ဗမာပြည် လစ်ဘရယ်လက်သစ် မေဒေးသဝဏ်လွှာ(ညီဌေးကျော်)
အရေးတော်ပုံဂျာနယ်၊ အတွဲ(၃) အမှတ်(၃)
၂၀၂၀ မေ ၁ (မေဒေး ကမ္ဘာ့အလုပ်သမားနေ့) သဝဏ်လွှာမှာ သမ္မတဦးဝင်းမြင့်က COVID 19 ကာလ ဗမာပြည်အလုပ်သမားအရေးနဲ့ပတ်သက်လို့ ယခုလိုဖော်ပြထားတယ်။
"(အလုပ်သမား အဖွဲ့အစည်းများသည်) ပုဂ္ဂိုလ်ရေး နိုင်ငံရေး အမြတ်ထုတ်ရန် ဥပဒေနှင့်မညီသည့် ဆူပူဆန္ဒပြမှုများ ဖြစ်ပွားစေရန် ဘေးက သွေးထိုးလှုံ့ဆော်မှုများ ဝင်ရောက်လာတတ်သည်ကိုလည်း အထူးသတိပြုကြရန် လိုမည်ဖြစ်ပါသည်"။
"ဈေးကွက်စီးပွားရေးစနစ်မှာ ---- အလုပ်အကိုင်ဖန်တီးပေးတဲ့ အလုပ်ရှင်တွေကလည်း အလုပ်သမားတွေအတွက် မရှိမဖြစ် မိတ်ဖက်ဖြစ်လို့ --- ဟန်ချက်ညီ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် မိမိအကျိုးစီးပွားနဲ့ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူဖြစ်စေတယ်"။
လိုရင်းကို ရှင်းအောင်ပြောရရင် - အလုပ်ရှင်တွေဟာ အလုပ်သမားကို အလုပ်အကိုင်ဖန်တီးပေးတဲ့ မရှိမဖြစ်မိတ်ဖက်ဖြစ်တယ် (ကျေးဇူးရှင်ပေါ့)။ (အလုပ်သမား အဖွဲ့အစည်းများထဲမှာ ပုဂ္ဂိုလ်ရေး နိုင်ငံရေး အမြတ်ထုတ်ရန် ဥပဒေနဲ့မညီသည့် ဆန္ဒပြမှုများ ဖြစ်ပွားစေရန် ဘေးက သွေးထိုးလှုံ့ဆော် နေတာတွေ ရှိတယ်လို့ ပြောတာဖြစ်ပါတယ်။
ဒါလား မေဒေးသဝဏ်လွှာ။ ဓားဓားချင်းလှံလှံချင်းတို့၊ ဆူဆူပူပူလုပ်ရင် မသက်သာဘူးမှတ်တို့ဆိုတဲ့ အသေထွက်သွားတဲ့ အာဏာရှင်ဗိုလ်နေဝင်း လေအတိုင်းပဲ။ အလုပ်သမားသမဂ္ဂတွေ အလုပ်သမားခေါင်းဆောင်တွေကို နိုင်ငံရေး သွေးထိုးလှုံ့ဆော်နေသူတွေလို့ တံဆိပ်ကပ်ပြီး (နောက်ဆိုအကြမ်းဖက်သမား ဆိုပြီးလာဦးမယ်) ခြိမ်းခြောက်နေပါရောလား။
ဒီ့အရင် ၂၁ ဧပြီ ၂၀၂၀ ဒေါ်စုလက်မှတ်ထိုး ထုတ်ပြန်တဲ့ အတိုင်ပင်ခံရုံးထုတ်ပြန်ချက်မှာ ယခုလိုဖော်ပြထားတယ်။
"ULA/AA အကြမ်းဖက်အုပ်စုက ရခိုင်ပြည်နယ် ချင်းပြည်နယ်အတွင်း အဖျက်အမှောင့်လုပ်ရပ် လုပ်ဆောင်နေသဖြင့် ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ကို ထိန်းသိမ်းကာကွယ် စောင့်ရှောက်နိုင်ရန်အတွက် အသက်စွန့်၍ ရွပ်ရွပ်ချွံချွံ တာဝန်ထမ်းဆောင်လျက်ရှိသော တပ်မတော်သား အရာရှိစစ်သည်အားလုံးကို အသိအမှတ်ပြု ဂုဏ်ပြုချီးကျူးပါသည်" တဲ့။
အန်ကယ်တို့ စစ်အုပ်စုမင်းဆက် နှလုံးစိတ်ဝမ်း အေးချမ်းရလေအောင် ရခိုင်ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်ကို မီးလောင်တိုက်သွင်းနေတဲ့ ကြေးစားတပ် အရာရှိစစ်သည်အားလုံးကို လစ်ဘရယ်ငြိမ်းချမ်းရေးဆုရှင်က ချီးကျူးဂုဏ်ပြုနေပါတယ်။ ကြေးစားတပ်ကို စိတ်နဲ့ကောရုပ်နဲ့ပါ (ပြစ်မှားဖို့ဝေးစွ) ပူဇော်ပသနေတာပါ။ ယခုဆောင်းပါးမှာ အလုပ်သမားအရေး အဓိကထားပြောမှာဖြစ်လို့ ဒီကိစ္စကို ဒါလောက်ပဲ ထားလိုက်ပါဦးမယ်။
COVID 19 ဒဏ်ကို တကမ္ဘာလုံးခံနေရတာပါ။ ယခုအထိ ကူးစက်ပျံ့နှံ့မှု အရှိန်ကောင်းတုန်းပါ။ အခံရဆုံးကတော့ အခြေခံလူတန်းစားတွေဖြစ်တဲ့ အလုပ်သမား လယ်သမား လက်လုပ်လက်စား တွေပါပဲ။ စက်ရုံအလုပ်ရုံပိတ်သိမ်းမှုနဲ့ အလုပ်လက်မဲ့တွေတိုးပွားမှုဟာ ဒီကာလအတွင်း ကမ္ဘာတဝန်း လူဦးရေ ၂၅ သန်းလောက်ရှိမယ်လို့ ILO က ခန့်မှန်းပါတယ်။ ဗမာပြည်တခုတည်း ကွက်ဖြစ်နေတာ မဟုတ်ပါဘူး။
ပြဿနာက အလုပ်သမားတွေရဲ့ လုပ်ခွင်တည်မြဲရေးနဲ့ လုပ်ခွင်အန္တရာယ်ကင်းရေး အတွက် ရပိုင်ခွင့်တောင်းဆိုတာကို အာဏာတပိုင်းရ အုပ်စိုးသူတွေက အပြစ်တင်နေတာ ဖြစ်တယ်။ လုပ်ငန်းရှင်တွေက ရှုံးမယ့်စက်ရုံတွေကျ ပြီးစလွယ်ပိတ်ပစ်တယ်။ မြတ်မယ့်စက်ရုံတွေကျ ဇွတ်ပြန်ဖွင့်နေတယ်။ ဆူပူလှုံ့ဆော်မှုများဖြစ်အောင် ဘေးက သွေးထိုးလှုံ့ဆော်နေသူများ အဖြစ် အလုပ်သမားသမဂ္ဂများနဲ့ဝန်ရံသူများကို စွပ်စွဲနေတယ်။ အလုပ်သမားတွေမှာ အငတ်ဘေးကော ကပ်ဘေးကော အပြင် မင်းဘေးစိုးဘေးပါ ရင်ဆိုင်နေရတာပါ။
ILO သတ်မှတ်ချက်အရ ဝင်ငွေတနေ့လုပ်ခ ဒေါ်လာ ၁.၉ အောက်ဆိုရင် အလွန်ဆင်းရဲ၊ ဒေါ်လာ ၃.၁ အောက်ဆိုရင် အတော်အတန်ဆင်းရဲလို့ သတ်မှတ်ပါတယ်။ ဗမာပြည်အလုပ်သမားတယောက် အနိမ့်ဆုံးလုပ်ခ တနေ့ ကျပ် ၄၈၀၀ (၃.၃ ဒေါ်လာခန့်ပါ - ၁၅၀၀ ကျပ်နှုန်းနဲ့တွက်တယ်) အတော်အတန်ဆင်းရဲစာရင်းက လွတ်ရုံရှိပါတယ်။ ဒါဟာလည်း အလုပ်သမားတိုက်ပွဲတွေရဲ့ အောင်သီးအောင်နှံအဖြစ် ရရှိလာတဲ့ လုပ်ခလစာပါ။
၂၀၂၀ ဇန်နဝါရီ အာဆီယံနိုင်ငံအချို့ရဲ့ တလစာအနိမ့်ဆုံးလုပ်ခ (အမေရိကန်ဒေါ်လာဖြင့်) နှိုင်းယှဉ်ကြည့်ပါ။ မြန်မာ - ၉၈.၈၈ ဒေါ်လာ၊ လော - ၁၃၀ ဒေါ်လာ၊ ဗီယက်နမ် - ၁၄၅၊ ကမေ႓ာဒီးယား - ၁၇၀၊ မလေးရှား - ၂၄၈ ၊ ထိုင်း - ၂၉၅ ဒေါ်လာ။
WB ကဖော်ပြတဲ့ စီးပွားရေးလုပ်ရန် (ရင်းနှီးမြှုပ်နှံရန်) လွယ်ကူသောနိုင်ငံများစာရင်း (၂၀၁၉)မှာ ဗမာပြည်က အဆင့် ၁၇၁ ဖြင့် အောက်ဆုံးတန်းမှာ ဖြစ်ပါတယ်။ အခြေခံအဆောက်အအုံ (လမ်း တံတား ရေ မီး) ညံ့ဖျင်း၊ မြေဈေးကြီး (ဒစ်ဂျစ်တယ် မြေယာဘဏ် မရှိ)၊ ဥပဒေလုပ်ထုံးလုပ်နည်း မရှင်း၊ ကြိုးနီစနစ်ကြောင့် ခွင့်ပြုချက် နှောင့်နှေးတာအပြင်၊ ငွေကြေးတည်ငြိမ်မှုမရှိ၊ လက်နက်ကိုင်ပဋိပက္ခ၊ လူ့အခွင့်အရေး ချိုးဖောက်မှုကြောင့် ဒဏ်ခတ်အရေးယူ ခံနေရခြင်း စတာတွေကြောင့်ဖြစ်ပါတယ်။
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု FDI ဆိုတာ ဘဏ္ဍာအရင်း တင်ပို့တာပါ။ မြတ်လို့တင်ပို့တာပါ၊ မရှိမဖြစ်မိတ်ဖက်မို့လို့ တင်ပို့တာမဟုတ်ဘူး။ မမြတ်ရင် (အရင်းအနှီးမတိုးပွားရင်) မမြှုပ်နှံဘူး။ ရှုံးမယ်ထင်ရင် (ငွေထုပ်မှအပ) ဘယ်သူ့မျက်နှာမှ ထောက်မှာမဟုတ်ဘူး။ အမြတ်ရဖို့ဆိုရင် ဗမာပြည်လိုနိုင်ငံအဖို့ တခြားအချက်အလက်တွေ မပြည့်စုံတဲ့အတွက် လုပ်အားခကို ဈေးနှိမ်ရပါတယ်။ ဒါဟာ အရင်းရှင်ဘောဂဗေဒရဲ့ အရှုံးအမြတ်တွက်ချက်မှုပါ။ မရှိမဖြစ်မိတ်ဖွဲ့နေတာ မဟုတ်ပါဘူး။ အရင်းနဲ့ လုပ်အား အလုပ်ဆိုတာ မပြေငြိမ်းနိုင်သော မရှိမဖြစ် ရန်ဘက်များသာ ဖြစ်ပါတယ်။
ဒါ့ကြောင့် မလောက်မငလုပ်ခနဲ့ အလုပ်သမားက အခွင့်အရေးတောင်းဆိုလာရင် အုပ်စိုးသူ (လစ်ဘရယ်+စစ်အုပ်စု) အစိုးရမင်းများက လုပ်ငန်းရှင်တွေရဲ့ ပိုက်ဆံအိတ်ဖောင်းပွရေးအတွက် နှိပ်ကွပ်ပါတယ်။ ဗမာပြည်အလုပ်သမား လူတန်းစားဟာ ပြည်တွင်းက လက်ဝေခံဗျူရိုကရက်ဓနရှင်များနဲ့ နိုင်ငံစုံကော်ပိုရိတ် ဘဏ္ဍာအရင်းရှင်ကြီးများရဲ့ ပူးပေါင်းသွေးစုပ်မှုကို ခံနေရတာပါ။
အရင်းတင်ပို့တာ(FDI)မှာ - အတတ်ပညာနှင့်စီမံခန့်ခွဲမှု၊ စက်ကိရိယာ၊ တန်ဖိုးဖြည့် စက်မှုကုန်ကြမ်း၊ ဈေးကွက်ဝေစု(ကုန်အမှတ်တံဆိပ်နဲ့ အမှာစာ) စတဲ့ စွမ်းအားစုတွေအပေါ် ဒေါ်လာနဲ့တန်ဖိုးသင့်ပြီး တင်ပို့တာပါ။ တနည်းအားဖြင့် ရောင်းပေးတာပါ။ လုပ်ငန်းရှင်က အဆင်ပြေတဲ့နိုင်ငံမှာ (ဥပမာ - စင်ကာပူ) လုပ်ငန်းမှတ်ပုံတင် ဘဏ်ကြီးများထံမှငွေချေးပြီး ထုတ်လုပ်ရေးကွင်းဆက်များ (လက်ခွဲကန်ထရိုက်များ) မှတဆင့် ပစ္စည်းမှာယူ တပ်ဆင်ထုတ်လုပ်တာ ဖြစ်ပါတယ်။ (ဥပမာ - စင်ကာပူမှာမှတ်ပုံတင်၊ အမေရိကန်ထံမှငွေချေး၊ ဗမာပြည်မှာစက်ရုံထောင်၊ ဂျပန်ကစက်မှာ၊ တရုတ်ကအထည်တင်သွင်း၊ ဥရောပသမဂ္ဂကိုတင်ပို့) ကိုယ်က စက်ရုံနေရာထိုင်ခင်းနဲ့ လုပ်အားပဲစိုက်ရတာပါ။ လုပ်အားကရတဲ့ ဝေစုက ဗမာပြည်လို ဈေးအပေါဆုံး အလုပ်ကြမ်းသမား နိုင်ငံဘဝမှာ အနည်းဆုံးဖြစ်နေပါတယ်။
ဗမာပြည်ရဲ့ ပြည်ပပို့ကုန် ၂၀၁၈-၁၉ (၁၁ လခွဲအတွင်း) ဒေါ်လာ ၁၅.၇၉၅ ဘီလီယံဖြစ်ပြီး၊ လယ်ယာ သားငါး သစ်တော သတ္ထု တွင်းထွက် ဓာတ်ငွေ့ နဲ့ အထည်ချုပ်လုပ်ငန်းတို့ ပါဝင်တယ်။ ဒီအထဲမှာ EU သို့ တင်ပို့တဲ့ အထည်ချုပ်လုပ်ငန်းက ပို့ကုန်တန်ဖိုး ဒေါ်လာ ၄ ဘီလျံကျော် ပါဝင်တယ်။ အထူးအခွင့်အရေး GSP ပေးထားတဲ့အတွက် ကုန်သွယ်ခွန် ပုံမှန် ၁၇.၂၄% အစား ၅% အောက်ပဲ ဆောင်ခွင့်ရထားတယ် ။ လွတ်လပ်ဈေးကွက်လို့ ဆိုပေမယ့် အခွန်အတုတ်ရယ်၊ ကန့်သတ်ချက်အမျိုးမျိုးတို့ရယ်နဲ့ ကုန်သွယ်ရေးအသာစီး ယူထားတာပါ။
ရန်ကုန်တိုင်းမှာပင် CMP လက်ခစားစက်ရုံ ၅၀၀ ခန့်ရှိပြီ (တရုတ် ၂၆၃ ၊ ကိုရီးယား ၆၄ ၊ မြန်မာ ၉၂ နှင့် အခြား) အလုပ်သမား ၅ သိန်းကျော်ရှိကြောင်း အထည်ချုပ်လုပ်ငန်းအသင်း သတင်းစာရှင်းပွဲမှာ (၂၁ ဖေဖော်ဝါရီ) ပြောပါတယ်။
WB ကမ္ဘာ့ဘဏ်စာတမ်းအရ - ဗမာပြည်မှာ အလုပ်သမားအင်အား ၃၄ သန်း အနက် နိုင်ငံပိုင်စက်ရုံအလုပ်ရုံတွေမှာ ၁ သန်း၊ ပုဂ္ဂလိကပိုင်းမှာ ၃၃ သန်း ဖြစ်တယ်။ ဒီအထဲမှာ လယ်သမား ၈.၅ သန်း၊ လယ်ယာလုပ်သား ၄ သန်း၊ အသေးစားနဲ့အလတ်စား လုပ်ငန်းများမှာ ၂.၅ သန်း၊ မိသားစုလုပ်ငန်းမှာ ၆ သန်း၊ အလုပ်ရုံစက်ရုံများမှာ ၂ သန်း၊ ကျန်တာက ပြည်ပထွက် ရွှေ့ပြောင်း နဲ့ပျံကျ ဖြစ်တယ်။ (VOA သတင်း)
ဗမာပြည် အခြေခံလူတန်းစားတွေရဲ့ စားဝတ်နေရေးဘဝ ငြိမ်းချမ်းလုံခြုံတည်ငြိမ်ရေးနဲ့ ဆင်းရဲတွင်းမှလွတ်မြောက်ရေးကို မလုပ်ဆောင်နိုင်ရင် တိုင်းပြည်ဟာ ကသောင်းကနင်း ဖြစ်နေဦးမှာပါပဲ။
ဗမာပြည် အုပ်စိုးသူအဆက်ဆက်ဟာ အမှီအခိုကင်းတဲ့ အမျိုးသားစီးပွားရေးကို တည်ဆောက်နိုင်စွမ်း မရှိပါဘူး။ စစ်အစိုးရအဆက်ဆက် စစ်ဗျူရိုကရက်အာဏာ တည်မြဲရေးအတွက် ကိုလိုနီသခင်ဟောင်းနိုင်ငံများကို မှီခိုနေရတဲ့ တိုင်းပြည်ရောင်းစားတဲ့ လက်ဝေခံ စစ်ဗျူရိုကရက် အရင်းရှင်တွေ ဖြစ်လာပါတယ်။
တိုင်းပြည်ရဲ့ လယ်ယာ စက်မှု အခြေခံအဆောက်အအုံ ဝန်ဆောင်မှု နဲ့ သယံဇာတအရင်းအမြစ် မှန်သမျှ မောင်ပိုင်စီး လက်ဝါးကြီးအုပ်ကာ၊ နိုင်ငံခြားအရင်းအနှီးကို ဒူးထောက်ဖိတ်ခေါ်တယ်။ လျှို့ဝှက်ထားတဲ့ မမျှမတ စာချုပ်စာတမ်းများနဲ့ ဥပဒေအမျိုးမျိုး ပြဋ္ဌာန်းကာ စစ်ဗျူရိုကရက် အကျိုးစီးပွားကို အကာအကွယ်ပြုထားတယ်။ ၂၀၀၈ နာဂစ်ဖွဲ့စည်းပုံနဲ့ တရားဝင်အောင်ပြုထားတယ်။
ယခုအချိန်မှာ တိုင်းပြည်ဟာ ကပ်ဘေး အငတ်ဘေး စစ်ဘေး ဘေးသုံးဘေးနဲ့ ရင်ဆိုင်နေရတယ်။ စစ်အုပ်စုမင်းဆက်က ပြည်တွင်းစစ်ကို တိုးချဲ့နေချိန်မှာ လစ်ဘရယ်အုပ်စိုးသူက အလုပ်သမား - လယ်သမား အခြေခံလူတန်းစားတွေကို ကြိမ်းမောင်းနေပါတယ်။
မတရားတဲ့ ဥပဒေ အမိန့်အာဏာ မှန်သမျှ ဖျက်သိမ်းပြီး၊ အခြေခံလူတန်းစားများနဲ့ အဖိနှိပ်ခံ လူမျိုးပေါင်းစုံပြည်သူများရဲ့တရားတဲ့အခွင့်အရေးကို (ပြည်တွင်းပြည်ပ) အကာအကွယ်ပေးတဲ့ ဥပဒေ အမိန့် ညွှန်ကြားချက် စာချုပ်များနဲ့ အစားထိုးဖို့လိုပါတယ်။
အဲဒီလိုဖြစ်မှ (သမ္မတကြီးပြောသလို) ဟန်ချက်ညီ ဖြစ်ပါလိမ့်မယ်။ ဒီတာဝန်ကို ကျေးဇူးရှင်အတွေးအခေါ်နဲ့လုပ်လို့မရပါ။ လုပ်ရင် မြောင်းထဲက တက်နိုင်တော့မှာ မဟုတ်ပါ။
ညီဌေးကျော် (၄ မေ ၂၀၂၀)

0 comments:
Post a Comment