူထဲ သုံးလေးငါးရက်လောက် ကြိုးချည်ထားရတာပေါ့။ ဒါမှ အပူဓါတ်နဲ့ ကြက်လည်းအဆီကျ ကိုယ်ရေစစ်သွားတော့တာပဲ။ ဒါပေမယ့် ကြက်ပန်းတယ်ကွ။ ဒါကြောင့် အဆီမတက်အောင် အစာကျွေးကတည်းက လုံးတီးဆန် ကျွေးတယ်ကွာ။ စပါးကျွေးတယ်ကွာ။ ဆန်အကောင်းများ သွားကျွေးလိုက်ရင် အဲ့ဒီကြက်အဆီတက်လာတော့တာပဲ” ကိုရင်ဒီရေက သူ့ကြက်လေးကို တသသလုပ်ရင်း ရွာထဲကနောက်တက် လူငယ်လေးတွေကို ပညာဖြန့်တဲ့ သဘောနဲ့ ရှင်းပြတယ်။ ကောင်လေးတွေကလည်း လေးလေးစားစားနဲ့ ပညာယူကြတယ်။ သူတို့လည်း ကြက်တိုက်ဝါသနာ ပါတာဆိုတော့ ဒီလိုဝါရင့်ဆရာသမားက သင်ပေးချိန် မှတ်ကြတော့ပဲ။ နောက်ပြီးတော့ ကိုရင်ဒီရေက သူ့ကြက်တွေကို အရမ်းဂရုစိုက်မှန်း တရွာလုံးကသိကြတယ်။ ကြက်ကို ညသိပ်ရင်တောင် ဒီအတိုင်း တန်းပေါ်တင် အိပ်ခိုင်းတာမဟုတ်ဘူး။ သူသာ ပုဆိုးခြုံပြီးအိပ်ရင်သာအိပ်မယ်။ သူ့ကြက်ကို ခြင်ထောင်ချပေးပြီးမှ အိပ်တာ။ “ခြင်မကိုက် တော့ ခဏခဏ အိပ်ရေးမပျက်ဘူးပေါ့ကွာ။ ဒါမှကြက်က လန်းဆန်းပြီး အားရှိတာ။ ဟောဟိုကြိုးပုခက်က ကြက်အိပ်တဲ့ အိပ်ရာပဲ။ ကြိုးပုခက်ပေါ်မှာအိပ်တော့ ခြေကုပ်အား မြဲမယ်ကွာ ၊ အောက်ပိုင်းခိုင်တယ်ကွာ။ ညသန်းခေါင်လောက်ဆို တစ်ခေါက်နှိုးပြီး ရေတိုက်ရ အစာနည်းနည်းကျွေးရတယ်။ အစာဝပြီးမှ ပြန်အိပ်တော့ ပိုအားရှိလာတာပေါ့”
ဒီလိုကြက်ကို ဂရုစိုက်လွန်းလို့လည်း
သပြေတန်းတရွာလုံးက စစ်စီးတောနဲ့တိုက်ဖို့ ကိုရင်ဒီရေကို ယုံကြည်ကြတာ။
ကိုရင်ဒီရေကလည်း မိုးလင်းမိုးချုပ် ကြက်အလုပ်ပဲလုပ်တယ်။ မနက်နိုးလာတာနဲ့
သူ့အမေကြော်ထားတဲ့ ထမင်းအိုးကင်းပူတိုက်လေးစားပြီးတာနဲ့ ကြက်ကို ရေကိုင်တော့တာပဲ။
ရေကိုင်တယ်ဆိုတာက ကြက်ရဲ့တောင်ပံတွေထဲ ရေလေးဆွတ် လက်နဲ့သပ်ချရင်း ကြက်ရဲ့ပေါင်တွေကို
လက်နဲ့ဆုပ်နယ် တာမျိုးပါ။ အဖေအမေသာ ခြေဆုပ်လက်နယ်မပြုတာ။ သူ့ကြက်ကိုတော့
မနက်တိုင်း ရေကိုင်ပေးတာပဲ။ တွန်သံစူးမှ အတက်စူးတယ် ဆိုတော့ ကြက်တွန်သံလည်း
ဂရုစိုက်ပြီးနားထောင်ရတယ်။
ဒါကြောင့်လည်း ကိုရင်ဒီရေရဲ့ကြက်တွေဆို
စိတ်ချပြီးသာတိုက် တော်ရုံကြက်များတော့ လှည့်ကြည့်စရာကိုမလိုဘူး။ နောက်ဆုံး
ရှုံးရင်တောင် ရုပ်ပျက်ဆင်းပျက် မရှုံးစေရဘူး အသေခံပြီးတိုက်သွားတာဆိုပြီး
နာမည်တစ်လုံးရထားတာ။ ကိုရင်ဒီရေက တိုက်ကြက်တိုင်းကို ဂရုတစိုက် မွေးထားရပေမယ့်
စိတ်ချရတဲ့တိုက်ကြက်ကောင်းရဖို့ဆိုရင် ကံလိုက်ဖို့လည်းလိုသေးမှန်း သဘောပေါက်တယ်။
သူစိတ်ပူတာက ထွန်းကြက်နဲ့ ဆုံမှာပဲ။ တိုက်ကြက်မျိုးကောင်းကနေ လေးငါးကောင်
ပေါက်လာပေမယ့် တစ်ခါတစ်လေ ထွန်းကြက်တွေလည်း ပါလာတတ်တယ်။ အမွှေးက
ရစ်နဲ့တူတဲ့ကြက်မျိုး၊ ခေါင်းမှာ အမောက်အကြီးကြီးရှိတဲ့ စစ်တကောင်းလို့ခေါ်တဲ့
နယားကြက်မျိုး။ ခန္ဓာကိုယ်အရောင် မဲပုပ်ပုပ်မှာ အဝါပြောက် နဲ့ အဖြူပြောက်တွေရှိပြီး
ခေါင်းပုံစံက ကြက်မနဲ့ခပ်ဆင်ဆင်တူတယ်ဆိုတဲ့ မဂိုမျိုးတွေကို ထွန်းကြက်လို့
သတ်မှတ်ကြတယ်။
ထွန်းကြက်ဆိုရင် မကောင်းဘူးလို့
အကြမ်းဖျဉ်းသတ်မှတ်ပေမယ့် တစ်မိပေါက်တစ်ယောက်ထွန်းဆိုသလို ထွန်းကြက်ကောင်းကောင်း ရရင်တော့
ဒီနယ်တကြောမှာ လုပ်စားပေတော့ပဲ။ ထွန်းကြက်ဖြစ်တဲ့ မဂိုနဲ့ပါတ်သတ်ပြီး ကြက်လောကမှာ
စာချိုးလေးတောင် ရှိသေးတယ်။
"မဂိုကောင်း ကျောင်းဆောက်၊ မဂိုမခဲ မယားဆဲ"တဲ့လေ။ မဂိုကြက်များ ကောင်းပြီဆို ကျောင်းဆောက်ရ လောက်အောင် အကျိုးပေးနိင်ပွဲ ရတတ်ပေမယ့် မဂိုကြက်က မခဲရင်တော့ ရှုံးလို့ မယားဆဲတာတောင်ခံရမယ်ဆိုတဲ့ စာချိုးပါပဲ။ ဒီလိုမျိုး အစစအရာရာတွက်ချက်ပြီး ကိုရင်ဒီရေက မကြာခင်ကြုံရတော့မယ့် ရွာနှစ်ရွာရဲ့ အကြီးကျယ်ဆုံးချိန်းဝိုင်းအတွက် စိတ်တိုင်းကျ တိုက်ကြက်ကောင်းတစ်ကောင်ကို တိုးတိုးတိတ်တိတ် လေ့ကျင့်ပေးရင်း စပါးပေါ်ချိန်ကို စောင့်နေခဲ့တယ်။
"မဂိုကောင်း ကျောင်းဆောက်၊ မဂိုမခဲ မယားဆဲ"တဲ့လေ။ မဂိုကြက်များ ကောင်းပြီဆို ကျောင်းဆောက်ရ လောက်အောင် အကျိုးပေးနိင်ပွဲ ရတတ်ပေမယ့် မဂိုကြက်က မခဲရင်တော့ ရှုံးလို့ မယားဆဲတာတောင်ခံရမယ်ဆိုတဲ့ စာချိုးပါပဲ။ ဒီလိုမျိုး အစစအရာရာတွက်ချက်ပြီး ကိုရင်ဒီရေက မကြာခင်ကြုံရတော့မယ့် ရွာနှစ်ရွာရဲ့ အကြီးကျယ်ဆုံးချိန်းဝိုင်းအတွက် စိတ်တိုင်းကျ တိုက်ကြက်ကောင်းတစ်ကောင်ကို တိုးတိုးတိတ်တိတ် လေ့ကျင့်ပေးရင်း စပါးပေါ်ချိန်ကို စောင့်နေခဲ့တယ်။
(၃)
စစ်စီးတောဘက်က ကြက်သမားငပုကလည်း
ကြက်မွေးကောင်းသလို ကြက်ကုကောင်းတဲ့သူအဖြစ်လည်း ဒီနယ်တကြောမှာ နာမည်တလုံး ရထားတယ်။
ငပုကလည်း ကြက်တိုက်နေရရင် ထမင်းမေ့ ဟင်းမေ့ပါပဲ။ ဘယ်ရွာမှာ ကြက်ပွဲရှိတယ်ကြားရင်
ကြက်ငပု ရောက်အောင် သွားတယ်။ အကူအညီတောင်းလို့ သူ့ကို ကြက်ကုလုပ်ခိုင်းရင်လည်း
ငြင်းလေ့မရှိဘူး။ ကြက်အကြောင်း ကောင်းကောင်းနားလည်သလို ကြက်ကိုင်ရာမှာလည်း သူက ညင်သာပါးနပ်တယ်။
ကြက်ပွဲမှာ သူကိုင်ပေးတဲ့ကြက် နှုတ်သီးမြေထောက်ရာကနေ တချက်ကောင်းပြန်ခွပ်ပြီး
နိင်ခဲ့တဲ့ပွဲတွေလည်း မနည်းဘူးဆိုတော့ သူ့ကိုယုံကြည်ကြတာလည်း
အဆိုးမဆိုသာဘူးပေါ့လေ။
အခုလာမယ့် စပါးပေါ်ချိန်
ချိန်းပွဲအတွက်တော့ စစ်စီးတောဘက်က ဖောင်းစိမ်းလေးနဲ့တိုက်မယ်ဆိုပြီး ကြက်ငပုက
သတင်းလွှင့်ထားတယ်။ ဖောင်းစိမ်းဆိုတာက အလွယ်ပြောရရင် အဖြူပေါ်အစိမ်းဖောက်ထားတဲ့ ကြက်မျိုးဆိုပါတော့။
စစ်စီးတောနဲ့သပြေတန်းအတွက် စည်းကမ်း တစ်ခု သတ်မှတ်ထားတာရှိတယ်။ ချိန်းပွဲရဲ့
လောင်းကြေးအကြီးဆုံးပွဲကို ပွဲမတိုးဖူးတဲ့ကြက်နဲ့ တိုက်လေ့ရှိကြတယ်။ အရင်နှစ်က
ပွဲဝင်ခဲ့ဖူးတဲ့ တစ်မွှေးတိုး(တနှစ်သား) နှစ်မွှေးတိုး(နှစ်နှစ်သား)ကြက်တွေကို
ပွဲကြီးအတွက် ပြန်သုံးခွင့်မရှိဘူး။ ဒါကြောင့် ပွဲမဝင်ဖူးတဲ့ကြက်ကို ဘယ်လောက်အထိ
လေ့ကျင့်ပေးနိင်လည်း ခွပ်လက်ကောင်းကောင်းချနိင်လည်းဆိုတာအပေါ်မှာ အနိင်အရှုံးက
မူတည်နေတယ်။
ခွပ်လက်ချတယ်ဆိုတာ
တခြားတိုက်ကြက်တကောင်နဲ့ အရင် အစမ်းခွပ်ခိုင်းတာမျိုးပေါ့။
ပွဲဝင်မယ့်ကိုယ့်ကြက်ရဲ့အနေအထားကိုသိဖို့ အတွက်နဲ့ တကယ့်ပွဲရောက်ရင် ပွဲမစိမ်းအောင်
ခွပ်လက်ချ ပေးတာမျိုး။ ခွပ်လက်လေးချလိုက် ချွဲလေးထုတ်ပေးလိုက်နဲ့ ပုံမှန်လေး
လေ့ကျင့် သွားရတယ်။ ခွပ်လက်ချပြီး ချွဲမထုတ်ပေးရင် နောက်တနေ့အဲ့ဒီကြက် ချွဲကျပ်ပြီး
သေတတ်တော့ ချွဲထုတ်ပေးဖို့ သတိထားရတယ်။
လူက မတ်တပ်ရပ်ပြီး ကြက်ရဲ့ခြေနှစ်ချောင်းကို
ပေါင်ကြားညှပ်၊ ကြက်ကို ဇောက်ထိုးထား၊ ကြက်နှုတ်သီးထဲ ရေလောင်းထည့်ပြီး လည်ပင်းကို
ခပ်ဆတ်ဆတ်လေး ပုတ်ပေးပြီး ချွဲထုတ်ပေးရတယ်။
ကြက်သမားငပုကတော့ သူ့ကြက်ကို ခွပ်လက်တခါချပြီးရင် သုံးပါတ်တိတိ အနားပေးတယ်။ အစာကောင်းကောင်း ကျွေးတယ်။ အားမွေး ခိုင်းတယ်။ ပြီးရင် နောက်တကြိမ် ခွပ်လက်ချပြန်တယ်။ ခွပ်လက်ချတဲ့အချိန်ကို တိုးတိုးပေးသွားပြီး သက်လုံကိုလေ့ကျင့်ပေးတယ်။ သုံးလေးကြိမ်လောက် ခွပ်လက်ချပြီးပြီဆိုရင် သူ့ကြက်ပွဲဝင်ဖို့လုံလောက်ပြီလို့ သတ်မှတ်လိုက်ပြီ။ ခွပ်လက်ချတဲ့အချိန် အနာတရမဖြစ်ဖို့တော့ ကြက်နှစ်ကောင်လုံးရဲ့အတက်တွေကို အဝတ်ပတ်ပေးထားရတာပေါ့။ ခွပ်လက်ချတဲ့ပွဲတွေမှာ သူ့ကြက်ရဲ့တောင်ပံအားယူပုံ ခြေအနှုတ်အသိမ်း တွေကို ကြည့်ပြီး ကြက်သမားငပုကလည်း လာမယ့်ပွဲကြီးအတွက် အားရ ကျေနပ်နေမိတယ်။
ကြက်သမားငပုကတော့ သူ့ကြက်ကို ခွပ်လက်တခါချပြီးရင် သုံးပါတ်တိတိ အနားပေးတယ်။ အစာကောင်းကောင်း ကျွေးတယ်။ အားမွေး ခိုင်းတယ်။ ပြီးရင် နောက်တကြိမ် ခွပ်လက်ချပြန်တယ်။ ခွပ်လက်ချတဲ့အချိန်ကို တိုးတိုးပေးသွားပြီး သက်လုံကိုလေ့ကျင့်ပေးတယ်။ သုံးလေးကြိမ်လောက် ခွပ်လက်ချပြီးပြီဆိုရင် သူ့ကြက်ပွဲဝင်ဖို့လုံလောက်ပြီလို့ သတ်မှတ်လိုက်ပြီ။ ခွပ်လက်ချတဲ့အချိန် အနာတရမဖြစ်ဖို့တော့ ကြက်နှစ်ကောင်လုံးရဲ့အတက်တွေကို အဝတ်ပတ်ပေးထားရတာပေါ့။ ခွပ်လက်ချတဲ့ပွဲတွေမှာ သူ့ကြက်ရဲ့တောင်ပံအားယူပုံ ခြေအနှုတ်အသိမ်း တွေကို ကြည့်ပြီး ကြက်သမားငပုကလည်း လာမယ့်ပွဲကြီးအတွက် အားရ ကျေနပ်နေမိတယ်။
ဒီပုံစံအတိုင်းဆို ဒီနှစ်လည်း
အရင်အကြိမ်တွေလိုပဲ သူ့ရဲ့ကြက် အနိင်ရမယ်လို့ ယုံကြည်နေတယ်။ ဒီနယ်ဘက် မှာတော့
သေနတ်လို့ နာမည်ပေးထားတဲ့ သူ့ရဲ့ကြက်တွေကို ပြိုင်ဘက်တိုင်းက အလေးအနက်ထားကြရတယ်။
ကြက်သမားငပုက သူ့ရဲ့ကြက်တိုင်းကို သေနတ်လို့ နာမည်ပေးပြီး နံပါတ်စဉ်တပ်ခေါ်တယ်၊၊
စစ်စီးတောဘက် ရွာဦးကျောင်း ကပ္ပိယဘရွှေကြီးက သေနတ်ဆိုတဲ့နာမည်ကို အခါတော် ပေးထားတာပေါ့။
ရဲရဲဝံ့ဝံ့တိုက်မယ် အပြတ်ရှင်းမယ်ဆိုတဲ့သဘောလို့မှတ်ယူပြီး ကြက်သမားငပုက
သဘောတွေကျနေတော့တာ။ ကြက်ကပဲ ကောင်းတာလား ပေးထားတဲ့နာမည် သေနတ်ကပဲ စွမ်းတာလား
မသေချာပေမယ့် ကြက်ငပုကတော့ ကြက်ပွဲတိုင်း အောင်လံထူနိင်တာ များတယ်။ ကြက်ငပုကိုယုံကြည်တဲ့
စစ်စီးတော ရွာသူရွာသားတွေလည်း စိုစိုပြေပြေပေါ့လေ။ ဒါကြောင့် ဒီနှစ်ကိုလည်း
သူတို့ပဲနိင်ဦးမှာလို့ စစ်စီးတောဘက်အခြမ်းက ယုံကြည်နေခဲ့ကြတယ်။
(၄)
ဒီနှစ်ကိုတော့ သပြေတန်းဘက်အခြမ်းက
ကိုရင်ဒီရေတို့ကလည်း အထူးအားထားကြတယ်။ ဒီတကြိမ်ကို ဝမ်းဆက်ကြက်နဲ့ တိုက်ဖို့ ရွေးထားလိုက်တယ်။
ဝမ်းဆက်ဆိုတာ အမွှေးက အနီရောင်ဆိုရင် ခြေထောက်လည်းအနီ မျက်လုံးလည်းအနီနဲ့
တကိုယ်လုံးအနီရောင်မျိုး၊ အနက်ဆိုလည်း တကိုယ်လုံးအနက်ရောင်ရှိတဲ့ကြက်မျိုးပေါ့။
တိုက်ကြက်ကောင်းကိုရှာထားပြီး သေသေချာချာ လေ့ကျင့်ပေးထားသလို ကြက်ငပုရဲ့ သေနတ်ကိုနိင်ဖို့လည်း
တတ်သိနားလည်တဲ့လူကြီးတွေကိုမေးပြီး ပွဲဝင်မယ့်ကြက်ကို နာမည်ပေးထားပြီးပြီ။
အခုတကြိမ် သပြေတန်းရွာရဲ့ပွဲဝင်မယ့်
ကြက်နာမည်က ‘မေတ္တာ’ တဲ့ ။
ဒီတော့ တွေ့ကြပြီပေါ့ သေနတ်နဲ့မေတ္တာ။
ဒီတော့ တွေ့ကြပြီပေါ့ သေနတ်နဲ့မေတ္တာ။
ကြက်ပွဲမှာ ဗေဒင်သဘောတရားတွေ
ကတ်ကင်းဓါတ်တွေပါမပါ မသေချာပေမယ့် သေနတ်ကို မေတ္တာနဲ့အနိုင်ယူမယ်ဆိုပြီး တချို့တွေကတော့
လက်ခမောင်းခတ်နေသလို စိတ်ကူးနဲ့ကြည်နူးနေတဲ့ သပြေတန်းရွာသား တွေလည်း မနည်းမနောပါပဲ။
အရင်တခေါက်က သေနတ်ကို ရှုံးခဲ့ရတဲ့ ရှုံးကြွေးလည်း ဒီတကြိမ်တော့
ပြန်ဆပ်နိင်ကောင်းပါရဲ့လို့ တွေးထားကြတယ်။ ကြက်ပွဲအနိင်အရှုံးက သပြေတန်းတရွာလုံးရဲ့အောင်ပွဲ
ဖြစ်တဲ့အပြင် ကြေးကြီးကြီးလောင်းထားကြတော့ ဘဝတခုလုံးစာ လောင်းကြေးလို့ပြောရင်
မမှားနိင်ဘူးပေါ့လေ။
ဒီလိုနဲ့ ချိန်းပွဲနေ့ရောက်တော့
သာယာအေးချောင်းနဘေးက ကညင်ပင်ကြီးအောက်မှာ နှစ်ဘက် ရွာလုံးကျွတ်နီးနီး
ရောက်နေကြတော့တယ်။ ကြက်နှစ်ကောင်ကပ်ပြီး စိန်ခေါ်တဲ့ ပွဲအသေးလေးတွေကလည်း
မနက်ပိုင်းထဲက သူ့အစုနဲ့သူ တချိန်းချိန်းနဲ့ရှိနေကြတယ်။ ကြက်သမားတွေက ကိုယ့်ကြက် ကိုယ်ပိုက်ထားပြီး
ကိုယ်တိုက်ချင်တဲ့ကြက်တွေ့ရင် ကြက်ကြက်ချင်း ကိုယ်လုံးချင်း တစ်ချက်ကပ်လိုက်ရင်ဒါဟာ
ကြက်ပွဲရဲ့ စိန်ခေါ်နည်းတမျိုးပဲ။ ပြီးရင်တော့ ကိုယ့်ကြက်ကို လာကပ်တဲ့ကြက်ရဲ့ အလုံးအရပ်
၊ ကြက်အတက် အရှည်တွေတိုင်းပြီး အလုံးအရပ်တူရင် လောင်းကြေးကို ဒဲ့ လောင်းကြတယ်။
ဒါမှမဟုတ် တဖက်က အလုံးအရပ်ကြီးနေရင်တော့ ကြေးကြောပေးခိုင်းပြီး လောင်းလေ့ရှိကြတယ်။
ကပ်လောင်းတဲ့ပွဲလေးတွေ ရှိနေပေမယ့် အဓိကချိန်းပွဲဖြစ်တဲ့ စစ်စီးတောက ကြက်ငပုရဲ့သေနတ်နဲ့ သပြေတန်းက ကိုရင်ဒီရေရဲ့မေတ္တာတို့ရဲ့ ချိန်းပွဲကိုပဲ လူတွေက မျှော်လင့်အားထားကြတယ်။ ကိုယ့်ရွာဘက်ကနေ ကိုယ်စီကိုယ်စီ ကြေးကြီးကြီးလည်း လောင်းကြေး ထပ်ထား ကြတယ်။ စစ်စီးတောဘက်ကလည်း သေနတ်ကိုယုံသလို သပြေတန်းဘက်ကလည်း မေတ္တာကိုယုံကြည်ထားကြတယ်။ စစ်စီးတောဘက်က သေနတ်ပါရင် ပွဲပြီးတယ်လို့ ကြွေးကြော်ကြသလို သပြေတန်းဘက်ကလည်း မေတ္တာဆိုတာ အရာရာကိုအနိင်ယူပါတယ်ဆိုပြီး ခွန်းတုံ့ပြန်ကြတယ်။
ကပ်လောင်းတဲ့ပွဲလေးတွေ ရှိနေပေမယ့် အဓိကချိန်းပွဲဖြစ်တဲ့ စစ်စီးတောက ကြက်ငပုရဲ့သေနတ်နဲ့ သပြေတန်းက ကိုရင်ဒီရေရဲ့မေတ္တာတို့ရဲ့ ချိန်းပွဲကိုပဲ လူတွေက မျှော်လင့်အားထားကြတယ်။ ကိုယ့်ရွာဘက်ကနေ ကိုယ်စီကိုယ်စီ ကြေးကြီးကြီးလည်း လောင်းကြေး ထပ်ထား ကြတယ်။ စစ်စီးတောဘက်ကလည်း သေနတ်ကိုယုံသလို သပြေတန်းဘက်ကလည်း မေတ္တာကိုယုံကြည်ထားကြတယ်။ စစ်စီးတောဘက်က သေနတ်ပါရင် ပွဲပြီးတယ်လို့ ကြွေးကြော်ကြသလို သပြေတန်းဘက်ကလည်း မေတ္တာဆိုတာ အရာရာကိုအနိင်ယူပါတယ်ဆိုပြီး ခွန်းတုံ့ပြန်ကြတယ်။
ဒီလိုနဲ့ အားလုံးစောင့်မျှော်နေတဲ့
ကိုရင်ဒီရေနဲ့ ကြက်ငပုတို့ရဲ့ကြက်ပွဲကြီး စတင်တော့တယ်။ နှစ်ရွာစလုံးကလည်း
အုံးအုံးကျွတ်ကျွတ်နဲ့ အားပေးကြတယ်။ ပွဲစပြီး သိပ်မကြာခင်မှာပဲ မေတ္တာက
ခပ်သွက်သွက်ဝင် ခပ်သွက်သွက်ထွက်ပြီး ဦးဆောင်ခွပ်နေတော့ သပြေတန်းရွာက လူတွေ
ပျော်မဆုံး တပြုံးပြုံး ဖြစ်နေကြတော့တာပဲ။ မနိင်တာလည်းကြာပြီဆိုတော့ ဒီတကြိမ်တော့
မျှော်လင့်ချက်ကြီးနေကြတာပေါ့လေ။ စစ်စီးတောဘက်က ကြေးကြီးကြီး
လောင်းထားတဲ့သူတွေကလည်း ရင်တမမနဲ့ ဖြစ်နေကြတယ်။
ဒီပွဲကို စစ်စီးတော့ဘက်က ကြက်သမားငပုနဲ့
သပြေတန်းဘက်က ကိုရင်ဒီရေတို့ကပဲ ကြက်ကု လုပ်ကြတယ်။ ကြက်ပွဲတပွဲမှာ ကြက်ကုရဲ့
အခန်းကဏ္ဍက အရေးကြီးဆုံးဆိုတော့ သူတို့ကိုယ်တိုင် ကြက်ကုလုပ်နေကြတာ။ ကြက်ကုကောင်းရင်
ခေါင်းငိုက်နေတဲ့ကြက်တောင် တချက်ကောင်းခွပ်ပြီး ပွဲသိမ်းပေးနိင်တာဆိုတော့
ဂရုတစိုက်နဲ့ ကြက်ကိုင်နေကြတယ်။ ခွပ်လက်ချချိန်ကတည်းက ကိုယ့်ကြက်အကြောင်း
ကိုယ်သိထားကြတာဆိုတော့ ကိုရင်ဒီရေကလည်း သူ့မေတ္တာကို အားရကျေနပ်နေသလို ၊
ကြက်ငပုကလည်း သူ့သေနတ်အကြောင်း ကောင်းကောင်းသိတာကြောင့် စိတ်မပူဘဲ မျက်ခြေမပြတ်
စောင့်ကြည်နေကြတယ်။
ပွဲစပြီး မိနစ်နှစ်ဆယ်နီးနီးအထိ
အပြန်အလှန်ခွပ်နေပေမယ့် မေတ္တာက ပိုပြီးတက်တက်ကြွကြွ ရဲစိတ်ရဲမာန်တွေအပြည့်နဲ့
ခွပ်နေတယ်။ သေနတ်ကတော့ အပူးမခံဘဲ လေထဲမှာဆုံတိုင်း ပြန်ပြန်ပြီး ရိုက်ချနေတယ်။
ဘေးကကြည့်နေတဲ့သူတွေအတွက်တော့ သေနတ်ရဲ့ခွပ်ဟန်က မထိတထိလို့ ထင်နေကြတယ်။ သေနတ်ရဲ့အတက်က
ထိထိမိမိမရှိဘူး၊ မေတ္တာကို စူးမနက်စေဘူးလို့လည်း ထင်နေကြတယ်။ မရဲတရဲနဲ့ ကြောက်ကန် ကန်နေတာလို့
ထင်နေကြတယ်။ ဒီတော့ သပြေတန်းဘက်က ပိုပြီးအားတက်လာတယ်။ နောက်ထပ်လောင်းတဲ့
လောင်းကြေးတောင် အပေါ်ကြေးဖြစ်လာတယ်။ သိပ်မကြာခင် မေတ္တာက
ပွဲသိမ်းပေးနိင်တော့မယ်လို့လည်း ထင်နေကြပြီလေ။
သေနတ်ဘက်ကလောင်းထားတဲ့ စစ်စီးတောရွာခံတွေကတော့
ဒီတကြိမ်တော့သွားပါပြီကွာဆိုပြီး စိတ်လျှော့စပြုနေကြလေရဲ့။
တိုက်လာတာလည်း တစ်နာရီလောက်ရှိလာပြီ။ အနိင်အရှုံးက ပြတ်ပြတ်သားသား မဖြစ်လာသေးဘူး။ တတိယအခေါက်အနေနဲ့ ကြက်နှစ်ကောင်ကို ပြန်ခွဲပြီး ကြက်ကုကြပြန်တယ်။ ကြက်ကုတို့ရဲ့ထုံးစံအတိုင်း ခွပ်ချက်ထိထားတဲ့နေရာတွေကို လက်ပူတိုက်ပေးကြတယ်။ ဖူးရောင်စပြုနေတဲ့ ကြက်ခေါင်းကို ပါးစပ်နဲ့ငုံပြီး အာငွေ့ပေးကြတယ်။ ကြက်တောင်မွှေးတချောင်းကို လည်ပင်းထဲထိုးထည့်ပြီး ချွဲထုတ်ပေး ကြတယ်။ နည်းကုန်လမ်းကုန်ကုပြီး ကြက်ဝိုင်းအလယ်ကို ပြန်လွှတ်ပေးတော့ ကြက်နှစ်ကောင်က အရင်ထက်ပိုပြီး ထူထူထောင်ထောင် ပြန်ဖြစ်လာတယ်။
တိုက်လာတာလည်း တစ်နာရီလောက်ရှိလာပြီ။ အနိင်အရှုံးက ပြတ်ပြတ်သားသား မဖြစ်လာသေးဘူး။ တတိယအခေါက်အနေနဲ့ ကြက်နှစ်ကောင်ကို ပြန်ခွဲပြီး ကြက်ကုကြပြန်တယ်။ ကြက်ကုတို့ရဲ့ထုံးစံအတိုင်း ခွပ်ချက်ထိထားတဲ့နေရာတွေကို လက်ပူတိုက်ပေးကြတယ်။ ဖူးရောင်စပြုနေတဲ့ ကြက်ခေါင်းကို ပါးစပ်နဲ့ငုံပြီး အာငွေ့ပေးကြတယ်။ ကြက်တောင်မွှေးတချောင်းကို လည်ပင်းထဲထိုးထည့်ပြီး ချွဲထုတ်ပေး ကြတယ်။ နည်းကုန်လမ်းကုန်ကုပြီး ကြက်ဝိုင်းအလယ်ကို ပြန်လွှတ်ပေးတော့ ကြက်နှစ်ကောင်က အရင်ထက်ပိုပြီး ထူထူထောင်ထောင် ပြန်ဖြစ်လာတယ်။
အချိန်ကြာလာပေမယ့် မေတ္တာက ဇွဲမလျော့ဘဲ
အားအပြည့်နဲ့ အတင်းဝင်အတင်းထွက် ခွပ်နေတော့ သပြေတန်းဘက်က ကြည့်ရတာ အားတက်ကြတယ်။
သေနတ်ကတော့ မေတ္တာလောက်မောပုံမပေါ်ဘဲ အခုထိ မထိတထိ ခွပ်နေသေးတယ်။ ဒါပေမယ့် တဖြည်းဖြည်းနဲ့
ပွဲချိန်ကြာလာတော့ သပြေတန်းဘက်ကမေတ္တာ ကိုယ်ဟန်ယိမ်းယိုင်လာတယ်။ ခြေလှမ်းတွေမမှန်တော့သလို
ခွပ်ချက်တွေလည်း အား မပါတော့ဘူး။ ခွပ်နေရင်းနဲ့ တချက်တချက် ခေါင်းငိုက်စပြုလာတယ်။
ခုန်ပြီးပြန်အကျမှာ အခြေတွေယိုင်လာတယ်။
ဒီတော့မှ စစ်စီးတောက ကြက်ငပုရဲ့သေနတ်က
အကြောခွပ်တဲ့ ကြက်အမျိုးအစားဖြစ်နေမှန်း သိကြရတော့တယ်။ အကြောခွပ်တဲ့
ကြက်ဆိုတာမျိုးက ကြည့်လိုက်ရင် ခွပ်ပုံက မထိတထိလို့ထင်ရပေမယ့်
တဘက်ကြက်ရဲ့ဦးခေါင်းက အရေးကြီးတဲ့အကြောတွေကို အတက်နဲ့ လိုက်ထောက်တဲ့ ကြက်မျိုးပေါ့။
အဓိကအကြောတွေ အထိခံရတာများလာတော့ မေတ္တာက အားအင်တွေကုန်ခမ်းလာပြီး ဒယိမ်းဒယိုင်
ဖြစ်လာတော့တယ်။ ဒီတော့မှ သေနတ်က မေတ္တာကို စိမ်ပြေနပြေနဲ့ ထိထိမိမိချွေတော့တာပါပဲ။
ကိုရင်ဒီရေလည်း ကုချိန်တောင် မရတော့ဘူး သူ့ရဲ့မေတ္တာ ဘုံးဘုံးလဲတော့တယ်။
ဒီတခါမှာလည်း သပြေတန်းဘက်က
မျှော်လင့်ချက်တွေ အရင်အကြိမ်တွေလိုပဲ နစ်မြုပ်သွားရပြန်တော့တာပါပဲ။ အရှုံးကြီးရှုံးသူတွေ
အထိနာကြီးနာသူတွေနဲ့ သပြေတန်းရွာဘက်မှာ နာလံမထူနိင် ဖြစ်ကြရပြန်ပါတယ်။
ပွဲပြီးမီးသေဆိုတဲ့စကားရှိပေမယ့် နောက်နေ့တွေ ရောက်တဲ့အထိ စစ်စီးတော ဘက်ကလည်း
စမြုံ့ပြန်လို့ ကောင်းနေသေးသလို၊ သပြေတန်းဘက်ကလည်း ဝမ်းနည်းပက်လက်ဖြစ်တဲ့သူ
ကြိတ်မနိင်ခဲမရဖြစ်တဲ့သူတွေနဲ့ ဒေါသတွေ လောင်မြိုက်နေကြတယ်။ ရွာထဲက ကာလသားတချို့ကတော့
မေတ္တာလို့နာမည်ပေး ကင်မွန်းတပ်တဲ့လူကြီးတွေကို မဆီမဆိုင်အပြစ်တင်တယ်။
"အဘတို့နှယ် အစထဲကလွဲချက်ဗျာ။ ဟိုက
သေနတ်ပါဆိုမှ အဘတို့က မေတ္တာလုပ်နေသေးတယ်။ မသကာ သူသေနတ် ကိုယ်သေနတ်ပေါ့" ဆိုပြီး
အားမလိုအားမရ ပြောကြတဲ့သူတွေလည်း ရှိတာပါပဲ။
"ကြွေတစ်လက် ကြက်တခုန်"ဆိုတဲ့
စကားပုံရှိပေမယ့် သပြေတန်းရွာအတွက်တော့ အခုထိ ကြွေတလက် မရောက်နိင်သေးသလို
ကြက်ကလည်း မခုန်နိင်သေးဘူး။ အရှုံးတွေလည်း များလှပြီ...။ သပြေတန်းရွာအတွက်
အရှုံးတွေများနေပေမယ့် နောက်တကြိမ် စပါးပေါ်ချိန်ကို ကိုယ်စီကိုယ်စီ ကြိတ်ပြီး အားခဲနေကြတုန်းပါပဲ။
အဲဒီအချိန်ရောက်ရင် စစ်စီးတောကကြက်သမားငပုနဲ့ သပြေတန်းက ကိုရင်ဒီရေတို့လည်း
ပြန်တွေ့ကြအုံးမှာပေါ့။ အဲ့ဒီအချိန်ရောက်ရင် သပြေတန်းဘက်ကပဲ
ရှုံးကြွေးပြန်ဆပ်နိင်မလား ထပ်ပြီးပဲ ရှုံးကြွေးထပ်တင်ဦးလေမလားဆိုတာလည်း စောင့်ကြည့်ရအုံးမှာပေါ့။
ခုထိတော့ သပြေတန်းခမျာ ရှုံးလို့ကောင်းတုန်းပါပဲ။
မြစ်ကျိုးအင်း
ရွှေအမြုတေ ဇန်နဝါရီ ၂၀၁၀ ( Heain Min Zar
)မှ
https://www.facebook.com/permalink.php?story_fbid=2231121387158406&id=1648554798748404&__tn__=K-R
0 comments:
Post a Comment