အဖေ့အကြောင်း(၁၀) (အောင်သွေး)
ကျနော်လွတ်မြောက်ဒေသအသွား လားရှိုး အေဒီဂိတ်မှာ ပြဿနာတက်ပါတယ်။ အရင်အခေါက်တွေက အဲဒီဂိတ်မှာကျနော့ရဲ့ လုပ်ငန်း စစ်ဆေးရေးအလုပ်ကဒ်ပြားပြလိုက်ရင် ဘာမှမစစ်ဆေးခဲ့ကြပါဘူး။ မှတ်ပုံတင်ပြစရာမလိုပါ။ ဒီတခေါက်က အဲလိုလည်းပြလိုက်ရော ကျနော့အလုပ်ကပ်ကိုသိမ်းထားပြီး မနက်ဖြန် လားရှိုးထောက်လှမ်းရေးရုံးကိုလာခဲ့ဖို့ ပြောပါတယ်။ ၁၉၇၆ ခုနှစ် ဗိုလ်ကျော်ဇော ဒီဂိတ်ကပဲ လွတ်သွားတာအပြင် နောက်ပိုင်းလည်း ကျောင်းသားတွေ အမှုထမ်းအရာထမ်းတွေ ဒီဂိတ်ကပဲဖြတ်ပြီး ပါတီရဲ့လွတ်မြောက်ဒေသကို ရောက်နေခဲ့ကြတာပါ။ ကျနော်ကံဆိုးတာက လွန်ခဲ့တဲ့ ၂ရက်၊ ၃-ရက်ကပဲ ဝန်ထမ်းလင်မယား၂-ယောက် လွတ်သွားပြန်လို့တဲ့။ အခုဆို မှတ်ပုံတင်ကို သိပ်မစစ်တော့ပဲ ဝန်ထမ်းကဒ်တွေကိုအလေးထားစစ်နေတဲ့အချိန်ပါ။ ဒီလိုမှန်းသိရင်တန်းစီတုန်းက မှတ်ပုံတင်ကိုပဲ ထပ်ခဲ့တာပေါ့ဗျာ။

တနေ့တစီးပဲရှိတဲ့ဘတ်စကားကထွက်သွားပါပြီ။ ကျနော်စဉ်းစားရပြီ။ ဘာဆက်လုပ်မလဲ။ အဲဒီမှာ။ အဖေပြောနေကျစကား ကျနော်နားထဲ ဝင်လာပါတော့တယ်။ ငါ့သားရ ဉာဏ်ဆိုတာ-လွှာပြီးသုံးရတယ်ကွတဲ့။
အဲ--ကျနော့်ရဲ့ကြိုတင်ပြင်ဆင်မှုတွေကို အသုံးချရတော့တာပေါ့။ လာရှိုးမှာ
ကျနော်တို့မြို့ကမိတ်ဆွေ အကိုအရွယ် တရားရေးဝန်ထမ်းတယောက်ရောက်နေပါတယ်။ ကျနော်က မြို့မှာ
နိုင်ငံရေးသမားဟန် မဆောင်ပဲ ဟေးလားဝါးလားနေခဲ့တော့-ကျနော့်ကို
ဘာမှန်းသူမသိပါဘူး။ သူ့ကို အကူအညီတောင်းရတော့တာပဲ။ ညနေ နေဝင်ရီတရောမှာ သူ့အိမ်ကိုရှာတွေ့ပါတယ်။
တွေ့တာနဲ့အခြေအနေပြောပြတော့ သူကမင်းဘယ်သွားမလို့လဲတဲ့။ ကျနော်ကကွတ်ခိုင်မှာ
ကျောင်းဆရာမ လုပ်နေတဲ့ သူလည်းသိတဲ့ ကျောင်းနေဖက်သူငယ်ချင်းမနဲ့
ကျနော်ရီးစားဖြစ်နေတယ်အကိုဆိုတော့ ဘာမှမပူနဲ့ မနက်ဖြန်ထောက်လှမ်းရေးရုံး ရောက်ရင် ငါ့ဆီဖုန်းဆက်ခိုင်းလိုက်တဲ့။
ကျနော်က ကွတ်ခိုင်ရောက်ရင် ကျနော် ဘယ်မှာအိပ်ရမလဲမသိဘူးဆိုတော့၊
ငါ့အသိကွတ်ခိုင်က တရားရေးဝန်ထမ်းကိုငါစာ ရေးပေးလိုက်မယ်လို့ ပြောရင်းဆိုရင်းစာကောက်ရေးပါတယ်။
အဲဒီညက
အိပ်ကောင်းလိုက်တာဗျာ။ နောက်တနေ့မနက်ရောက်တော့
ထောက်လှမ်းရေးရုံးကို ကျနော်သွားပါတယ်။ ထောက်လှမ်းရေးက
ကျနော့ကို မိဘနာမည်နေရပ်လိပ်စာမေးပြီး ဘယ်သွားမှာလည်းလို့မေးပါတယ်။ ကျနော်က ဟိုဇာတ်လမ်းကိုပဲပြောတာပေါ့။ ပြီးတော့ ဒီမှာကျနော့အကိုဝမ်းကွဲရှိပါတယ်။
တရားရေးဝန်ထမ်းပါလို့ပြောတော့ ဖုန်းကောက်ဆက်ပါတယ်။ အကိုကဟုတ်ပါတယ်-ကျနော့ညီပါ၊
ကွတ်ခိုင်က သူ့ရီးစားကျောင်းဆရာမလေးဆီ သွားမလို့ပါဆိုတာနဲ့ ကိစ္စပြီးသွားပါတယ်။
နောက်တနေ့မနက်စောစောမှာ
အကိုကကျနော့ကို ကားဂိတ်လိုက်ပို့ပြီး ကွတ်ခိုင်ကားလက်မှတ်ဖြတ်ပေးပါတယ်။ အကို့ကိုနှုတ်ဆက်ပြီး
ထွက်လာတော့ ကားပေါ်မှာထောက်လှမ်းရေးရုံးက ရှမ်းတရုတ်ကပြားတယောက်ပါ လိုက်လာပါတယ်။ အေဒီဂိတ်ရောက်တော့
အစစ် မခံရတော့ပေမယ့် ကျနော့ဝန်ထမ်းကဒ်ကိုပြန်မပေးဘဲ မနေ့ကတာဝန်ကျဆီ
ပါသွားသလိုလိုပြောပြီးပြန်လာမှယူပါလို့ ပြောပါတယ်။ ကျနော်သိလိုက်ပါပြီ။
ကျနော့်ကိုချည်ထားလိုက်ပြီဆိုတာ။ ဒါနဲ့ကွတ်ခိုင်ရောက်တော့ ကားပေါ်ကဆင်းရပါတယ်။
စျေးနေ့ကြီးပါ။ စျေးထဲမှာသူငယ်ချင်းကို တွေ့ပါတယ်။ သူကရိပ်မိပါတယ်။
ကျနော့ကိုပြန်ခိုင်းပါတယ်။ ဒါနဲ့အေးပါဟာလို့ဆိုပြီး အကို့သူငယ်ချင်းကိုရှာရပါတော့တယ်။
အကို့စာကိုတော့ ကျနော်က ဖောက်ဖတ်ပြီးသားပါ။ စာထဲမှာ ကျနော့်ညီကို လိုအပ်တဲ့အကူအညီပေးလိုက်ပါတဲ့။ အဖေ့ကိုသတိရပြန်တယ်။ အဖေရေ အဖေပြောသလို
ကျနော်ဉာဏ်ကိုလွှာသုံးလို့ ကျနော်သွားချင်တဲ့ဆီရောက်ခါနီးပြီဗျလို့တွေးရင်း
အောင်သွေး
ဆက်ပါမည်။
0 comments:
Post a Comment