(ဖွင့်ဟဝန်ခံခြင်း)အီလျာအာရင်ဘာ့ဂ်
နေရာတကာတွင်
ကောင်းမွန်ခြင်း၊ ကြင်နာသနားခြင်းတို့ ရှိသင့်သည်ဟုယူဆသော စာရေးဆရာတွေရှိပါသည်။ သို့ရာတွင်
ယင်းမှာ စာရေးဆရာ၏ကြင်နာသနားမှုနှင့် ဘာမျှမဆိုင်ပါ။ တခြားစီဖြစ်ပါသည်။ ချက်ကော့ဗ်သည်
တော်လ်စတွိုင်းထက် ပို၍ကြင်နာ၊ ပို၍နူးညံ့၊ ပို၍ စိတ်ရှည်ပါသည်။ သို့ရာတွင် ချက်ကော့ဗ်သည်
တရားမျှတမှုဖြင့်စာရေးပါသည်။
“ညတိုင်း
အိပ်ယာကနိုးလာသည်နှင့် စစ်နှင့်ငြိမ်းချမ်းရေးကို ကောက်ဖတ်သည်။ မဖတ်ဖူးသကဲ့သို့ စူးစမ်းစိတ်၊
သိလိုစိတ်၊ ရိုးရှင်းသော အံ့သြစိတ်တို့ဖြင့် ဖတ်သည်ချည်းပင်။ ကျွန်ုပ်မကြိုက်သောနေရာမှာ
နပိုလီယန်ပေါ်လာသည့်အခန်းများဖြစ်သည်။ ရှုခင်းထဲသို့ နပိုလီယန် ပေါ်လာသည်နှင့် တင်းကျပ်မှုပေါ်လာက
စာရေးဆရာသည် နပိုလီယန်အား တကယ်အရှိထက်ပို၍ မိုက်မဲညံ့ဖျင်းသူဖြစ်ကြောင်းကို သက်သေပြရန်
နည်းမျိုးစုံ သုံးလာတော့သည်။ ပီယာ၊ မင်းသားလေးအင်ဒရေ သို့မဟုတ် ဘာမျှအရေးမကြီးသည့်
နီကိုလေရော့စတော့လို လူတွေလုပ်သမျှ ပြောသမျှကောင်း၏။ အသိဉာဏ်ရှိ၏။ သဘာဝကျ၏။ စိတ်လှုပ်ရှားဖွယ်ကောင်း၏”ဟု
ချက်ကော့ဗ်ကရေးခဲ့သည်။
တော်လ်စတွိုင်းသည်
နီကိုလေရော့စတော့လိုလူကိုပင် ချစ်စရာကောင်းအောင် ရေးခဲ့ပါသည်။ သို့ရာတွင် နပိုလီယန်ကိုမူ
သရုပ်ပေါ်အောင် မရေးနိုင်ခဲ့ပါ။ ချက်ကော့ဗ်ကမူ အခြားသူများကို ဒုက္ခရောက်အောင်လုပ်ခဲ့သူများကို
ကျွမ်းကျင်စွာရေးပြနိုင်ပါသည်။ ထို့ပြင် သူ့ဝတ္ထုများထဲတွင် တပါးသူကြောင့် ဒုက္ခတွေ့ခဲ့ရသူများမှာလည်း
သူတော်စင်တွေ၊ နတ်တမန်တွေလို မဟုတ်ကြပါ။
ဆိုးယုတ်မှု၊
စာရိတ္တအရချွတ်ယွင်းမှု၊ လူမှုအပြစ်အနာအဆာတို့ကိုရေးမည်လော။ သို့မဟုတ် မြင့်မြတ်ခြင်း၊
လှပခြင်း၊ ညီညွတ်ပြေပြစ်ခြင်းတို့ကို ရေးမည်လော။ ထိုနှစ်ခုအနက် မည်သည်က ပို၍ လိုအပ်သနည်း။
မေးစရာမလိုသောမေးခွန်း ဖြစ်ပါသည်။ လူတွင် အရာရာလိုအပ်ပါသည်။ ဒါဗာဇင်(လူကောင်း)နှင့်
ဖွန်ဗာဇင်(လူဆိုး)တို့သည် တပြိုင်တည်းတွင် အသက်ရှင်ခဲ့ကြပါသည်။ မကောင်းမှုများမရှိသောလူ့အဖွဲ့အစည်းဆို၍
ဘယ်တုန်းကမျှမရှိခဲ့ပါ။ ယခုလည်းမရှိပါ။ နောင်တွင်လည်း ရှိစရာအကြောင်းမမြင်ပါ။ လူ့အဖွဲ့အစည်း၏ခေါ်သံကိုကြားသည်ဆိုလျှင်
စာရေးဆရာတယောက်၏တာဝန်သည် ထိုအကြောင်းများကို ထုတ်ဖော်ပြောဆိုရန်ဖြစ်ပါသည်။ ကိုယ့်ကို
သံသယဝါဒီ၊ လှောင်ပြောင်တတ်သူ စသည်ဖြင့် မည်သူက ဘွဲ့တံဆိပ်ပေးပေး နောက်မတွန့်ဖို့လိုပါသည်။
သူ၏
လူမှုရေးစိတ်ဓာတ်၊ သူ၏ အနုပညာချစ်ခင်မှုနှင့်ရိုးသားမှုတို့ကြောင့် ဘီလင်းစကီးကို ကျနော်သဘောကျပါသည်။
သူ့စကားများကို ကျနော် မကြာခနသတိရပါသည်။ သူက “ဝတ္ထုတပုဒ်၌ လူကောင်းတို့ကို မှုန်ဝါးဝါးရေးပြပြီး၊
လူဆိုးတို့ကို ပီပီပြင်ပြင်ရေးပြလာပြီဆိုပါက စာရေးဆရာသည် သူနားမလည်သောအလုပ်၊ သူမတတ်စွမ်းနိုင်သောအလုပ်၊
သူအရည်အချင်းမမီသောအလုပ်ကို လုပ်နေခြင်းဖြစ်သဖြင့် အနုပညာ၏အခြေခံဥပဒေသများကို ဖောက်ဖျက်ကျူးလွန်ရာရောက်သည်။
သို့မဟုတ်လျှင်လည်း ဝတ္ထု၏ဆိုလိုရင်းနှင့်ဆန့်ကျင်ကာ စာရိတ္တပြုပြင်ရေးဟူသော အပေါ်ယံရည်ရွယ်ချက်မျိုးဖြင့်
ထိုဇာတ်ဆောင်မျိုးကို သူ့ဝတ္ထုထဲသို့သွတ်သွင်းလာခြင်းဖြစ်သဖြင့် အနုပညာ၏ အခြေခံဥပဒေသများကို
ဖောက်ဖျက်ကျူးလွန်ခြင်းရောက်သည်”ဟု ရေးခဲ့ပါသည်။
Men,
Years-Life wrote by Ilya Ehrenberg ၏ ဆောင်းပါးများကို ဆရာမြသန်းတင့်က လူများ၊ သက္ကရာဇ်များ-ဘဝဟု
အမည်ဖြင့် ဘာသာပြန်ခဲ့ပါသည်။ ယင်းတွင် “ဖွင့်ဟဝန်ခံချက်”ဟူသည့်ဆောင်းပါးပါရှိပါသည်။
ယခုစာစုမှာ ထိုဆောင်းပါးမှ ကောက်နှုတ်ချက်ဖြစ်ပါသည်။
မျိုးမြင့်ချို(ဒီဇင်ဘာ၊
၁၂၊ ၂ဝ၁၈)
အလက္ကဇီရီမီးဖော့က သူမကွယ်လွန်မီတွင်
သူမည်သို့ တော်လှန်ရေးသမားဖြစ်လာပုံကို သူ့မှတ်တမ်းထဲတွင်ရေးခဲ့ပါသည်။
“ရုရှားပြည်တွင် ဘာ့ကြောင့် တော်လှန်ရေးဖြစ်ခဲ့ပါသနည်း။ ဘဝကို
ပြန်၍စီစဉ်တကျဖြစ်အောင် လုပ်ရန်၊ ဘဝလမ်းစဉ်ကို ပြုပြင်ရန်ဖြစ်ပါသည်။
ဘုရားရှိခိုးကျောင်းအဝတွင် သူတောင်းစားများနှင့်
ဆင်းရဲသားရပ်ကွက်များကိုမြင်ရသည့်အခါတွင် ကျနော် ခံစားရပါသည်”ဟု ရေးခဲ့၏။
နောက်သုံးလအကြာတွင် အောက်ပါအတိုင်းရေးမှတ်ထားသည်ကိုတွေ့ရသည်။ “သမိုင်းသည် သွေးဆာလွန်းလှ၏ဟု ကျွန်ုပ်ထင်မိသည်။ သမိုင်းသည် စစ်ပွဲနှင့်ဖိနှိပ်မှုလည်း ဖြစ်၏။ တယောက်ယောက်တော့ သေသည်အထိ ညှဉ်းဆဲခံရဦးမည်သာ ဖြစ်သည်။ လူသည် လုံလောက်အောင် စားချင်သည်။ ငြိမ်းချမ်းစွာ အိပ်ချင်သည်။ လွတ်လပ်စွာ တွေးချင်သည်။ ဗိုက်ထဲတွင် ဘာအစာမျှမရှိလျှင် မည်သူမျှ ထိုအရာများကို မလုပ်နိုင်။ သင်သည် ဝလင်အောင် မစားရလျှင် ငြိမ်းချမ်းစွာ အိပ်ပျော်နိုင်မည်မဟုတ်။ သောကသည် သင့်ကိုမူးနောက်စေကာ အတွေးကို သတ်ပစ်ပေ၏။ တော်လှန်ရေးသည် ပေါင်မုန့်မှအစပြုခြင်း ဖြစ်ပေသည်”
နောက်သုံးလအကြာတွင် အောက်ပါအတိုင်းရေးမှတ်ထားသည်ကိုတွေ့ရသည်။ “သမိုင်းသည် သွေးဆာလွန်းလှ၏ဟု ကျွန်ုပ်ထင်မိသည်။ သမိုင်းသည် စစ်ပွဲနှင့်ဖိနှိပ်မှုလည်း ဖြစ်၏။ တယောက်ယောက်တော့ သေသည်အထိ ညှဉ်းဆဲခံရဦးမည်သာ ဖြစ်သည်။ လူသည် လုံလောက်အောင် စားချင်သည်။ ငြိမ်းချမ်းစွာ အိပ်ချင်သည်။ လွတ်လပ်စွာ တွေးချင်သည်။ ဗိုက်ထဲတွင် ဘာအစာမျှမရှိလျှင် မည်သူမျှ ထိုအရာများကို မလုပ်နိုင်။ သင်သည် ဝလင်အောင် မစားရလျှင် ငြိမ်းချမ်းစွာ အိပ်ပျော်နိုင်မည်မဟုတ်။ သောကသည် သင့်ကိုမူးနောက်စေကာ အတွေးကို သတ်ပစ်ပေ၏။ တော်လှန်ရေးသည် ပေါင်မုန့်မှအစပြုခြင်း ဖြစ်ပေသည်”
အီလျာအာရင်ဘာ့ဂ် Men, Years-Life အား
ဆရာမြသန်းတင့်က လူများ သက္ကရာဇ်များ ဘဝအမည်ဖြင့်ဘာသာပြန်ခဲ့။ ထိုဆောင်းပါးစုများထဲ၌
“တော်လှန်ရေးသည် ပေါင်မုန့်မှအစပြုသည်”တပုဒ်ပါ။ ယင်းစာမှာ ရုရှားစာရေးဆရာ
အလက္ကဇီရီမီးဇော့ အကြောင်းဖြစ်ပါသည်။ မျိုးမြင့်ချို(ဒီဇင်ဘာ ၄၊ ၂ဝ၁၈)
“ပိုလန်လူမျိုးတွေလည်း
သေနတ်နဲ့ပစ်ကြတာဘဲကွ၊ ဘာဖြစ်လို့လဲဆိုတော့ တန်ပြန်တော်လှန်ရေးသမားတွေကိုး။
မင်းတို့လည်း သေနတ်နဲ့ပစ်တာဘဲ၊ ဘာဖြစ်လို့လဲဆိုတော့ မင်းတို့က တော်လှန်ရေးသမားတွေကိုး။
ဒါပေမယ့် တော်လှန်ရေးဆိုတာ ပျော်ရွှင်မှုကွ၊ ပျော်ရွှင်မှုဟာ အိမ်ထဲမှာ ကလေးတွေ
မိမဲ့ဖမဲ့ဖြစ်နေတာကို မကြိုက်ဘူး။ ကောင်းတဲ့လူတွေဟာ ကောင်းတဲ့အလုပ်ကို လုပ်ကြတာဘဲ။
လူကောင်းတွေရဲ့ အင်တာနေရှင်နယ်လ်အဖွဲ့ချုပ်ကြီး တခုလောက်တော့ ထောင်ချင်စမ်းသကွယ်၊
လူတိုင်းကိုလူစာရင်းသွင်းပြီး လူတိုင်းကို အကောင်းစား ပထမတန်း ရာရှင်ခွဲတမ်းတွေပေးချင်တယ်”
အီလျာအာရင်ဘာ့ဂ် Men, Years-Life အား
ဆရာမြသန်းတင့်က လူများ သက္ကရာဇ်များ ဘဝအမည်ဖြင့်ဘာသာပြန်ခဲ့။
ထိုဆောင်းပါးစုများထဲမှ တခုဖြစ်သော “ဘဝသည် မေလမြက်ခင်းလဲ့လဲ့” ၌ အီလျာအာရင်ဘာ့ဂ်က
စာရေးဆရာ ဘေဘယ်အကြောင်း ပြန်ရေးပြ။ ဘေဘယ်ရေးခဲ့သည့် ‘ဂျီဒါလီ’ဝတ္ထုထဲတွင်
စာရေးဆရာဘေဘယ်နှင့် ပစ္စည်းဟောင်း တိုလီမုတ်စအရောင်းဆိုင်ပိုင်ရှင်
ရေဝတီအဘိုးကြီးတယောက်နှင့်တွေ့စဉ် ထိုအဘိုးကြီးပြောသည့်စကားပြောခန်း။
မျိုးမြင့်ချို(ဒီဇင်ဘာ ၄၊ ၂ဝ၁၈)
0 comments:
Post a Comment