Friday, January 18, 2019

(သပ် သို့မဟုတ် တွင်းအောင်းပွေးများ) မျိုးမြင့်ချို

0 comments

(သပ် သို့မဟုတ် တွင်းအောင်းပွေးများ)
စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး၊ ဒီမိုကရေစီရေး၊ ဖက်ဒရယ်ရေးစတာတွေအတွက် ရောက်တဲ့နေရာကနေ ရတဲ့နည်နည်းနဲ့ ရသလောက်လုပ်နေ ပြောနေ အရေးဆိုနေကြတဲ့ ပြည်ပရောက်အင်အားစုတွေနဲ့လူပုဂ္ဂိုလ်တွေကို ပြည်တွင်းက စစ်အာဏာရှင်ဆန့်ကျင်ရေး၊ ဒီမိုကရေစီရေး၊ ဖက်ဒရယ်လ်အရေးလုပ်နေသူတွေကြားမှာ ပြဿနာပေါ်အောင် နိုင်ငံရေးယောင်ယောင်၊ အနုပညာယောင်ယောင်၊ စာပေယောင်ယောင်၊ စစ်အုပ်စုဆန့်ကျင်သယောင်ယောင်၊ မေမေ့သားယောင်ယောင်ယောင်၊ လက်ဝဲယောင်ယောင်၊ လက်ယာယောင်ယောင် ကိုယ့်ကိုယ်ကိုယ်ဆိုင်းဘုတ်မျိုးစုံကပ်ပြီး နယ်ပယ်စုံကနေ လိုက်သွေးခွဲသပ်လျှို ရန်တိုက်ပေးနေသူတွေ ပြန်များလာပြန်တာ သတိထားမိပါတယ်။

အတည်လိုလို နောက်သလို လှောင်သလိုလို ရယ်ပွဲ့ဖွဲ့သလိုလို စာပြောင် Satire ရေးသလိုလိုတွေကလည်း သူတို့နည်းနာတွေထဲကတခုပါ။ ဖြစ်နေတာက သိန်းစိန်တက်လာပြီးစက အခြေအနေနီးပါးလောက်ပြန်ဖြစ်လာပါတယ်။ ပြည်တွင်းပြည်ပအင်အားစုတွေ မပေါင်းစည်းမိအောင် အစည်းပျက်အောင် ရည်ရွယ်ချက်ရှိရှိ အစီအစဉ်ရှိရှိ ခြေလှမ်းရှိရှိလုပ်နေကြတာမျိုးဖြစ်ပါတယ်။

ခု AA ကိစ္စ၊ မြစ်ဆုံကိစ္စ၊ ချင်းမိုင်က ကချင်အစည်းအဝေးကိစ္စတွေအပြီးမှာ ပိုသိသာလာပါတယ်။ စိတ်မကောင်းစရာက အဲ့လိုလူတွေထဲမှာ တချိန်ကရော ခုရော ကိုယ့်ကိုယ်ကိုယ် ဒီမိုကရေစီရေးလုပ်နေသူလို့ လက်နက်ကိုင်တော်လှန်ရေးလုပ်ခဲ့ဖူးသူလို့ ကြွေးကြော်နေသူတွေပါ ပါနေတာပဲဖြစ်ပါတယ်။ ပြည်တွင်းပြည်က ဒီမိုကရေစီအင်အားစုတွေ သတိရှိကြဖို့ပါ။
မျိုးမြင့်ချို ဇန်နဝါရီ ၁၇၊ ၂ဝ၁၉

0 comments:

Post a Comment