Sunday, September 9, 2018

သူတွေနဲ့ သူတွေ(မျိုးမြင့်ချို

0 comments
ပြည်သူတွေ မျက်စေ့မလည်ပါ။
လည်နေတာက နိုင်ငံရေးသမား အချို့ပါ။
ပြည်သူတွေမှာ ကိစ္စတိုင်းအတွက် တာဝန်မရှိပါ။
ရှိတာက ကျနော်/ကျမတို့တာဝန်ထားလို့ ပြောခဲ့သူတွေမှာပါ။
ပြည်သူတွေ ခေတ်တိုင်းမှာ တာဝန်ကျေခဲ့ပါတယ် အသေခံခဲ့ပါတယ်။
မကျေတာနဲ့ အသေမခံဝံ့တာ မဲတစာစာတောင်းတဲ့သူတွေပါ။
ပြည်သူတွေ စည်းပြတ်ပါတယ်။
မပြတ်တာက စည်းရိုးခွထိုင်တဲ့ နိုင်ငံရေးသမားအချိုပါ။

ပြည်သူတွေသမိုင်းလှပါတယ်။
မလှတာက စစ်အုပ်စုဆီ ဒူးထောက်ခဲ့သူတွေပါ။

ပြည်သူတွေမှာ ဆင်းရဲတဲ့ကြားက အနာဂတ်ရှိပါတယ်။
မရှိတာက ပိုက်ဆံရှိပြီး နိုင်ငံရေးမရှိသူတွေပါ။

ပြည်သူတွေမှာ ရပ်တည်ချက်ဆိုင်ရာ မူ ရှိပါတယ်။
မရှိတာက မူမဲ့ရင်ကြားစေ့ရေးလုပ်နေသူတွေပါ။

ပြည်သူတွေ ပြည်ချစ်စိတ်အပြည့်ရှိပါတယ်။
မရှိတာက မျိုးချစ်စိတ်လို့ အသံကောင်းဟစ်နေသူတွေပါ။

ပြည်သူတွေ မင်းဘဏ္ဏာမခိုးကြပါ။
ခိုးနေတာက မင်းစိုးရာဇာတွေပါ။

ပြည်သူတွေက တိုင်းပြည်ကို ချောက်ထဲမချပါ။
ချနေတာက ကယ်တင်ရှင်အမည်ခံနဲ့ သူ့ပုလင်းတူဗူးဆို့တွေပါ။

ပြည်သူတွေနေ့စဉ်ဘဝ မလုံခြုံပါ။
လုံခြုံနေတာက စစ်အာဏာရှင်နဲ့အတူ ပရောပယီလုပ်နေသူတွေပါ။

ပြည်သူတွေအာဏာမရှိပေမယ့် အာဏာရှင်ကိုမကြောက်ပါ။
ကြောက်နေတာက ၂ဝဝ၈ ဖွဲ့စည်းပုံကို အောက်ကျို့နေသူတွေပါ။
ပြည်သူတွေ တိုက်ရဲခိုက်ပြီး တစည်းတလုံးတည်းရှိပါတယ်။
မရှိတာက အရိုးခွဲသူကို တမ်းတမ်းစွဲနေတဲ့ Masochists တွေပါ။

ပြည်သူတွေ အရိုက်အနှက်ကို မသာယာပါ။
သာယာနေတာက Sadists စစ်အုပ်စုနဲ့ ကြံရာပါတွေပါ။

ပြည်သူတွေ မကြိုက်ကြပေမယ့် ရွေးစရာ ဘာဆိုတာသိပါတယ်။
မသိတာက ဘဝင်ကြွနေတဲ့ အတိုက်အခံဆိုသူတွေပါ။

ပြည်သူတွေ ခင်ဗျားတို့ကိုဘဲ မဲပေးကြဦးမှာပါ။
ခင်ဗျားတို့ နိုင်ဦးမှာပါ။
Lesser Evil ကိုမှ မရွေးရင် ကျားရှေ့မှောက်ရက်လဲမှာပါ။
ဒါ့ကြောင့် ရှင်ကြီးကိုးနေကြရဦးမှာ။ ဒီ့ထက်တော့ ပိုမဆိုးကြပါနဲ့တော့။

စက်တင်ဘာ ၇၊ ၂ဝ၁၈

0 comments:

Post a Comment