Sunday, September 30, 2018

ထောက်ခံတာလည်း ခံကြပါ(မျိုးမြင့်ချို)

0 comments
ဒေါ်အောင်ဆန်းစုကြည်ထောက်ခံပွဲ လုပ်တယ်လို့ဆိုတယ်။ လူ ၃ဝ လောက် ပါဝင်တယ်လို့လည်းကြားတယ်။ အမှန်တကယ်လား လျှော့ပြောတာလား ပိုပြောတာလားတော့ မပြောတတ်ပါ။ ထားပါတော့ လူ သုံးဆယ်ပဲ။ သုံးဆယ်ကနေ၊ သုံးရာ၊ သုံးရာကနေ သုံးထောင်၊ သုံးထောင်ကနေ သုံးသောင်း၊ သုံးသိန်း၊ သုံးသန်း၊ သန်းသုံးဆယ် ဖြစ်သွားရင် မကောင်းဘူးလား။ လှည်းနေလှေအောင်း မြင်းဇောင်းမကျန်တော့ ဘယ်နည်းနဲ့မှမဖြစ်နိုင်ဘူး။ ၈၈ ကာလတုန်းကလို၊ ၈၈ အပြီး မတရားတဲ့အမိန့်အာဏာဟူသမျှ တာဝန်အရဆန့်ကျင်ကြ ကာလတုန်းကလိုတော့ လူထုကြီးပါလာဖို့ မျှော်လင့်လို့မရတော့ဘူး။ မျှော်လည်း...

Friday, September 28, 2018

အချုပ်တန်းဆရာဖေ(၁၂ဝဝ – ၁၂၅၆) ရန်ဝင်း(တောင်တံခါး)

0 comments
အချုပ်တန်း ဆရာဖေ (၁၂ဝဝ – ၁၂၅၆) ရန်ဝင်း (တောင်တံခါး)ဇွန် ၂ ၊ ၂ဝ၁ဝ “တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး” အချုပ်တန်းရပ်ကို အစွဲပြုပြီး အချုပ်တန်းမောင်ဖေ၊ နောက်တော့ အချုပ်တန်းဆရာဖေ ရယ်လို့ နာမည်ကျော်ကြားခဲ့တဲ့ မျိုးချစ်စာဆိုတော်ကြီးက ကိုယ့်အမျိုးသားတွေကို စည်းကမ်းရှိစေချင်လွန်းလို့၊ ညီညွတ်ကြစေချင်လွန်းလို့ အားမလိုအားမရဖြစ်ပြီး ရေးခဲ့တဲ့ တေးထပ်တပုဒ်ကို သတိရမိကြဦးမှာပါ။ အချုပ်တန်းဆရာဖေ က မြန်မာသက္ကရာဇ် ၁၂ဝဝ ပြည့်နှစ်ဖွား အင်းဝဇာတိပါ။ ဆရာဖေရဲ့မိခင်က သဘင်သည်မျိုးရိုး ဖြစ်ပါတယ်။ ပုဂံမင်းလက်ထက်မှာ...

(ခင်ဗျားတို့ မဖတ်ဝံ့တဲ့ ကျုပ်တို့စာမျက်နှာ) မျိုးမြင့်ချို

0 comments
(ခင်ဗျားတို့ မဖတ်ဝံ့တဲ့ ကျုပ်တို့စာမျက်နှာ) မျိုးမြင့်ချို မိမိပါဝင်ခဲ့တဲ့ မြေပေါ်မြေအောက်၊ လက်နက်ကိုင်တော်လှန်ရေးနဲ့ နိုင်ငံရေးအတွေ့အကြုံ ဖြတ်သန်းမှုတွေ ပြန်ရေးကြတာ အလွန်ကောင်းပါတယ်။ ကျနော်တို့မသိခဲ့ လက်လှမ်းမမီခဲ့တာတွေကို သိရမီရတာဖြစ်လို့ကျေးဇူးများပါတယ်။ ဒါတွေဟာ သမိုင်းမှတ်တမ်းလည်း ဖြစ်ပါတယ်။ သမိုင်းမှတ်တိုင်လည်းဖြစ်ပါတယ်။ ရှေ့လူတွေလည်း ရေးခဲ့ကြလှပြီ။ ကျနော်တို့ခေတ်ပြိုင်တွေလည်း ရေးနေကြပြီ၊ ကျနော်တို့နောက် မျိုးဆက်တွေလည်း လက်တွေ့နိုင်ငံရေးထဲ ဖြတ်သန်းနေကြပြီ။ သူတို့လည်း တချိန်ကြရေးကြမှာပဲ။ ခုကတည်းက...

Wednesday, September 26, 2018

Skill of Blaming To Others အပြစ်ပုံချခြင်းပညာ(မျိုးမြင့်ချို)

0 comments
(Skill of Blaming To Others အပြစ်ပုံချခြင်းပညာ) အတင်းပြောခြင်းအတတ်ပြီးတော့ သူ့အပြစ် သူ့ပေါ်ပုံချခြင်းပညာကို ပြောပါဦးမယ်။ အဲ့ဒီ မျက်လုံးပြာနဲ့လူကြီးပဲပြောပြတာ။ အကောင်းဖြစ်လာရင်ဖြစ်ဖြစ် အဆိုးဖြစ်သွားရင်ဖြစ်ဖြစ် ငါ့ကြောင့်ဖြစ်တာလို့တွေးရင် အဲ့ဒီလူဟာ စိတ်မမှန်လို့ လို့ သူကပြောတယ်။ အကောင်းဖြစ်သွားရင် တယောက်တည်းလက်မ မထောင်ပဲ၊ အောင်မြင်ခြင်းအရသာကို သူတပါးနဲ့မျှဝေ ကြည်နူးတတ်ဖို့လိုသလို သူတပါးကြောင့် ကိုယ့်မှာ အဆိုးဖြစ်ရင်လည်း ငါ့ကြောင့်ဖြစ်ရလေလို့ ကိုယ့်ကိုယ်ကိုယ် အပြစ်မဖို့ပဲ သူတပါးကို၊ ပတ်ဝန်းကျင်ကို၊...

ခွချက် သို့ ခဲတလုံးနဲ့ ငှက်နှစ်ကောင်(မျိုးမြင့်ချို

0 comments
ရိုဟင်ဂျာအရေးအကြောင်းပြုပြီးတော့ ခု အနောက်ဘက်က ဆက်တိုက်ဝင်လာတဲ့ဖိအားတွေက စစ်အုပ်စုကိုပေးနေတာလား စစ်တပိုင်းအစိုးရ(ဒေါ်စုနဲ့အင်န်အယ်လ်ဒီ)ကိုပေးနေတာလား မသဲကွဲတော့ဘူး။ ထွေးလာနေတယ်။ ပထမတော့ ဒေါ်စုကိုဖယ်ပြီး စစ်အုပ်စုကို ဖိအားပေးနေတာထင်ရှားတယ်။ ဒေါ်စုက ကာဆီးကာဆီးတင်မကဘူး စစ်အုပ်စုဘက်က ကာကွယ်ပါရပ်ပေးတော့ သူ့ဖယ်ပြီးတိုက်ဖို့ နည်းလမ်းထပ်ရှာနေရင်း တဘက်ကလည်း ဒေါ်စုအသာနောက်ဆုတ်နေဖို့ ဒါးက သူ့ခုတ်မှာမဟုတ်ဘူး။ စစ်တပ်ကိုခုတ်မှာ လက်ဝင်မလျှိုဖို့ သံခင်းတမန်ခင်း စကားလုံးအယဉ်အကျေးတွေနဲ့ နားချနေတာလည်း မြင်ရပါတယ်။...

တရားကို တရားက မစောင့်ထိန်းသေးသမျှ(မျိုးမြင့်ချို)

0 comments
တရားကို တရားက မစောင့်ထိန်းသေးသမျှ ဗမာပြည်က သာမန်ပြည်သူတချို့ရဲ့ နှလုံးသားတွေ ခက်ထန်လာတာ၊ စိတ်တွေကြမ်းတမ်းလာတာ သတိထားမိတယ်။ တုတ်တပျက် ဓားတပျက်တွေလည်း များလာတယ်။ ထစ်ကနဲရှိ ခုတ်လိုက် ထစ်လိုက် ပစ်လိုက်ခတ်လိုက်၊ သတ်လိုက်ဖြတ်လိုက်တွေလည်း ပုံလာတယ်။ သွေးသံရဲရဲတွေ၊ အလောင်းကောင်တွေ၊ သွေးစိမ်းရှင်ရှင်နဲ့ဒဏ်ရာ ဗလပွတွေ၊ ထိပ်ပေါက်ခေါင်းကွဲတွေ၊ တယောက်တယောက်ချင်းတွေ၊ အုပ်စု အုပ်စုချင်းတွေ၊ အုပ်စုက တယောက်ကို ရိုက်နှက်သတ်တာဖြတ်တာတွေ၊ တရားလက်လွတ်ဥပဒေမဲ့ လက်လွတ်စပယ် သတ်ပစ်တာမျိုးတွေ များသထက်များလာနေတယ်။ တခြားသဏ္ဍန်စုံနဲ့ဖြစ်နေတဲ့...

Tuesday, September 25, 2018

လူသူတော် အိပ်ယာထ (မျိုးမြင့်ချို)

0 comments
လူသူတော် အိပ်ယာထ (မျိုးမြင့်ချို) ညက နည်းနည်းများသွား သို့မဟုတ် နည်းနည်း နည်းမသွားဘူးဆိုလျှင် ရေဒီယိုနှိုးစက်သတင်းကြေငြာသံနှင့်အတူ မနက်ငါးနာရီခွဲတွင် အိပ်ယာမှနိုးပါသည်။ ဤနေရာတွင် အိပ်ယာကို အိပ်စရာနေရာ(အိပ်ရာ)ဟု လူတိုင်းသိပါသည်။ ရေဒီသတင်းပလင်း အတင်းအဖျင်း စကားနိုင်လုပွဲစသည့် စိတ်ဝင်စား စရာများပါလေမလားဟု ခနစောင့်ကြည့်ပြီး ဘာမှမပါလျှင် ရေအေးအေးတဖန်ခွက်အပြည့်သောက်ကာ ခွေးလေး ၂ ကောင်ကိုနှိုးပြီး ချီးပါသေးပေါက် ထုတ်ပါသည်။ သူတော်ကောင်းများကတော့ မျက်စေ့ ၂ လုံး ပွင့်ချိန်မှစကာ ဘုရားတရားအာရုံပြုသည်ဟုဆိုသဖြင့်...

Monday, September 24, 2018

ART OF GOSSIPING အတင်းပြောခြင်းအတတ်(မျိုးမြင့်ချို)

0 comments
(ART OF GOSSIPING အတင်းပြောခြင်းအတတ်) ကျနော် စိတ်မကျန်းမမာဖြစ်တော့ Therapy ယူရပါတယ်။ Therapists တွေနဲ့ ကြိမ်ဖန်များစွာတွေ့ရပါတယ်။ ဗမာလိုတော့ ဆေးဝါးမဲ့ကုထုံးဆရာတွေလို့ ခေါ်တယ်မှတ်ပါတယ်။ များသောအားဖြင့် စိတ်ရှည်တတ်တဲ့လူတွေပါ။ သူတို့နည်းက စိတ်ဝေဒနာရှင်ကို နည်းနည်းမေးပြီး ပြောချင်စိတ်ပေါ်လာအောင် ဆွပေးတာမျိုးပါ။ အဲ့လိုဆွရင်း လူနာ့စိတ်အဇ္ဈတသဏ္ဍန်တွေ၊ အကြိုက် မကြိုက်တွေ၊ ဝေဒနာတွေ စတာတွေကို သိအောင်အရင်ကြိုးစား၊ နောက်မှ စိတ်ပညာရှင် Psychologist နဲ့တိုင်ပင်ပြီး လူနာကို နှစ်သိမ့်ဆွေးနွေးတာလုပ်ပါတယ်။ ဒါကို...

သံဃာတော်များအား သခင်သန်းထွန်း၏လျှောက်ထားချက်

0 comments
သံဃာတော်များအား သခင်သန်းထွန်း၏ လျှောက်ထားချက် မန္တလေးမြို့ နေပြည်တော်အဖွဲ့ချုပ် နာယကဆရာတော်သံဃာတော်များထံ ၁၉၄၅ ခုနှစ်၊ အောက်တိုဘာလ ၁၉ ရက် (သောကြာနေ့) ရန်ကုန် ၁၃၀၇ ခု၊ သီတင်းကျွတ်လဆန်း (၁၃) ရက် ခြေတော်ဦးခိုက် လျှောက်ထားပါသည်။ တပည့်တော်ကိုယ်တိုင် အလုပ်မအားမလပ်သဖြင့် စာဖြင့် ရေးသားလျှောက်ထားပါသည်။ ခွင့်လွှတ်လိမ့်မည်ဟု ယုံကြည်ပါသည်ဘုရား။ ရန်ကုန်နေပြည်တော်တွင် ဂျပန်များ ထွက်သွားပြီးနောက် နိုင်ငံရေးလုပ်ငန်းများ လုပ်ဆောင်ရာတွင် သံဃာတော်အရှင်မြတ်များ ပါဝင်သည်ကို မတွေ့ရသဖြင့် အထက်ဗမာပြည်ရှိ သံဃာတော်များ၏စိတ်ထဲတွင် မရှင်းမလင်းဖြစ်နေသည်ဟု...

Sunday, September 23, 2018

သက်တန့်ရောင်(လူထုဒေါ်အမာပြန်ဆိုသည်)

0 comments
ဝန်ဒါဝါစီလုစ်ကား ရေးသော Rainbow ဝတ္ထုအား သက်တန့်ရောင်အမည်ဖြင့် ဒေါ်အမာပြန်ဆိုသည့်စာအုပ်မှ သခင်သန်းထွန်း၏အမှာစာ။ လူတို့သည် ခေတ်(အခက်)ကိုမကြိုက်။ အလွယ်ကိုကြိုက်၏။ ရှေး ရရကန် အဲအန်တို့ဖြင့် အတွေ့အကြုံကိုဖော်ထုတ်ကြ၏။ သို့ရာတွင် ဤနည်းကားမလွယ်။ အတော်စဉ်းစားယူမှ အဓိပ္ပါယ်ပေါက်၏။ ပညာကို လူတစုလက်တွင်းက မလွတ်စေရဟူသော ထိုခေတ်အခါ၌စာကို မခက်ခက်အောင် ရေးရပေမည်။ လူထုသည် နိုးကြားလာခဲ့၏။ လူထုအသိဉာဏ် ပညာစသည်တို့ ရောက်ရတော့မည်။ ထိန်းထား၍မရတော့။ အသိဉာဏ်ပညာတို့ကို လူထုအားပေးရာ၌ လူထုကနားလည်သောစကား၊ လူထုကနားလည်သော အသုံးအနှုန်းနှင့်...

ကျိန်စာ(မျိုးမြင့်ချို)

0 comments
အာဏာရှင်စနစ်အောက်မှာနေရတဲ့ လူထုရဲ့ ကျိန်စာတိုက်တယ်တို့၊ ငါးလေးတွေ ငှက်လေးတွေလွှတ်တာတို့၊ ဆုတောင်းတယ်တို့ဆိုတာဟာ မုန်းတီးရွံ့ရှာမှုနဲ့ လိုလားတောင့်တမှုကို ငြင်သာတဲ့နည်းနဲ့ အထင်ကရဖော်ပြတဲ့၊ နိုင်ငံရေးလက္ခဏာပါတဲ့ အဖိနှိပ်ခံဘဝ၊ မလွတ်လပ်တဲ့ဘဝကနေ လွတ်မြောက်ရေးအတွက်ရည်ရွယ်တဲ့ လှုပ်ရှားမှုဖြစ်ပါတယ်။ ကျိန်စာ တကယ်သင့် မသင့်၊ ဆုတောင်းတကယ်ပြည့် မပြည့်က တပိုင်းပါ။ Superstition ဆန်တယ်လို့ ပျက်ရယ်မပြုကောင်းပါ။ စစ်ဗိုလ်တွေ ယတြာချေတာတို့ တြင်းကြေ နဝင်းကြေလုပ်တာတို့ ကက်ကင်းရိုက်တာတို့နဲ့ ထပ်ပြီးတွေးလို့မရပါ။ ...

အနေအထိုင်(မျိုးမြင့်ချို)

0 comments
နိုင်ငံသားဖြစ်သွားကတည်းက အမေရိကန်ပြည်ထောင်စုကို ငါ့နိုင်ငံလို့သုံးပါတယ်။ ဗမာပြည်ကိုတော့ ငါ့ဇာတိချက်ကြွေလို့ ပြောပါတယ်။ မွေးဖွားကြီးပြင်းခဲ့ရာချက်မြုတ်မြေမှာ ခေါင်းချနိုင်ပါ့မလားကတော့ မရေမရာ။ ချစ်သူကို ချစ်တတ်ဖို့၊ မိတ်ဆွေကို မင်တတ်ဖို့၊ ရန်သူကို မုန်းတတ်ဖို့ သင်ယူတတ်မြောက်ခဲ့တာ အဲ့ဒီဇာတိမြေမှာပါ။ ငယ်ဘဝကို တခါတခါ တမ်းမိသလို ငယ်ကျွမ်းကိုလည်း မှတ်မှတ်ထင်ထင် လွမ်းတဲ့အခါရှိတာပါပဲ။ တကယ်တော့ ဘဝဆိုတာ ဘဝလိုနေရ ဖြတ်ရတာပါပဲ။ ကျတဲ့နေရာ ရွက်ကျပင်လို ပြန်ပြန်ပေါက်ရင်း ရှင်သန်နေရတာပါပဲ။ ရှင်နေရတာကောင်းတယ်ဆိုပေမယ့် ...

တရားမှားတာ(မျိုးမြင့်ချို)

0 comments
တရားမှားတာ အမေရိကန်အစိုးရအဆက်ဆက်ဟာ ဗီယက်နမ်မှာ စစ်ရှူံးရတာကို စစ်သားသစ်လေးတွေ လက်ပူတိုက်လေ့ကျင့်ပြီး ဖုတ်ပူမီးတိုက် လွှတ်လိုက်ရလို့၊ စစ်သားလေးတွေ တိုက်ရည်မပြည့်ဝလို့၊ အတွေ့အကြုံနည်းလို့၊ ရန်သူ့နယ်မြေထဲ စစ်သွားတိုက်ရတာဖြစ်လို့၊ တောတောင်ထူထပ်ပြီး ရာသီဥတုကြမ်းလို့၊ ပထဝီအနေအထား မကျွမ်းကျင်လို့၊ ငှက်ဖျားပေါလို့၊ စစ်ဗိုလ်ကြီးတချို့ စစ်သေနင်္ဂဂဗျူဟာခင်းတာ ပေါ့ဆလို့၊ မကျင်လည်လို့၊ ရန်သူကိုလျှော့တွက်လို့ စတဲ့ သဗ္ဗနနမ်ပေါင်း အကြောင်းပြချက်တွေပေးရင်း တပြိုင်တည်းမှာ စစ်ပွဲတိုက်ဖို့ နိုင်ငံရေးသမား(အစိုးရ)တွေဆုံးဖြတ်တာ...

Thursday, September 20, 2018

ဂဟေဆက်မပျက်ရအောင်(မျိုးမြင့်ချို)

0 comments
ICC တင်ပြီးလည်း မျက်ကွယ်စီရင်ချက်မချပါဘူး။ R2P ဆို ပိုတောင်ဝေးသေး။ ဆက်ဒမ်ကိုလုပ်သလို၊ ကဒါဖီကိုလုပ်သလို၊ အိုစမာဘင်လာဒင်ကိုလုပ်သလို မင်းတို့ကို မလုပ်ရေးချမလုပ်။ ဒါပေမဲ့ ခြောက်လုံးသက်သက်တွေပါကွာလောက်အထိတော့ လျှော့မတွက်နဲ့။ ခုပဲ လျှော့တွက်လို့ခံနေရပြီ မဟုတ်လား။ ပစ်မှတ်ထားပိတ်ဆို့တာ ဘာအထိမှ မနာပေမယ့် နိုင်ငံရေးအရတော့ ခံစစ်ဖြစ်သွားတယ်မဟုတ်လား။ အရှက်ကွဲသွားတယ်မဟုတ်လား။ ဒေါ်စုလည်း ဗြိတိန်သံအမတ်နဲ့အတွေ့မှာ အာစေးပိတ်သွားတာ မြင်လား။ သူ့ဗီဇအတိုင်း ပေါက်တဲ့နဖူးမထူးဇာတ်ခင်း ခေါင်းမာမာနဲ့ အရွဲ့တိုက်တတ်တဲ့ညဉ်ကို...