အဖေ့အကြောင်း(၉) (အောင်သွေး)
၁၉၇၆ ခုနှစ်မှိုင်းရာပြည့်လှုပ်ရှားမှုနဲ့ဖမ်းထားတဲ့ညီလေးကို စစ်ခုံရုံးက အလုပ်ကြမ်းနဲ့ထောင်ဒါဏ်(၉)နှစ်ချပါတယ်။ ထောင်ကျပြီးတဲ့နောက် ၁၉၇၇ နှစ်မှာ ထောင်ဝင်စာတွေ့ခွင့်ရခဲ့ပါတယ်။ ရရချင်းအဖေနဲ့ကျနော် ရန်ကုန်ကိုတက်သွားပြီးအင်းစိန်ထောင်ကို သွားခဲ့ကြပါတယ်။ အဲဒီ နေ့ကထောင်ဝင်စာတွေ့ဖို့စောင့်နေရတဲ့ဇရပ်ထဲမှာ လူတော်တော်များများရောက်နေတာတွေ့ရပါတယ်။ မများခံနိုင်ရိုးလား။ ဦးသန့် အရေးအခင်းနဲ့မှိုင်းရာပြည့်ပေါင်းထားတော့ လူများတော့တာပေါ့။ အဲဒီအချိန် ဇရပ်ပေါ်မှာမျက်မှန်နဲ့အသက်၅၀-ကျော်လူတယောက် လက်နှစ်ဖက်ကိုနောက်ပစ်ပြီး ခေါက်တုံ့ခေါက်ပြန်လမ်းလျှောက်နေပါတယ်။ ခေါင်းလေးတဆတ်ဆတ်နဲ့ပေါ့။ ကျနော်ကတော့ ဓာတ်ပုံထဲ မှာပဲမြင်ဘူးတာပါ။ အဖေက ဟိုလူဟာကျော်ငြိမ်းနဲ့တူတယ်ကွ၊ ငါသွားနှုတ်ဆက်လိုက်အုံးမယ်တဲ့။

ကျနော် တခုခုပြောမလို့ပြင်နေတုန်း၊ ဟိုလူလှည့်အလာမှာ
အဖေကရှေ့တိုးသွားပြီး ခင်ဗျားကိုကျော်ငြိမ်းမဟုတ်လားလို့မေးရှာပါတယ်။ ဟိုကတချက်လှည့်ကြည့်ပြီး
စကားပြန်မပြော၊ မပြုံးမရယ်နဲ့ပြန်လှည့်သွားပြီး လမ်းဆက် လျှောက်နေပါတယ်။ ကျနော်က အဖေကလည်းဗျာ-ဒီလိုလူတွေကို
သွားနှုတ်ဆက်ရတယ်လို့ပဲလို့အငေါ်တူးတော့ သူဘာမှပြန်မပြောတော့ပါဘူး။ ထောင်သားတွေထုတ်လာတော့
ညီလေးနဲ့-၁၅မိနစ် လောက် စကားပြောခွင့်ရပါတယ်။ ညီလေးက သံဇကာနောက်ကနေ အကိုရေဆိုပြီး ညာဖက်လက်သီးကိုဆုပ်မြှောက်ကာ
ကျနော့်ကို နှုတ်ဆက် ပါတယ်။ အဖေကတော့
သူ့ထောင်အတွေ့အကြုံတွေကို သွန်သင်နေခဲ့ပေါ့။ နောက်အကြိမ်တွေမှာတော့ အမေကလည်းတွေ့ချင်တယ်ဆိုပြီး
ရန်ကုန်တက်သွားကာ သူပဲအမြဲသွားတွေ့ပါတော့တယ်။ အမေကပိုပြီးလုပ်နိုင်ပါတယ်။ ထောင်ဝင်စာလာမတွေ့နိုင်တဲ့ ညီလေးရဲဘော်တွေ အတွက်ပါ ချက်ပြုတ်ကြော်လှော်သွားနိုင်ပါတယ်။ ကျနော်ကြားဖူးသလောက်က ကွမ်းခြံကုန်းဘက်က ကိုအေးကို (နောက်ပိုင်းပါတီရဲ့
ရှမ်းပြည်အလယ်ပိုင်းဗျုရိုကိုရောက်လာခဲ့သူ)ကိုဆိုရင် သူ့အိမ်ကမလာနိုင်လို့ အမေကအမြဲယူသွားပေးပါတယ်။
ပြီးရင်အမေကညီလေးတို့ ထောင်ထဲက အပြင်ကိုပို့ခိုင်းတာတွေပို့ပေးပေါ့။ တောခိုလာခဲ့တဲ့အမေက ဒီလောက်တော့အေးအေးဆေးဆေးပါ။
၁၉၇၈ ခုနှစ်မှာ ကျနော်ပါတီဗဟိုကိုသွားဖို့
ဖြစ်လာပြန်ပါတယ်။ ဒီမတိုင်ခင်အမေက ကျနော့ကို၊အလုပ်လည်းရပြီ။
အိမ်ထောင်ပြုပါတော့လား သားရယ်တဲ့။ ကျနော်က သားမှာလုပ်စရာတွေ အများကြီးရှိသေးတယ်အမလို့
ပြောတော့အမေကဘာမှပြန်မပြောတော့ပါ။ ကျနော် ဒီတခေါက်မှာတော့ ရန်ကုန်ပါတီကော်မတီကို လွတ်မြောက်ဒေသမှာ
အပြီးနေဖို့တင်ပြထားတော့ ခွင့်ပြုချက်ရထားပါတယ်။ ဒါပေမယ့် ဆက်သားရှားနေတာလည်းသိလို့
အဆင်ပြေရင်ကျနော်ပြန်လာပါ့မယ်လို့ပြောခဲ့ပါတယ်။ ဒီတခေါက်လည်း ရိပ်မိတဲ့အမေက ငွေယူသွားလို့
ပြောပြန်ပါတယ်။
အဖေကလည်း ဟေ့ကောင် မင်းငါ့ကိုမလိမ်နဲ့တော့တဲ့။
ကျနော်အဖေ့ကိုဦးချပြီး သူပြောတာတွေကို စိတ်ထဲကမှတ်မိအောင် ကြိုးစားခဲ့ပါတယ်။ ကျနော့စာစောင်စာတမ်းတွေကို မြေကြီးထဲမြုပ်မလို့ပြင်နေတုန်း ညီလေး ထောင်ကလွတ်လာပါတယ်။ ထောင်ထဲမှာ
၂-နှစ်နဲ့တလ ကြာခဲ့တယ်။ ညီလေးနဲ့ကျနော် အေးအေးဆေးဆေးစကားပြောခွင့်မရခဲ့ပါဘူး။
သူထောင်ကထွက်လာပြီး(၈)ရက်အကြာမှာ ကျနော်ခွဲခဲ့ ရတာပါ။ ညီလေးကို စာအုပ်တွေအပ်၊
ကျနော့ရဲဘော်တွေကိုဆက်သွယ်ဖို့ ပတ်စ်ဝါ့ဒ်တွေပေးနဲ့ပါ။
တရက်မှာကျနော်ရုံးကနေ့လည်ထမင်းစားပြန်လာတုန်း
အဖေ့ကို အိမ်အပြင်မှာလမ်းလျှောက်နေတာတွေ့လို့ အဖေဘာလုပ်နေတာလည်း မေးတော့ အဖေကပြုံးပြုံးကြီးနဲ့ မင်းညီအိမ်ထဲမှာ သူ့ရီးစားနဲ့စကားပြောနေလို့ငါရှောင်ပေးနေတာ တဲ့ဗျာ။ ဒီလိုနဲ့ ကျနော်ချစ်ခင် လေးစားတဲ့အဖေနဲ့အမေရယ်၊ညီ-ညီမတွေရယ်ကိုကျနော်ခွဲခွာခဲ့ရပါတော့တယ်။
အောင်သွေး
အောင်သွေး
ဆက်ပါမည်
0 comments:
Post a Comment