လှုပ်ရှားမှုထဲက တပြည့်ထံ ပေးစာ
ဧပြီ ၂၃၊ ၂၀၂၀
ပေးခဲ့တဲ့ သင်တန်းတွေက အချိန်ကာလနဲ့ အခြေအနေတွေအရ အကန့်အသတ်တွေရှိခဲ့တယ်။ ဒါတွေကို မင်းတော့ သိပ် အလေးထားမိမယ် မထင်ဘူး။ အဲဒီအချိန် အဲဒီကာလမှာလည်း အလေးထားစရာမလိုခဲ့ပါဘူး။ ဒါပေမဲ့ အဲဒီကာလတွေက လွန်လာသလို သဘာဝအတိုင်း တော်လှန်ရေးလှုပ်ရှားမှုက ကြီးမားကျယ်ပြန့် လာတာ တိုးတက်ဖွံ့ဖြိုးလာတာကို မင်းတွေ့မြင်နေမှာပါဘဲ။ ရုပ်ပိုင်းဆိုင်ရာတွေ ကြီးထွားဖွံ့ဖြိုးလာသလို အရင် အဆင့် တွေးတောမှုတွေကို ချဲ့ထွင် ဖြန့်ကျက်ဖို့လည်းလိုလာတော့တယ်။ အရင်ပေးခဲ့တဲ့ သင်တန်းရဲ့ရည်မှန်းချက်က ဖွံ့ဖြိုးကြီးထွားဖို့ ဖြစ်ပြီး၊ ဥခွံထဲက ဖေါက်ထွက် ပျံသန်းဖို့ အထိ မရောက်ခဲ့တာကို ငါသိထားမိပါတယ်။ ဒီကိစ္စ အတွက် နောက်ထပ် အဆင့်မြင့် သင်တန်းကို ပေးဖို့လိုတယ်ဆိုတာပြောခဲ့ပေမဲ့ အဲဒီရည်မှန်းချက်က အကောင် အထည်မဖေါ်ဖြစ်ခဲ့ဘူး။ ဒီတော့ ငါ့အနေနဲ့ ကိုယ့်တပြည့်ကို ပညာအပြည့် မသင်ပေးခဲ့ရလို့ လိပ်ပြာမလုံသ လိုခံစားရပါတယ်။ ဒီစာဟာ အဲဒီက မြစ်ဖျားခံတာပါဘဲ။
အခုတော့ ဥခွံထဲက သားကောင်ကဥခွံနဲ့ မဆန့်တော့ဘူး၊ ဥခွံကို ဖေါက်ထွက်ရမယ်၊ ကိုယ်ခန္ဓာက အင်ကျီနဲ့ မဆန့်တော့ဘူး။ ကျယ်ပြောတဲ့ ကောင်းကင်နဲ့ လောကကြီးကို ဆန်းစစ်ကြရတော့မယ်။ ဖေါက်ထွင်း ပျံသန်းနိုင်အောင် အမြင်သစ်နဲ့ ကြည့်မြင် တတ်ရ တော့မယ်။ ဘွဲ့ရပြီးတဲ့ လူတွေလိုပေါ့ လောကကြီးထဲမှာ အခြေ ချ နိုင် ဖို့ အခြေအနေကို ဖန်တီးရတော့မယ်။
ငါ့သင်တန်းတွေရဲ့ အန္တိမ ရည်မှန်းချက် တော်လှန်ရေးသမားတွေ ပေါ်ပေါက်ဖို့၊ သဘာဝအတိုင်းဘဲ အမျိုး သား ရေးကလည်း အခြေခံရတာပေါ့။ ဒါပေမဲ့ ဒါဟာ ဒီနေ့လို ၂၁ ရာစုမှာ တော်တော်ခေတ်နောက်ကျနေပြီ။ တကိုယ်တော်ဝါဒ၊ သီခြားအမျိုးသားရေး ဝါဒတွေက လက်တွေ့မကျတာကို ရေနံဈေး၊5G နဲ့ COVID -19 ကိစ္စတွေကို ကြည့်ရင် သိနိုင်တယ်။လူမျိုးဆိုတဲ့ စက်ဝိုင်းက သေးငယ်ပြီး မျဥ်းတွေက မရှင်းမလင်း ဝေဝါးနေ တာတွေ့ရ ပြီမဟုတ်လား။ ဒါကြောင့်ဘဲ “တပ်ပေါင်းစုကိုအားထားကြ” “အမျိုးသားရေးနဲ့ အတန်းအစားရေး အဆက်အစပ်” ဆိုတာတွေကို ရေးပြခဲ့ရတာဘဲ။
စစ်အာဏာရှင်တွေရဲ့ ဖိနှိပ်ချုပ်ချယ်မှု အောက်မှာ နှစ်၆၀ လောက် နေခဲ့ရတဲ့ တို့တတွေဟာ အမြင်မ ကျယ်နိုင်တာမဆန်းပေမဲ့ ပကတိလက်တွေ့တရားက တို့ကို စာနာထောက်ထားမှာ မဟုတ်တော့ ပကတိ အရှိတ ရားကို ကြိုက်ကြိုက် မကြိုက်ကြိုက် ရင်ဆိုင်ပြီး အားလုံးသော အဖိနှိပ်ခံ ပြည်သူတွေ အတွက် လိုအပ်တဲ့ အောင် ပွဲကို ရယူနိုင်ရမှာဘဲ။ ယေဘုယျနဲ့ သီးခြား သဘောတရားဆိုတာရှိတယ်။ တဦးကောင်း တယောက်ကောင်းလုပ်ရ တာက ဟုတ်သလိုလိုလွယ်သလိုရှိပေမဲ့ ကိုဗစ်ရောဂါလို၊ ကမ္ဘာစစ်လို၊ သဘာဝဘေးအန္တရာယ်လို ဟာကို မရှောင် နိုင် မကင်းနိုင်ဖြစ်ရတာ ဒီနေ့လက်တွေ့ဘဲ။ ဆိုလိုတာက အမျိုသားရေးဟာ တော်လှန်ရေးကို တစုံတရာ အထောက် အကူပြုပေမဲ့ တော်လှန်ရေးကို ဦးဆောင်ဖို့ခက်ပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ သီခြားသဘော မှာဘဲ ကန့် သတ် ချုပ်ချယ်ခံနေရလို့ဘဲ။
မြန်မာပြည်နိုင်ငံရေး အနီးကပ် ဖြစ်စဥ်တွေနဲ့ ချိန်ထိုးကြည့်လိုက်ရင်တော့ အတန်းအစားအမြင်ရှိတဲ့ လက်ဝဲအင် အားစုတွေပေါ်ခဲ့ပေမဲ့ လက်တွေ့မှာ မကျင့်သုံးနိုင်ခဲ့ဘူး။ ဒါကြောင့်ဘဲ ဝ တွေကွဲထွက် ခဲ့ကြရတယ်။ ဒီတော့ အတန်း အစားအမြင်က ကျရှုံး တာဘဲလို့ ကောက်ချက်ချလို့မရပါဘူး။ ဒီနေ့တပ်ပေါင်းစုတွေ ခဏခဏ ပျက်နေ တာကို ကြည့်ရင် သီးခြားကိစ္စတွေကို အလေးထားပြီး ယေဘုယျ တာဝန်ဖြစ်တဲ့ စစ်အာဏာရှင် စံနစ် တိုက် ဖျက်ရေးလုပ်ငန်းကို လှစ်လျူရှုခဲ့ကြလို့ပါ။ စစ်အာဏာရှင် ဗိုလ်ချုပ်တွေကလည်း သပ်ရှိုဖြိုခွဲဖို့ အမြဲတမ်း လုံးပမ်း နေကြ တာပါ။ NCA က သူတို့ လက်သုံးလက်နက်ပါ။ စစ်အာဏာတွေ လွှမ်းမိုးနေသ၍ ဘယ် လူမျိုးစု ဘယ်ပါတီမှ လွပ်လပ်မှုမပြောနဲ့ ရပ်တည်ဖို့တောင် ခက်နေမှာပါ။
မြန်မာပြည်မှာ ဒီနေ့ဖြစ်နေတာက ဘယ်လူမျိုးမဆို ဖိနှိပ်ချုပ်ချယ်ခံနေရပေမဲ့ ဗမာနဲ့ တိုင်းရင်းသားက မတူသလို ဖြစ်နေတာဘဲ။ တခါက တိုင်းရင်းသား လူငယ်ခေါင်းဆောင် တယောက်က သူတို့အဖွဲ့အစည်း အကြောင်း ပြောြပလို့ “ဘာကြောင့် ဗမာလူငယ်တွေ မပါရတာလဲ” လို့မေးကြည့်မိတော့ “ဗမာတွေက သူတိုပါရင် ခေါင်းဆောင်နေရာကို ယူသွားကြလို့” လို့ ပြန်ဖြေတော့ သူတို့မှာ ဗမာကြောက်ရောဂါလား။ဗမာမုန်းရောဂါလား ရှိနေတာကို သိလိုက်ရ တယ်။ ဝမ်းနည်းစရာပါ။ ဗမာမပါလို့ ဝမ်းနည်းတာမဟုတ်ပါဘူး။ ခေါင်းဆောင်မှုအခန်းကို ဘာကြောင့် တခြားမျိုးတွေက မယူနိုင်ရတာလဲ -ဆိုတာကို ဝမ်းနည်းတာပါ။ ဗမာတွေက ခေါင်းဆောင်နေရာကို ယူတိုင်းရသလားလို့လည်း တွေးနေမိတယ်။တော်လှန်ရေးကို ဦးဆောင်နိုင်ရင် ခေါင်းဆောင် ဖြစ်မှာဘဲလို့ ယုံ တယ်။ ဒီနေရာမှာ လူမျိုး ရေးအကြောင်း ပြောဖို့လိုပါတယ်။ ငါ့ အမျိုးသားရေးက မန္တလေးထောက် လှန် ရေး နှိပ်စက်ခန်းမှာ အရည်ပျော်ခဲ့ရတာကို “နောက်တန်းက ဗမာတယောက်” စာအုပ်မှာ ရေးပြခဲ့ပါတယ်။ ခေါင်းဆောင် နေရာထက် တော်လှန်ရေး အောင်ဖို့ အရေးကြီးတယ်လို့လည်းထင်ပါတယ်။
ဗီယက်နမ်တွေက အမေရိကန်ကို နိုင်တာ အမေရိကန်တွေရဲ့ထောက်ခံမှုကြောင့် နိုင်တယ်ဆိုတာ ဗီယက် နမ်ခေါင်းဆောင်ပိုင်းကသိကြတယ်။ အမေရိကန်ကို ဗီယက်နမ်လူမျိုးရေးလေးနဲ့ မနိုင်နိုင်ဘူးဆိုတာသူတို့ သိကြ တယ်။ နောင်သမတဖြစ်လာမည့် ကလင်တန်ဟာ ဗီယက်နမ်စစ်ဆန့်ကျင်ရေးမှာ ပါခဲ့တာ တွေ့ရမှာပါ။ အခုဗ မာပြည်က စစ်အာဏာကို အနိုင်ယူဖို့ တိုင်းရင်းသားတွေအနေနဲ့ ဗမာတွေရဲ့ ထောက်ခံ အားပေး မှုကလို အပ်ပါ တယ်။ ဗမာတွေရဲ့ စစ်အာဏာဖြိုချရေး လှုပ်ရှားမှုနဲ့ ဆက်စပ်ရမှာပါဘဲ။ ဒါဟာ ဘုံလွတ်မြောက် ရေးလှုပ်ရှားမှုကြီး ဖြစ်ပြီး ရာစုနှစ်ထက်ဝက်ကျော် လွှမ်းမိုးထားတဲ့ စစ်အာဏာဇာတ်သိမ်းပွဲလည်းဖြစ်မှာပါ။
ဒီကိစ္စကို ပြန်ကြည့်ရင် အခု ပြည်နယ်လို့ခေါ်တဲ့ ဒေသတွေဟာ ဘယ်လို အာဏာတွေရှိကြသလဲ ကြည့်ပါ။ ဝ ကိုယ်ပိုင်၊နာဂကိုယ်ပိုင်၊ကချင်ပြည်နယ် ဆိုတာတွေ ရှိပေမဲ့ စစ်အာဏာကို ဘယ်လို မျက်နှာချို သွေးရတယ် ဆိုတာ လည်း မြင်သာပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ စစ်အာဏာရှင် စံနစ်ကိုမဖြိုချနိုင်တော့ စစ်အာဏာရဲ့ချိမ်းခြောက်မှုကရှိမြဲရှိနေလို့ဘဲ ။ ဆိုလိုချင်တာက စစ်အာဏာအုပ်စိုးမှုကို ဝိုင်းမဖယ်ရှားဘဲ နေသာသလိုနေလို့ မရဘူး။ တချိန်ချိန်မှာ စစ်အာဏာက ကြီးစိုး လွှမ်းမိုးဖို့လုပ်နေမှာဘဲ။ ဒါကလည်း သူတို့ရဲ့ တခုထည်းသော အလုပ်ပဲ။ ဒီတော့ စစ်အာဏာအမြစ်ပြတ်ရေး လုပ်ငန်းကို ဘုံလုပ်ငန်းအဖြစ် သတ် မှတ်ပြီး ကြီးမား ကျယ်ပြန့်တဲ့ လူမျိုးမရွေး တပ်ပေါင်းစုကြီးနဲ့ စစ်အာဏာရှင်စံနစ်ကို ဝိုင်း တိုက်ကြရမှာပါဘဲ။ ဘုံလုပ်ငန်း စဥ်ကြီး ကြီး မရှိဘဲ သူ့နယ်ကိုယ့်နယ်လောက် သာ စဥ်းစားနေရင်တော့ သိကြား မင်းဆင်းဖွဲ့တဲ့ တပ်ပေါင်းစုလည်း ပျက်မှာ ဘဲ။
နိုက်တင်ဂေးဟာ မာသာဒရီဇာ မဖြစ်သလို ကက်စထရိုဟာလည်း ချီဂွေဗားရား မဖြစ်ပါဘူး။ ဘာြဖစ် လိုလဲ ဆိုတော့ လုပ်ကိုင်ပုံကို ကြည့်ရင်သဘောထားချင်းကွာနေတာကို သိနေလို့ပါ။ ငါတို့ဟာ လူတွေရဲ့တန်ဖိုးကို မသိရှိရင် တို့ဘယ်သူ့ကိုစံပြုရမယ်ဆိုတာ ဘယ်လိုလုပ်သိကြမှာလဲ။ အမျိုးသားသူရဲကောင်းနဲ့တော်လှန်ရေး သူရဲကောင်း ကွာပါတယ်။ တော်လှန်ရေး လှုပ်ရှားမှုက ကုန်ထုတ်လုပ်ရေး၊ နည်းပညာ၊ အနုပညာ၊ သိပ္ပံ၊ ဘောဂ၊ ဇီဝ၊ စစ်ရေး၊ နိုင်ငံရေး၊ အတွေအခေါ်စတဲ့ နယ်ပယ်စုံမှာ လုပ်ရတော့ လူမျိုးရေးထက် ပိုတာအမှန်ပါဘဲ။ တို့တ တွေဟာ ကောင်း တာလောက်နဲ့ ကျေနပ်ကြ ရမှာ မဟုတ်ဘဲ တို့နဲ့သက်ဆိုင်တဲ့ လူ့အဖွဲ့အစည်းကို အကောင်း ဆုံးဖြစ်အောင် တော်လှန်ပြောင်းလဲ ဖို့ဖြစ်တယ်။ လူ့အဖွဲ့အစည်းကို လူသားချင်းစာနာထောက်ထားတဲ့ အမြင်၊ မတရားဖိနှိပ်မှုကို ဆန့်ကျင်တဲ့အမြင်နဲ့ တည်ဆောက်သင့်ပါတယ်။
လောကမှာလူတွေထဲက “ဘုရား”ဆိုတာတွေပေါ်ခဲ့သလိုလူတွေကမုန်းတီးတဲ့လူတွေလည်းပေါ်ခဲ့တယ်။ တို့သတိထားဖို့က ဘုရားဖြစ်ကြောင်းလူဆိုးဖြစ်ကြောင်းဆိုတာတွေကို လူတွေက သူတို့ ကိုယ်ကျိုးတဲ့ တွက် သတ်မှတ်ပြောကြတာကို သိထားရမယ်။ အများတကာ့အများစု အကျိုး ကိုတို့သယ်ဆောင်နိုင်မှအကောင်းပြော မည့် သူများနိုင်ပါတယ်။ လောကကောင်းကျိုးပေါ့။
လူ့လောကထဲမှာ “မသိနိုင်တာမရှိ -မသိသေးတာသာရှိတယ်” ဆိုတာကို နုလုံးသွင်းထားရမယ်။ဒါမှသာ လေ့လာရေး စိတ်ဓါတ်ကို မြှင့်တင်နိုင်ပြီး ထက်မြက်တဲ့ တော်လှန်ရေးသမားတယောက်ဖြစ်လာနိုင်မယ်။ ရှေးရိုးစွဲ ဝါဒတွေရဲ့ အန္တရာယ်ကလည်းလွတ်ကင်းနိုင်မယ်။
လူတွေ သတိမထားမိတဲ့ အရာတခုက မြန်မာပြည်မှာကြီးစိုးနေတဲ့ ခနော်ခနဲ့ စစ်အာဏာရှင် လက်တဆုပ် စာမပြောနဲ့ ကမ္ဘာပတ် ဗိုလ်ကျနေတဲ့ အရင်းရှင်စံနစ်ကိုတောင် ဖြိုလှဲဖို့ ကွန်မြူနစ် စစ်စစ်တွေက စဥ်စားလုပ် ကိုင်နေကြတာကို မသိမြင်ကြဘူး။ ဒီအမြင်နဲ့ စိတ်ဓါတ်တွေကို လေ့လာ အားထုတ်ဖို့လို လိမ့်မယ်။ ဒီအမြင် ဒီသတ္တိမျိုးတွေကသာ ရှင်ဘုရင် ကို ပလ္လင်ပေါ်က ဆွဲချနိုင်သလို ဆင်းရဲသား လူထုကြီးအတွက် သာယာ အေးချမ်း မည့်ဘဝတွေအတွက် တိုက်ပွဲဝင် ပေးနိုင် လိမ့်မယ်။
ဟောင်းနွမ်းတဲ့ အတွေးအခေါ်တွေကို စွန့်လွတ်ကြ။
တော်လှန်ရေး အမြင်ကို မြင့်မြင့်မားမားလွှင့်တင်ကြ။
တော်လှန်ရေးမုချအောင်ရ မယ်။
ဦးအေးဆောင်
မေ ၁၊ ၂၀၂၀။

0 comments:
Post a Comment