ကိုဆိုးပေ (ဘာသာပြန်သူ - ကျော်အောင်) အပိုင်း ၁
ဆက်ရန်
ရေတပ် ကော်မရှင်နာကြီးများ၏အမိန့်အရ ရေကြောင်းတိုင်းဌာနမှထုတ်ဝေသည့် ရေကြောင်းသွားလာရေး
လမ်းညွှန်စာအုပ်ထက် ပြည့်စုံသည့် စာအုပ်များ ရှိပါသည်။ ယင်းတို့မှာ အဆင်အပြင်
လှသည်။ အဝတ်ဖုံး အရောင်မျိုးစုံနှင့် ဖြစ်သည်။ ထိုအထဲတွင် ဈေးအကြီးဆုံးစာအုပ်
ဆိုသည်မှာပင် အလွန် ဈေးပေါလှသည်။ ယန်စီကိုင် လမ်းညွှန်ကို လေးသျှီလင်နှင့် ရနိုင်သည်။
ယင်းတွင် ယန်စီကိုင်မြစ်အကြောင်း စုံလင်အောင်ဖော်ပြထားသည်။ ရေကြောင်းများကိုလည်း
ဖော်ပြထားသည်။ ဝူဆန်မြစ်မှသည် သင်္ဘောအဆုံးသွားနိုင်သည့် ယန်စီမြစ်ဖျား အထိ လမ်းခရီးအကြောင်းကို
ပြည့်စုံစွာဖော်ပြထားသည်။
တစ်ဖန် အရှေ့ကျွန်းစုလမ်းညွှန် တတိယတွဲကိုမူ သုံးသျှီလင်ပေးလျှင်
ရနိုင်သည်။ ယင်းတွင် ဆီလီးဗီးကျွန်းစု အရှေ့မြောက်ပိုင်း၊ မိုလတ်ကာ ကျွန်း၊
ဂီလိုလိုကျွန်း၊ ဗန်ဒါပင်လယ်ခရီးနှင့် အရာဖူရာပင်လယ်ခရီးလမ်းများ၊ နယူးဂီနီကျွန်း
အနောက်ဘက်ကမ်းခြေဒေသ၊ မြောက်ဘက် ကမ်းခြေဒေသ၊ အနောက်ဘက်ကမ်းခြေဒေသတို့အထိ စုံလင်စွာ
ဖော်ပြထားသည်။ သို့ငြားလည်း ခက်ခက်ခဲခဲ ခရီးလမ်းများဖြစ်ရာ အပင်ပန်း
မခံချင်သူတို့အဖို့ မလွယ်ကူလှပါ။
ဤစာအုပ်များတွင် စိတ်ဝင်စားစရာခရီးလမ်းတို့ကို ဖော်ပြထားသည်။ တွေ့ရမြင်ရမည့်ရှုခင်းများ၊
လူနေအိမ်ခြေများကို သာယာရွှင်လန်းဖွယ် ဖြစ်အောင်လည်း ဖော်ပြထားသည်။ သင်္ဘောဆိုက်လျှင်
ဘယ်နေရာတွင် ကျောက်ဆူးချရမည်၊ ဘယ်နေရာတွင်ဆင်းရမည် စသည်တို့မှသည် ဘယ်နေရာ၌ ရေချို
ရနိုင်သည်။ ဘယ်ဒေသတွင် ဘာပစ္စည်းပေါသည်တို့အထိ စုံလင်သည်။ တစ်ဖန် မီးပြများ၊
ဗော်ယာများ၊ ဒီရေ အတက် အကျ၊ လေကြောင်း၊ မုန်တိုင်း၊ ရာသီဥတုတို့ပါ မကျန်
ပြည့်စုံလှသည်။
ထို့နောက် လူဦးရေ မည်မျှရှိသည်၊ ကျွန်းသားတို့
ဘာလုပ်ကိုင်စားသောက်ကြသည်စသည်တို့ပါ ပါဝင်သည်။ ယင်းတို့တွင် ဖော်ပြသမျှတို့သည် အပိုအလို
မရှိ။ အားလုံး တိကျမှန်ကန်သည်ကို အံ့ဩစွာတွေ့ရမည် ဖြစ်သည်။ မရောက်ဖူးသော ဒေသ၊
မသိဖူးသော အကြောင်းအရာတို့ကို အံ့ဩဖွယ်၊ ထိတ်လန့်ဖွယ် ကြည်နူးဖွယ်ဖြစ်အောင်
ရေးထားသည်။
ဤစာအုပ်တို့ကို လှန်ကြည့်ခဲ့လျှင် အောက်ပါအတိုင်း စာမျက်နှာတစ်ခုတွင်
တွေ့နိုင်မည်ဖြစ်သည်။ ရနိုင်သော အစားအသောက်များ၊ တောကြက်များ ရှိသည်။ ပင်လယ်တွင်ကျက်စားသည့်ငှက်မျိုးစုံ
ရှိသည်။ ပင်လယ် ထုံးအိုင်များတွင် လိပ်များ တွေ့နိုင်သည်။ ငါးမျိုးစုံ ပေါများ လှသည်။
ငါးမန်းကြီး၊ ငါးမန်းငယ်တို့လည်း ရှိသည်။ ပိုက်ဆွဲဖမ်းရန် မလို။ ငါးမျှားတံနှင့်
လုံလောက်သည်။ သင်္ဘောပျက်လာသူတို့ လွယ်လင့် တကူ စားသောက်နိုင်ရန် တဲငယ်တစ်ခုအတွင်း၌
စည်သွတ်ဘူး၊ အရက်အနည်းငယ်တို့ ရှိတတ်သည်။ သင်္ဘောမှ ဆင်းသည့်နေရာနားရှိ ရေတွင်းမှ
ရေသန့်ရေကောင်း ရနိုင်သည်။ မည်မျှ စုံပါသလဲ။ စိတ်ကူးမှာပင် ဤမျှ စုံလင်အောင်ဖော်ပြနိုင်မည်
မဟုတ်။
ဤစာပိုဒ်ကို ကျွန်တော်ကူးယူခဲ့သော စာအုပ်တစ်နေရာ၌ စာအုပ်ပြုစုသူတို့သည်
“အလတ်ကျွန်းစု”အကြောင်းကို အနည်းငယ်ဖော်ပြထား သည်။ ကျွန်းအနည်းငယ် ပါဝင်သည်။ အချို့ကား
ဆက်လျက်၊ အချို့ကား စုလျက်တည်ရှိသည်ဟု ဆိုသည်။ များသောအားဖြင့် မြေနိမ့်ပိုင်း
များပြီး သစ်ပင်ထူထပ်သည်။ အရှေ့အနောက် ၇၅ မိုင် ရှည်၍ တောင်မြောက် မိုင် ၄ဝ
ရှည်သည်။ ယင်းတို့အကြောင်းကား မပြည့်စုံလှ။ ကျွန်းစုများအကြား၌ ရေလက်ကြားများရှိသည်။
သင်္ဘောများလည်း ခုတ်မောင်းကြသည်။ သို့သော် ထိုရေလက်ကြားတို့ကို ကောင်းစွာ
မစူးစမ်းရသေးပါ။ ဘေးအန္တရာယ်ရှိသည့်နေရာတို့ကိုလည်း တိတိကျကျ မသတ်မှတ်ရသေးပါ။
သို့ဖြစ်ရာ ရှောင်နိုင်လျှင် အကောင်းဆုံး ဖြစ်သည်ဟုဆိုသည်။
ထိုကျွန်းစု၌ လူဦးရေ ၈ဝဝဝ ခန့်ရှိရာ တရုတ် ၂ဝဝ နှင့် မဟာမေဒင်
၎ဝဝ ရှိသည်ဟု ဆိုသည်။ ကျန်ဦးရေမှာ တိုင်းရင်းသားများဖြစ်သည်။ ထိုကျွန်းစုတွင်
အဓိကရကျွန်းကြီးမှာ ဗာရူ ဖြစ်သည်။ ယင်းပတ်လည်တွင် သန္တာကျောက်တန်းများရှိသည်။
ဤကျွန်းပေါ်မှာပင် ဒတ်ခ်ျ အရေးပိုင်မင်း ရုံးစိုက်သည်။ အရေးပိုင်မင်း၏အိမ်သည် အဝေးက
လှမ်း၍မြင်နိုင်သည့် တောင်ကုန်းထိပ်တွင် ရှိသည်။ အမိုးနီနှင့် အိမ်ဖြူ ဖြစ်သည်။
နယ်သာလင် တော်ဝင်သင်္ဘောကုမ္ပဏီပိုင်သင်္ဘောတို့ မကက်ဆာသို့ တစ်လကြာ ခုတ်မောင်းသည့်လမ်းကြောင်းမှ
လှမ်း၍ မြင်နိုင်ပါသည်။ ထိုသင်္ဘောတို့သည် ဒတ်ခ်ျနယူးဂီနီအပိုင် မီရောကီသို့သွားသည့်အခါ
လေးပတ်တစ်ကြိမ် ဤကျွန်းကလေးသို့ ဆိုက်ကပ်လေ့ ရှိသည်။
တစ်ချိန်တွင် ဗာရူကျွန်း၏အရေးပိုင်မင်းသည် မင်နဟီယာ အီဗတ်ဂရိုင်တာဆိုသူ
ဖြစ်လေသည်။ မစ္စတာဂရိုင်တာသည် အလတ် ကျွန်းသူ ကျွန်းသားတို့ကို တင်းတင်းကျပ်ကျပ်အုပ်ချုပ်သည်။
ဤရာထူးကို အသက် နှစ်ဆယ့်ခုနစ်နှစ်တွင်ရခဲ့ရာ သုံးဆယ်အရွယ်ရှိသည့်တိုင်
တင်းတင်းကျပ်ကျပ်အုပ်ချုပ်ရသည်ကို အရသာတွေ့နေသည်။ ထို့ပြင် သူ့စိတ်တွင် ကျွန်းသားအရိုင်းအစိုင်းတို့ကို
ရယ်စရာကောင်းလှသည်၊ သရော်စရာကောင်းလှသည်ဟု အထင်ရှိနေသည်။ သူ့ကျွန်းနှင့်
ဗာတေးဗီးယားကျွန်းတို့ အဆက်အသွယ် မကောင်းလှပါ။ သံကြိုး မရိုက်နိုင်ပါ။
စာတစ်စောင်ရောက်ဖို့ အတော်ကြာသည်။ အစိုးရအမိန့်၊ ကြော်ငြာတို့မှာ ရောက်လျှင်
ခေတ်နောက်ကျနေတတ်သည်။ သို့ဖြစ်လေရာ အရေးပိုင်မင်းသည် ကံတရားအတိုင်းသဘောထားကာ
အတတ်နိုင်ဆုံး ဉာဏ်စွမ်းရှိသမျှစီမံအုပ်ချုပ်သည်။ အထက် အစိုးရအာဏာပိုင်တို့၏ ပြစ်တင်ခြင်းမှလွတ်အောင်
ကြံဖန်အုပ်ချုပ်သည်။
မစ္စတာ ဂရိုင်တာသည် အရပ်ပုသည်။ ငါးပေ လေးလက်မထက် မမြင့်ပါ။
အလွန်အမင်း ဝသည်။ အသားအရေ နီမြန်းသည်။ အပူဒဏ် မခံနိုင်သဖြင့် ခေါင်းကို
ပြောင်အောင်ရိပ်ထားသည်။ ဆံတစ်ပင်မျှ မရှိပါ။ မျက်နှာကြီးမှာလည်း ဝိုင်းစက်၍နီရဲနေသည်။
မျက်ခုံးမွေး ရေးရေးသာ ရှိရာ တစ်ခါတစ်ရံ မမြင်ရပါ။ တဖျပ်ဖျပ်လက်နေသော
မျက်လုံးပြာတစ်စုံ ရှိသည်။ သူ့ဥပဓိရုပ်မှာ လားလားမျှ ခံ့ညားထည်ဝါမှုမရှိလေရာ
အဝတ်ကို သပ်သပ်ရပ်ရပ် ဝတ်ဆင်လေ့ရှိသည်။ ရုံးထိုင်သည့်အခါတွင်ဖြစ်စေ၊
အမှုစစ်သည့်အခါတွင် ဖြစ်စေ၊ လမ်းလျှောက်သည့်အခါတွင် ဖြစ်စေ ဖြူဖွေးနေသော အင်္ကျီဘောင်းဘီတို့ကိုသာ
ဝတ်သည်။ ကြေးဝါကြယ်သီးများတပ်ဆင်ထားသောအင်္ကျီမှာ တင်းကျပ်နေရကား သူ့ ဗိုက်ကြီးသည်
ထုပ်ထားသကဲ့သို့ဖြစ်နေပြီး ရှေ့သို့ ပူထွက်နေသည်။ သဘောကောင်းသည့် သူ့မျက်နှာတွင်
ချွေးအနည်းငယ် စို့နေတတ်သည်။ ထို့ကြောင့် သူသည် ထန်းရွက် ယင်း(ယပ်)ကို မကြာခဏ
ခတ်တတ်သည်။
အိမ်ထဲတွင်မူ မစ္စတာဂရိုင်တာသည် ပသျှူးလုံချည်ကို ဝတ်လေ့ရှိသည်။
အသားဖြူသောကိုယ်ခန္ဓာတွင် ပသျှူးလုံချည်ဆင်လိုက်သည့်အခါ
ဆယ့်ခြောက်နှစ်သားလေးကဲ့သို့ နုပျိုလာသည်ဟု ထင်ရသည်။
မနက်တိုင်း အိပ်ရာမှစောစောထလေ့ရှိပြီး ခြောက်နာရီထိုးလျှင် နံနက်စာ စားလေ့ ရှိသည်။
နံနက်စာကား အပြောင်းအလဲ မရှိပါ။ သင်္ဘောသီး တစ်စိတ်၊ ကြက်ဥကြော် သုံးလုံး၊
ပါးပါးလှီးထားသော ဒိန်ခဲတစ်လွှာနှင့် ကော်ဖီခါးခါးတစ်ခွက် ဖြစ်သည်။ စားပြီးလျှင်
ဒတ်ခ်ျ ဆေးပြင်းလိပ်ကြီးကိုသောက်ကာ မဖတ်ရသေးသောသတင်းစာများကို အထပ်ထပ် အခါခါ
ဖတ်ပြီးနောက် ရုံးသို့သွားရန် အဝတ်လဲသည်။
တစ်မနက်တွင် ရုံးသွားရန်ပြင်ဆင်နေခိုက် တပည့်ကျော်သည်
အခန်းထဲသို့ဝင်လာကာ သခင်ဂျုန်း ရောက်နေကြောင်း၊ တွေ့နိုင်ပါသလားဟု မေးကြောင်း
ပြောသည်။ မစ္စတာဂရိုင်တာသည် မှန်ရှေ့၌ရပ်ကာ ပြင်ဆင်နေခိုက်ဖြစ်သည်။ ဘောင်းဘီကား
ဝတ်ပြီးနေပြီ။ အင်္ကျီကား မဝတ်ရ သေး။ ပြောင်ချောနေသောရင်ဘတ်ကြီးကို မှန်ထဲတွင်ကြည့်ကာ
ပီတိဖြစ်နေသည်။ ခါးကို ရှေ့သို့ အနည်းငယ်ကိုင်းကာ ဗိုက်ကိုရှပ်၍ ရင်သားများစူထွက်လာအောင်
ဖျစ်ညှစ်ပြီးနောက် ရင်ဘတ်ကို တဖြန်းဖြန်းမြည်အောင် လက်ဖြင့် သုံးလေးချက်ခန့်ပုတ်လိုက်သည်။
အင်း၊ ယောက်ျားပီသတဲ့ ရင်အုပ်ပေပဲ။ တပည့်ကျော်ဝင်လာသည့်အခါ မှန်ရိပ်ထဲတွင်
သူ့ကိုယ်သူ ပြုံးကြည့်နေခိုက်ဖြစ်သည်။ ထို့နောက် ဧည့်သည်၏ကိစ္စကို မေးမြန်းသည်။
အီဗတ်ဂရိုင်တာသည် အင်္ဂလိပ်စကား၊ ဒတ်ခ်ျစကား၊ မလေးစကားတို့ကို ရေရေလည်လည် ပြောတတ် သည်။
သို့ရာတွင် တွေးသည့်အခါတွင်မူ ဒတ်ခ်ျလိုတွေးသည်။ ဤသို့တွေးရသည်ကို သူ နှစ်သက်သည်။
“သခင်ကို စောင့်ခိုင်းထား၊ ငါ အခု လာခဲ့မယ်လို့ပြောလိုက်”
ထို့နောက် အင်္ကျီဝတ်၊ ကြယ်သီးတပ်ကာ အပြင်ဘက်ခန်းသို့ ထွက်လာခဲ့သည်။ ခင်ကြီး
ဂျုန်းသည် ထိုင်နေရာမှထလိုက်သည်။
“နေကောင်းရဲ့နော် မစ္စတာ ဂျုန်း၊ အရက် တစ်ခွက်လောက်
ကျွန်တော်နဲ့အတူသောက်ရအောင် လာသလားဗျ”
မစ္စတာ ဂျုန်းက မရယ်ပါ။
“အင်မတန် စိတ်မချမ်းမြေ့စရာကိစ္စတစ်ခုအတွက် လာခဲ့တာပဲ မစ္စတာ
ဂရိုင်တာ” ဟု ဖြေသည်။
“အရေးပိုင်မင်းသည် ဧည့်သည်၏စကားကြောင့် စိတ်ရှုပ်မသွားပါ။
ဧည့်သည်၏ တင်းမာသောမျက်နှာပေးကြောင့် စိတ်အိုက်ခြင်း မဖြစ်မိ။ သူ၏ မျက်လုံးပြာတစ်စုံသည်
နှစ်လိုဖွယ် ဝင်းလက်လာလေသည်။
“ထိုင်လေဗျာ၊ ဆေးလိပ်သောက်ပါဦး မိတ်ဆွေကြီးရဲ့”
ခင်ကြီး ဂျုန်း အရက်မသောက်မှန်း။ ဆေးလိပ်မသောက်မှန်း မစ္စတာ
ဂရိုင်တာ သိသည်။ သို့ရာတွင် သူနှင့်တွေ့တိုင်း အရက်သောက်မလား၊ ဆေးလိပ်သောက်မလားမေးရသည်ကို
သူ့စိတ်ထဲ၌ တစ်မျိုး အရသာတွေ့မိသည်။ ယင်းမှာ သူ့သဘာဝပင် ဖြစ်သည်။ သူ့အမေးကို မစ္စတာ
ဂျုန်းက ခေါင်းယမ်းကာငြင်းလေ့ရှိသည်။
မစ္စတာ ဂျုန်းသည် အလတ်ကျွန်းစုတွင် ဗက်ပတစ်သာသနာပြုမစ်ရှင်၏အကြီးအကဲ
ဖြစ်သည်။ သူ့ဌာနချုပ်မှာ ဗာရူကျွန်းကြီးတွင် ရှိသည်။ ဤကျွန်း၌ လူဦးရေများသည်။
ကျန်ကျွန်းကလေးများတွင်ကား ကျွန်းသားများနှင့် တရားစကားနှီးနှောသည့် ဓမ္မဆရာများရှိသည်။
သူသည် အသက် လေးဆယ်ခန့် ရှိပြီ။ အရပ် ရှည်သည်။ ပိန်ပိန်ပါးပါး ဖြစ်သည်။ အမြဲ
တွေဝေမိန်းမောနေသောအမူအရာ ရှိသည်။ နားထင်နှစ်ဖက်တွင် ဆံပင်တို့ ဖြူကုန်ကြပြီး၊
ထိုဆံပင်က သူ့ကို ပညာတတ်တစ်ယောက်ဟု အထင်ရောက်စေသည်။
မစ္စတာ ဂရိုင်တာသည် ခင်ကြီး ဂျုန်းကို မကြိုက်ပါ။ သို့ရာတွင်
ရိုသေ လးစားသည်။ မကြိုက်ခြင်းမှာ ခင်ကြီး ဂျုန်းသည် အမြင်ကျဉ်းကာ တစ်ယူသန်ဝါဒစွဲရှိသောကြောင့်
ဖြစ်လေသည်။ သူကိုယ်တိုင်ကမူ အသိပညာကင်းမဲ့စွာ ပျော်ပျော်နေတတ်သူ ဖြစ်သည်။
ကောင်းကောင်း စား၊ ကောင်းကောင်းသောက်မည်မှာ သူ့ဝါဒပင် ဖြစ်သည်။ အခြေအနေကပေးသလောက်
အပျော်အပါးကို လိုက်စားချင်သူဖြစ်သည်။ အပျော်အပါးကိုဆန့်ကျင်သူဆိုလျှင် သူ မနှစ်သက်ပါ။
သည်းမခံနိုင်ပါ။ ဤကျွန်း၏ဓလေ့ထုံးစံတို့သည် ကျွန်းသူကျွန်းသားတို့၏စရိုက်နှင့်
ကိုက်ညီလှသည်ဟု သူ ထင်သည်။ နှစ်ပေါင်းများစွာက တည်တံ့လာခဲ့သောလူနေမှုစနစ်ကို
ဖျက်ဆီးရန်ကြိုးပမ်းနေသည့် သာသနာပြုအဖွဲ့ကို သူ သည်းမခံနိုင်ပါ။
သို့ရာတွင် မစ္စတာ ဂရိုင်တာသည် ခင်ကြီး ဂျုန်းကို လေးစားသည်။
အကြောင်းမှာ ခင်ကြီး ဂျုန်းသည် ရိုးသားသည်။ ကြိုးစားသည်။ စိတ် သဘောထား ကောင်းသည်။
ဂျုန်းသည် ဝေလနွယ်သော ဩစတြေးလျတိုက်သားတစ်ယောက် ဖြစ်သည်။ ဤကျွန်းစုတွင် သူသည်
တစ်ဦးတည်းသော ကျွမ်းကျင်သည့် ဆရာဝန်တစ်ယောက် ဖြစ်သည်။ နေထိုင်မကောင်းဖြစ်ခဲ့လျှင်
တရုတ်ဆေးဆရာဆီ သွားရန်မလို။ မစ္စတာ ဂျုန်း မည်မျှကျွမ်းကျင်ကြောင်း
အရေးပိုင်မင်းဂရိုင်တာ အသိဆုံးဖြစ်သည်။ တုပ်ကွေးကပ် ဆိုက်သည့်အခါမျိုးတွင်
မစ္စတာဂျုန်းထံမှ ဆရာဝန် ဆယ်ယောက်၏လုပ်အားမျိုး ထွက်လာသည်။ အရေးကြုံလျှင်
တိုင်ဖွန်းမုန်တိုင်းကျနေစေကာမူ တစ်ကျွန်းမှတစ်ကျွန်းသို့ မဖြစ်မနေ
ရောက်အောင်သွားကာ အကူအညီပေးလေ့ရှိသည်။
မစ္စတာ ဂျုန်းသည် မိုင်ဝက်ခန့် ဝေးသောနေရာ၌ သူ၏
နှမနှင့်အတူနေသည်။ သူ၏ အိမ်ကလေးသည်လည်း အိမ်ဖြူကလေးပင် ဖြစ်သည်။ ဤကျွန်းသို့
အရေးပိုင်မင်းဂရိုင်တာ ရောက်သည့်အခါ မစ္စတာဂျုန်းသည် သင်္ဘောပေါ်သို့တက်လာပြီး ကြိုဆိုသည်။
ထို့နောက် အိုးအိမ် အတည်တကျမရှိသေးမီ သူ့အိမ်၌နေထိုင်ရန် မေတ္တာရပ်ခံသည်။
အရေးပိုင်မင်းက သူ၏ဖိတ်ကြားချက်ကိုလက်ခံကာ သူတို့နှင့်အတူ လိုက်နေခဲ့သည်။
ထိုအခါတွင်မှ သူတို့မောင်နှမနှစ်ယောက် ဘယ်မျှရိုးကြောင်းကို
သိခဲ့ရသည်။ ကြာလျှင် သူ့စိတ်ထဲက ယားကျိကျိ ဖြစ်လာသည်။ တစ်နေ့သုံးခါ
စားသောက်ကြတိုင်း လက်ဖက်ရည်တိုက်သည်။ အရေးပိုင်မင်းက ဆေးလိပ်မီးညှိလိုက်သည့်အခါ
သူတို့မောင်နှမ နှစ်ယောက်စလုံး ဆေးလိပ် သောက်ခြင်းကိုမကြိုက်သဖြင့် မသောက်ရန်
တင်းတင်းကျပ်ကျပ် တားမြစ်သည်။ သို့သော် သူတို့စကားသည် ယဉ်ကျေးသိမ်မွေ့သည်။
သို့ဖြစ်ရာ သူတို့အိမ်ရောက်၍ နှစ်ဆယ့်လေးနာရီပြည့်သည့်အခါ မစ္စတာဂရိုင်တာသည်
သူပိုင်အိမ်သို့ ပြောင်းရွှေ့ခဲ့ရသည်။ အမှန်စင်စစ် သူ့အဖြစ်မှာ ပလိပ်ရောဂါကပ်
ဆိုက်ရောက်နေသော မြို့တစ်မြို့မှ ကြောက်အားလန့်အာထွက်ပြေးခဲ့သည့်သဘောမျိုးပင်
ဖြစ်သည်။
အရေးပိုင်မင်းသည် နောက်တတ် ပြောင်တတ်သည်။ ကျီစယ်တတ်သည်။
ပြီးလျှင် ရယ်မောလေ့ရှိသည်။ ကိုယ်က ရယ်စရာ ပြောသည့် အခါမျိုးတွင် အတည်ယူပြီး
ဘယ်တော့မျှ မရယ်မပြုံးနေသည့်လူစားမျိုးနှင့် ပေါင်းသင်းဆက်ဆရသည်မှာ ဘယ်မျှဆိုးရွားပါသလဲ။
ခင်ကြီး ဂျုန်းသည် တကယ်ပင် လူ့အဖိုးတန်တစ်ယောက် ဖြစ်သည်။ သို့သော် မိတ်ဆွေရင်းချာအဖြစ်
ပေါင်းသင်းရန်ကား မသင့်။ သူ့နှမက ပို၍ ဆိုးသည်။ သူတို့မောင်နှမနှစ်ယောက်စလုံး
ရယ်မောဖွယ်စကား မဆိုတတ်ပါ။ ခင်ကြီး ဂျုန်းသည် တွေတွေမှိုင်မှိုင် နေလေ့ရှိသည်။ အလုပ်ကိုမူ
စိတ်ရောကိုယ်ပါ လုပ်သည်။ သူ့စိတ်ထဲတွင် သူတစ်ယောက်ကလွဲလျှင် တစ်ကမ္ဘာလုံး
အသုံးမကျဟု ထင်နေဟန်တူသည်။
သူ့နှမ မစ္စဂျုန်းတွင်မူ သူနှင့်မတူသည့်အချက်များ ရှိသည်။ မစ္စဂျုန်းသည်
ရွှင်ရွှင်ပျပျ နေလေ့ရှိသည်။ အနိဋ္ဌာရုံထက် ဣဋ္ဌာရုံဘက်ကို တွေးလေ့ရှိသူဖြစ်သည်။ အပေါင်းအသင်းတို့ထံမှ
ကောင်းကွက်ကိုရှာတတ်သူ ဖြစ်သည်။ သူ့အစ်ကို၏ဆေးရုံတွင် အကူအညီပေးသည်။ အားလပ်သည့်အချိန်တွင်
သာသနာပြုကျောင်း၌ စာသင်ပေးသည်။ မစ္စတာဂျုန်း လူနာခွဲသည့်အခါ သူက သူနာပြုအဖြစ်
ကူညီသည်။ မေ့ဆေးပေးသူအဖြစ်လည်း ကူညီသည်။ သူတို့၏ဆေးရုံသည် ငယ်ငယ်ကလေးပင် ဖြစ်သည်။
သာသနာပြုအဖွဲ့ကို မစ္စတာဂျုန်းက တစ်ဖက်တစ်လမ်းအားဖြင့်အကူအညီပေးသည့်
လုပ်ငန်းတစ်ရပ်ပင် ဖြစ်သည်။
အရေးပိုင်မင်း ဂရိုင်တာကား လူရွတ်တစ်ယောက် ဖြစ်သည်။ ခင်ကြီး
ဂျုန်း၏ ခွစာနိုင်ပုံတို့ကို အခွင့်ကောင်းယူကာ ရယ်မောတတ်သည်။ မစ္စ ဂျုန်း၏
အကောင်းမြင်လွန်းခြင်းကိုလည်း အခွင့်ကောင်းယူကာ ရယ်မောလေ့ရှိသည်။ ရနိုင်သည့်နေရာက
ရနိုင်သည့်အခွင့်အလမ်းကို လက်လွတ်မခံဘဲ ရယ်စရာ၊ နောက်စရာဖြစ်အောင် လုပ်တတ်သည်။
ဒတ်ခ်ျ သင်္ဘောများသည် သူတို့ကျွန်းသို့ နှစ်လအတွင်း
သုံးကြိမ်ခန့်ဆိုက်တတ်သည်။ တစ်ခါဆိုက်လျှင် နာရီအနည်းငယ် ကြာတတ်သည်။ ထိုအခါမျိုးတွင်
အရေးပိုင်မင်းသည် သင်္ဘောမာလိန်မှူးနှင့် စက်ဆရာတို့ကိုခေါ်ကာ ဝိုင်းဖွဲ့တတ်သည်။
တစ်ဖန် ဆယ်ခါရံမှတစ်ခါဆိုသလို ကြာသပတေးကျွန်းမှ ဖြစ်စေ၊ ပို့ဒါဝင်မှဖြစ်စေ
ပုလဲသင်္ဘော ဆိုက်တတ်သည်။ ထိုအခါမျိုးတွင်ကား နှစ်ရက်တန်သည်၊ သုံးရက်တန်သည်
ပွဲကြီးပွဲကောင်း ကြုံရတတ်သည်။
ပုလဲငုပ်သမားများကား လူကြမ်းလူရမ်းများဖြစ်သည်။ သို့သော်
ဒူပေနာပေ ခံနိုင်သူများ ဖြစ်ကြသည်။ သူတို့သင်္ဘောတွင် သောက်စရာ အရက် တင်းကျမ်းပါလာသည်။
သူတို့တွင် ပြောစရာစကား အများကြီးပါလာသည်။ အတွေ့အကြုံစုံသူများဖြစ်ကြရာ
ဝတ္ထုများစွာပြောနိုင်သူများ ဖြစ်ကြသည်။ ထိုအခါမျိုးတွင် အရေးပိုင်မင်းသည်
သင်္ဘောသားတို့ကို အိမ်သို့ဖိတ်ကာ ထမင်းကောင်းကောင်းကျွေးလေ့ရှိသည်။ အရက် ကောင်းကောင်း
သောက်လေ့ရှိသည်။ ထိုညတွင် အရက် အလွန်အကျွံမူးကာ သင်္ဘောပေါ်အရောက်ပြန်နိုင်ကြမှ
အောင်မြင်သည့် ထမင်းစားပွဲဟု ယူဆကြသည်။
ဤကျွန်းတွင် သာသနာပြု မောင်နှမအပြင် အခြားမျက်နှာဖြူတစ်ယောက်
ရှိသေးသည်။ သူကား ဂျင်ဂျာတက် ဆိုသူပင် ဖြစ်လေသည်။ သူသည် လူယဉ်ကျေးတို့ကိုနာမည်ဖျက်သူ
တစ်ယောက် ဖြစ်သည်။ သူ့အကြောင်းပြောရလျှင် ကောင်းကွက်တစ်ခုမျှ မရှိ။
မျက်နှာဖြူတို့ကို နာမည်ဖျက်သူတစ်ယောက်လည်း ဖြစ်သည်။ တစ်ခါတစ်ရံတွင်ကား အရေးပိုင်မင်းသည်
ဤကျွန်း၌ ဂျင်ဂျာတက် ဆိုးမျိုးကို ခံနိုင်ဖို့ အတော် ခက်သည်ဟု တွေးမိလေသည်။
မစ္စတာ ဂျုန်းသည် အသိဉာဏ်နည်းသည့်လူငယ်လူရွယ်တို့ကို ဘက်ပတစ်အယူသို့
သက်ဝင်လာအောင် သိမ်းသွင်းရမည့်သူ ဖြစ်သည်။ သို့ပါလျက် ယနေ့ နံနက်စောစော အရေးပိုင်မင်းထံသို့
သူ ရောက်လာရသည့်အကြောင်းမှာ ယင်းလူပေလူတေ ဂျင်ဂျာတက်ကြောင့်ပင် ဖြစ်သည်။
“ထိုင်လေဗျာ မစ္စတာ ဂျုန်း၊ ဘာများအကူအညီပေးရမလဲ၊ ဆိုပါဦး”
“ဟုတ်ကဲ့၊ ကျွန်တော် လာတာကတော့ ဂျင်ဂျာတက်ဆိုတဲ့လူရဲ့ ကိစ္စပါပဲ၊ ကဲ ... အခု ခင်ဗျား ဘာလုပ်မလဲ”
“ဘာလို့လဲ၊ သူ ဘာဖြစ်လို့လဲ”
“ခင်ဗျား မကြားသေးဘူးလား၊ ကျွန်တော်ကတော့ခင်ဗျားကို စာသင်ကြီးက ပြောလိမ့်မယ်ထင်နေတာ”
“အရေးမကြီးဘဲနဲ့ ဘာကိစ္စမှ အိမ်လာမပြောနဲ့လို့ ကျွန်တော့်အမှုထမ်းတွေကို မှာထားတယ်ဗျ၊ ကျွန်တော်က ခင်ဗျားနဲ့မတူဘူး မစ္စတာ ဂျုန်း၊ ကျွန်တော် အလုပ်လုပ်တာဟာ လွတ်လပ်တဲ့အားလပ်ချိန် လိုချင်လို့ပဲ။ အဲ၊ ကျွန်တော့် အားလပ်ချိန်ကိုလည်း အနှောင့်အယှက် မရှိဘဲ သုံးချင်တယ်” အရေးပိုင်မင်းသည် ခပ်တည်တည် ပြောလိုက်သည်။
“ဟုတ်ကဲ့၊ ကျွန်တော် လာတာကတော့ ဂျင်ဂျာတက်ဆိုတဲ့လူရဲ့ ကိစ္စပါပဲ၊ ကဲ ... အခု ခင်ဗျား ဘာလုပ်မလဲ”
“ဘာလို့လဲ၊ သူ ဘာဖြစ်လို့လဲ”
“ခင်ဗျား မကြားသေးဘူးလား၊ ကျွန်တော်ကတော့ခင်ဗျားကို စာသင်ကြီးက ပြောလိမ့်မယ်ထင်နေတာ”
“အရေးမကြီးဘဲနဲ့ ဘာကိစ္စမှ အိမ်လာမပြောနဲ့လို့ ကျွန်တော့်အမှုထမ်းတွေကို မှာထားတယ်ဗျ၊ ကျွန်တော်က ခင်ဗျားနဲ့မတူဘူး မစ္စတာ ဂျုန်း၊ ကျွန်တော် အလုပ်လုပ်တာဟာ လွတ်လပ်တဲ့အားလပ်ချိန် လိုချင်လို့ပဲ။ အဲ၊ ကျွန်တော့် အားလပ်ချိန်ကိုလည်း အနှောင့်အယှက် မရှိဘဲ သုံးချင်တယ်” အရေးပိုင်မင်းသည် ခပ်တည်တည် ပြောလိုက်သည်။
သို့ရာတွင် မစ္စတာ ဂျုန်းသည် အပိုစကားပြောတတ်သူ မဟုတ်။ ထို့ပြင်
သူ့ကို ဘယ်သို့ထင်ထင် ဂရုစိုက်တတ်သူလည်း မဟုတ်။
“ညက တရုတ်ဆိုင်တစ်ဆိုင်မှာ ဒီလူ ဝင်ရမ်းသွားတယ်၊ သိပ်ရှက်စရာကောင်းတာပဲ။
ဆိုင်ကို ဝင်ဖျက်တယ်။ တရုတ်တစ်ယောက် သေလု မျောပါး ခံလိုက်ရတယ်”
“သောက်လာတာနေမှာပေါ့ ခင်ဗျာ” အရေးပိုင်မင်းက ခပ်အေးအေးပင်ပြောသည်။
“ထုံးစံအတိုင်း နေမှာပေါ့။ မသောက်လို့ရော သူ ဘာလုပ်နေတတ်လို့လဲ၊
သူတို့က ပုလိပ်ကိုခေါ်တော့ စာသင်ကြီးကို ဝင်ထိုးတယ်လေ၊ သူ့ကို လူခြောက်ယောက်လောက်ဖမ်းချုပ်ပြီးမှ
ထောင်ကို ပို့ရသတဲ့”
“ဟုတ်မှာပေါ့၊ သူက တယ်သန်တဲ့သူပဲ ခင်ဗျာ”
“ခင်ဗျား သူ့ကို မကက်ဆာ ပို့လိုက်ဖို့ ကောင်းတယ်”
“ဟုတ်မှာပေါ့၊ သူက တယ်သန်တဲ့သူပဲ ခင်ဗျာ”
“ခင်ဗျား သူ့ကို မကက်ဆာ ပို့လိုက်ဖို့ ကောင်းတယ်”
ခင်ကြီး ဂျုန်းသည် ဒေါသထွက်နေပါသည်။ အရေးပိုင်မင်း ဂရိုင်တာ
ကမူ ပြုံးစပ်စပ် ပြန်ကြည့်လိုက်သည်။ အရေးပိုင်မင်းသည် လူအလူန မဟုတ်ပါ။ ခင်ကြီး ဂျုန်း
ဘာဆိုလိုကြောင်း ချက်ချင်းရိပ်စားမိလိုက်သည်။ ယင်းကို ချက်ကောင်းယူ၍ ကလိလိုက်သည်။
“ကျွန်တော့်မှာ သုံးပိုင်ခွင့်အာဏာတွေကတော့ အများကြီးပဲ ခင်ဗျ၊
အဲဒီ အာဏာကို ကိုယ်ပိုင်ဆုံးဖြတ်ပြီးမှ အခြေအနေအရ သုံးရမှာကိုး ခင်ဗျ”
“ခင်ဗျား သင့်မယ်ထင်ရင် ဘယ်သူ့ကိုဖြစ်ဖြစ် ဒီကျွန်းက နှင်နိုင်တယ် မဟုတ်လား မစ္စတာဂရိုင်တာ၊ ခုလည်း ဒီလိုလူတစ်ယောက် မရှိရင် အများကြီး ဒုက္ခအေးသွားမှာပဲ”
“ကျွန်တော့်မှာ အာဏာရှိတာတော့ ဟုတ်တာပေါ့ဗျ၊ ဒါပေမဲ့ ကျွန်တော် သုံးချင်မှသုံးမှာပေါ့၊ ခင်ဗျားခိုင်းတိုင်း ကျွန်တာ် သုံးရမှာတဲ့လား”
“ဒီမှာ မစ္စတာဂရိုင်တာ၊ ဒီလူ ရှိနေတာဟာ အများပြည်သူကို ဒုက္ခပေးနေတာပဲ မဟုတ်လား၊ မိုးသောက်က နေဝင်အထိ ဘယ်တုန်းက ကောင်းခဲ့ဖူးလို့လဲ။ ပြီးတော့ ပိုပြီးဆိုးတာက ဒီကျွန်းကမိန်းမတွေနဲ့ တစ်ယောက်ပြီးတစ်ယောက် အဆက်အစပ်ရှိနေတယ်”
“အဲဒါတော့ အဆန်းသားဗျ။ အရက် အလွန်အကျွံသောက်တဲ့ လူတစ်ယောက်ဟာ လိင်စိတ် နိုးကြားလာပေမယ့် ဟန်ဟန်ပန်ပန် ကိစ္စမပြီးမြောက်နိုင်ဘူးလို့ ကျွန်တော် ကြားဖူးတယ်ဗျ။ ကဲ ဆိုစမ်းပါဦး၊ ဂျင်ဂျာတက်အဖို့ ဒီသဘောနဲ့ဆန့်ကျင်နေသလား”
“ခင်ဗျား သင့်မယ်ထင်ရင် ဘယ်သူ့ကိုဖြစ်ဖြစ် ဒီကျွန်းက နှင်နိုင်တယ် မဟုတ်လား မစ္စတာဂရိုင်တာ၊ ခုလည်း ဒီလိုလူတစ်ယောက် မရှိရင် အများကြီး ဒုက္ခအေးသွားမှာပဲ”
“ကျွန်တော့်မှာ အာဏာရှိတာတော့ ဟုတ်တာပေါ့ဗျ၊ ဒါပေမဲ့ ကျွန်တော် သုံးချင်မှသုံးမှာပေါ့၊ ခင်ဗျားခိုင်းတိုင်း ကျွန်တာ် သုံးရမှာတဲ့လား”
“ဒီမှာ မစ္စတာဂရိုင်တာ၊ ဒီလူ ရှိနေတာဟာ အများပြည်သူကို ဒုက္ခပေးနေတာပဲ မဟုတ်လား၊ မိုးသောက်က နေဝင်အထိ ဘယ်တုန်းက ကောင်းခဲ့ဖူးလို့လဲ။ ပြီးတော့ ပိုပြီးဆိုးတာက ဒီကျွန်းကမိန်းမတွေနဲ့ တစ်ယောက်ပြီးတစ်ယောက် အဆက်အစပ်ရှိနေတယ်”
“အဲဒါတော့ အဆန်းသားဗျ။ အရက် အလွန်အကျွံသောက်တဲ့ လူတစ်ယောက်ဟာ လိင်စိတ် နိုးကြားလာပေမယ့် ဟန်ဟန်ပန်ပန် ကိစ္စမပြီးမြောက်နိုင်ဘူးလို့ ကျွန်တော် ကြားဖူးတယ်ဗျ။ ကဲ ဆိုစမ်းပါဦး၊ ဂျင်ဂျာတက်အဖို့ ဒီသဘောနဲ့ဆန့်ကျင်နေသလား”
ခင်ကြီး ဂျုန်း၏ မျက်နှာသည် နီရဲလာသည်။
“ဒါတွေက စိတ်ပညာကိစ္စတွေပါ၊ ခုနေ ဒါတွေ ဆွေးနွေး မနေအားဘူး။ ဒီလူရဲ့အပြုအမူဟာ
မျက်နှာဖြူတစ်မျိုးလုံးရဲ့ဂုဏ်ကို ထိခိုက်နေတယ်။ ဒီကျွန်းမှာ တချို့ပုဂ္ဂိုလ်တွေက ကျွန်းသူကျွန်းသားတွေ
ပေါ့ပေါ့နေပေါ့ပေါ့စားကြတဲ့ကြားက တိုးတက်ကောင်းမွန်လာအောင် လုပ်နေကြတယ်၊ အဲဒီ
လုပ်ငန်းတွေကို သူ့နမူနာတွေက ဟန့်တားရာရောက်နေတယ်၊ အဆုံးမှာတော့ ဒီလူဟာ ကောင်းကွက်တစ်ကွက်မှ
ရှိတဲ့လူ မဟုတ်ဘူး”
“ဒါဖြင့် ကျွန်တော်မေးပါရစေ၊ စိတ်လည်း မရှိပါနဲ့ ခင်ဗျာ၊ မစ္စတာ ဂျုန်းကရော သူ့ကို ကောင်းကောင်း ပြုပြင်ဖို့ ကြိုးစားခဲ့ဖူးပါသလား”
“သူ ဒီရောက်လာစက သူနဲ့နီးစပ်ဖို့ ကျွန်တော် အများကြီး ကြိုးစားခဲ့တယ်။ ပြီးတော့ အမျိုးမျိုး ပြောဆိုဆုံးမခဲ့တယ်။ ဘာမှ မနာယူဘူး။ ပထမအကြိမ် သူ ရမ်းရမ်းကားကားလုပ်တုန်းက ကျွန်တော် သွားတွေ့ပြီး ပြောဆိုဆုံးမတာပါပဲ။ ကျွန်တော့်ကို ကျိန်ဆဲလွှတ်လိုက်တယ်”
“ဒီကျွန်းမှာ ခင်ကြီး ဂျုန်းတို့ သာသနာပြုတွေ အကျိုးဆောင်ကြတာကို ကျွန်တော့်လောက် ဘယ်သူမှ မသိကြပါဘူး၊ ဒါပေမဲ့ သူနဲ့ပတ်သက်လို့ နည်းပရိယာယ် အတတ်နိုင်ဆုံး မသုံးဘူးလား”
“ဒါဖြင့် ကျွန်တော်မေးပါရစေ၊ စိတ်လည်း မရှိပါနဲ့ ခင်ဗျာ၊ မစ္စတာ ဂျုန်းကရော သူ့ကို ကောင်းကောင်း ပြုပြင်ဖို့ ကြိုးစားခဲ့ဖူးပါသလား”
“သူ ဒီရောက်လာစက သူနဲ့နီးစပ်ဖို့ ကျွန်တော် အများကြီး ကြိုးစားခဲ့တယ်။ ပြီးတော့ အမျိုးမျိုး ပြောဆိုဆုံးမခဲ့တယ်။ ဘာမှ မနာယူဘူး။ ပထမအကြိမ် သူ ရမ်းရမ်းကားကားလုပ်တုန်းက ကျွန်တော် သွားတွေ့ပြီး ပြောဆိုဆုံးမတာပါပဲ။ ကျွန်တော့်ကို ကျိန်ဆဲလွှတ်လိုက်တယ်”
“ဒီကျွန်းမှာ ခင်ကြီး ဂျုန်းတို့ သာသနာပြုတွေ အကျိုးဆောင်ကြတာကို ကျွန်တော့်လောက် ဘယ်သူမှ မသိကြပါဘူး၊ ဒါပေမဲ့ သူနဲ့ပတ်သက်လို့ နည်းပရိယာယ် အတတ်နိုင်ဆုံး မသုံးဘူးလား”
အရေးပိုင်မင်းသည် သူ့စကားကိုသူ ကျေနပ်မိသည်။
အလွန်ပါးနပ်လိမ္မာစွာ ကလိလိုက်သည့်စကားပင် ဖြစ်သည်။ သို့ရာတွင် မေးထိုက်သည့်
စကားဟုလည်း သူ ထင်သည်။ ခင်ကြီး ဂျုန်းသည် သူ့အမေးကို ကြားရသည့်အခါ သူ့ကို မျက်နှာထားနှင့်
ပြန်၍ကြည့်သည်။ ဝမ်းနည်းရိပ် သမ်းနေသည့် သူ့မျက်လုံးအစုံတွင် သီလသမာဓိကို တွေ့နိုင်သည်။
“ငွေလဲတဲ့လူတွေကို ဗိမာန်တော်က ကျာပွတ်တစ်ချောင်းနဲ့ နှင်ထုတ်တုန်းက
ယေရှုသခင်ဟာ နည်းပရိယာယ်သုံးခဲ့သလား၊ မသုံးခဲ့ဘူး မစ္စတာ ဂရိုင်တာ။
တာဝန်ဝတ္တရားဆောင်ရွက်တဲ့နေရာမှာ ရှောင်တိမ်းချင်တဲ့အခါ ပရိယာယ်ဝေဝုစ် သုံးကြတာပဲ”
မစ္စတာဂျုန်း၏ မှတ်ချက်ကို ကြားရသည့်အခါ အရေးပိုင်မင်းသည်
ဘီယာတစ်ပုလင်း ဖောက် သောက်လိုက်ချင်စိတ် ပေါက်လာမိသည်။ ခင်ကြီး ဂျုန်းသည်
စိတ်အားထက်သန်စွာ ရှေ့သို့ကိုင်းညွတ်လာသည်။
“ဒီလိုပါ မစ္စတာ ဂရိုင်တာ၊ ဒီလူ့အကြောင်း၊ ဒီလူ ကျူးလွန်တဲ့ပြစ်မှုတွေအကြောင်း၊
ကျွန်တော့်ထက် ခင်ဗျားပိုပြီး သိမှာပဲ။ ခင်ဗျားကို သတိပေး နေဖို့တောင်
လိုမယ်မထင်ဘူး။ သူနဲ့ ပတ်သက်လို့တော့ ခွင့်လွှတ်စရာအကြောင်း ဘာမှမရှိဘူး။ ခုတော့
သူ့အပြုအမူဟာ အဆုံးရောက်နေရုံ မကဘူး လွန်လာပြီ၊ ခင်ဗျားမှာရှိတဲ့အာဏာကိုသုံးပြီး
ဒီကျွန်းက နှင်လိုက်ရင်ကောင်းမယ် ထင်တာပဲ”
အရေးပိုင်မင်း၏မျက်လုံးသည် မှိတ်တုတ်မှိတ်တုတ် ဖြစ်လာသည်။
ယခုဆိုလျှင် သူ့အဖို့ စိတ်တိုင်းကျ ကလိလိုက်ပြီးပြီ မဟုတ်ပါလား။ လူတွေဟာ ချီးမွမ်းတာတို့
အပြစ်တင်တာတို့နဲ့ ကြုံလာတဲ့အခါ သိပ်ရယ်စရာကောင်းတာပဲဟု သူ တွေးမိသည်။
“ဒါပေမဲ့ မစ္စတာ ဂျုန်း၊ တစ်ခု မေးပါရစေဦး၊ သူ့ကို
သက်သေအထောက်အထားနဲ့တကွ စစ်ဆေးမပြီးသေးဘဲ ကျွန်းက နှင်ပါလို့ ကျွန်တော့်ကို
ခိုင်းနေတာလား၊ ခုချက်ချင်း ကျွန်တော်နှင်လိုက်ရမှာလား။ ဘယ်လိုလဲ၊ သူ့ဘက်က ထုချေဖို့
မရှိတော့ဘူးလား”
“သူ ဘယ်လိုထုချေမလဲ ခင်ဗျာ၊ ကျွန်တော်တော့ မသိတော့ဘူး”
“သူ ဘယ်လိုထုချေမလဲ ခင်ဗျာ၊ ကျွန်တော်တော့ မသိတော့ဘူး”
အရေးပိုင်မင်းသည် ကုလားထိုင်မှထကာ ငါးပေလေးလက်မ အရပ်အမောင်းကို
ခံ့ညားသွားအောင် လက်ဆန့်ခြေဆန့် လုပ်လိုက်သည်။
“ကျွန်တော့်အဖို့တော့ ဒတ်ခ်ျအစိုးရရဲ့ တရားဥပဒေအတိုင်း
တရားလမ်းမှန်ရောက်အောင် စစ်ဆေးစီရင်မှာပဲ။ ကျွန်တော့်ရဲ့တရားစီရင်ရေးမှာ အခုလို ဩဇာပေးဖို့ကြိုးစားတာကိုပဲ
အံ့ဩစရာကောင်းလှပြီလို့ ကျွန်တော် ပြောပါရစေတော့”
ခင်ကြီး ဂျုန်းသည် အနည်းငယ် တုန်တုန်ယင်ယင်ဖြစ်သွားသည်။ အင်မတန်
စိတ်ကြီးဝင်နေသည့် သူ့အောက်ဆယ်နှစ်ငယ်သူ သူငယ်လေး တစ်ယောက်က သူ့အပေါ်
ဤကဲ့သို့သဘောထားသည်ကို တစ်ခါမှ မကြုံဖူးခဲ့ပါ။ ထို့ကြောင့် တောင်းပန်ရန် ပါးစပ်အဟလိုက်တွင်
အရေးပိုင် မင်းက လက်ကာပြလိုက်သည်။
“ကျွန်တော် ရုံးသွားဖို့အချိန်နီးနေပြီ မစ္စတာ ဂျုန်း၊ ခင်ဗျားကျန်းမာစေဖို့
ကျွန်တော် ဆုတောင်းလိုက်ပါတယ်”
ခင်ကြီး ဂျုန်းသည် အံ့အားသင့်ကာ ဘာမျှ ပြန်မပြောတော့ဘဲ
ခေါင်းတစ်ချက်ငုံ့၍ အခန်းထဲမှ ထွက်လာခဲ့သည်။ သူ လှည့်ထွက် သွားသည့်နောက်
အရေးပိုင်မင်းအပြုအမူကိုတွေ့ရမည်ဆိုလျှင် ပို၍ အံ့အားသင့်သွားလိမ့်မည် ဖြစ်သည်။
အရေးပိုင်မင်းသည် အားရပါးရ စပ်ဖြဲဖြဲလုပ်ကာ ခင်ကြီး ဂျုန်းအား သရော်ပြသောကြောင့်
ဖြစ်လေသည်။
ခဏကြာလျှင် အရေးပိုင်မင်းသည် ရုံးသို့သွားသည်။ ဒတ်ခ်ျကပြား
စာရေးကြီးက မနေ့ညကအဖြစ်အပျက်ကို အစီရင်ခံသည်။ မစ္စတာ ဂျုန်းထံမှ ကြားရသည်နှင့်ကိုက်ညီသည်။
ထိုနေ့ကား အမှုစစ်သည့်နေ့ ဖြစ်သည်။
“ဂျင်ဂျာတက်အမှုကို အလျင် ခေါ်လိုက်ရမလား သခင်” စာရေးက မေးသည်။
“သူ့အမှုကို အလျင်ခေါ်ဖို့ အကြောင်းမရှိဘူးဟေ့၊ အလျင်အပတ်က
မပြတ်သေးတဲ့အမှု သုံးလေးခု ရှိသေးတယ်၊ အစဉ်အတိုင်း သွားတာ ပေါ့ကွာ”
“သူက လူဖြူဆိုတော့ သူ့ကို သတ်သတ်ခေါ်တွေ့ဦးမလား သခင်”
“သူက လူဖြူဆိုတော့ သူ့ကို သတ်သတ်ခေါ်တွေ့ဦးမလား သခင်”
“တရားဥပဒေနယ်ပယ်မှာ အဖြူအညိုခွဲခြားမှု မရှိပါဘူးကွာ” မစ္စတာ
ဂရိုင်တာသည် ဟိတ်ဟန်ထုတ်၍ ပြောလိုက်သည်။
ရုံးခန်းသည် လေးထောင့်အခန်းကျယ်ကြီးတစ်ခု ဖြစ်သည်။ သစ်သားခုံတန်းလျားပေါ်တွင်
ကျွန်းသူကျွန်းသားလူမျိုးပေါင်းစုံ ထိုင်နေကြသည်။ တရုတ်၊ မလေး။ ပိုလီနီးရှင်း၊
ဗူဂစ်တို့ ပါဝင်သည်။ စာသင်ကြီးက အရေးပိုင်မင်းကြွလာပြီဖြစ်ကြောင်း ကြေညာလိုက်သည့်အခါ
တစ်ရုံးလုံး မတ်တပ်ရပ်ကြသည်။ အရေးပိုင်မင်းသည် စာရေးကြီးနှင့်အတူဝင်လာကာ စင်မြင့်ပေါ်ရှိ
ပြောင်လက်နေသောစားပွဲတွင် ထိုင်သည်။ သူ့နောက်တွင်ကား စီဟယ်လမီနာ ဘုရင်မကြီး၏ဓာတ်ပုံတစ်ခု
ရှိသည်။ မပြတ်သေးသော အမှုလေးငါးခုစစ်ပြီးမှ ဂျင်ဂျာတက် ဝင်လာသည်။ သူ့ကို လက်ထိပ်ခတ်ထားသည်။
သူ့ဘေးတွင် ဝါဒါနှစ်ယောက် ပါလာသည်။ အရေးပိုင်မင်းသည် သူ့ကို ဣနြေ္ဒမျက်နှာထားနှင့်
ကြည့်လိုက် သည်။ သို့ရာတွင် ဂျင်ဂျာတက် ဖြစ်နေပုံကို မြင်ရသဖြင့် စိတ်ထဲတွင်ကား
မရယ်ဘဲ မနေမိပါ။
ဂျင်ဂျာတက်သည် အရက်မူးသည့်အရှိန် မပြေသေးဘဲ မအီမသာဖြစ်နေသည်။
ဝက်ခြံအတွင်းရပ်နေစဉ် အနည်းငယ် ဒယိမ်းဒယိုင် ဖြစ်နေ သည်။ မျက်လုံးများလည်း
ရီဝေနေကာ ဘာကိုမျှ မြင်ဟန်မတူပါ။ သူသည် အသက်သုံးဆယ်ခန့်သာရှိသေးသော လူငယ်တစ်ယောက်
ဖြစ်သည်။ အရပ်အမောင်းအသင့်အတင့်ရှိကာ အနည်းငယ် ဝဖိုင့်ဖိုင့် ဖြစ်သည်။ မျက်နှာကား
နီရဲကာ ဖောအမ်း နေသည်။ ဆံပင် နီကြောင် ကြောင်သည် အနည်းငယ် ကောက်ကွေးနေသည်။ မနေ့က
ရန်ပွဲမှ ဒဏ်ရာဒဏ်ချက်တို့ မပျောက်သေးပါ။ မျက်လုံးတစ်ဖက် ညိုမည်းနေကာ နှုတ်ခမ်းကွဲ၍
ဖူးရောင်နေသည်။ ကာကီဘောင်းဘီတို ညစ်မွဲမွဲစုတ်ပြတ်ပြတ်တစ်ခုကို ဝတ်ထားသည်။ အက်ႌကား
နောက်ကျောတွင် စုတ်ပြဲ နေသည်။ အင်္ကျီ အစုတ်အပြဲကြားတွင် ရင်ဘတ်တစ်ခုလုံး
နီကြင်ကြင်အမွေးအမှင်များဖုံးနေသည်ကို မြင်ရသည်။ သို့ရာတွင် အသားအရေ ကား ဖွေးဆွတ်နေအောင်
ဖြူသည်။
အရေးပိုင်မင်းသည် စွဲချက်ကိုကြည့်လိုက်သည်။ ထို့နောက်
သက်သေများကို စစ်သည်။ သက်သေစစ်ချက်များကို ကြားနာသည်။ ဂျင်ဂျာ တက်က ပုလင်းနှင့်
ခေါင်းကိုရိုက်ခွဲလိုက်သော တရုတ်ကိုလည်း စစ်သည်။ သူ့ကို
ဖမ်းချုပ်ရန်ကြိုးစားသည့်စာသင်ကြီးကို ဂျင်ဂျာတက်က တစ်ချက်တည်းနှင့်
အလဲထိုးချလိုက်ကြောင်းကိုလည်း စာသင်ကြီးထံမှ ကြားနာရသည်။ လူမှန်းမသိအောင်မူးကာ တွေ့သမျှကို
ဖျက်ဆီး၊ မြင်မြင်သမျှကိုရမ်းသည့် အကြောင်းကိုလည်း အရေးပိုင်မင်း ကြားနာရသည်။
အားလုံးကြားနာပြီးလျှင် အရေးပိုင်မင်းသည် တရားခံဘက်သို့ လှည့်ကာ အင်္ဂလိပ်လိုမေးသည်။
“ကဲ ဂျင်ဂျာ၊ ခင်ဗျား ဘာများပြောချင်သေးသလဲ”
“ကျွန်တော် ဘာမှ မမြင်တော့ဘူးဗျ၊ ဘာတစ်ခုမှလည်း သတိမရတော့ဘူး၊ သူတို့က သူတို့ကိုသတ်တယ်ပြောလည်း ဟုတ်မယ်ထင်တာပဲ၊ ပျက်စီးသမျှ ကျွန်တော်လျော်ပါ့မယ်၊ သူတို့ဘက်က အချိန်ပေးပေါ့”
“အလျော်ပေးရမယ် ဂျင်ဂျာ၊ ဒါပေမဲ့ အချိန်ပေးမယ့်သူကတော့ ငါပဲ”
“ကျွန်တော် ဘာမှ မမြင်တော့ဘူးဗျ၊ ဘာတစ်ခုမှလည်း သတိမရတော့ဘူး၊ သူတို့က သူတို့ကိုသတ်တယ်ပြောလည်း ဟုတ်မယ်ထင်တာပဲ၊ ပျက်စီးသမျှ ကျွန်တော်လျော်ပါ့မယ်၊ သူတို့ဘက်က အချိန်ပေးပေါ့”
“အလျော်ပေးရမယ် ဂျင်ဂျာ၊ ဒါပေမဲ့ အချိန်ပေးမယ့်သူကတော့ ငါပဲ”
အရေးပိုင်မင်းသည် ဂျင်ဂျာတက်ကို တစ်မိနစ်ခန့် စိုက်ကြည့်သည်။
သူ့မျက်စိထဲ၌ ဂျင်ဂျာကို ကြည့်၍ မရပါ။ လုံးလုံးလျားလျား ပြုပြင်၍ မရတော့ဟု သူထင်သည်။
ကြောက်စရာလည်း ကောင်းလာသည်။ မစ္စတာ ဂျုန်းကသာ ပြေပြေပြစ်ပြစ်ပြောခဲ့မည်ဆိုလျှင်
ထိုအချိန်ကပင် သူ့ကို ကျွန်းမှ နှင်ထုတ်ရန် အမိန့်ပေးလိုက်မိမည် ဖြစ်သည်။
“ခင်ဗျားဟာ ဒီကျွန်း ရောက်လာကတည်းက ဒုက္ခပေးခဲ့တဲ့လူပဲ ဂျင်ဂျာ၊
ဂုဏ်သရေပျက်အောင် လုပ်ခဲ့တဲ့လူပဲ၊ ခင်ဗျားဟာ ပြုပြင်လို့ မရလောက်အောင်
ပျက်စီးနေပြီ။ လူမှန်းမသိအောင်မူးနေလို့ လမ်းပေါ်ကဆွဲထူလာရတဲ့အကြိမ်ပေါင်းလည်း မရေနိုင်တော့ဘူး။
ဟိုရမ်း ဒီရမ်း လုပ်တာလည်း ခဏခဏပဲ။ ခင်ဗျားဟာ လုံးဝ မျှော်လင့်ချက်ရှိတဲ့လူ
မဟုတ်ဘူး၊ ခင်ဗျားကို အလျင်တစ်ခါ ဒီရုံးတော်ခေါ်လာခဲ့တုန်းက နောက်တစ်ခါဆိုရင်တော့
ကြီးလေးတဲ့အပြစ်ဒဏ် ပေးရလိမ့်မယ်ဆိုတာ ကျွန်တော်ပြောလိုက်တယ် မဟုတ်လား။ အဲ ခုတော့
ခင်ဗျားဟာက ကမ်းကုန်နေပြီ၊ ဒီတော့ ထိုက်သင့်တဲ့အပြစ်ဒဏ် ပေးရမှာပဲ၊ ခင်ဗျားကို
အလုပ်ကြမ်းနဲ့ထောင်ခြောက်လ အပြစ်ပေးလိုက်တယ်”
“ကျွန်တော့်ကို”
“ဟုတ်တယ်၊ ခင်ဗျားကို”
“တောက်၊ ဘုရားစူးရစေရဲ့ဗျာ၊ ကျုပ် ထောင်က လွတ်လာရင်တော့ ခင်ဗျားကိုအသတ်ပဲ”
“ကျွန်တော့်ကို”
“ဟုတ်တယ်၊ ခင်ဗျားကို”
“တောက်၊ ဘုရားစူးရစေရဲ့ဗျာ၊ ကျုပ် ထောင်က လွတ်လာရင်တော့ ခင်ဗျားကိုအသတ်ပဲ”
ဂျင်ဂျာတက်သည် မကြားဝံ့မနာသာများ ပြောဆိုကျိန်ဆဲနေသည်။ မစ္စတာ
ဂရိုင်တာသည် သူပြောသမျှကို ဘာမျှမဖြုံသည့်ဟန်ဖြင့် နားထောင်နေသည်။ ဆဲပေစေ၊
ကျိန်ဆဲပေစေပေါ့ကွာ၊ အင်္ဂလိပ်လိုဆဲတာထက် ဒတ်ခ်ျလိုက ပိုပြီး ဆဲလို့ကောင်းပေမပေါ့။
ဘယ်လောက်ဆဲဆဲ ငါ့အဖို့တော့ မဖြုံလှပါဘူး။ မနာလှပါဘူး။
“ကဲ တိတ်စမ်း၊ ခင်ဗျား ကျွန်တော့်ကို အားကြီးစိတ်မောအောင်
လုပ်တဲ့လူပဲ”
အရေးပိုင်မင်းသည် သူ၏စီရင်ချက်ကို မလေးဘာသာဖြင့်
ထပ်မံဖတ်ပြလိုက်သည်။ ထို့နောက် တရားခံအကျဉ်းသားကို ဆွဲထုတ် ခေါ်ဆောင်သွားသည်။
ဂျင်ဂျာတက်လည်း ရုန်းကန်ရင်း လိုက်ပါသွားသည်။
မစ္စတာ ဂရိုင်တာသည် စိတ်လက်ပေါ့ပါးကာ တက်တက်ကြွကြွ ဖြစ်နေသည်။
သူသည် လက်ဖက်ရည်သောက်ရန် စားပွဲ၌ ထိုင်သည်။ အသစ်အဆန်းများတွေ့ရသည့်အခါ လောကကြီးသည်
ပျော်စရာကောင်းလာသည်ကို အံ့ဩစွာ တွေ့ရတတ်သည်။ ဤကျွန်းကို ပြည်နှင်ဒဏ် ပေးသည့်ဒေသဟု
သဘောထားကြသူ အများအပြားရှိသည်။ အင်စတာဒမ်က လူများ၊ ယုတ်စွအဆုံး ဗာတေးဗီးယားနှင့်
ဆူရာဖာယာက လူများကပင် ဤသို့သဘောထားကြသည်။ ဟုတ်သည်။
စိတ်ပျက်စရာကောင်းလှသည့်အရပ်ဒေသများတွင် ပျော်စရာရွှင်စရာများ ဖန်တီးရယူ
နိုင်သည်ကို သူတို့မသိကြ။
သူ့အဖို့ ကလပ် သွားရသည့် အခွင့်အရေး မဆုံးရှုံးဘူးလား။
မြင်းပွဲသွားရသည့်အခွင့်အရေး မဆုံးရှုံးဘူးလား။ ရုပ်ရှင်ကြည့်ရသည့် အခွင့်အရေး
မဆုံးရှုံးဘူးလား တက်စီနီတွင် တစ်ပတ်တစ်ခါ ကရသည့် ကပွဲများ၊ ထို့ပြင် ဒတ်ခ်ျ
ဂုဏ်သရေရှိအမျိုးသမီးများနှင့် တွဲကရသည့် အခွင့်အရေးများ မဆုံးရှုံးပေဘူးလား။ ဤသို့
အပေါင်းအသင်းများက သူ့ကိုမေးကြသည်။ သူ့စိတ်တွင်ကား ဆုံးရှုံးသည်မထင်မိ။ သူသည်
စည်းစိမ်ရှိရှိ သက်သက်သာသာနေလိုသူ ဖြစ်သည်။ သူ့အခန်းတွင်ရှိသည့်
အိမ်ထောင်ပရိဘောဂတို့သည် သူ့အဖို့ကျေနပ်လောက်သည်။ သူသည် ပြင်သစ်ဝတ္ထုများကို
အားကြီးစွဲသည်။ ယင်းတို့မှာ ပေါ့ပေါ့တန်တန်ရေးသားသည့် စာပေါ့များဖြစ်သည်။
ယင်းတို့ကို တစ်အုပ်ပြီး တစ်အုပ် ဖတ်ရင်း အချိန်ကုန်မှန်းမသိ ကုန်သွားတတ်သည်။
သို့ငြားလည်း ယင်းတို့ကိုစွဲနေသဖြင့် အဖိုးတန်အချိန်များ ကုန်ဆုံးလေပြီဟု
ဘယ်တော့မှ စိတ်ထဲတွင် ကသိကအောက် မဖြစ်မိ။ သူ့အဖို့ကား အချိန်ကို သက်သက်သာသာ
ကုန်လွန်စေနိုင်ခြင်းသည်ပင် ဧရာမ စည်းစိမ်ကြီးဖြစ်သည်။ လူငယ်စိတ် ဝင်လာပြီး
ချစ်ကြိုက်စိတ်၊ တဏှာစိတ်ဘက်သို့ ယိုင်လာသည့်အခါမျိုးတွင် သူ့စားပွဲထိုးမှူးသည်
သူ့ထံသို့ တောက်ပကြည်လင်သောမျက်လုံးပိုင်ရှင် လုံချည်ဝတ် ညိုပြာညက်ကလေးများကို
အိမ်တိုင်ရာရောက် ဆောင်ကြဉ်းလာတတ်သည်။ သို့ရာတွင် အမြဲတမ်းအဆက်အသွယ်
ဖြစ်မနေဖို့ကိုကား သူ သတိကြီးစွာထားသည်။ ဤလို အပြောင်းအလဲကလေးမျိုးသည် သူ့နှလုံးသားကို
ရွှင်ပျစေသည်ဟု ထင်မိသည်။
သူသည် လွတ်လပ်ခြင်းကို မြတ်နိုးသူဖြစ်သည်။ တာဝန်ဝတ္တရား
အချုပ်အချယ်များကြောင့် စိတ်အားမပျက်တတ်ပါ။ ဤဒေသ၏ အပူဒဏ်ကို လည်း သူ စိတ်မပျက်ပါ။
တစ်နေ့တွင် လေးငါး ခြောက်ခါလောက် ရေအေးအေးဖြင့် တဖွားဖွား လောင်းချိုးလိုက်သည့်အခါ
တစ်ကိုယ်လုံး အေးစက်သွားကာ နေကောင်းထိုင်ကောင်း ရှိလာသည်။ ထိုအရသာသည် မည်သည့်အရသာနှင့်မျှ
မတူပါ။
တစ်ဖန် သူသည် စန္ဒရားတီးခြင်းဖြင့်လည်း ပျော်မွေ့နိုင်သူတစ်ယောက်
ဖြစ်သည်။ ပျင်းသည့်အခါ ဟော်လန်ရှိ မိတ်ဆွေများထံသို့ စာရေး သည်။ ဤသို့ဖြင့်
စိတ်တသဘောတူ စကားပြောဖော် မလိုတော့ပါ။ သူသည် လူ့ဘဝ၏ ကမောက်ကမနိုင်မှုများကို
ကောင်းကောင်း ရယ်မော လိုသူ ဖြစ်သည်။ ရယ်မောစရာတို့ကို ဒဿနိကပါမောက္ခထံတွင်သာရနိုင်သည်
မဟုတ်။ လူမိုက်တစ်ယောက်ထံမှလည်း ရနိုင်သည်။ သူ့စိတ်၌ စွဲမြဲနေသောအချက်တစ်ခုမှာ
သူသည် အလွန်ပညာရှိသောလူငယ်တစ်ယောက် ဖြစ်သည်ဟူသောအချက်ပင် ဖြစ်လေသည်။
အရှေ့တိုင်းတွငရောက်ရှိနေကြသော ဒတ်ခ်ျတို့နည်းတူ သူသည် နေ့လယ်စာကို
ဟော်လန်ဂျင် ခွက်သေးတစ်ခွက်ဖြင့် စားလေ့ရှိသည်။ ယင်းသည် ပူစပ်စပ် ပေါ့ရွှတ်ရွှတ်အရသာရှိသည်။
သို့ရာတွင် ကော့တေးထက် ယင်းကို မစ္စတာဂရိုင်တာ ပို၍ ကြိုက်သည်။ ယင်းကို သောက် လိုက်ရလျှင်
သူတို့လူမျိုး၏ဓလေ့ထုံးစံကို ထိန်းသိမ်းရာရောက်သည်ဟု ထင်မိသည်။ ထို့နောက် ဒတ်ခ်ျ
အစားအစာကို နေ့တိုင်းစားသည်။ စွပ်ပြုတ် တစ်ပန်းကန်တွင် ထမင်းအပြည့်ထည့်ကာ
သောက်သည်။ ထို့နောက် သူ့အပါးတွင် ပန်းကန်များကိုင်ကာ ရပ်စောင့်နေကြသည့်
စားပွဲထိုးများထံမှ ဟင်းများကိုယူ၍ စားသည်။ စားပွဲထိုးတစ်ယောက်က အသားဟင်းတစ်ခွက်ကို
ကိုင်ထားသည်။ အခြား တစ်ယောက်က ကြက်ဥကြော်ကို ကိုင်ထားသည်။ နောက်တစ်ယောက်က
ငရုတ်ကောင်းကို ကိုင်ထားသည်။ ထို့နောက် ဝက်ပေါင်ခြောက်၊ ငှက်ပျောသီး စသည်တို့ကို
တစ်ခုပြီးတစ်ခု သူ့ပန်းကန်ထဲသို့ ထည့်သည်။ သူ့ပန်းကန်ထဲတွင် အားလုံးသည်
ပိရမစ်ကြီးသဖွယ် မို့မောက်နေသည်။ ယင်းတို့ကို သမအောင်မွှေ၍ စားသည်။ သူသည်
ထမင်းစားသည့်အခါ ဖြည်းဖြည်းစားတတ်သည်။ အရသာခံ၍ စားတတ်သည်။ ထို့နောက် ဘီယာတစ်ပုလင်းကို
သောက်သည်။
ထမင်းစားချိန်တွင် သူသည် တောင်တောင်အီအီ မတွေးတတ်။ သူ့ရှေ့တွင်
ရှိနေသော စားစရာတို့ကို အာရုံစူးစိုက်ကာ ခပ်ပျော်ပျော်ပင် စားလေ့ရှိသည်။
တစ်ပန်းကန်ကုန်သွားလျှင် နောက်တစ်နေ့တွင်လည်း ဤကဲ့သို့ပင် ပတ္တပိုဏ်ထမင်းကိုစားဦးမည်ဟု
တေးထားလိုက်သည်။ ကျွန်တော်တို့တစ်တွေ ပေါင်မုန့်ကိုမမုန်းနိုင်သကဲ့သို့ပင် သူလည်း
“ရစ်စတာပဲ” ဟုခေါ်သည့် ဒတ်ခ်ျပတ္တပိုဏ်ထမင်းကို မမုန်းနိုင်ပါ။ ထို့နောက် ဘီယာကို
ကုန်အောင်သောက်ပြီးလျှင် ဆေးလိပ်တစ်လိပ်ကို မီးညှိလိုက်သည်။ စားပွဲထိုးတစ်ယောက်က
ကော်ဖီတစ်ခွက် ယူလာသည်။ ထို့နောက် ကုလားထိုင်တွင် ဆေးလိပ်ဖြင့်မှိန်းရင်း၊
အတွေးနယ်ချဲ့ရင်း ဇိမ်ယူလေ့ရှိပါသည်။
ဂျင်ဂျာတက်ကို အလုပ်ကြမ်းဖြင့် ထောင်ခြောက်လ ချလိုက်ရသဖြင့်
သူ့စိတ်ထဲတွင် အနည်းငယ် အာသာပြေသွားသည်။ အခြား အကျဉ်းသား များနှင့်အတူ
လမ်းပြင်နေမည့် ဂျင်ဂျာတက်၏အကြောင်းကို တွေးလိုက်မိသည့်အခါတွင်ကား သူ အနည်းငယ် ပြုံးမိလေသည်။
အမှန်စင်စစ် ဂျင်ဂျာတက်သည် သူနှင့် စကားပြောဖော်တစ်ယောက် ဖြစ်သည်။
ရင်းရင်းနှီးနှီး အိတ်သွန်ဖာမှောက် မခြွင်းမချန်ပြောလို့ဆိုလို့ရသည့် စကားပြောဖော်တစ်ယောက်
ဖြစ်သည်။ သူ့လိုလူကို ဤကျွန်းမှ နယ်နှင်ဒဏ်ပေးလိုက်ရမည်ဆိုသည်မှာ
အလွန်မိုက်မဲခြင်း တစ်ရပ် ဖြစ်သည်ဟု သူ ထင်သည်။
ထို့ပြင် ခင်ကြီး ဂျုန်းကို ကျေနပ်နှစ်သိမ့်စေခြင်းဖြင့်လည်း
သူ့မိတ်ဆွေ၏အကျင့်စာရိတ္တကို ထိခိုက်သွားနိုင်မည် မဟုတ်လား။ ဂျင်ဂျာတက် သည်
အော့နှလုံးနာစရာကောင်းလှသည့် လူဟော့ရမ်းတစ်ယောက် ဖြစ်လာသည်မှာ မှန်သည်။ သို့ရာတွင်
အရေးပိုင်မင်းသည် သူ့အပေါ်တွင် ကြင်နာစိတ်တော့ရှိလေသည်။ သူတို့နှစ်ယောက်သည်
ဘီယာတစ်ပုလင်းကို ခွက်လှည့်ခံ သောက်ခဲ့ကြသူများ ဖြစ်သည်။ ပို့ဒါဝင်က ပုလဲသင်္ဘော
လာသည့်အခါတွင်လည်း တစ်ညလုံး မူးအောင်သောက်ခဲ့ကြဖူးသည်။ ဤမျှ ရင်းနှီးခဲ့သူများ
ဖြစ်ကြသည်။ တန်ဖိုးမဖြတ်နိုင်သော လူ့ဘဝတစ်ခုလုံးကို ဂျင်ဂျာတက်သည် ပရမ်းပတာ
နေထိုင်သွားလာရင်း ကုန်လွန်စေသည်။ ယင်းကို အရေးပိုင်မင်း သဘောကျမိသည်။
ဂျင်ဂျာတက်သည် တစ်နေ့တွင် မီရောကီမှ မကက်ဆာသို့သွားသည့်
သင်္ဘောတစ်စင်းနှင့်ပါလာသူ ဖြစ်လေသည်။ ဤကျွန်းသို့ ထိုသင်္ဘော ဘယ်ပုံဘယ်နည်း
လမ်းမှားရောက်လာသည်ကို မာလိမ်မှူးလုပ်သူကမသိဟု ဆိုသည်။ သို့ရာတွင် သူ့သင်္ဘောပေါ်၌
တိုင်းရင်းသား ရေကြောင်းပြများ ပါလာသည်။ အလယ်ကွန်းနားသို့ရောက်သည်တွင် သာယာလှပသည့်ရှုခင်းကို
ကြည့်ချင်သည်နှင့် သင်္ဘောကို ရပ်လိုက် ခြင်း ဖြစ်သည်ဟုဆိုသည်။ ဒတ်ခ်ျအလံကို
လွှင့်ထူထားသည့် သူတို့သင်္ဘောသည် ဗြိတိသျှပိုင်နက်အပြင်သို့ရောက်လာလျှင် ကျွန်း၏
အလှအပတွင် သာယာမိသည်ဆိုသည်ကိုမူ မစ္စတာဂရိုင်တာ အနည်းငယ်သံသယရှိမိသည်။ သို့ရာတွင်
ထိုသင်္ဘောနှင့်ပါလာသည့် ဂျင်ဂတာ တက် ကိုကား သူ လက်သင့်မခံနိုင်စရာအကြောင်းမရှိပေ။
သူ့ နိုင်ငံကူးလက်မှတ်တို့မှာ အားလုံး အမှန်အကန်များသာဖြစ်သည်ကို တွေ့ရသည်။ အစတွင်
ဂျင်ဂျာတက်က သူသည် ဩစတြေးလျကုမ္ပဏီတစ်ခုအတွက် ခရုခွံများဝယ်ယူမည့်သူဖြစ်သည်ဟု ဆိုသည်။
နောင်တွင်ကား သူ့အလုပ်မှာ မည်မည်ရရ မရှိလှကြောင်းကို သိလာရသည်။
အချိန်ရှိသရွေ့ အရက်ကိုချည်း သောက်နေသည်ကို တွေ့ရသည်။ သူ့တွင် အလုပ်လုပ်ချိန်ဟူ၍ကား
မရှိတော့။ သူ့ထံသို့ အင်္ဂလန်မှ တစ်ပတ် နှစ်ပေါင်ကျ တစ်လတစ်ခါ ငွေရောက်လာသည်။
အရေးပိုင်မင်း စိတ်ထဲတွင်ကား သူ့ကိုပို့လိုက်သည့်နေရာတွင် သူရှိနေသမျှကာလပတ်လုံး
ထိုငွေသည် သူ့ကို ပို့လိုက်သူထံမှ မှန်မှန်လာနေမည်ဟု ထင်မိသည်။ မည်သို့ဖြစ်စေ
သူ့အဖို့ ထိုငွေကား မသုံးစွဲလောက်ပါ။
ဂျင်ဂျာတက်သည် နှုတ်လုံသူ ဖြစ်သည်။ သူသည် အင်္ဂလိပ်လူမျိုးတစ်ယောက်
ဖြစ်သည်။ ယင်းကိုလည်း နိုင်ငံကူးလက်မှတ်အရ သိရခြင်း ဖြစ်သည်။ သူ့နာမည်သည်
အက်ဒဝပ်ဝီလဆင်ဖြစ်ပြီး ဩစတြေးလျတွင် ဘာလုပ်ခဲ့သည်ကိုမူ အရေးပိုင်မင်း မသိရပေ။
ထို့အတူ ဂျင်ဂျာတက် ဘယ် အတန်းအစားက ဖြစ်သည်ကိုလည်း မသိရ။ သူ့ကို
ပုလိပ်ငုပ်သမားများနှင့် အတူ တွေ့ရသည့်အခါ ဘယ်လိုလူမျိုးဟု မှန်းဆကြည့်ရုံသာ ကြည့်နိုင်သည်။
သူ့အင်္ကျီက စုတ်ပြတ်ပြတ်၊ ဘောင်းဘီကား မွဲခြောက်ခြောက်၊ ခေါင်းထက်က ဦးထုပ်ကြီးမှာ
ခပ်ရွဲ့ရွဲ့။
ထိုအဆင်အပြင်နှင့်အတူ စကားပြောသည့်အခါ ခပ်ရိုင်းရိုင်းခပ်ကြမ်းကြမ်း
စာပေမနီးပြောသံဆိုသံတို့ကို ထောက်ချင့်သော် သူသည် သင်္ဘောမှထွက်ပြေးလာသောသင်္ဘောသား
တစ်ယောက်သော်လည်း ဖြစ်ရမည်။ သင်္ဘောကြီး ကုန်တင်ကုန်ချအလုပ်သမား တစ်ယောက်
သော်လည်းဖြစ်ရမည်ဟု ယူဆနိုင်စရာရှိလေသည်။ သို့ငြားလည်း သူ့ လက်ရေးလက်သားကိုတွေ့ရသည့်အခါ
စာမတတ် ပေမတတ်ဟု ပြောရန် ခဲယဉ်းနေသည်။ တစ်ဖန် သူနှင့် တစ်ယောက်ချင်းတွေ့ကြ၍
အရက်သောက်ထားသော်လည်း မမူးသည့်အခါမျိုးတွင် သူ့ပါးစပ်က ထွက်လာသည့်စကားတို့မှာ
သင်္ဘောသားတစ်ယောက် သို့တည်းမဟုတ် အလုပ်သမားတစ်ယောက်ပါးစပ်က ထွက်သည့် စကားမျိုး
မဟုတ်သည်ကို တွေ့ရပြန်သည်။
အရေးပိုင်မင်း အထူးသတိပြု ဆင်ခြင်မိသည့်အချက်တစ်ခု ရှိသည်။
ယင်းမှာ ဂျင်ဂျာတက်သည် သူ့ကို စကားပြောသည့်အခါ အောက်လက် ငယ်သား တစ်ယောက်က
အထက်အရာရှိတစ်ဦးကိုဆက်ဆံသည့်ပုံမျိုးဖြင့် မဆက်ဆံဘဲ တန်းတူရည်တူ ပြောဆိုဆက်ဆံသည်ဆိုသည့်
အချက်ပင် ဖြစ်သည်။ သူ့ထံ တစ်လတစ်ခါ မှန်မှန်ရောက်သည့်ငွေများကို မရောက်ခင်ကတည်းက ပေါင်နှံသုံးစွဲလေ့
ရှိသည်။ ငွေရောက်ချိန် တွင် အကြွေးရှင်တရုတ်တို့က သူ့ဖင်နားက မခွါကြတော့ပေ။
ပေးစရာရှိသည်တို့ကိုပေးကာ ကျန်သည့်ငွေဖြင့် အရက်သောက် ပြန်သည်။ ထိုအခါမျိုးတွင်
ဂျင်ဂျာတက် သောင်းကျန်းတတ်လေသည်။ ပုလိပ်လက် ရောက်ရသည့် အမှုကိစ္စမျိုးကို ကျူးလွန်တတ်သည်။
ထိုအခါမျိုးတွင် မစ္စတာဂရိုင်တာက သူ့ကို စိတ်ကောင်း ဝင်လာသည်အထိ ထောင်ထဲ
ထည့်ထားလိုက်သည်။ ပိုက်ဆံမရှိသည့်အခါတွင်မူ ဂျင်ဂျာတက်သည် တွေ့သမျှလူထံမှ
ရသမျှအရက်ကို ရှာကြံ၍သောက်သည်။ ရမ်၊ ဘရန်ဒီ၊ တောအရက်၊ ဘာမဆို သူ့အဖို့
မူးသည်ချည်းသာ ဖြစ်သည်။
မစ္စတာ ဂရိုင်တာက သူ့အတွက် တရုတ်ပိုင်
စိုက်ခင်းပျိုးခင်းတို့တွင် အလုပ်ရှာကြံ ပေးသည်။ တစ်ခါတစ်ရံ တခြားကျွန်း
တစ်ကျွန်းတွင် သွားရောက်လုပ်ကိုင်စေသည်။ သို့ရာတွင် ထိုနေရာ၌ စွဲစွဲမြဲမြဲ
မနေနိုင်။ အနည်းငယ်ကြာလျှင် ဗာရူသို့ ပြန်ရောက်လာသည်ချည်းသာ များသည်။
သွားနိုင်လာနိုင်၊ တွေးနိုင်တောနိုင်လောက်အောင် သူ့ကိုယ်သူ ဘယ်လိုထိန်းသည်ဆိုသည်မှာ
အံ့စရာတစ်ပါး ဖြစ်နေသည်။ သူ့နည်းနှင့် သူကား ဟန်နေသည်။ ကျွန်းများစွာတို့မှ
ကျွန်းသားအမျိုးမျိုးတို့၏ဘာသာစကားကို တစ်လုံးစ နှစ်လုံးစ သူ သင်ကြားထားသည်။
ထို့နောက် သူတို့ ရယ်မောစရာများကို ကြံဖန်ပြောဆိုတတ်သည်။ သူ့ကို ကျွန်းသားတို့က
မရိုသေကြ။ သို့ရာတွင် ကာယဗလကိုမူ ရွံ့ကြသည်။ ထို့ပြင်သူနှင့်လည်း အပေါင်းအဖော်လုပ်လိုကြသည်။
ထို့ကြောင့် သူ့မှာ ထမင်းတစ်လုတ်စားဖို့ မခက်လှ။ အိပ်စရာ တစ်နေရာအတွက်လည်း မပူရ။
မိန်းမနှင့် ပတ်သက်လာလျှင်ကား သူသည် စည်းစောင့်လေ့ မရှိပေ။ ယင်းကြောင့်
ခင်ကြီး ဂျုန်း များစွာစိတ်ထိခိုက်ရသည်။ သူ့ကို မိန်းမတွေ ဘယ်လို သဘောထားကြသည်ကို
အရေးပိုင်မင်း မစဉ်းစားတတ်နိုင်ဘဲ ရှိနေသည်။ သူတို့နှင့်ပေါင်းသင်းသည့်အခါ
ကြမ်းတမ်းသည်။ သူတို့ ပေးသမျှ ယူသည်။ သို့သော် တန်ဖိုးကို အသိအမှတ်ပြုဟန် မတူပါ။
သူ့အလိုဆန္ဒကိုဖြည့်ရန်သာ တစ်ခဏတာမျှ ပေါင်းသင်းဆက်ဆံပြီး နောက်
စွန့်ပစ်ထားခဲ့တတ်သည်။ မိန်းမကိစ္စနှင့်ပတ်သက်၍ တစ်ခါ နှစ်ခါ ဒုက္ခတွေ့ခဲ့ဖူးသည်။
အရေးပိုင်မင်းသည် သူနှင့်ပတ်သက်၍ ဒေါသ ကြီးလှသည့်မိန်းကလေး၏ဖခင်တစ်ယောက်ကို
အပြစ်ပေးလိုက်ရဖူးသည်။ ဂျင်ဂျာတက်၏ နောက်ကျောကို ဓားနှင့်လှမ်းပေါက်သည့်အတွက်
ဖြစ်သည်။ နောက်တစ်ဦးမှာ သူက စွန့်ပစ်လိုက်သဖြင့် ဆောက်တည်ရာမရဖြစ်ကာ ဘိန်းမျိုသည့်
တရုတ်မတစ်ယောက်ပင် ဖြစ်သည်။ သူ့ကိုလည်း ထိုက်သင့်သောအပြစ် ပေးလိုက်ရသည်။
တစ်ခါတွင်မူ ခင်ကြီး ဂျုန်းသည် အရေးပိုင်မင်းထံသို့ အပြေးအလွှားရောက်လာဖူးသည်။
ကိစ္စမှာ ခြေသလုံးအိမ်တိုင် ဂျင်ဂျာတက်က ဘက်ပတစ်အယူသို့ ပြောင်းပြီးဖြစ်သည့်
ကျွန်းသူတစ်ယောက်ကိုစော်ကားသည့် အတွက်ကြောင့်ပင် ဖြစ်သည်။ ယင်းအဖြစ်မှာ အလွန်
ကြေကွဲစရာကောင်းကြောင်း အရေးပိုင်မင်း သဘောတူသည်။ သို့သော်လည်း ငယ်ရွယ်သူအမျိုးသမီးလေးများကို
နောက်နောင် မမှောက် မှားအောင် ထိန်းသိမ်းသင့်ကြောင်းသာ မစ္စတာဂျုန်းအား အကြံပေးလိုက်နိုင်သည်။
တစ်ခါတွင်မူ အရေးပိုင်မင်း မျက်စိတွေ့ကာ ဆက်ဆံခဲ့ ဖူးသော မိန်းကလေးတစ်ယောက်သည်
ဂျင်ဂျာတက်ကိုလည်း မျက်နှာသာ ပေးနေသည်ကို တွေ့ရသည်။ ယင်းကိုကား အရေးပိုင်မင်း
မနှစ်သက်နိုင်။ ဤအရေးအခင်းကို စဉ်းစားမိသည့်အခါ ဂျင်ဂျာတက်ကို ထောင်ခြောက်လ
ချလိုက်ရသဖြင့် သူ့မှာ ကျေနပ်နှစ်သိမ့်ဖြစ်ကာ ပြုံးမိသည်။ မိမိကို ကျောသွားသူတစ်ယောက်အား
တာဝန်ဝတ္တရားအရ ဆောင်ရွက်ရာတွင် ပြန်လည် လက်စားချေခွင့်ရသည့် အဖြစ်မျိုးကား ကြုံခဲလှပေသည်။
တစ်နေ့တွင် မစ္စတာ ဂရိုင်တာသည် ကျန်းမာရေးအလို့ငှါ လမ်းလျှောက်ထွက်လေသည်။
ထို့ပြင် ကိစ္စတစ်ခု ပြီးမပြီးကြည့်ရှုရန် အတွက်လည်း ဖြစ်သည်။ ထိုအခါ လမ်းတွင်
ဝါဒါတစ်ယောက်စောင့်ကြပ်လျက် လမ်းပြင်နေကြသော ထောင်သားများကို တွေ့ရသည်။
ထိုသူတို့အထဲတွင် ဂျင်ဂျာတက်ကိုလည်း တွေ့ရသည်။ သူသည် မလေးအခေါ်အားဖြင့်
ဖာဂျူဟုခေါ်သော ထောင်လုံချည်ကိုဝတ်ကာ ဦးထုပ်ဟောင်းကြီးကို ဆောင်းထားသည်။ ဂျင်ဂျာတက်
လက်ထဲတွင် ပေါက်ချွန်းကြီးတစ်ခု ကိုင်ထားသည်။ လမ်းက ကျဉ်းသဖြင့် မစ္စတာဂရိုင်တာသည်
ဂျင်ဂျာ တက်နှင့် လက်တစ်ကမ်းအကွာတွင် ဖြတ်၍လျှောက်ရမည် ဖြစ်သည်။ ဂျင်ဂျာတက်သည်
ဒေါသကြီးသူဖြစ်ကြောင်း သူ သိသည်။
တရားခွင်တွင် အမှုစစ်စဉ်က ဝက်ခြံထဲမှ ကြိမ်းမောင်းဆဲဆိုသည့်
စကားအသုံးအနှုန်းတို့မှာ ကြမ်းတမ်းလှသည်။ အလုပ်ကြမ်းနှင့် ထောင်ဒဏ်
ခြောက်လချလိုက်သည်ကို သူ အခဲမကြေနိုင်ရှိနေသည်။ သို့ဖြစ်ရာ အခုနေခါ ဂျင်ဂျာတက်က
သူ့ကို ရုတ်တရက် ပုဆိန်ဖြင့် ခုတ်သတ်မည် ဆိုလျှင် ဘာမျှ တတ်နိုင်မည် မဟုတ်။
စောင့်ကြပ်နေသောဝါဒါတို့က ဂျင်ဂျာတက်ကို သေနတ်ဖြင့်ပစ်မည်မှာ သေချာသည်။
သို့ငြားလည်း အရေးပိုင်မင်းကား ခေါင်းနှင့်ကိုယ် အိုးစားကွဲဖို့သာရှိသည်။
သို့နှင့် မစ္စတာ ဂရိုင်တာသည် ထောင်သားများအကြား ဖြတ်လျှောက်လာသည့်အခါ
ရင်ထဲ ဝမ်းထဲ၌ ဟာတာတာပွက်တက်တက် ဖြစ်ကာ အရသာတစ်မျိုး ခံစားရလေသည်။ ထောင်သားများသည်
အတွဲလိုက် အအုပ်လိုက် အလုပ်လုပ် နေကြသည်။ မစ္စတာဂရိုင်တာသည် ခြေလှမ်းကို
သွက်သွက်လည်းမလှမ်းမိအောင်၊ ဖြည်းဖြည်းလည်းမလှမ်းမိအောင် မနည်းသတိထားကာ ခပ်မှန်မှန်လျှောက်ရသည်။
ဂျင်ဂျာ တက်အနားသို့ ဖြတ်သွားသည့်အခါ ဂျင်ဂျာတက်သည် ပုဆိန်ကို မြေသို့စိုက်ချလိုက်ကာ
သူ့ကို မျက်စိတစ်ဖက်မှိတ်ပြသည်ကို မြင်လိုက် ရသည်။ အရေးပိုင်မင်းက
မပြုံးချင်ပြုံးချင် ပြုံးပြကာ အရေးပိုင်မင်းတို့၏ရာဇဣနြေ္ဒဖြင့် ဆက်၍လျှောက်သွားသည်။
သို့ရာတွင် ဂျင်ဂျာတက်က မျက်စိတစ်ဖက်မှိတ်ရာတွင် မခံချိမခံသာဖြစ်အောင်
ကလိလိုက်သည့် သရော်ချက်ပါသဖြင့် သူ ကျေနပ်မိသည်။ သူသာ ဒတ်ခ်ျပဋိညာဉ်ခံ
ဝန်ထမ်းတစ်ယောက်မဟုတ်ဘဲ ဘက္ကဒက်မြို့က မြို့တော်ဝန်ဖြစ်ခဲ့လျှင် ယခုချက်ချင်းပင်
ဂျင်ဂျာတက်ကို အကျဉ်းမှလွှတ်ကာ မင်းလုလင်များ ကို လွှတ်၍ ရေမိုးချိုး
အမွှေးနံ့သာတို့လိမ်းကျံစေလျက် ရွှေဝတ်ရုံကြီးဆင်မြန်းပေးကာ
ဘုရင့်စားတော်ပွဲများဖြင့် ကျွေးမွေးလိုက်မည် ဖြစ်သည်။
ဂျင်ဂျာတက်သည် စံနမူ ယူရလောက်အောင် စည်းကမ်းသေဝပ်သည့်ထောင်သား
ဖြစ်လာသည်။ တစ်လနှစ်လခန့်ရှိလျှင် မလှမ်းမကမ်းရှိ ကျွန်းကလေးတစ်ကျွန်းသို့
လုပ်ငန်းတစ်ခု စေခိုင်းစရာကိစ္စပေါ်လာသည့်အခါ အရေးပိုင်မင်းက ထောင်သားတစ်စုတွင်
သူ့ကို ထည့်လိုက် သည်။ ထိုကျွန်းတွင် ထောင် အဆောက်အအုံ မရှိပါ။ သို့ဖြစ်ရာ
သူတို့အားလုံးဖြစ်သည့်ဆယ်ယောက်ကို ဝါဒါတစ်ယောက်အား အအုပ်အချုပ် ခိုင်းလျက်
နေရာထိုင်ခင်းကို ကျွန်းသားများအား စီမံစေသည်။ တစ်နေ့တာအလုပ်ပြီးဆုံးလျှင်
သူတို့သည် ရိုးရိုးလူတို့ကဲ့သို့ လွတ်လပ်စွာ နေထိုင်နိုင်ကြသည်။ ပြုလုပ်ရမည့်အလုပ်သည်
ဂျင်ဂျာတက်အဖို့ ကျခံရန်ကျန်ရှိသည့် ထောင်ကျရက်များနှင့်ထေမိသည်။ သူတို့ မထွက်ခွါမီ
အရေးပိုင်မင်းသည် ဂျင်ဂျာတက်ကို တွေ့သည်။
“ဒီမယ် ဂျင်ဂျာ၊ ခင်ဗျားဖို့ ငွေ ရှစ်ကျပ်၊ ဟိုမှာ
ဆေးလိပ်လေးဘာလေး ဝယ်သောက်နိုင်တာပေါ့”ဟု ဆိုကာ အရေးပိုင်မင်းက ပေးလိုက်သည်။
“မနည်းဘူးလားဗျ၊ ကျွန်တော့်အတွက် တစ်လ ရှစ်ပေါင် မှန်မှန်ရောက်နေတာပဲ”
“ဒါဆို တော်လောက်ရောပေါ့ဗျ၊ ခင်ဗျားအတွက် ရောက်လာတဲ့ငွေတွေကို ကျွန်တော် စုထားမယ်၊ ခင်ဗျားပြန်လာတော့ အများကြီးစုမိနေရော မဟုတ်လား၊ အဲဒီ ငွေနဲ့ဆိုရင် သွားချင်ရာသွားနိုင်ပြီပေါ့”
“ဒါဆို တော်လောက်ရောပေါ့ဗျ၊ ခင်ဗျားအတွက် ရောက်လာတဲ့ငွေတွေကို ကျွန်တော် စုထားမယ်၊ ခင်ဗျားပြန်လာတော့ အများကြီးစုမိနေရော မဟုတ်လား၊ အဲဒီ ငွေနဲ့ဆိုရင် သွားချင်ရာသွားနိုင်ပြီပေါ့”
“အို ... ကျွန်တော် ဒီမှာ ဇိမ်ကျနေတာပဲဗျ” ဂျင်ဂျာတက်က ဆိုသည်။
“သဘောပေါ့ဗျာ၊ ဒါဖြင့်လည်း ဒီလိုလုပ်၊ ခင်ဗျားပြန်ရောက်တဲ့နေ့မှာ
ရေမိုးချိုးပြီး ကျွန်တော့်အိမ် လာခဲ့၊ ကျွန်တော်တို့ ဘီယာသောက်ကြမယ် ဟုတ်လား”
“အားကြီးကောင်းပေါ့ဗျာ၊ အဲဒီကျမှ စကားကောင်းကောင်းပြောကြမယ်၊
ဟုတ်ပြီဗျို့”
ဤတွင် အခွင့်အလမ်းများ တစ်မျိုးတစ်ဖုံပေါ်လာသည်။ ဂျင်ဂျာတက်
သွားရမည့်ကျွန်းသည် မာပူတီတီကျွန်း ဖြစ်သည်။ ထိုဒေသရှိ အခြား ကျွန်းများကဲ့သို့ပင်
ကျောက်တောင်ထူထပ်၍ သစ်တော ဝါးတောများရှိသည်။ သန္တာကျောက်တန်းများဖြင့်လည်း
ရံထားသည်။ ပင်လယ်ကမ်း စပ် အုန်းတောများအကြားတွင် ရွာတစ်ရွာ ရှိသည်။ ထို့ပြင်
ကျွန်းအလယ်၌ ရေငန်အိုင်တစ်ခု၏အစပ်တွင် ရွာတစ်ရွာ ရှိသည်။
ကျွန်းသားအချို့မှာ ခရစ်ယာန်အယူကို လက်ခံကြပြီးဖြစ်သည်။
ဗာရူကျွန်းသို့ သွားရေးလာရေးအတွက် အချိန်မမှန်သည့် မော်တော်တစ်ခုကို
အားကိုးကြရသည်။ ထိုမော်တော်သည် ကျွန်းများကို လှည့်ပတ်ခုတ်မောင်းသည်။
ခရီးသည်များနှင့် အုန်းသီးဆန်ခြောက်များကို တင်သည်။ ရွာသားများမှာ
ပင်လယ်ကမ်းနားတွင် လှေနှင့် တက်နှင့် သွားလာနေကြသူများဖြစ်ကြရာ အကြောင်းကြီးငယ်ရှိသည့်အခါမျိုးတွင်
ပရာဟုခေါ် သမ္ဗန်များဖြင့် မိုင်ငါးဆယ်ဝေးသည့် ဗာရူကျွန်းကြီးသို့ ကူးသန်းသွားလာကြသည်။
အကြောင်း တိုက်ဆိုင်ချင်၍လား မသိ။ ဂျင်ဂျာတက်၏ ထောင်နန်းစံရက်
ဆယ့်ငါးရက်ခန့်သာ ကျန်တော့သည့်အချိန်တွင် ရေအိုင်စပ်ရှိ ရွာမှ ခရစ်ယာန် သူကြီး
ရုတ်တရက် ချက်ချင်း နေမကောင်းဖြစ်သည်။ ဆေးမြီးတိုနှင့်ကုသော်လည်း မသက်သာ။ ထိုအခါ
ဗာရူသို့ လူလွှတ်၍ သာသနာပြုအဖွဲ့၏အကူအညီကို တောင်းသည်။ သို့ရာတွင် ကံဆိုးချင်၍လား
မသိ။ ထိုအချိန်၌ မစ္စတာဂျုန်း သည်လည်း ငှက်ဖျားမိကာ အိပ်ရာပေါ် ပက်လက်ဖြစ်နေသည်။ ထို့ကြောင့်
တတ်နိုင်သမျှ အကူအညီပေးရန် သူ့နှမနှင့် တိုင်ပင်သည်။
“အူအတက် ပေါက်တယ်လို့ထင်တာပဲ”ဟု ဂျုန်းက ထင်မြင်ချက်ပေးသည်။
“ရှင် သွားလို့မဖြစ်ဘူး ဂျုန်း”
“ဒါပေမဲ့ အဲဒီ သူကြီးတော့ အသေမခံနိုင်ဘူး”
“ဒါပေမဲ့ အဲဒီ သူကြီးတော့ အသေမခံနိုင်ဘူး”
မစ္စတာ ဂျုန်းတွင် အဖျားအပူချိန် တစ်ရာ့လေးဒီဂရီ ရှိနေသည်။
သူ့ခေါင်း တစ်ခုလုံးလည်း အုံခဲနေအောင်ကိုက်နေသည်။ တစ်ညလုံး ကယောင်ကတမ်းပြောသည်အထိ အရှိန်တက်နေသည်။
သူ့မျက်လုံးများမှာလည်း ကြောင်တောင်တောင်ဖြစ်နေရာ ဆန္ဒရှိတိုင်း လျှောက်ပြော
နေသည်ဟု သူ့နှမက ထင်မိသည်။
“ဒီအခြေနဲ့ ရှင် ခွဲလို့ ဘယ်ဖြစ်ပါ့မလဲ”
“မခွဲနိုင်ပါဘူး၊ ဒါပေမဲ့ ဟက်ဆန် သွားလိမ့်မယ်”
“မခွဲနိုင်ပါဘူး၊ ဒါပေမဲ့ ဟက်ဆန် သွားလိမ့်မယ်”
ဟက်ဆန်သည် ဆေးစပ်သမား ဖြစ်သည်။
“အို ... ဟက်ဆန်ကို ဘယ်စိတ်ချလို့ ဖြစ်ပါ့မလဲ။ ခွဲဖို့စိတ်ဖို့
သတ္တိမှ မရှိတာ၊ သူ့ကိုယ်သူလည်း မယုံကြည်ဘူး။ ပြီးတော့ သူတို့က ဟက်ဆန် ကိုတော့
အခွဲခိုင်းမှာ မဟုတ်ဘူး၊ ကျွန်မ သွားမယ်၊ ဒီမှာ ဟက်ဆန်နေရစ်ပြီး ရှင့်ကို ကြည့်ရှုနေလိမ့်မယ်”
“အူအတက် ပေါက်တာကို ခွဲလို့ ဖြစ်ပါ့မလား”
“ဘာလို့ မဖြစ်ရမှာလဲ၊ ရှင်ခွဲတာ မြင်ဖူးသားပဲ၊ တခြား အသေးအဖွဲကလေးတွေလည်း ကျွန်မ ခွဲနေတဲ့ဟာ”
“အူအတက် ပေါက်တာကို ခွဲလို့ ဖြစ်ပါ့မလား”
“ဘာလို့ မဖြစ်ရမှာလဲ၊ ရှင်ခွဲတာ မြင်ဖူးသားပဲ၊ တခြား အသေးအဖွဲကလေးတွေလည်း ကျွန်မ ခွဲနေတဲ့ဟာ”
မစ္စတာ ဂျုန်းသည် သူ့နှမ ဘာပြောနေမှန်း နားမလည်တော့ပါ။
“မော်တော် ရောက်နေပြီလား”
“ဟင့်အင်း၊ ဒီမှာ မရှိဘူး၊ ဒါပေမဲ့ သူတို့လာတဲ့ ပရာဟုနဲ့ သွားနိုင်သားပဲ”
“မင်း သွားမယ် ဟုတ်လား၊ မင်း သွားမယ်လို့ ပြောနေတာလား။ မဖြစ်ဘူး။ မဖြစ်ဘူး။ မင်း မသွားရဘူး”
“သွားမှာပဲ ဂျုန်း”
“ဘယ်ကို သွားမလို့လဲ”
“ဟင့်အင်း၊ ဒီမှာ မရှိဘူး၊ ဒါပေမဲ့ သူတို့လာတဲ့ ပရာဟုနဲ့ သွားနိုင်သားပဲ”
“မင်း သွားမယ် ဟုတ်လား၊ မင်း သွားမယ်လို့ ပြောနေတာလား။ မဖြစ်ဘူး။ မဖြစ်ဘူး။ မင်း မသွားရဘူး”
“သွားမှာပဲ ဂျုန်း”
“ဘယ်ကို သွားမလို့လဲ”
မစ္စတာဂျုန်းကား ကယောင်ချောက်ချား ဖြစ်နေပြီ။ ထို့ကြောင့်
သူ့ကို ဆေးတစ်ခွက် တိုက်လိုက်သည်။ ပါးစပ်က တစ်စုံတစ်ရာ ပြောနေ သော်လည်း
သတိရဟန်မတူတော့။ သူ့အစ်ကိုကို မစ္စဂျုန်း စိုးရိမ်သည်။ သို့သော်လည်း အသက်အန္တရာယ်ကို
ထိခိုက်နိုင်မည်မဟုတ်ဟု စိတ်ချသည်။ ကျန်ရစ်သည့်သူများနှင့် လွှဲထားခဲ့နိုင်သည်။ သို့နှင့်
မစ္စဂျုန်းသည် အခန်းထဲမှထွက်လာကာ အဝတ်အစားများကို အိတ်တစ်ခု တွင် ထည့်သည်။
ထို့နောက် ခွဲစိတ်ကိရိယာများ၊ ဆေးဝါးများကို သေတ္တာငယ်တစ်ခုတွင် ထည့်သည်။ တစ်ဖန်
ဆေးစပ်သမားအား သူ ယခု ဘယ်သို့ သွားမည်ဖြစ်ကြောင်း၊ သူ့အစ်ကို သတိရလာသည့်အခါ ပြောပြစေလိုကြောင်းကို
မှာကြားသည်။ သူ့အတွက် စိတ်ပူစရာ မရှိပါ။ ထို့နောက် ဦးထုပ်ကိုဆောင်းကာ ထွက်ခဲ့သည်။
ဆိပ်ကမ်းတွင် ပရာဟု သမ္ဗန်တစ်ခု စောင့်နေသည်။ ခြောက်ယောက်
လှော်ရသည်။ သူက သမ္ဗန်ပဲ့တွင် ထိုင်သည်။ သူတို့သည် ခပ်သွက်သွက် လှော်ခတ်ကြသည်။
သန္တာကျောက်တန်းအတွင်းပိုင်း၌ကား ပင်လယ်သည် ငြိမ်သက်သည်။ သဲခုံ ကျော်လာပြီး
နောက်တွင်မူ လှိုင်းကြီးလာသည်။ သို့ရာတွင် ဤခရီးမျိုးကို မစ္စဂျုန်း သွားဖူးခဲ့ပြီ။
ထို့ပြင် သူစီးလာသည့် သမ္ဗန်အကြောင်းကိုလည်း သိထားသည်။ အန္တရာယ် ဖြစ်နိုင်စရာ
မရှိပါ။ နေမွန်းတည့်ချိန်ဖြစ်ရာ နေပူကြောင့် တစ်ကိုယ်လုံး တစပ်စပ်တဖျဉ်းဖျဉ်း
ဖြစ်လာသည်။ မစ္စဂျုန်း အဖို့ကား မမှောင်မီ ရောက်ပါ့မလားဟူ၍ ပူပန်မိသည်။ ချက်ချင်း
ခွဲစိတ်ရမည်ဆိုလျှင် လေတိုက်သော်လည်း မီးမငြိမ်းသည့် လက်ဆွဲမီးအိမ်ဖြင့်
ခွဲစိတ်ရလိမ့်မည် ဟု တွက်ထားသည်။
မစ္စ ဂျုန်းသည် အသက်လေးဆယ် မပြည့်တတ်သေးပေ။ သူ့ရုပ်ရည်ကိုကြည့်ရလျှင်
ဤမျှ စိတ်ဓာတ်ကြံ့ခိုင်သည့်မိန်းမ တစ်ယောက်ဟု ထင်စရာ အကြောင်းမရှိ။ လေတိုက်လျှင်
လဲသွားတော့မတတ် သေးကွေးကြုံလှီလှသည်။ မနည်းပင် ဟန်ဆောင်ထားရသည့်ခန္ဓာကိုယ်မျိုး
ဖြစ်ပါသည်။ သို့သော် ခန္ဓာကိုယ်နှင့် မလိုက်၊ စိတ်ဓာတ်ကြံ့ခိုင်သည့်သဘောကို သူ့တွင်
တွေ့နိုင်သည်။ သူ့အရပ်ကား ရှည်သည်။ ကိုယ်လုံး ကိုယ်ဖန်မှာ သေးကွေးသည်။ ရင်မရှိ၊
တင်မရှိ။ မျက်နှာကား ဖြူဖပ်ဖြူရော် ဖြစ်သည်။ ယခုမူ အပူဒဏ်ကြောင့် ပို၍ပင်
ဖြူဖပ်ဖြူရော် ဖြစ်လာ သည်။ ဆံပင်ကို နဖူးတည့်တည့်မှ နောက်သို့လှန်၍ ဖြီးထားသည်။
မျက်လုံးပေါက် ကျဉ်းကျဉ်း၊ သူငယ်အိမ် ညိုညို ရှိသည်။ မျက်စိပေါက် နှစ်ခုကလည်းကပ်နေရာ
အာဃာတမစင်သော မျက်နှာပေါက်မျိုး ဖြစ်သည်။ နှာခေါင်းမှာ ရှည်လျားကာ ချွန်နေပြီး
အနည်းငယ် နီသည်။ အစာမကြေသည့်ရောဂါ စွဲကပ်ခဲ့ဖူးသည်။ သို့ငြားလည်း အမြဲပင်
ဣဋ္ဌာရုံကိုသာ တွေးသူဖြစ်သည်။ အကောင်းဘက်ကိုသာမြင်တတ်သူ ဖြစ်သည်။
ဤလူ့ဘောင်သည် မကောင်းမှုများပြွမ်းသောလောက ဖြစ်သည်။
ယောက်ျားဆိုသည်မှာ ကြမ်းကြုပ်ဆိုးသွမ်းသောသတ္တဝါသာ ဖြစ်သည် ဟူသောအယူအဆတို့အလယ်၌
ကြီးပြင်းခဲ့ရသူ ဖြစ်သည်။ သို့ဖြစ်ရာ မျက်လှည့်ဆရာတို့သည် ဦးထုပ်ထဲမှ
ယုန်ကလေးတစ်ကောင်ကို ဆွဲထုတ်ပြနိုင်သကဲ့သို့ သူသည်လည်း အဆိုးထဲမှ အကောင်းကို
ရအောင်ယူနိုင်သူ ဖြစ်သည်။ သူသည် ဖျတ်လတ်သည်။ ဖန်တီးကြံဖန် တတ်သော ဖြတ်ထိုးဉာဏ်ရှိသည်။
အစွမ်းအစ ရှိသည်။ ကျွန်းသို့ရောက်လျှင် သူကြီး၏အသက်ကိုလုယူရန် အချိန်အနည်းငယ်သာရှိသည်ကို
သူ တွေ့ရသည်။ အခက်အခဲအမျိုးမျိုးအကြားမှ ကျွန်းသားတစ်ယောက်ကို မေ့ဆေး ပေးတတ်အောင်
ချက်ချင်းသင်ကြားပြသကာ လူနာကို ခွဲစိတ်သည်။ ထို့နောက် သုံးရက်ခန့်
အထူးဂရုစိုက်ယုယကာ ပြုစုသည်။ အားလုံး ချောမောအောင်မြင်သည်။ သူ့အစ်ကိုပင် သူ့လို
အောင်မြင်စွာ ခွဲစိတ်ကုသနိုင်လိမ့်မည်မဟုတ်ဟု ထင်မိသည်။ ချုပ်ရိုးဖြေရန် အတန်ကြာစောင့်ရပြီးနောက်
အိမ်သို့ပြန်ရန် စီစဉ်သည်။
ကျွန်းပေါ်နေခဲ့ရသည့်ရက်အတွင်း သူ့အဖို့ အချိန်ကို အလဟဿမဖြုန်းနိုင်ဟု
ယူဆမိသည်။ ထိုအချိန်အတွင်း လူနာတို့ကို ဆေးဝါးကုသ ပေးသည်။ ခရစ်ယာန်ဘာသာဝင်
အနည်းငယ်ကိုလည်း တရားဓမ္မပြောဟောကာ ခရစ်တော်၏အယူကို ပိုမိုခိုင်မြဲစေခဲ့သည်။ ညနေပိုင်းတွင်
အခြားကျွန်းတစ်ခုမှလာသောမော်တော်သည် အချိန်အနည်းငယ်နောက်ကျ၍ ရောက်လာသည်။
သို့ရာတွင် လပြည့်နေ့ဖြစ်ရာ ဗာရူကျွန်းကြီး သို့ သန်းခေါင်မတိုင်မီ ရောက်နိုင်စရာအကြောင်း
ရှိသည်။ ရွာသားများက မစ္စဂျုန်း၏ပစ္စည်းများကို ဆိပ်ကမ်းသို့ သယ်ပိုးဆွဲငင် လာကြသည်။
နှုတ်ဆက်ရန်လာကြသူတို့ကလည်း ကျေးဇူးတင်ကြောင်း အထပ်ထပ်အခါခါ ပြောဆိုနှုတ်ဆက်ကြသည်။
ဆိပ်ကမ်းတွင် လူစုလူဝေး ခပ်များများလေး ရောက်လာကြသည်။ မော်တော်ပေါ်တွင်
အုန်းသီးဆန်ခြောက်များပါလာရာ ယင်းတို့၏ အနံ့အသက်ကိုခံနေကျဖြစ်၍ သူ့အဖို့
မထောင်းသာလှပေ။ သို့နှင့် မော်တော်ပေါ်သို့ နေရာထိုင်ခင်းရှာကြံယူကာ မော်တော်အထွက်
စောင့်ရင်း လိုက်ပို့ကြသူများနှင့် စကားစမြည် ပြောဆိုနေမိသည်။ မစ္စဂျုန်းသည်
တစ်ဦးတည်းသော ခရီးသည်ဖြစ်သည်။
ထိုခဏတွင် သစ်ပင်အုပ်အုပ်ဆီမှ ကျွန်းသားတစ်သိုက် ထွက်လာသည်ကို တွေ့လိုက်ရသည်။
သူတို့အထဲတွင် မျက်နှာဖြူတစ်ယောက် ပါလာသည်ကိုလည်း သတိထားလိုက်မိသည်။
ထိုမျက်နှာဖြူသည် ထောင်ကျအင်္ကျီကို ဝတ်ထားသည်။ ဆံပင်နီနီကလည်း ရှည်လျားနေသည်။
ချက်ချင်းပင် ဂျင်ဂျာတက်မှန်း သိလိုက်သည်။ သူနှင့်အတူ ပုလိပ်တစ်ယောက် ပါလာသည်။
သူတို့နှစ်ယောက် လက်ဆွဲ နှုတ်ဆက်ကြပြီး နောက် ဂျင်ဂျာတက်သည် သူနှင့်အတူပါလာသည့်
ရွာသားများကို လက်ဆွဲနှုတ်ဆက်သည်။ သူတို့လက်ထဲတွင် ကျွန်းထွက် အသီးအနှံများ
ပါလာသည်။ ထို့ပြင် ရေကရားတစ်ခုကိုလည်း တွေ့ရသည်။ ထိုကရားမှာ တောအရက်ဖြစ်ကြောင်း
ချက်ချင်းပင် မစ္စဂျုန်း ရိပ်မိလိုက်သည်။ ရွာသားများသည် ပစ္စည်းများကို
မော်တော်ထဲသို့ နေရာချထားကြသည်။ အင်း ... ဂျင်ဂျာတက်ဟာ ငါနဲ့အတူ တစ်ခရီးတည်း
လိုက်မှာပါလား။ မစ္စဂျုန်းသည် အံ့အားသင့်သွားသည်။
ခြောက်လစေ့ပြီဖြစ်၍ လွတ်ရက်ရောက်ကာ မော်တော်နှင့်
ဗာရူသို့ပြန်လာရန် အမိန့်ရောက်လာသည်။ ဂျင်ဂျာတက်သည် မစ္စဂျုန်းကို တစ်ချက်မျှကြည့်ကာ
မော်တော်ပေါ်သို့တက်သည်။ သို့ရာတွင် ခေါင်းကလေး တစ်ချက်မျှညိတ်၍ပင် နှုတ်မဆက်။
မစ္စဂျုန်း ကလည်း မျက်နှာလွှဲလိုက်သည်။ ခဏကြာလျှင် စက်နှိုးကာ မော်တော်ထွက်သည်။
ဂျင်ဂျာတက်သည် အုန်းသီးဆန်ခြောက်အိတ်ပေါ်သို့တက်ကာ နေရာယူသည်။ ထို့နောက် စီးကရက်တစ်လိပ်ကို
မီးညှိလိုက်သည်။
မစ္စ ဂျုန်းသည် သူ့ကို လျစ်လျူရှုထားသည်။ သူ့ကို မစ္စဂျုန်း
ကောင်းကောင်းသိသည်။ ဗာရူသို့ သူ ပြန်ရောက်လာပြန်ပြီ။ ထို့နောက် ရမ်းကား မည်။
အရက်သောက်မည်။ မိန်းမသားများကို စော်ကားမည်။ လူကောင်းသူကောင်းတို့အဖို့ ရန်ဆူးရန်ငြောင့်တစ်ခု
တိုးလာမည်။ ဤသည် တို့ကိုတွေးမိလျှင် မစ္စဂျုန်း မချမ်းမြေ့လှပါ။ ဂျင်ဂျာတက်ကို
ကျွန်းမှ နှင်ထုတ်ရန် သူ့အစ်ကိုက အရေးပိုင်ထံ သွား၍ပြောသည်ကိုလည်း သူ သိထားသည်။
ထိုအရေးပိုင်ကိုကား စိတ်ကုန်မိသည်။ သူ့တွင် တာဝန်ရှိနေပါလျက်
မသိကျိုးကျွန်ပြုသည့်အရေးပိုင်ဖြစ်သည်ဟု ထင်မိသည်။ မော်တော်သည်
သဲခုံကိုလွန်လာပြီးနောက် ပင်လယ်ထဲသို့ရောက်လာသည်။ ထိုအခါ ဂျင်ဂျာတက်သည်
အရက်ကရားကိုကိုင်ကာ အကြာကြီး မော့နေသည်။ ထို့နောက် မော်တော်မောင်းသမားနှစ်ယောက်လက်သို့
အရက်ကရားကို လှမ်းလိုက်သည်။ တစ်ယောက်မှာ လူလတ်ပိုင်းဖြစ်ပြီး ကျန်တစ်ယောက်မှာ
လူငယ်ဖြစ်သည်။
“ခရီးသွားနေတုန်း အရက် မသောက်စေချင်ဘူး” မစ္စဂျုန်းက မော်တော်သမားအကြီးလူကို
ခပ်မာမာ ပြောလိုက်သည်။
ထိုလူက ပြုံးကာ အရက်ကို မေ့လိုက်သည်။
“နည်းနည်းပါးပါးနဲ့တော့ အန္တရာယ်မဖြစ်နိုင်ပါဘူးဗျာ” ဟု ဆိုကာ
အရက်ကရားကို အဖော်လက်သို့ တစ်ဆင့်ကမ်းလိုက်သည်။ ကျန်အဖော်လည်း တစ်ကျိုက်မော့လိုက်သည်။
“ရှင်တို့ နောက်ထပ် သောက်မယ်ဆိုရင်တော့ အရေးပိုင်ကို ကျွန်မ
တိုင်ရလိမ့်မယ်”
ထိုအခါ မော်တော်သမား အကြီးလူက တစ်စုံတစ်ရာ ပြန်၍ပြောသည်။ မစဂျုန်း
နားမလည်ပါ။ သို့ရာတွင် ရုန့်ရင်းကြမ်းတမ်းသော စကား ဟူ၍ကား ရိပ်မိလိုက်သည်။
ထို့နောက် အရက်ကရားကို ဂျင်ဂျာတက်ထံ ပြန်၍ ပေးလိုက်သည်။ သူတို့သည် တစ်နာရီသာသာခန့်
ခရီး ပေါက်ခဲ့ကြပြီ။ ပင်လယ်သည် ကြေးမုံပြင်ကဲ့သို့ ကြည်လင်နေသည်။ အနောက်ဘက်တွင်
နေသည် စူးစူးရဲရဲ ဝင်သွားလေပြီ။ ကျွန်းတစ်ကျွန်း၏ နောက်သို့
နေလုံးကြီးဝင်သွားသည်ကိုကြည့်နေစဉ်ပင် ထိုကျွန်းသည် မှောင်မည်းမည်း မြို့ကြီးတစ်မြို့အသွင်သို့
ပြောင်းသွားသည်ဟု ထင်ရ လေသည်။ မစ္စ ဂျုန်းသည် ထိုရှုခင်းကိုကြည့်ကာ ကမ္ဘာလောကကြီး၏
ချစ်စရာအကွက်ကလေးများတွက် ဝမ်းသာကြည်နူး ဖြစ်မိလေသည်။
“လူတွေကသာ ယုတ်ညံ့တာ” ဤသို့လည်း တစ်ကိုယ်တည်း ပြောမိလေသည်။
သူတို့သည် အရှေ့စူးစူးသို့ သွားနေကြသည်။ ခပ်လှမ်းလှမ်းတွင်မူ
ကျွန်းကလေးတစ်ကျွန်းကို မြင်နေရသည်။ မော်တော်သည် ထိုကျွန်းအနားမှ ဖြတ်သွားမည်
ဖြစ်သည်။ ကျွန်းပေါ်၌ လူသူမရှိ။ ကျောက်ဆောင်ထူထပ်၍ သစ်ပင်ဝါးပင်ထူထပ်သော
ကျွန်းငယ်ကလေးတစ်ခု ဖြစ်သည်။ မော်တော်သမားသည် မီးအိမ်တစ်ခုကို ထွန်းညှိလိုက်သည်။
ညရောက်လာကာ ချက်ချင်းပင် ကောင်းကင်တစ်ခုလုံး၌ ကြယ်များ တောက်လာ သည်။ လကား မထွက်သေး။
ရုတ်တရက်ပင် မြည်သံတစ်ခုကြားရပြီး မော်တော်သည် အနည်းယ် လှုပ်ယမ်းသွားသည်။ စက်သံလည်း
မမှန် တော့ပါ။ စက်ဆရာက တပည့်ကို တက်မ ကိုင်ခိုင်းကာ ပေါင်းမိုးအောက်သို့ ဝင်သည်။
မော်တော်လည်း အရှိန်နှေးသွားသည်ဟု ထင်သည်။ ထို့နောက် စက်ရပ်သွားသည်။
မစ္စ ဂျုန်းက တပည့်အား ဘာဖြစ်သလဲဟုမေးကြည့်ရာ မသိဟု ဖြေသည်။
ဂျင်ဂျာတက်သည် အုန်းသီးဆန်ခြောက်အိတ်ပေါ်မှ ဆင်းလာကာ ပေါင်းမိုးအောက်သို့
ဝင်သွားသည်။ ပြန်ထွက်လာသည့်အခါ အကြောင်းကိစ္စကို မေးလိုသော်လည်း သူ့မာနက
ဟန့်တားသည်နှင့် မမေးလိုက်။ သို့နှင့် ထိုင်နေရင်းပင် အတွေးများဝင်လာမိပါသည်။
လှိုင်းလုံးကြီးများအကြားတွင် မော်တော်သည် တအိအိမျောနေသည်။ စက်ဆရာ ပေါ်လာကာ စက်ကို
နှိုးပြန်သည်။ တဝုန်းဝုန်းမြည်ကာ စက်နိုးလာပြီး မော်တော် ရွေ့လာသော်လည်း ဦးမှပဲ့အထိ
တုန်ခါနေသည်။
မော်တော်သည် တရွေ့ရွေ့သွားနေသည်။ တစ်ခုခုတော့ဖြစ်ပြီဟု ထင်မိသည်။
သို့ရာတွင် မစ္စဂျုန်းကား ထိတ်လန့်ရမည်ထက် ဒေါသထွက် လာမိသည်။ ဤအတိုင်းဆိုလျှင်
သူတို့သည် ဗာရူကျွန်းကြီးကို သန်းခေါင်ကျော်မှရောက်မည် ဖြစ်သည်။ စက်ဆရာသည်
ပေါင်းမိုးအောက် တွင် အလုပ်ရှုပ်နေရာမှ ပဲ့ကိုင်နေသောတပည့်အား တစ်စုံတစ်ရာ လှမ်း၍ပြောလိုက်သည်။
သူတို့သည် မစ္စဂျုန်း အနည်းငယ် နားလည်သော ဗူဂီစကားဖြင့် ပြောကြသည်။ ခဏကြာလျှင်ကား
မော်တော်သည် လမ်းပြောင်းကာ သူတို့ ဖြတ်လာခဲ့သည့် လူသူမရှိသောကျွန်းကလေးဆီသို့ ဦးတည်ခုတ်မောင်းနေသည်ကို
မစ္စ ဂျုန်း သတိထားမိသည်။ အမှန်စင်စစ် ထိုကျွန်းကလေးသည် အဝေးတွင်ကျန်ရစ်ခဲ့ရတော့မည်
ဖြစ်သည်။
“ဒါက ဘယ်ကို သွားနေတာလဲ” ပဲ့ကိုင်ကို ရုတ်တရက် ဒွိဟစိတ်ဖြင့်
မေးလိုက်သည်။
ပဲ့ကိုင်က ကျွန်းကလေးဆီသို့ လက်ညှိုးညွှန်လိုက်လျှင်
ပေါင်းမိုးဆီသို့သွားကာ စက်ဆရာကို ထွက်လာခဲ့ရန်ခေါ်သည်။
“အဲဒီကျွန်းကို မသွားရဘူး၊ နေပါဦး၊ အခု ဘာဖြစ်တာလဲ”
“ဗာရူကို မရောက်နိုင်တော့ဘူး” စက်ဆရာက ဖြေသည်။
“မဟုတ်ဘူး၊ ရောက်အောင်သွားမယ်၊ ဗာရူကို အရောက်သွားဖို့ ကျွန်မ
အမိန့်ပဲ၊ ရှင် လိုက်နာရမယ်”
စက်ဆရာက ပခုံးတွန့်ပြလိုက်သည်။ ထို့နောက် ချာခနဲလှည့်ကာ
ပေါင်းမိုးအောက်သို့ဝင်သွားသည်။ ထိုအခါတွင်မှ ဂျင်ဂျာတက်က ဝင်၍ ပြောသည်။
“ပဲ့ချိတ် ပန်ကာတစ်ခု ကျိုးသွားတယ်၊ အဲဒီ ကျွန်းကလေး အထိပဲ
ခုတ်နိုင်လိမ့်မယ်လို့ သူ ထင်တယ်တဲ့။ ကျွန်တော်တို့ အဲဒီကျွန်းမှာ ဒီည အိပ်တာပေါ့။
မနက် ဒီကျသွားမှ ပန်ကာအသစ်တစ်ခု တပ်မယ်တဲ့”
“လူသူမရှိတဲ့ ကျွန်းပေါ်မှာ ယောက်ျားသုံးယောက်နဲ့ ကျွန်မ
ဘယ့်နှယ် အိပ်နိုင်ပါ့မလဲ” မစ္စ ဂျုန်းက အော်လိုက်သည်။
“ဘယ်မိန်းမဖြစ်ဖြစ် ဒီလိုအခွင့်အရေးမျိုး ဘယ်လက်လွတ်ခံမလဲဗျာ”
“ရှင်တို့ ဗာရူကိုရောက်အောင် သွားရမယ်၊ ဘာပဲဖြစ်ဖြစ် ဒီည အရောက်သွားရမယ်”
“အပျိုကြီးက ဒါလောက်လည်း တုန်လှုပ် မနေပါနဲ့လေ။ ပန်ကာအသစ်တပ်ဖို့ ကမ်းကိုရောက်ဖို့ အရေးကြီးတယ်ဗျ၊ ဟိုရောက်တော့ ဘာမှ မဖြစ်ပါဘူးဗျာ၊ စိတ်သာချပါ”
“ရှင် ကျွန်မကို ဘာစကားပြောတာလဲ၊ ရှင် သိပ် ပါးစပ်သရမ်းတဲ့ လူပဲ”
“ခင်ဗျား ဘာမှ မဖြစ်ပါဘူးလို့ ပြောတာပါ၊ ကျွန်တ်ာတို့မှာ စားစရာလည်း အများကြီး ပါပါတယ်။ ကမ်းရောက်တော့ စားကြတာပေါ့။ ပြီးတော့ ခင်ဗျားလည်း အရက်လေးနည်းနည်းသောက်လိုက်၊ တစ်ကိုယ်လုံး နွေးသွားမယ်။ တရှိန်ရှိန် ပူတက်လာစေရမယ်ဗျာ”
“ရှင်ဟာ သိပ် မခိုးမခန့်နိုင်တဲ့ လူပဲ။ ဗာရူကို ရောက်အောင် မသွားဘူးဆိုရင်တော့ ရှင့်ကို ကျွန်မ ထောင်ချမယ် သိလား”
“ကျွန်တော်တို့ ဗာရူကို မသွားဘူး၊ မသွားနိုင်ဘူး။ ဟောဟိုကျွန်းကို သွားမလို့၊ အဲဒါ ခင်ဗျား မလိုက်ချင်ဘူးဆိုရင် ရေထဲဆင်းပြီး ကူးသွား ပေတော့”
“ဟင်း ဘာလဲ၊ ရှင်တို့တော့လား၊ သိစေ့မယ်”
“ရှင်တို့ ဗာရူကိုရောက်အောင် သွားရမယ်၊ ဘာပဲဖြစ်ဖြစ် ဒီည အရောက်သွားရမယ်”
“အပျိုကြီးက ဒါလောက်လည်း တုန်လှုပ် မနေပါနဲ့လေ။ ပန်ကာအသစ်တပ်ဖို့ ကမ်းကိုရောက်ဖို့ အရေးကြီးတယ်ဗျ၊ ဟိုရောက်တော့ ဘာမှ မဖြစ်ပါဘူးဗျာ၊ စိတ်သာချပါ”
“ရှင် ကျွန်မကို ဘာစကားပြောတာလဲ၊ ရှင် သိပ် ပါးစပ်သရမ်းတဲ့ လူပဲ”
“ခင်ဗျား ဘာမှ မဖြစ်ပါဘူးလို့ ပြောတာပါ၊ ကျွန်တ်ာတို့မှာ စားစရာလည်း အများကြီး ပါပါတယ်။ ကမ်းရောက်တော့ စားကြတာပေါ့။ ပြီးတော့ ခင်ဗျားလည်း အရက်လေးနည်းနည်းသောက်လိုက်၊ တစ်ကိုယ်လုံး နွေးသွားမယ်။ တရှိန်ရှိန် ပူတက်လာစေရမယ်ဗျာ”
“ရှင်ဟာ သိပ် မခိုးမခန့်နိုင်တဲ့ လူပဲ။ ဗာရူကို ရောက်အောင် မသွားဘူးဆိုရင်တော့ ရှင့်ကို ကျွန်မ ထောင်ချမယ် သိလား”
“ကျွန်တော်တို့ ဗာရူကို မသွားဘူး၊ မသွားနိုင်ဘူး။ ဟောဟိုကျွန်းကို သွားမလို့၊ အဲဒါ ခင်ဗျား မလိုက်ချင်ဘူးဆိုရင် ရေထဲဆင်းပြီး ကူးသွား ပေတော့”
“ဟင်း ဘာလဲ၊ ရှင်တို့တော့လား၊ သိစေ့မယ်”
“တော်စမ်းဗျာ၊ ပါးစပ်ပိတ်စမ်း၊ အပျိုကြီး တယ်နားငြီးတယ်” ဂျင်ဂျာတက်က
ပြောလိုက်သည်။
မစ္စဂျုန်းသည် ဒေါသဖြင့် ပင့်သက်ရှူလိုက်သည်။ သို့ရာတွင်
သူ့ကိုယ်သူ ထိန်းထားရသည်။ ပင်လယ်ပြင်ကြီးအလယ်မှာပင် သူ့အဖို့ လူယုတ်မာနှင့်
စကားအခြေအတင်ပြောရန် အကြောင်းမရှိ။ မိမိဂုဏ်သရေကိုထိန်းသိမ်းရမည် ဖြစ်သည်ဟု သူ
ထင်သည်။ သို့နှင့် မော်တော်သည် တရွေ့ရွေ့ သွားနေသည်။ မှောင်လာပြီဖြစ်၍
ဘယ်သောင်ဘယ်စခန်းသို့ဆိုက်မည်မှန်း သူ မသိတော့။ မစ္စ ဂျုန်းသည်
ဒေါသဖြစ်နေပြီးလျှင် မျက်မှောင်ကုတ်ကာ စကားမပြောဘဲ နှုတ်ပိတ်နေလိုက်ပါသည်။ သူသည်
စိတ်မကောက်တတ်ပါ။
ထိုအချိန်မှာပင် လ ထွက်လာသည်။ ဂျင်ဂျာတက်သည် အုန်းသီးဆန်ခြောက်အိတ်ပေါ်သို့
တက်သွားသည်ကို လရောင်တွင် မြင်ရသည်။ စီးကရက်ကိုဖွာနေရာ ရဲခနဲတက်လာသော မီးရောင်သည်ပင်
အတိတ်ဆိုးနိမိတ်ဆိုးဟု ထင်ရသည်။ ယခုကား ကျွန်းကလေးကို လရောင် အောက်တွင်
ရိပ်ရိပ်မြင်ရသည်။ သို့နှင့် ကျွန်းကလေးသို့ရောက်သည့်အခါ မော်တော်သမားသည်
မော်တော်ကို ကမ်းထက်သို့ ထိုးတင် လိုက်သည်။ မစ္စဂျုန်းကား ယခုမှပင် ရုတ်တရက်
အသက်ရှူရကျပ်ကာ မောဟိုက်လာသည်။ တစ်ကိုယ်လုံးလည်း တုန်တုန်ယင်ယင် ဖြစ်လာသည်။
စဉ်းစားလိုက်တိုင်း မေ့ချင် မြောချင်လာသည်။
အားလုံးလည်း တစ်ခုစီ တစ်ခုစီ ပေါ်လာသည်။ ပန်ကာကျိုးသည်မှာ
တမင်သက်သက် ဉာဏ်ဆင်ခြင်းလား၊ တကယ်ပဲ မတော်တဆ ကျိုးသွား ခြင်းလား ဝေခွဲမရနိုင်ရှိနေသည်။
မည်သို့ပင်ဖြစ်စေ ဂျင်ဂျာတက်ကား အခွင့်ကောင်းယူတော့မည်။ သူ့ကို
မတော်မတရားကြံစည်တော့မည်။ သူ့အကျင့်ကို မစ္စဂျုန်း သိသည်။ မိန်းမဆိုလျှင်
ငမ်းငမ်းတက်လူမျိုးဖြစ်သည် မဟုတ်လား။ သာသနာပြုအဖွဲ့ဝင်မိန်းကလေးကို သည်လိုပဲ ကြံစည်ခဲ့သည်
မဟုတ်လား။ မိန်းကလေးမှာ သဘောကောင်းလေးမို့ သနားစရာကောင်းသည်။ သူတို့က ဂျင်ဂျာတက်ကို
တရားစွဲဆိုကာ ထောင်ချမည်ကြံသေးသည်။ သို့သော် လူရမ်းကား ကံကောင်းချင်တော့
မိန်းကလေးက သူ့ကို မပစ်နိုင်။ သူ့ဆီသာ ပြန်၍သွားသည်။ တစ်ခါလည်း လာပြီး ဂျင်ဂျာတက်က
သူ့ကိုစွန့်၍ တခြားမိန်းမတစ်ယောက်နောက် လိုက်ပြန်သည့်အခါတွင်မှ ဂျင်ဂျာတက် ဆဲဆိုကြိမ်းမောင်း
ပုံကို တိုင်ကြားသည်။ ထိုအခါ အရေးပိုင်မင်းထံ သူတို့ သွား၍တိုင်ခဲ့ဖူးသည်။
သို့ရာတွင် အရေးပိုင်က အရေးမယူခဲ့ပါ။ မိန်ကလေး တိုင်ကြား သမျှတို့မှာ
အမှန်ဖြစ်ငြားလည်း ဂျင်ဂျာတက်လို လူကြမ်းတစ်ယောက်၏အပြုအမူမှာ ဆိုးဆိုးရွားရွားမဟုတ်ဟု
ဆိုသည်။
အမှန်စင်စင် ဂျင်ဂျာတက်သည် လူယုတ်မာတစ်ယောက် ဖြစ်သည်။ ယခုလို
အခွင့်အရေးမျိုးကို ဘယ်သူ လက်လွတ်ခံမည်လဲ။ သူသည် ယောက်ျားသားဆိုသူများအကြောင်းကို
ကောင်းကောင်းသိသည်။ ဤလို အခွင့်ကောင်းမျိုးကို မည်သူမျှ လက်လွတ်ခံမည် မဟုတ်။
ဤအချိန်အခါမျိုးတွင် စိတ်ကူးဉာဏ် ကောင်းကောင်းသုံးကာ ကြံတတ်ဖန်တတ်ရမည် မဟုတ်လား။
သတ္တိမွေးရမည့်အခါမျိုး မဟုတ်လား။ သူ့လိုလူမျိုးကိုတော့ အသေသာ ခံလိုက်မည်။
လျှော့ပေးလိမ့်မည် မဟုတ်။ သေသွားလျှင်လည်း ခရစ်တော်၌အိပ်ပျော်သွားမည်သာ ဖြစ်သည်။
ထိုအချိန်တွင် ခရစ်တော်ကိုသာ မြင်နေလေသည်။
ဂျင်ဂျာတက်နှင့် စက်ဆရာသည် မော်တော်ပေါ်မှခုန်ဆင်းကာ
ပန်ကာဆီသို့ သွားသည်။ သူတို့ ခါးလယ်အထိ ရေမြုပ်နေသည်။ သူတို့ နှစ်ယောက်
အလုပ်ရှုပ်နေခိုက် မစ္စဂျုန်းသည် သေတ္တာထဲမှခွဲစိတ်ကိရိယာများကိုထုတ်ရန်
စိတ်ကူးမိပါသည်။ ခွဲစိတ်ဓားလေးချောင်းကို ထုတ်ကာ အင်္ကျီအောက်၌ ဝှက်ထားလိုက်သည်။
အကယ်၍ ဂျင်ဂျာတက် ကသာ သူ့ကို လက်ဖျားနှင့်တို့ခဲ့လျှင် သူ့ရင်အုံကို ဓားနှင့်
ထိုးသွင်းလိုက်ရန် နှောင့်နှေးလိမ့်မည် မဟုတ်ပေ။
“ကဲဗျို့၊ ခင်ဗျားဆင်းရင် ကောင်းမယ်၊ မော်တော်ပေါ်မှာထက်
ကမ်းပေါ်မှာက ပိုပြီးအဆင်ပြေတာပေါ့ဗျာ” ဟု ဂျင်ဂျာတက်က ဆိုသည်။
မစ္စဂျုန်း ကိုယ်တိုင်ကလည်း သည်အတိုင်း စိတ်ကူးထားသည်။ ကမ်းပေါ်မှာဆိုလျှင်
ခုခံရလွယ်ကူလိမ့်မည်။ ထို့ကြောင့် စကားတစ်ခွန်းမှ မဟဘဲ အုန်းသီးဆန်ခြောက်အိတ်ပေါ်သို့
ကျော်လွှားလိုက်သည်။ ထိုအခါ ဂျင်ဂျာတက်က လက်လှမ်းပေးပါသည်။
“ရှင့် အကူအညီ မလိုပါဘူး” ခပ်အေးအေးပင် ပြောလိုက်သည်။
“ခင်ဗျား ရေထဲကျသွားမှာပေါ့ဗျ”
မော်တော်ပေါ်မှ လွယ်လွယ်ကူကူ မဆင်းနိုင်။ ဒူးပေါ်ပေါင်ပေါ်ဆင်းရမည်
ဖြစ်သည်။ သို့ရာတွင် မစ္စဂျုန်းသည် ကြံဖန်၍ မဖြစ်ဖြစ်အောင် သိုသိုသိပ်သိပ် ဆင်းသည်။
“စားစရာပါလို့ တော်သေးတာပေါ့ဗျာ၊ ကျုပ်တို့ မီးဖို
ပေးမယ်ဗျို့၊ ခင်ဗျားလည်း အရက်တစ်ခွက်လောက် သောက်လိုက်၊ ဒါမှ နွေးသွားမယ်”
“ကျွန်မ ဘာမှ မစားချင်ဘူး၊ တစ်ယောက်တည်းပဲနေရရင် တော်ပြီ”
“ခင်ဗျားဘာသာခင်ဗျား အငတ်ခံနိုင်ရင် ပြီးတာပါပဲဗျာ၊ ကျုပ်တို့အပူ မဟုတ်ပါဘူး”
“ကျွန်မ ဘာမှ မစားချင်ဘူး၊ တစ်ယောက်တည်းပဲနေရရင် တော်ပြီ”
“ခင်ဗျားဘာသာခင်ဗျား အငတ်ခံနိုင်ရင် ပြီးတာပါပဲဗျာ၊ ကျုပ်တို့အပူ မဟုတ်ပါဘူး”
မစ္စဂျုန်းသည် ဘာမျှ ပြန်မပြောတော့ဘဲ ခပ်တင်းတင်းပင်
ကမ်းစပ်အတိုင်းလျှောက်သွားသည်။ သူ့လက်ထဲတွင်ကား အကြီးဆုံး ဓားတစ်ချောင်းကို
ကျစ်ကျစ်ပါအောင်ဆုပ်ထားသည်။ လရောင်ကြောင့် မြင်မြင်ထင်ထင် ရှိနေသည်။ ပုန်းစရာ
အောင်းစရာ တစ်နေရာကို သူ ရှာသည်။ အတော်လေးလျှောက်မိလျှင် တောစပ်တစ်ခုကို တွေ့သည်။
သို့ရာတွင် အုပ်ဆိုင်းမှောင်မိုက်နေသဖြင့် အတွင်းသို့ မဝင်ရဲ။ မည်သို့ပင် ဖြစ်စေ
မစ္စဂျုန်းကား မိန်းမသားတစ်ယောက်သာဖြစ်သည် မဟုတ်ပါလား။ တောစပ်တွင် သားရဲတိရစ္ဆာန်များ၊
မြွေဆိုးများ ရှိချင်ရှိနိုင်သည်။ ထို့ပြင်လည်း ယောက်ျားသားသုံးယောက်ကို
မိမိကမြင်နေရလျှင် ပို၍ ကောင်းမည်ဟူ၍လည်း တွေးမိသည်။ သို့မှသာ သူတို့လာလျှင် အသင့်
ဖြစ်နေမည် ဖြစ်သည်။ တစ်နေရာတွင် လျှိုစပ်ကလေးတစ်ခုကို တွေ့ရသည်။ အဝတွင် ကျောက်တုံးတစ်ခုလည်း
ပိတ်ဆီးထားသည်။ သူတို့တစ်တွေကား အလုပ်ရှုပ်နေမည်ဖြစ်၍ သူ့ကို မြင်နိုင်မည် မဟုတ်။
သူကသာ သူတို့ကို မြင်နေရသည်။
သူတို့ သုံးယောက်သည် မော်တော်ဆီသို့ သွားလိုက်၊ ပြန်လိုက်လုပ်ကာ
ပစ္စည်းများကို သယ်ချနေသည်။ ထို့နောက် မီးဖိုသည်ကိုလည်း မြင်ရ သည်။ ပြီးလျှင်
သုံးယောက်သား ဝိုင်းဖွဲ့ကာစားကြသည်။ အရက်ကရားကို တစ်လှည့်စီမော့ကြသည်။ သုံးယောက်သား
မူးကြပေတော့မည်။ သည့်နောက် ဘာအကြံအစည်များ ရှိကြမည်နည်း။ ဂျင်ဂျာတက်နှင့်
တစ်ပွဲတစ်လမ်း စမ်းကြရလိမ့်မည်ဟု ထင်မိသည်။ သူ့အဖို့ကား မိန်းမသားဖြစ်နေရာ
သုံးယောက်နှင့်တစ်ယောက်မို့ အင်အားမမျှ။ ဂျင်ဂျာတက် ကလည်း အားခွန်ဗလ ကောင်းလှသည်။
ထိုခဏတွင် သူ့စိတ်သည် အကြီးအကျယ်တုန်လှုပ်ကာ စိတ်ရူးတစ်ခု
ပေါက်လာသည်။ ယင်းမှာ ဂျင်တာတက် ဆီသို့ သွားကာ ခြေထောက် ဖက်၍ သူ့အား ချမ်းသာပေးရန်
တောင်းပန်လိုစိတ်ပေါ်လာခြင်းပင် ဖြစ်သည်။ သူ့တွင် စိတ်ကောင်းလေးများ ရှိလိမ့်မည်ဟု
မျှော်လင့်မိသည်။ မည်မျှပင်ဆိုးပါသည်ဆိုသည့် ယောက်ျားသားတို့တွင် တစ်ခါတစ်ရံ
စိတ်ကောင်ေးလးများ ဝင်လာတတ်သည်ဟု သူ ယုံစားမိသည်။ သူ့တွင် အမေ ရှိမည်။ နှမ ရှိမည်။
နှမချင်း စာနာစိတ် ရှိလိမ့်မည်။ သို့ရာတွင် အရက်မူးနေသော စိတ်ရိုင်းဝင်နေသည့်လူတစ်ယောက်အား
အဘယ်မှာ လျှင် တောင်းပန်တိုးလျှိုး၍ ရနိုင်ပါအံ့နည်း။ ဤသို့ တွေးမိသည့်အခါ မစ္စဂျုန်းသည်
အားငယ်စ ပြုလာသည်။ ကြောက်ရွံ့စိတ် ပေါ်လာသည်။ စိတ်အားငယ်လွန်းသဖြင့်
ငိုမိတော့မလိုလို ဖြစ်လာသည်။ သို့ရာတွင် မစ္စဂျုန်းသည် စိတ်ကိုထိန်းရန်
ကြိုးစားသည်။ အံကိုကြိတ်၍ နှုတ်ခမ်းကို ကိုက်လိုက်သည်။ စိတ်ကို တင်းလိုက်သည်။
မဖြစ်နိုင်ပါ။ သူ့ကို တောင်းပန်တိုးလျှိုးစရာ အကြောင်းမရှိ။ သို့နှင့် သူတို့
သုံးယောက်ကို ကျားချောင်း ချောင်းနေသည်။ သိုးငယ်ကလေးတစ်ကောင်က ဆာလောင်မွတ်သိပ်နေသော
ဝံပုလေကြီး သုံးကောင်ကို ကြောက်ကြောက်ရွံ့ရွံ့ ချောင်းကြည့်နေသည်ဆိုလျှင် ပို၍
မှန်ပေလိမ့်မည်။
သူတို့သည် မီးဖိုတွင် မီးများ ထပ်ထည့် နေသည်ကို မစ္စဂျုန်း မြင်ရပါသည်။
မီးရောင်တွင် ဂျင်ဂျာတက်ကို အထင်းသား တွေ့ရသည်။ ဂျင်ဂျာ တက်သည် သူ့အလိုပြည့်ခဲ့လျှင်
ကျန်နှစ်ယောက်နှင့် လွှဲမည့်သူ ဖြစ်သည်။ ဤသို့ အဖြစ်ဆိုးနှင့်ကြုံရလျှင် မစ္စဂျုန်းသည်
သူ့အစ်ကိုအား မည်သို့ မျက်နှာပြ ရမည်နည်း။ ခင်ကြီး ဂျုန်းက သူ့အား သနားကြင်နာမည်
အမှန် ဖြစ်သော်လည်း ဖြစ်ခဲ့ပြီးသောအမှုကား ပြင်၍ ရနိုင်တော့မည် မဟုတ်။ သူ့အစ်ကိုသည်
ရင်ကွဲပက်လက် ဖြစ်လိမ့်မည်။ ခုခုခံခံမလုပ်၍သာ ဤအဖြစ်နှင့်ကြုံခဲ့ရသည်ဟု သူ့ကို
အထင်မှား လိမ့်ဦးမည်။ ဤသို့ဆိုလျှင် သူ့အစ်ကိုအား ဘာမျှ ပြန်၍မပြောသည်က
ကောင်းပေလိမ့်ဦးမည်။ လိုဘပြည့်ပြီးသော ယောက်ျားသားတို့ကမူ တစ်ခွန်းတစ်ပါဒမျှ
ဟလိမ့်မည် မထင်။ မည်သို့ပင် ဖြစ်စေ ဤအမှုမျိုးကား ထောင်အနှစ်နှစ်ဆယ် ကျနိုင်သည်။
သို့ရာတွင် သူ့၌ ကိုယ်ဝန် ရှိလာခဲ့လျှင် ဘယ်သို့ ဖြစ်မည်နည်း။ မစ္စဂျုန်းသည်
ထိုအတွေး ဝင်လာသည့်အခါ လက်ထဲမှဓားကို ကြောက်အားလန့်အားနှင့် ခပ်တင်းတင်း
ဆုပ်လိုက်မိသည်။ ဓားရှ၍ လက်များ ထိခိုက်သွားမတတ်ပင် ဖြစ်သွားသည်။ အကယ်၍သာ သူကခုခံခဲ့လျှင်
ယောက်ျားသားသုံးယောက်သည် ပို၍ ဒေါသခြောင်းခြောင်း ထွက်လာကြပေလိမ့်မည်။
“ငါ ဘာလုပ်ရမလဲ၊ ခုလို အဖြစ်ဆိုးကြုံရအောင် ဘာမကောင်းမှုများ ငါ
လုပ်ခဲ့မိလို့လဲ” သူ့အသံသည် တုန်ယင်လာသည်။ ထို့နောက် မစ္စဂျုန်းသည် ဒူးထောက်ကာ
ဘုရားသခင်အား သူ့ကို ကယ်မစောင့်ရှောက်ပါရန် ဆုတောင်းသည်။ ယင်းကို ဘုရားသခင်
မေ့လျော့နေမည် စိုးသည်။ သူသည် အပျိုစင်အစစ် ဖြစ်သည်။ ယင်းကို ဘုရားသခင်မမေ့ရန်
အရေးကြီးသည်။ ထိုမှတစ်ဖန် ကျောက်တုံးကလေးကိုကွယ်၍ ချောင်းကြည့်ပြန်သည်။ ယောက်ျားသုံးယောက်ကား
ဆေးလိပ်သောက်နေကြသည်။ မီးဖိုကား အရှိန်သေသွားသည်ကို တွေ့ရသည်။
ယခုလို အခိုက်အတန့်တွင် ဂျင်ဂျာတက်သည် သူ သနားမှ
ချမ်းသာရာရမည့် မိန်းမသားဆီသို့ စိတ်ရောက်နေနိုင်သည်။
ဘုရား၊ ဘုရား ဂျင်ဂျာ တက်သည် ဖြုန်းခနဲထကာ မစ္စဂျုန်း တူရူသို့
လျှောက်လာသည်။ မစ္စ ဂျုန်း၏ အသွေးအသားတို့သည် တင်းမာလာ သည်။ သူ့နှလုံးသားသည်
တဒိတ်ဒိတ် ခုန်လာသည်။ သို့ငြားလည်း လက်ထဲမှ ဓားကိုကား ခပ်မြဲမြဲဆုပ်ထားသည်။
သို့ရာတွင် ဂျင်ဂျာတက် ထိုင်နေရာမှ ထလိုက်သည်မှာ အခြားကိစ္စတစ်ခုအတွက် ဖြစ်သည်။ မစ္စဂျုန်း၏
မျက်နှာသည် နီမြန်းလာကာ တစ်ဖက်သို့ လှည့်လိုက်သည်။ ထိုအခိုက်မှာပင် ဂျင်ဂျာတက်သည်
သူ့လူများထံပြန်သွားကာ အရက်တစ်ကျိုက် မော့လိုက်ပြန်သည်။
မစ္စ ဂျုန်းသည် ကျောက်တုံးနောက်တွင် ခပ်ကုပ်ကုပ် ယို့ကာ
သူ့အမူအရာကို မျက်ခြည်ပြတ်မခံနိုင်တော့ဘဲ စောင့်ကြည့်နေမိသည်။ မီးပုံဘေး၌
စကားဝိုင်းသည် တဖြည်းဖြည်းငြိမ်သွားသည်။ မော်တော်သမားနှစ်ယောက်ကး စောင်နှင့်ကွေးကာ
အိပ်ပျော်နေလောက်ပြီဟု မစ္စ ဂျုန်း ယူဆမိသည်။ ဤကဲ့သို့သောအခွင့်အရေးမျိုးကို
ဂျင်ဂျာတက် စောင့်နေကြောင်း မစ္စဂျုန်း နားလည်သည်။ သူတို့ နှစ်ယောက်ကို
အိပ်မောကျသည့်အခါ ဂျင်ဂျာတက်သည် အသံမပေးဘဲ မစ္စဂျုန်းထံသို့ လာမည် ဖြစ်သည်။
သူတို့နှစ်ယောက်နှင့် အတူ ဝေစားမျှစား လုပ်မည်ဟု အကြံအစည် ရှိသလား။ သို့တည်းမဟုတ်
သူ့အကြံအစည်သည် ယုတ်ညံ့သူတို့၏ ခိုးကြောင်ခိုးဝှက် အကြံအစည်ဖြစ်၍ သူတို့
နှစ်ယောက်ကို အသိမပေးဘဲ နေမည်လား။
တကယ်စင်စစ်ကား သူသည် မျက်နှာဖြူတစ်ယောက် ဖြစ်သည်။ မစ္စဂျုန်း
သည်လည်း မျက်နှာဖြူတစ်ယောက် ဖြစ်သည်။ တိုင်းရင်းသား လူမျိုးကွဲတို့၏အစော်ကားခံစရာ
မိန်းမတစ်ယောက်အဖြစ်သို့ ရောက်သည်အထိကား သူ ခွင့်မပြုတန်ကောင်းရာဟု မစ္စဂျုန်း
ထင်မိသည်။ ယခုကား သူ့အကြံအစည်သည် ထင်ရှားနေသည်။ သို့ဖြစ်ရာ မစ္စဂျုန်းသည်
ကာကွယ်ရန်နည်းလမ်းများကို စဉ်းစားနေမိသည်။ သူလာလျှင် အော်ဟစ်မည်။ မော်တော်သမားနှစ်ယောက်
အိပ်ရာကနိုးလာအောင် အော်ဟစ်မည်။ သူတို့နှစ်ယောက်အနက် မော်တော်စက်ဆရာသည်
မျက်လုံးတစ်ဖက်သာရှိသော်လည်း ကြင်နာတတ်သူဖြစ်သည်ဟု ထင်သည်။ သူ့မျက်နှာတွင်
ကြင်နာသည့်အရိပ်တွေ့ရသည်ဟု ထင်မိသည်။ သို့သော်လည်း ဂျင်ဂျာတက်ကား တုတ်တုတ်မျှ
မလှုပ်သေး။ မစ္စဂျုန်းကား စိတ်ပင်ပန်းလှပြီ။ ယခုနေအခါတွင် သူ့ကို
ခုခံနိုင်လောက်အောင် အင်အား ရှိမှရှိပါမည်လားဟု စိုးရိမ် ကြောက်ရွံ့မိသည်။
စိတ်မောလူမောဖြစ်နေခဲ့သည်မှာ ကြာလှပြီ မဟုတ်လား။ သို့နှင့် မစ္စဂျုန်းသည်
မျက်စိနှစ်လုံးကို ခဏ မှိတ်လိုက်သည်။
ဆက်ရန်
https://www.facebook.com/permalink.php?story_fbid=2264635490473662&id=1648554798748404&__tn__=K-R
0 comments:
Post a Comment