
သူတို့အုပ်စုဟာ ရွေးကောက်ပွဲကာလတုန်းက ”တက္ကဆက် ပဉ္စလက်လူမည်းပျိုမေလေးများ”လို့ဆိုပြီး မဲဆွယ်ခဲ့ကြပါတယ်။ ရွေးကောက်ပွဲတွေမှာ သူတို့နိုင်ခဲ့တယ်။ သတင်းတွေမှာလည်း “သမိုင်းရဲ့ပထမဆုံးတွေ”ဆိုပြီး ခေါင်းကြီးပိုင်းကနေဖော်ပြခံခဲ့ကြပါတယ်။ ပြောရရင် အဲ့ဒီခရိုင်ရဲ့သမိုင်းမှာလည်း လူမဲအမျိုးသမီး ဒီလောက်များများကို တကြိမ်တည်းနဲ့ တရားသူကြီးတွေအဖြစ် ရွေးချယ်တင်မြှောက်ခဲ့ကြတာ ကလည်း ရာဇဝင်စာတင်လောက်တယ်လို့ ဆိုကြတယ်ဗျ။
အင်္ဂါနေ့ကတော့ ဒီတရာသူကြီးမတွေ ကျမ်းကျိန်ကြတယ်။ ဒါကို ဒေသဆိုင်ရာ ဒီမိုကရက်ပါတီက ဓာတ်ပုံနဲ့တကွဂုဏ်ပြုဖော်ပြီး အောက်ခြေစာတမ်းမှာတော့ “ဒီကနေ့မှာတော့ ကျမတို့ဟာ ဟဲရစ်ခရိုင်ရဲ့ တိုးတက်တဲ့ခေါင်းဆောင်မှုနဲ့ ပြည်သူကိုကိုယ်စားပြုတဲ့အစိုးရဆိုတာကို ညွှန်းပြလိုက်ပါပြီ” လို့ ရေးထားတာတွေ့ရတယ်ဗျို့။
မျိုးမြင့်ချို(ဇန်နဝါရီ ၅၊ ၂ဝ၁၉)
0 comments:
Post a Comment