(ဂွန်ဂျူးဆုကိစ္စ)
တောင်ကိုးရီယား ဂွန်ဂျူးဆုပြန်အသိမ်းခံရတာဟာ “အဲ့ကောင် သေသာသွားတာ
ကျုပ်လောက်မနာဘူး“လို့ပြောတာနဲ့ ပြောင်းပြန်အနက်ကောက်ရ မလိုပါပဲ။
ဇာတ်လမ်းက ဒီလိုဗျ၊ နေဝင်းခေတ်က ဗကပ
ယူဂျီအစုတစု စစ်ထောက်လှမ်းရေးလက်ထဲကျသွားတယ်။ စစ်ကြောရေးမှာ မီးကုန်ယမ်းကုန် အနှိပ်စက်ခံကြရတယ်။
ပေါ်တာတွေပေါ် ဖော်သူတွေဖော်ကြတယ်။ မဖော်ပဲတင်းခံလို့ အနှိပ်စက်လက်လွန်ပြီး
သေသွားတာမျိုး။ “ကိုယ့်ရဲဘော်တွေ ရန်သူ့လက် ထပ်အကျမခံနိုင်ဘူး
အသေခံမယ်“ဆိုသူတွေကို တမင့်ကိုနှိပ်စက်ပြီး ညှဉ်းသတ်တာမျိုးတွေအထိ ရှိတယ်။(၄၈၂၈ ဦးမောင်လေး(အေဝမ်း)တို့လိုပေါ့)။
စစ်ကြောရေးပြီးလို့ ထောင်ကိုပို့
ရုံတင်တရားစွဲတော့မှ အတူဖမ်းခံရသူတွေ မျက်နှာချင်းပြန်ဆုံမိကြတယ်။
သူ့အကြောင်းကိုယ့်အကြောင်း စစ်ကြောရေးအကြောင်း၊ ဘယ်သူဖော်၊ ဘယ်သူပေါ်၊
ဘယ်သူအသတ်ခံရ၊ ဘယ်သူသေ စတာတွေ ခတ်တိုတိုပြောဖြစ်ကြတယ်။ ခံကြရတာတော့ အားလုံး
မချိမဆန့်ချည်းပဲ။ ဖော်ကောင်လုပ်တဲ့ကောင်တောင် မသက်သာပါဘူးလို့ဆိုတယ်။
အဲ့လို မေးကြပြောကြရင်း Ring
တခုတည်းလည်းဖြစ် တာဝန်လည်းတူတဲ့ ယူဂျီ ၂ ယောက်မှာ တယောက်က စစ်ကြောရေး ၇
ရက်လောက်မြောက်မှာ အသတ်ခံလိုက်ရတယ်။ ကျန်တယောက်က နောက် ၂ ပတ်လောက်အထိ အပြင်းအထန် နှိပ်စက်ခံရတယ်။
မသေရုံတမယ်ဘဲ။ ၂ ယောက်လုံးကတင်းခံတယ် မဖော်ဘူး။ သူတို့နောက်က ဘယ်သူမှ ထပ်မကျဘူး။
သူနဲ့ ကျန်တဲ့အမှုတွဲတွေ ရုံးထုတ်မှာတွေ့တော့ အဲ့ဒီအကြောင်းပြောကြတယ်။ သူက “အေးဗျာ
အဲ့ဒီရဲဘော်က သေသာသွားတယ် ကျုပ်လောက်မနာဘူး“တဲ့။ သူပြောတာ သေချာတွေးကြည့်တော့
ဟုတ်နေတယ်။ ငြင်းမရဘူး။
ခု ဂွန်ဂျူးဆုအသိမ်းခံရတာကျတော့
“ရှင်လျှက်တော့ကျန်တယ် ဒါပေမယ့် သေတာထက်နာတယ်“လို့ပြောရမယ်။ ဒီဆုက
မြှောက်ပေးတဲ့ဆုမဟုတ်သလို မျှော်ကိုးချက်နဲ့ပေးတဲ့ဆုလည်း မဟုတ်ဘူး။
နှောင်ကြိုးလည်းမပါဘူး။ တောင်ကိုးရီးယားမှာ အာဏာရှင်စနစ်ဆိုးကိုအသေခံပြီး
မဆုတ်မနစ်တွန်းလှန်ခဲ့ကြတဲ့ ကျောင်းသားအရေးအခင်းကြီးရဲ့ကိုယ်စားပြုမှုဖြစ်တယ်။
စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးရဲ့ပြယုဂ်ဖြစ်တယ်။ ဒီဆု ပြန်သိမ်းခံရတာဟာ
လူပုံရိပ်နဲ့သိက္ခာပျက်တာလောက်မဟုတ်ဘူး ခြေသုတ်ခုံအထိပါရောက်သွားတယ်။
မျိုးမြင့်ချို (ဒီဇင်ဘာ ၂ဝ၊ ၂ဝ၁၈)
မျိုးမြင့်ချို (ဒီဇင်ဘာ ၂ဝ၊ ၂ဝ၁၈)
0 comments:
Post a Comment