Wednesday, January 23, 2019

(ပါးကွဲမယ် ဘာမှတ်နေလဲ သမ္မတဖြစ်မှ) မျိုးမြင့်ချို

0 comments
(ပါးကွဲမယ် ဘာမှတ်နေလဲ သမ္မတဖြစ်မှ)

အမေရိကပြည်ထောင်စုက မြို့တိုင်းမှာ သူ့ဟာနဲ့သူ တန်ရာတန်ရာ မြို့တော်ဝန်တွေရှိတယ်ဗျ။ လူထုက ရွေးကောက်တင်မြှောက်တာဗျ။ ဗမာပြည်မှာလို ဆွဲခန့် မဟုတ်ဘူး။ ပြောတွင်းဆိုတွင်း စမ်းချောင်းအမတ် ဘိုဘိုဦးက ငဖြီးကြီးလို့ ကင်ပွမ်းတပ်ပေးတဲ့ ဖြိုးမင်းသိမ်းရဲ့ ဆွဲခန့်မြို့တော်ဝန် မောင်မောင်စိုးကြီးတောင် အမှတ်ရမိတယ်။ မြို့ကြီးတော့ မြို့တော်ဝန်၊ မြို့သေးတော့ မြို့သူကြီး ဆိုပါတော့ဗျာ။

ကျနော်နေတဲ့ အင်ဒီယားနားပြည်နယ် ဖို့တ်ဝိန်းမှာလည်း တွမ်ဟင်နရီက သက်တော်ရှည်မြို့တော်ဝန်ကြီးပေါ့ဗျာ။ လူတွေချစ်ကြပါတယ်။ ဗမာပြည်သားတွေနဲ့လည်း ဖော်ဖော်ရွေရွေပါပဲ။ ဘယ်နိုင်ကလာတဲ့လူတွေ ဘာပွဲလုပ်လုပ် ဖိတ်သာဖိတ် မလာမရှိဘူး။ အစားဆိုလည်း “ရိုးရာအစားဟ စားကောင်းတယ်“ ပြောပြီး စားတာပဲ။ အမေရိကန်အစစ်ကြီးမို့ စမူဆာကို မဆလာနံ့ နံတယ်ပြောပြီး မစားဘူးမထင်နဲ့ တွယ်တာမှ တထိုင်တည်း လေးငါးခြောက်ခု။ ငါးပိရည်က ကျွေးကြည့်ရင်တော့ မပြောတတ်ဘူး။

သူက ကက်သလစ်ဘာသာ နှစ်နှစ်ခြိုက်ခြိုက်ယုံကြည်သူဖြစ်တော့ သားသမီးတွေ အဆီးအတားမရှိယူပြီး တမြို့လုံး ဒုတိယကလေးအများဆုံး မိသားစုဆိုပြီးတောင် ပြောကြတာဗျ။ သူကသာ ကလေးတွေကများ၊ စားအိုးကကြီး၊ ဘာသာရေးသမားဖြစ်ပေမယ့် သူ့မြို့သားတွေကိုတော့ ဗမာပြည်က နာဇီဂတုံး မဘသတွေလို မိန်းမပေါင်ခြံကြားထဲအထိဆင်း၊ မိန်းမတန်ဆာ သူတို့ပိုင်ပစ္စည်းလုပ်ပြီး လင်ဘယ်လိုယူရမယ် ကလေးဘယ်နှယောက်မွေးရမယ် ဘာညာတွေနဲ့ မျိုးစောင့်ဥပဒေတွေဘာတွေတော့ မလုပ်ပါဘူး။ ဘာသာရေးသမားစစ်လို့လား မပြောတတ်ဘူး။ လုပ်မရလို့လည်း ဖြစ်ချင်ဖြစ်မှာ ပြောတော့မရဘူး။ ဒီအတိုင်းပြောရရင်တော့ ချစ်စရာကောင်းတဲ့ မြို့ဝန်ကြီးပေါ့ဗျာ။ ဖိုးပြုံချိုကြီးပေါ့။

ကျနော်တို့ဆီကနေ တနာရီကျော်လောက်မောင်းရင် South Bend လို့ခေါ်တဲ့ မြို့လူမမယ်လေးတခုရှိတယ်ဗျ။ မြို့လူမမယ်လို့ပြောရတာက သူ့မှာ လူဦးရေက တသိန်းတထောင်ကျော်လေးပဲရှိလို့ပါ။ မြို့လူမမယ်ပြောတော့ ကုန်းဘောင်ခေတ်နှောင်းနဲ့ ကိုလိုနီခေတ်ဦးက နတ်မောက်နယ်တလွှားက မြို့လုလင်သူကြီး ဗိုလ်မင်းယောင်ခေါ် ဗိုလ်လရောင်တောင် အောက်မေ့မိပြန်ရော။

South Bend မြို့သူကြီး အသက် ၃၇ နှစ်ပဲရှိသေးတဲ့ Pete Buttigieg တဲ့ဗျ။ မဲဆွယ်ပွဲမှာ ငါဟာ အခြောက်ပါလို့ ဗြောင်ပြောပြီး မြို့လူမမယ်သူကြီးတက်ဖြစ်လာတာဗျ။ သူက ဆောက်သ်ဘန်းဒ်မွေးပြီး အဲ့ဒီမှာပဲကြီးတဲ့သူဆိုတော့ ပဝတ္တိမဟုတ်ဘူးပေါ့ဗျာ။ နံမည်ကြီး ဟားဗာ့ဂ်ကောလိပ် ထွက်ဗျ။ စစ်မှုထမ်းဘဝတုန်းက အာဖဂန်နစ္စတန်သွား စစ်တိုက်အလွှတ်ခံဖူးတယ်။ ခုသူက ၂ဝ၂ဝ ရွေးကောက်ပွဲကျရင် ဒီမိုကရက်ပါတီကနေ သမ္မတလောင်းအဖြစ် ဝင်အရွေးခံဖို့ စာရင်းတင်မလို့ဗျာ။ သူပြောတာက “ဒေါ်ကြီးအရွယ် ငါရောက်လာမယ့် သက္ကရာဇ် ၂ဝ၅၄ လောက်ဆို ခု ၂ဝ၂ဝ ကို သမင်လည်ပြန်ကြည့်ရင်း အမေရိကဘာနဲ့တူနေမလဲ မြင်စေချင်စမ်းလှတယ်“ ဆိုပဲဗျာ။ အေးပေါ့လေ သူတို့ Gay တွေဆိုတော့ စကားတတ်တာပေါ့။

ပြေပာမရဘူးနော် ခုက ကမ္ဘာမှာ အမျိုးသားရေးအစွန်းရောက်ဝါဒီတွေပြီးရင် LGBTQ တွေက ခေတ်အစားဆုံး။ အောင်မျိုးမင်းကြည့်ပါလား။ ပြည်တွင်းပြန်ဝင်ပြီး လူ့အခွင့်အရေးဂုရု လုပ်နေတာ။ ပြောမရဘူးနော် သူလည်း တချိန်ချိန်ကျ သမ္မတတွေဘာတွေ တက်ဖြစ်ချင်ဖြစ်နေမှာ။ ခုကတည်းက ကပ်မယ့်သူတွေကပ်ထားဖို့ကောင်းတယ်။ ကျနော့်မလည်း ဘာလေး မပြောလိုက်နဲ့ ပြောလိုက်တာနဲ့ အောက်မေ့စရာတွေချည်းပဲ။ ပြောရင်းတောင် ပဝတ္တိသားကျနော်က အမေရိက ကနေ ဇာတိကိုလွမ်းလို့ကောင်းတုန်း။
အပြည့်အစုံဖတ်ချင်ရင်တော့ လင့်ခ်ပေးထားပါတယ်ဗျာ။
https://www.cnn.com/2019/01/23/politics/pete-buttigieg-2020-president/index.html?utm_medium=social&utm_content=2019-01-&fbclid=IwAR0ATegmuHg_AeY4VOr5t2EuEVzpdpp48hLTlmDjU-qhNpOwP7znzyRLH48

0 comments:

Post a Comment