Friday, January 4, 2019

(အမေရိကန်အမတ်မတွေ) မျိုးမြင့်ချို

0 comments

(အမေရိကန်အမတ်မတွေ)
ဝေါ်ရှင်တန်ဒီစီမှာ ၁၁၆ ကြိမ်မြောက် ကွန်ဂရက်စ်လွှတ်တော် အစည်းအဝေး တရားဝင်ကျင်းပပြီးပါပြီ။ အောက်လွှတ်တော်လို့ခေါ်တဲ့ House of Representative ကို ဒီမိုကရက်တွေက အများစုနေရာနဲ့ ထိန်းထားပြီး အထက်လွှတ်တော်လို့ခေါ်တဲ့ Senate ကိုတော့ ရီပတ်ဘလီကင်န်က ထိန်းထားပါတယ်။ အထက်လွှတ်တော်မှာ နေရာချင်းက သိတ်အကွာကြီးတော့လည်း မဟုတ်ပါဘူး။ ဒီနေ့ ညနေပိုင်းလောက်မှာ ပြီးခဲ့တဲ့ သက်တမ်းဝက်ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ အထက်/အောက်လွှတ်တော်ကိုယ်စားလှယ်တွေ ကျမ်းကျိန်ကြပါလိမ့်မယ်။

ဒါတွေကတော့ အမေရိက လွှတ်တော်ရွေးကောက်ပွဲသမိုင်းမှာ “သမိုင်းဝင်ပထမဆုံးတွေ”တွေပြောရမယ့် သူတွေဖြစ်ပါတယ်။

ကင်န်းဆတ်နဲ့နူးမက္ကဆီကိုက အရွေးခံရတဲ့အမတ်တွေ အမေရိကန်ဇာတိစစ်တွေဖြစ်တဲ့ Sharice Davids and Deb Haaland ဖြစ်ပါတယ်။ ၂ ယောက်စလုံး အမျိုးသမီးတွေပါ။ Davids က Ho-Chunk ဖြစ်ပြီး Haaland ကတော့ Pueblo of Laguna, မျိုးနွယ်စုတွေကဖြစ်ပါတယ်။

မင်နီဆိုးတားက Ilhan Omar နဲ့ မစ်ရှီဂန်က Rashida Tlaib တို့ကတော့ အစ္စလာမ်ဘာသာဝင်အမျိုးသမီးတွေဖြစ်ပါယ်။

နူးယော့ခ်က Alexandria Ocasio ကတော့ အမေရိကန်သမိုင်းမှာ အသက်အငယ်ဆုံးအမတ်မဖြစ်ပါတယ်။ ၂၉ နှစ်သမီးပါ။

Marsha Blackburn ကတော့ တင်နက်ဆီပြည်နယ်ရဲ့ ပထမဆုံးသော အမျိုးသမီးဆီးနိတ်တာဖြစ်ပါတယ်။ ရီပတ်ဘလီကင်န်ပါတီကပါ။

Cindy Hyde-Smith လည်း ရီပတ်ဘလီကင်န်ကဖြစ်ပြီး မစစ္စပီပြည်ကနေတက်လာတဲ့ ပထမဆုံးသောအမျိုးသမီး လွှတ်တော်ကိုယ်စားလှယ်ပါ။

လိင်တူလိင်ကွဲ ၂ မျိုးချစ်သူပါလို့ ဗြောင်ပြောပြီး ဒီမိုကရက်ပါတီကနေ ဝင်အရွေးခံရင်း အရီဇိုးနားပြည်ကနေတက်လာတဲ့ ဆီနိတ်အမျိုးသမီးကတော့ Kyresten Sinema ဖြစ်ပါတယ်။

နွားကျောင်းသားတွေကြီးစိုးတဲ့ တက္ကဆက်ပြည်နယ်ရဲ့ အမတ်မ ၂ ဦးကတော့ လက်တီနားစ် Latinas တွေဖြစ်ပါတယ်။ အမေရိကမှာနေတဲ့ လက်တင်အမေရိက က လူမျိုးတွေပါ။ လက်တင်အမေရိကသွေးရင်းတွေဆိုပါတော့။ ဒီမိုကရက်ပါတီကဖြစ်ပြီး အမည်တွေက Veronica Escobar နဲ့ Sylvia Garcia တို့ဖြစ်ပါတယ်။

မက်ဆာချူးဆက်ကနေ လွှတ်တော်အမတ်အဖြစ်ဝင်ရွေးခံပြီး ကွန်ဂရက်စ်ထဲရောက်လာတဲ့ Ayanna Pressley ကတော့ လူမဲအမျိုးသမီး ဖြစ်ပါတယ်။

သူ့လိုပဲ လူမဲတဦးဖြစ်တဲ့ ကွန်နက်တီကပ်ပြည်နယ်ကနေတက်လာတဲ့ လူမဲအမျိုးသမီး ဒီမိုကရက် လွှတ်တော်အမတ်မအမည်က Jahana Hays ပါတဲ့ခင်ဗျား။

(မှတ်ချက်။ ဒီနေရာမှာ အမျိုးသမီးအမတ်မတွေနဲ့ပတ်သက်လို့ ပထမဆုံးသမိုင်းဝင်တွေလို့ပြောရတာက တချို့ပြည်နယ်တွေ အရပ်ဒေသတွေမှာ တခါမှ အမျိုးသမီးတွေ အမတ် မဖြစ်ခဲ့ဖူးတာကိုပေါ်လွင်စေချင်တာပါ။ တခြားဒေသတွေကနေ အမတ်ဖြစ်လာတဲ့ အမျိုးသမီးတွေကတော့ ရှေးမဆွကတည်းကရှိပါတယ်။ အစ္စလာမ်ဘာသာဝင်ထဲကလည်း အမျိုးသမီးအမတ်မဆိုတာ ခုမှ စပေါ်လာတာ ဖြစ်ပါတယ်။ အစ္စလာမ်ဘာဝင် အမျိုးသားအမတ်တွေကတော့ နဂိုကတည်းကရှိပါတယ်။ လက်တီနားတွေလည်း အလားတူပါဘဲ။ ယောက်ျားတွေသာရှိနေရာက ခု မိန်းမတွေပါ ပါဝင်လာတယ်ဆိုတဲ့သဘောပါ။ America Natives တွေထဲမှာလည်း ယောက်ျားသားတွေသာ အမတ်တွေအဖြစ်ရှိခဲ့ရာက အမျိုးသမီးတွေပါ အမတ်ဖြစ်လာကြပြီလို့ဆိုလိုတာပါ။ ထူးထူးခြားခြားကတော့ လိင် ၂ မျိုးစုံချစ်သူ ကိုကို/မမ အမတ်ကြီး ပါပဲခင်ဗျား။ သူ့အရင် ဘယ်သူမှ သူ့လို ဗြောင်ပြောပြီး ရွေးကောက်ခံခဲ့တာမရှိခဲ့ဖူးလို့ပါတဲ့ဗျ)
ဇန်နဝါရီ ၃၊ ၂ဝ၁၉

0 comments:

Post a Comment