Saturday, January 5, 2019

(ထွန်းမြတ်နိုင်ကိုပြောလိုက်တယ်) မျိုးမြင့်ချို

0 comments
(ထွန်းမြတ်နိုင်ကိုပြောလိုက်တယ်)
AA ဟာ စစ်အုပ်စုနဲ့မဆိုင်တဲ့၊ စစ်အုပ်စုအတွက်အလုပ် လုပ်နေတာမဟုတ်တဲ့ အရပ်သူအရပ်သား၊ အရပ်ဘက်ဝန်ထမ်းတွေကို ဘာ အန္တရာယ်မှလည်းမပြု၊ ဘာ ဝန်ထုံ့ဝန်ပိုမှလည်း မဖြစ်စေဘူးဆိုရင် AA ရဲ့ လက်နက်ကိုင်နည်းကို ကန့်ကွက်ဖို့မပြောနဲ့ အပြစ်မြင် ငြိုငြင်စရာတောင် မရှိပါ။ လိုအပ်ရင် အားပါ ပေးပါ့မယ်။ AA တိုက်နေတာ သူတို့လူမျိုးစုရဲ့ ကိုယ်ပိုင်ပြဌာန်းခွင်၊ ဖက်ဒရယ်ပြည်ထောင်စု၊ လူမျိုးစုအားလုံး တန်းတူရည်တူ အခွင့်အရေးရဖို့ဆိုတဲ့မူကို ခုထိ မြဲမြဲမြံမြံကိုင်ထားတယ်လို့ မြင်ပါတယ်။ သယံဇာတခွဲဝေမှုလက်ဝါးကြီးအအုပ်ခံထားရတာတွေကိုလည်း ကျနော် မျက်ကွယ်မပြုပါ။

ခု ရဲကင်း(စခန်း)တွေ အတိုက်ခံရတယ်။ ကောင်းပါတယ်။ ရဲဆိုတာ စစ်အုပ်စုရဲ့လက်ကိုင်တုတ် လက်နက်ကိုင်အဖွဲ့အစည်းပါ။ စစ်ဗိုလ်ပြည်ထဲရေးဝန်က ကိုင်ထားတာပါ။ အစိုးရက အမိန့်ပေးနိုင်တဲ့ အဖွဲ့အစည်းမဟုတ်ပါ။ စစ်အုပ်စုဖိနှိပ်ရေးယန္တယားသက်သက်ပါ။ စစ်မှာ ရန်သူနဲ့နွယ်တဲ့လက်နက်ကိုင်ဆို ပြည်သူ့စစ်ကိုတောင် ချမ်းသာပေးလို့ မရပါ။ အရပ်သူအရပ်သားတင်မက ရဲ မိသားစုဝင်တွေကိုပါ စစ်နဲ့ စစ်ပွဲနဲ့ ဒီ့ထက်ပို ကျကျနနခွဲခြားလေ ကောင်းလေဖြစ်မှာပါ။ သုံ့ပန်းပေါ်လစီကို တိတိကျကျကျင့်သုံးပါ။

ရခိုင်အမျိုးသားမှာရှိတတ်တဲ့ လူမျိုးရေးအစွဲသန်မှု၊ နယ်မြေအစွဲသန်မှုတွေကို နည်းပါးသထက်နည်းပါးအောင် လုပ်စေ့ချင်ပါတယ်။ စစ်အုပ်စုကို ဦးတည်ပစ်မှတ်ရန်သူအဖြစ်၊ စစ်အုပ်စုကျင့်သုံးနေတဲ့ မဟာဗမာလူမျိုးကြီးဝါဒကို တည်တိုက်ရမယ့် အတွေးအခေါ်အဖြစ် ထားစေ့ချင်ပါတယ်။

စစ်အုပ်စုနဲ့ဗမာလူမျိုးစုကို ရောထွေးပစ်ပြီး ဗမာဆန့်ကျင်ရေးလုပ်ရင် ဗမာလူထုရဲ့အဆန့်ကျင် ပြန်ခံရပါလိမ့်မယ်။ ဗမာတိုင်း ဗမာလူမျိုးကြီးဝါဒကို ကိုယ်စားပြုနေတာမဟုတ်ပါဘူး။ စစ်အုပ်စုသာ လူမျိုးကြီးဝါဒကိုယ်စားလှယ်ဖြစ်ကြောင်း မိမိတပ်တွင်းနဲ့ အဖွဲ့အစည်းတွင်းမှာ ကျယ်ကျယ်ပြန့်ပြန့်နားလည်းနားလည် ကျင့်သုံးနိုင်အောင်လုပ်စေ့ချင်ပါတယ်။

ရခိုင်ပြည်နယ်နေ ရခိုင်မဟုတ်တဲ့လူမျိုးခွဲငယ်တွေ၊ မတူတဲ့ဘာသာကိုးကွယ်ယုံကြည်သူတွေအပေါ် ယောင်လို့တောင် နှိပ်စက်ကလူမပြုမိပါစေနဲ့။ ကိုယ်နယ်မြေမှာရှိတဲ့လူထုကို အားကိုးပါ။ ကာကွယ်ပါ။ စောင့်ရှောက်ပါ။

တိုက်ပါ။ ရဲကင်းတွေ၊ ရဲစခန်းတွေကိုလည်းတိုက်ပါ၊ သူတို့ဟာ လူထုအကျိုးစီးပွား၊ တိုင်းပြည်အကျိုးစီးပွားကို ကာကွယ်ထိန်းသိမ်းပေးနေသူအယောင်ဆောင်ပြီး စစ်အုပ်စုအကျိုးစီးပွားကို အလုပ်အကြွေးပြုနေသူတွေပါ။ လူထုဖိနှိပ်ရေးသမားတွေပါ။ စစ်အာဏာရဲ့ခွေးသွားစိတ်တွေပါ။

တိုက်ပါ။ စစ်စခန်းတွေ၊ စစ်ကြောင်းတွေကိုလည်း တိုက်ပါ။ ရနိုင်သမျှ ချေမှုန်းပါ။ စစ်ဝါဒနဲ့တည်ဆောက်ထားတဲ့စစ်တပ်ကို ရနိုင်သမျှသုတ်သင်ပါ။

AA ရပ်တည်ချက်မယွင်းသရွေ့ ကျနော် မဆန့်ကျင်ပါ။ လိုအပ်ရင် အားပေးပါ့မယ်။
မျိုးမြင့်ချို(ဇန်နဝါရီ ၅၊ ၂ဝ၁၉)

0 comments:

Post a Comment