(စီးပွားသစ်နဲ့ကြီးပွားကြသူများ)
ထိုင်းမှာနေတုန်းက တီဗီသတင်းချယ်နယ်လ်တခုမှာ ထိုင်းလူကုံတန်တွေ စစ်အရာရှိတွေ စီးပွားရေးသမားတွေ နိုင်ငံရေးသမားတွေ အကြီးအကျယ်ပူဇော်ပသတဲ့ နံမည်ကြီးဘုန်းကြီးကျောင်းထဲမှာ Greenhouse နဲ့ဆေးခြောက် အကြီးအကျယ်စိုက်တာကို စစ်တပ်နဲ့ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးတပ်တွေက ဝင်စီးပြီးဖမ်းတဲ့ သတင်းပါဖူးတယ်၊ ဒေသခံအာဏာပိုင်တွေက ဖမ်းတာမဟုတ်ပဲ ဗဟိုအစိုးရကကိုယ်တိုင် ဆင်းဖမ်းတာလို့ဆိုတယ်။ ဗဟိုကလည်း တခြားနိုင်ငံတွေက မူးယစ်ဆေးဝါးတိုက်ဖျက်ရေးတပ်ဖွဲ့တွေ အဖွဲ့အစည်းတွေ အုပ်စုတွေက ဖိအားပေးလို့ မလွန်ဆန်နိုင်တဲ့အဆုံး လုပ်လိုက်ရတဲ့ပုံလို့ သတင်းသုံးသပ်သူက သုံးသပ်ပြတယ်။ သူပြောတဲ့အထဲမှာ အဲ့ဒီဘုန်းကြီးကို ခုလိုမျိုးဖမ်းဖို့နေနေသာသာ ပြည်နယ်အစိုးရကတောင် လက်ဖျားနဲ့မတို့ရဲဘူးတဲ့။ ဘယ်သူမှ မော့မကြည့်ရဲဘူးတဲ့။ သူ့နယ်မှာ သူ့ကို လူတကာက ဖိန့်ဖိန့်တုန်ကြသတဲ့။
အဲ့ဒီကာလတုန်းက ထိုင်းနိုင်ငံမှာ ခုလိုမျိုး ဆေးခြောက်ကို ဘာခြွင်းချက်နဲ့မှ စိုက်ပျိုး၊ ထုတ်လုပ်၊ ရောင်းဝယ်၊ ဖြန့်ချိ၊ သုံးစွဲခွင့်မရှိသေးဘူး။ လုပ်ရင် အရေးယူခံရတာဘဲ။ ဖမ်းတာဘဲ။ ဆိုတော့ ထုံးစံအတိုင်း တရားမဝင် လုပ်ငန်းကြီးတခုဖြစ်လာတယ်။ ငွေအရလွယ်ပြီး ဖြတ်လမ်းနည်းနဲ့ သူဋ္ဌေးဖြစ်လုပ်ငန်းဖြစ်လာတယ်။ ရာဇဝတ်ဂိုဏ်းကြီးတွေထူထောင်ပြီး တနွယ်ငင်တစင်ပါ သတ်မှုဖြတ်မှု ဂိုဏ်းဖွဲ့ရာဇဝတ်ကျူးလွန်မှုကြီးတွေ ဖြစ်လာတယ်။ တချို့ဒေသတွေမှာ ရဲတို့၊ ဒေသကာကွယ်ရေးတပ်တို့၊ နယ်မြေလုံခြုံရေးတို့၊ ပြည်သူ့စစ်တို့ကိုပါ အစိုးရပေးတဲ့လစာထက်ပိုပေးပြီး နှုတ်ပိတ်ထားနိုင်တယ်။ ဆွဲစေ့ထားနိုင်တယ်။
ဆေးခြောက်က တောထဲတောင်ထဲမှာ စိုက်တာထက် စနစ်တကျဆောက်ထားတဲ့ Greenhouse တွေနဲ့စိုက်တာက နေရာလည်းသိတ်မလို၊ ကွာလတီပိုကောင်း၊ အထွက်ပိုများ၊ တွက်ခြေပိုကိုက်၊ စီးပွားပိုဖြစ်တော့ လူသူနည်းနည်းလှမ်းတဲ့နေရာတွေမှာ ခြံကြီးတွေဝယ်၊ အဆောက်အဦးတွေဆောက်၊ လက်နက်ကိုင်တွေ စောင့်ကြပ်ပြီး အကြီးအကျယ်စိုက်တော့တာပါ။ ခွန်ဆာ့လောက် တပ်ထောင်တာဗိုလ်ထုတော့မရှိပါဘူး။
ဒီမှာ ဘာထပ်ပါလဲဆိုတော့ ထိုင်းဘုန်းကြီးတွေ ဘုန်းကြီးကျောင်းတွေပါ ဒီစီးပွားလုပ်ငန်းကြီးထဲ နွယ်လာတယ်။ ထိုင်းဘုန်းကြီးတွေက ထိုင်းလမျိုးတွေအပေါ် အတော်သြဇာညောင်းတယ်။ မကောင်းတာရော ကောင်းတာမှာပါ ဆိုပါတော့။ အင်းအိုင် ခလှည့် လက်ဖွဲ့အဆောင်အယောင် အောက်လမ်းအထက်လမ်း စုန်း နတ်ကဝေ တစ္ဆေသရဲ အကုန်လုပ်ပြီး လူတွေကို အကြောက်နဲ့ ထိန်းထားနိုင်တာလည်း ပါမယ်ထင်တယ်။ နံမည်ကြီး(နံမည်ပျက်လည်းရှိတယ်) ဘုန်းကြီး မဟုတ်တာလုပ်လို့ ရပ်ကွက်ထဲမြောမိတဲ့လူကို ဘုန်းကြီးအသရေဖျက်မှုနဲ့ ဘုန်းကြီးလက်ပါးစေတွေက လမ်းလည်ကောင် လူရှေ့သူရှေ့မှာ နေ့ခင်းောကာင်တောင်ကြီး အပျောက်ရှင်းတာတွေအထိ ကြားဖူးပါတယ်။
ပြောရရင် မဟုတ်မဟတ်နည်းတွေနဲ့ သင်္ကန်းခြုံပြီး စီးပွားရှာကြတာချင်းအတူတူမှာ ထိုင်းဘုန်းကြီးတွေ ချမ်းသာချက်က သီတဂူတို့လောက်တော့ ပျင်းတယ်ပြောရမယ်။ ကိုယ်ပိုင်ဂျက်လေယဉ်ပျံပါ ဝယ်စီးတာ။ တချို့ဆို သူကြွယ်တွေကလွဲလို့ တော်ရုံလူမစီးနိုင်တဲ့ ဇိမ်ခံကားကြီးတွေများ ဟောတစင်းဟောတစင်းပဲ။ ဖင်ပူအောင်တောင် မစီးဘူးဆိုတယ်။ လက်နက်ကိုင်၊ နိုင်ငံရေးသမားနဲ့ ဒေသအုပ်ချုပ်ရေး အာဏာပိုင်တွေကိုပါ လူတွေနဲ့ရန်လှည့်တိုက်ပြီး ကိုင်ထားနိုင်တော့ သူတို့ဓနဥစ္စာ ဘယ်သူမှ မျက်စောင်းမထိုးဝံ့ဘူး။
ဒါကို စက်ဆုပ်ရွံရှာတဲ့ အော့နှလုံးနာတဲ့ ဗုဒ္ဓမြတ်စွာပညတ်တော်မူတဲ့အတိုင်း သီတင်းသုံးဆောက်တည်လိုတဲ့ သီလသမာဓိပညာပြည့်စုံပြီး နှလုံးပါလှတဲ့ သံဃအဖွဲ့တွေနဲ့ ဘုန်းကြီးကောင်းတွေလည်း မနည်းဘူးရှိပါတယ်။ ဒါပေမယ့် လူပုံအလယ် လူသိရှင်ကြား မပြောရဲဘူး။ ဗုဒ္ဓခေတ်က တရားပြိုင်တွေ သူနိုင်ငါနိုင် တရားနိုင်လုကြတဲ့အခါ အာဏာနဲ့နီးတဲ့လူရဲ့တရားက ဓားထက် ထက်သလိုပေါ့။ ဆက်ပြောကြည့် နင့်ဥက္ခောင်း တောက်တောက် ပြတ်ကျစေရမယ်ဆိုပြီး သစ္စာပဲဆိုသလိုလို ကျိန်စာပဲတိုက်သလိုလိုနဲ့ ခြိမ်းခြောက်သလိုမျိုး ခံနေကြရတာတွေလည်းရှိပါတယ်။
တဘက်ကကြည့်တော့လည်း ဒီဘုန်းကြီးတွေရဲ့ စည်းစိမ်ဥစ္စာ အာဏာပါဝါကို အားအကျကြီးကျ သွားရည်အယိုကြီးယိုပြီး ခေတ်ပညာလေးလည်း မတောက်တခေါက်တတ်၊ ဘိုလိုလေးကလည်း တခွန်းစနှစ်ခွန်းစညှပ်ညှက်ပြော၊ ရုပ်ကလေးကလည်းရှိ၊ အသံလေးလည်းကောင်း၊ စကားကိုလည်း လှည့်ပတ်ပြောတတ်၊ မျက်နျာပေးနဲ့ အမူအယာလည်းလုပ်တတ်၊ အသက်ကလေးကလည်းငယ်၊ ခန္ဓာကလည်း ကျားကိုးစီး စားမကုန်တဲ့လူငယ်တချို့ သင်္ကန်းဝတ်စီးပွားရေးလောကထဲ အလျှိုအလျှို ဝင်လာကြတယ်။ အလွန်လွယ်တဲ့ သူဋ္ဌေးဖြစ်ဖြတ်လမ်းနည်းလိုကိုဖြစ်တော့တာကိုး။
ဆိုတော့ နဂိုက ယုံကြည်သက်ဝင်လို့သာ ဘုန်းကြီးဝတ် ကျင့်ကြံအားထုတ် ပရိယတ် ပရိပတ်နဲ့နေပေမယ့် စာမတတ်ပေမတတ် ရုပ်မရှိ အပြောအဟောမကောင်း ဘုန်းကြီးအိုကြီးတွေတင်မက ဘုန်းကြီးစာလည်း တကယ်တတ် ပရိယတ်ပရိပတ်မှာလည်း စင်းလုံးချောပေမယ့် သင်္ကန်းဝတ်စီးပွားရေးကို စက်ဆုပ်အော့နှလုံးနာတဲ့ကိုယ်တော်ကြီးတွေပါ နံမည်ခံလောက်ချန်ပြီး ချောင်ထဲရောက်ကုန်ကြတယ်။ တချို့လည်း သစ်တပင်အောက် ဝါးတပင်အောက်တွေ ရုက္ခမူဓူတင်တွေ တောမှာကျောင်းသင်္ခမ်းဆောက်ပြီး ကြောက်လို့ တယောက်တည်းနေပါတယ်ဘုရားတွေဖြစ်ကုန်ကြတယ်။
ခုလည်း ရွှေပြည်ကြီးမှာ ဦးပြည်းနဲ့သင်္ကန်းခြုံပြီး မဟုတ်တာမှန်သမျှ အကုန်လုပ်စား ကြီးပွားချမ်းသာနေတဲ့ဘုန်းကြီးတွေမှ လက်ညှိုးထိုးမလွဲဘူး ဖြစ်လာနေတယ်။ သစ်မှောင်ခို၊ လူမှောင်ခို၊ မူးယစ်ဆေးဝါး၊ လောင်းကစားဒိုင်၊ အနှိပ်ခန်း၊ မိန်းမ၊ အရက်၊ မုဒိန်း၊ လူသတ်၊ လုယက်၊ မီးရှို့၊ ကံသုံးပါးလုံးနဲ့ အမုန်းမီးမွှေး၊ တိုင်းပြည်ကို မီးလောင်တိုက် သွင်းနေကြတာမှ ကမ္ဘာကပါ မမြင့်ချင့်တဆုံးဖြစ်လာတယ်။ သာမန် လူဆိုးလူမိုက်တွေတောင် မကျူးလွန်တဲ့ ယုတ်မာမှုတွေမှာပါနေတယ်။ လူယုတ်မာတွေတောင် မလုပ်တဲ့အလုပ်ကို ဘုန်းကြီးယုတ်မာတွေက လုပ်နေတယ်လို့ပြောမှ မှန်မယ်။ ယုတ်မာမှုမှန်သမျှမှာ သူတို့ပါနေတယ်။ ရက်စက်ကြမ်းကြိုတ်မှုမှန်သမျှမှာ သူတို့လက်စလက်န မကင်းဘူးဖြစ်နေတယ်။
သူတို့မလုပ်သေးဘူးလို့ မပါသေးဘူးလို့ထင်ရတာတခုက ဆေးခြောက်နဲ့ဘိန်းစိုက်ပျိုး ထုတ်လုပ်မှုမှာဘဲ။ ဒါတောင် သေချာမသိလို့ ထင်ရတယ်လို့ပြောရတာပါ။ ခုလောက်ထိ မလုပ်ဝံတဲ့ယုတ်မာမှုတေါ လုပ်နေမှတော့ သန်းကောင်ထက်ညည့်နက်စရာမရှိတော့ပါဘူး။ ဆေးခြောက် ဘိန်းစိုက်ပျိုးထုတ်လုပ်ရေးတွေဘက်ပါ စီးပွားရေးချဲ့ထွင်ဖို မဘသနာဇီဂတုံး လက်မရွံ့လူသတ်ကောင်တွေအနေနဲ့ ထည့်စဉ်းစားဖို့ကောင်းတယ်။
ဝက်ဖြစ်နေတဲ့ မဘသနာဇီဂတုံးတွေ ချီးစားတာကတော့ တိုက်တွန်းဖို့တောင် လိုပါ့မလားက တွေးစရာပါ။
မျိုးမြင့်ချို ဇန်နဝါရီ ၂၈၊ ၂ဝ၁၉
0 comments:
Post a Comment