(မရင်နှစ်နှင့် စပါးလင်)
I am hungry, I need to eat something ဟုပြောရင်း အိုင်ပက်ဒ်ကိုဘေးချပြီး မရင်နှစ်က မီးဖိုခန်းဝင်ကာ မျက်လုံးကစား၏။ မလှမ်းမကမ်းရှိ အလုပ်ကွန်ပြူတာခုံတွင်ထိုင်နေသည့် သင်းသင်းအေးက “ဟိုး..အိုးကြီးထဲမှာ တုန့်ယမ်ရှိတယ် သမီး၊ ဟိုဗူးထဲမှာလည်း မေမေ ကြက်သား ကြော်ထားတယ် သမီးအတွက်”ဆိုတော့ OK, thanks May May ဟု တခွန်းပြောကာ ဇွန်းနှင့်ပန်းကန်လုံးကိုထုတ်၏။ ဖိုဂွင်ပေါ် တင်နွှေးထားသည့် တုန့်ယမ်အိုးထဲမှ အရည်ကြည်ကို စိတ်ရှည်လက်ရှည်စစ်နေ၏။ သူက တုန့်ယမ်သာ အသေကြိုက်သော်လည်း အထဲပါသည့်အဖတ်ဆို ဘာအဖတ်မှမစား။ မကြိုက်။ အရည်ကြည်သက်သက်ကို အဖတ်တစက်မှမပါအောင် စစ်သောက်တတ်သူ။ နောက်တော့ ကြက်သားကြော်တတုံး လှမ်းနှိုက်ကာ ထမင်းစားပွဲနားလာပြီး ကျနော့်ဘေးတွင်ထိုင်ရင်း ဟီးဟီးဟု အသံပြု၏။ ဘာလဲသမီး ဆိုတော့ Yummy! Yummy! ဟုပြောကာ ခွက်ကထွက်နေသည့် အငွေ့တထောင်းထောင်းကို ရှူပြ၏။
ကျနော်က “ငရုပ်ကောင်းမှုန့်လေး နည်းနည်းထပ်ဖြူးစား ပိုကောင်းတယ်"ဟု ဇနီးကိုပြောရင်း ကျနော့်ပန်းကန်ထဲက စပါးလင်ဖတ်တွေကို ခပ်ဆယ်ပြီး ဘေးချနေ၏။ မရင်နှစ်က အဲ့ဒါ ဘာလဲ ဘဘ ဟုမေးသဖြင့် Lemongrass ဟုဖြေတော့ ဇနီးက “ဗမာလို ဘယ်လိုခေါ်သလဲ”ဆို၏။ “ရေးတော့ စပါးလင် အသံထွက်တော့ ဇဘလင်လို့ ထွက်တယ်”ဆိုတော့ သြော်တခွန်းပြောပြီး သူ့တုံ့ယမ်ကို တရှူးရှူးသောက်နေ၏။ မရင်နှစ်က ဇနီးကို သိချင်ရန်ကောဟူသည့်အကြည့်ဖြင့် မျက်လုံးတချက်လှန်ကြည့်ပြီး ဘာမှ မဆက်တော့။ ကျနော့်စိတ်ထဲ နောက်ချင် စချင်စိတ်က ပြူလာ၏။ “ကယ်ရင် စပါးလင်ဆိုတာ အဓိပ္ပါယ်သိလား”ဟုမေးတော့ “မသိဘူး ပြောပြလေ”ဟုဆို၏။ “နင် စပါးတော့ သိတယ်မဟုတ်လား” “အေးသိတယ်” “အေး..ဒါက စပါးရဲ့လင်ပေါ့။ လင်ကို Husband ခေါ်တယ် မဟုတ်လား။ “အေးလေ” ဒီတော့ This is husband of paddy. ပေါ့ဟု အတည်ပေါက်နှင့်ပြောတော့ ဇနီးမျက်နှာက မချိုမချဉ်နှင့် တော်တော် ပေါက်ပေါက်ရှာရှာပြောတဲ့ငနဲ ဟူသည့်အကြည့်ဖြင့် မိက်စောင်းတချက်ပြစ်၏။ ဘာမှတော့ မပြော။ ဤတွင် မရင်နှစ်က သောက်လက်စကို ရုတ်တရက်ရပ်လိုက်ပြီး “ဘာလဲ ဘဘ။ ဘာပြောတာလဲ”ဟု စူးစမ်းဟန်ဖြင့်မေး၏။
ဤတွင် ကျနော်သိလိုက်ပြီ။ ကျနော် မီးခိုးကြွက်လျှောက် လျှောက်ရတော့မည်။ ကရွတ် ကင်းလိုက်ရတော့မည်။ ကျနော့်ရယ်စရာဟာသသည် မရင်နှစ်အဖို့ ရယ်စရာမဖြစ်တော့ပြီ။ စူးစမ်းစရာဖြစ်ခဲ့ပြီ။ “အိုခေ ဘဘပြောတာက နောက်တာ သမီးရဲ့ I am just kidding to her. But I will explain to you what I said.” ဟုဆိုတော့ အင်း..တလုံးပြောပြီး နားထောင်နေ၏။ ကွန်ပြူတာခုံမှ သင်းသင်းအေးက ကျနော့်ကို တချက် လှမ်းကြည့်ပြီး ရှင်းပေတော့ကိုယ့်ပြဿနာကိုယ်ဟု မျက်နှာပေးနှင့်ကြည့်တာကို သတိထားမိလိုက်၏။ ပြီးတော့ သူပဲ မနေနိုင်တော့ “လာသမီး ဒီကိုလာ မေမေပြမယ်။ “သမီး စပါးကို သိလား” မသိဘူးဆိုတော့ အွန်လိုင်းမှ စပါးပင်တွေ စပါးနှံပုံတွေကိုပြရင်း အဲ့ဒါ ဗမာလို စပါးလို့ ခေါ်တယ်။ မရင်နှစ်က “အင်း စပါး စပါး”ဟု သံယောင်လိုက်ထွက်ရင်း နားထောင်၏။ “အဲ့ဒီဟာတွေက စပါးနှံလို့ခေါ်တယ်။ အဲ့ဒီ စပါးနှံမှာ ကပ်သီးနေတာတွေက စပါးစေ့တွေ” “စပါးက အဲ့ဒီ တခုခုမှာ ဘယ်လောက်များများရှိလဲ မေမေ” “မေမေလည်း အတိအကျ မပြောတတ်ဘူး ရာပေါင်းများစွာပေါ့ သမီးရယ်”ဆိုတော့ အင်းလိုက်၏။ “အဲ့ဒီ စပါးစေ့လေးကို အခွံချွတ်လိုက်တော့ ဆန်ဖြစ်လာတယ်။ ဆန်ကို ချက်လိုက်တော့ ဟော့ဟို ပေါင်းအိုးထဲက ထမင်းပေါ့သမီးရဲ့” ဆိုတော့ သူ့မျက်နှာမှာ စိတ်ရှုပ်သွားဟန် အထင်းသားပေါ်လာ၏။ ကျနော့်ဘက် တချက်ကြည့်ရင်း လက်ဟန်ဖြင့် သူ့ခေါင်းတွေ ပွင့်ထွက်ကုန်ပြီဟု လုပ်ပြ၏။
ဒါနဲ့ “ကဲ လာ..ဘဘ ဆက်ပြမယ်”ဟုအနားခေါ်ပြီး ကွန်ပြူတာလည်းဖွင့် စပါးပင်၊ စပါးနှံ၊ စပါးစေ့တစေ့ချင်း၊ ဆန်၊ ထမင်း စတာတွေကို တဆင့်ပြီးတဆင့် အင်္ဂလိပ်လိုရော ဗမာလိုပါ ရှင်းပြ၏။ ဒါလည်း သူ လုံးစေ့ပတ်စေ့ နားမလည်သေး။ မလည်ဆို ကျနော်တို့က စပါးကိုလည်း Rice, ဆန်ကိုလည်း Rice, ထမင်းကိုလည်း Rice နှင့် ရှင်းကြတာဖြစ်၏။ ဒီတော့မှ သူဘာ့ကြောင့် နားမလည် နားမရှင်းအဖြေကို သွားတွေ့၏။ သင်းသင်းနှင့်ကျနော် ၂ ယောက်ပေါင်းပြီး သူနားကျပါးကျ နားလည်သည်အထိ ရှင်းရန်တာဝန်ရှိလာပြီ။ သင်းသင်းက စားပွဲမှာ ထကာ။ “လာသမီး ဒီမှာကြည့်”ဟု စတိုခန်းထဲမှ ဆန်အိပ်ကိုပြရင်း ဒီထဲကဟာ ဘာလဲဆိုတော့ “Rice လေမေမေ”။ ထမင်းအိုးကို လက်ညှိုးထိုးရင်း “ဟိုထဲကဟာရော” “Rice လေမေမေ” ကွန်ပြူတာပေါ်က စပါးနှံလေးတွေကို ထိုးပြရင်း “ဒါရောဘာလဲ သမီး” “အဲ့ဒါလည်း Rice လေ မေမေ” ဟုဆို၏။
ကျနော်က ဝင်ပြီး “ဒီလိုသမီးရဲ့ ဘဘတို့ ဗမာမှာကို အခွံမချွတ်ရသေးတဲ့ ဒီအစေ့လေးတွေကို စပါးလို့ခေါ်တယ်၊ အခွံချွတ်ပြီးသား ဒါကို ကျတော့ ဆန်လို့ခေါ်ပြီး ချက်လိုက်လို့ ကျက်သွားတာကျ ထမင်းလို့ခေါ်တယ်” ဟု တလုံးချင်းရှင်း၏။ “ထမင်းကို သမီးသိတယ်လေ ဘဘ။ သမီးစားနေတာဘဲလေ အဲ့ဒါ Rice လေ”ဟုဆို၏။ ဒီတော့ ဇနီးကပါ ကျနော်တို့ ၃ ယောက်သား ရွာလည်နေတာကိုကြည့်ပြီး Yinhnit, please, have a seat ဟုပြောပြီး Rice before take off it’s shell is Zabar. Rice after take off it’s shell or uncooked rice is San. Rice after cook or cooked rice is Htamin. ဟု ပြောတော့ မရင်နှစ်မျက်နှာ တချက်လင်းထွက်သွား၏။ I know, I know ဟု ဆို၏။ သင်းသင်းက “အခွံမချွတ်ရသေးရင် စပါး၊ အခွံချွတ်ပြီးသွားရင် ဆန်။ ဆန်ကို အိုးထဲထည့်ချက်လိုက်တော့ ထမင်း၊ ဟုတ်ပြီလားသမီး” ဆိုတော့ Thank you May May, Ba Ba and Karen ဟုပြောပြီး သူ့ကုလားထိုင်တွင်ပြန်ထိုင်၏။ Burmese language is more specific. ဟု ပြောသေး၏။ ကျနော့်စိတ်ထဲ သူလည်း သဘောပေါက်သွားပြီ။ ငါ့အတွက်လည်း တရန်တော့ငြိမ်းပြီ ကိစ္စအေးပြီဟုတွေးကာ အေးဆေး ဆက်စားရန်ပြင်၏။
မရင်နှစ်က မပြီး ကျနော် ပန်းကန်ထဲက ဆယ်ချထားသည့် စပါးလင်ဖတ်များကို လက်ညှိုးထိုးပြီး “ဘဘ အခုန ကယ်ရင့်ကိုပြောတယ်နော် အဲ့ဒါတွေက Husband of Paddy ဆိုပြီးတော့လေ”ဟု ဆို၏။ ကျနော်ပြုံးမိတော့မလိုဖြစ်ပြီးမှ ကိုယ်ရှိန်ပြန်သတ်ပြီး “အေးလေ..ဘာဖြစ်လို့လဲသမီးရဲ့” ဆိုတော့ သူတခုခုကို ခုချက်ခြင်း နားလည်သဘောပေါက်သွားလေဟန် ဂုဏ်ယူသည့်အမူအယာနှင့် “Well, Zabar must be wife of lemongrass. ပေါ့နော် ဘဘ”ဟု ခတ်တည်တည်ဆို၏။ သည့်တော့မှ ဇနီးက အားရပါးရပြုံးရင်း Yes, it is. ဟုပြောပြီးမှ He makes joke. Is he not funny, it’s he? ပြော၏။ သည်တော့မှ "ဟင်...ဒါဆို စပါးမှာ လင်မရှိဘူး။ စပါးကလည်း မိန်းမဟုတ်ဘူးပေါ့"ဟုပြောရင်း သူ့ဘာသာ အတွေးပေါက်ကာ ပါးစုံ့ကြီးများဖေါင်းထွက်လာသည်အထိ တဟီးဟီး ရယ်တော့၏။ သူရယ်တာကြည့်ပြီး ကျနော်တို့လည်း ခွက်ထိုးခွက်လှန် ရယ်မောမိကြ၏။ သည်တော့မှ တအိမ်လုံး အရယ်အပြုံးတွေနှင့် ပြည့်သွားတော့၏။
ကျနော်တို့ သူ့ကို အိမ်မှာ ဗမာလို ဒီ့ထက်မက ပြောရတော့မည်။
မရင်နှစ်တို့အိမ်က ထမင်းစားပွဲတွင်
ကျနော်နှင့်ဇနီးသည်ကထိုင်ပြီး မနက်စာစားရန်ပြင်နေကြ၏။ အပြင်၌ ဆောင်းအအေးက
သွေးခဲမတတ်။ သင်းသင်းအေးက မနက်ကတည်းက ဝမ်းမီးပါစကလေးတောက်အောင်ဆိုကာ
တုန့်ယမ်(အသားနိုင်းချင်းနှင့် ယိုးဒယားချဉ်စပ်ဟင်းချို) ချက်ထား ၏။
ကြက်ဥဆီပြန်၊နှင့် အမဲသားပြုပ်ကြော်လည်း ပါသေး၏။ ဇနီးက နာလန်ထစမို့ထင်၏ လူက မလန်း။
နှာလည်း ပိတ်နေသဖြင့် တစ်ရှူးစ အုပ်ကာ ခွစ်ခွစ် ခွစ်ခွစ်နှင့် ခနခန နှပ်ညှစ်၏။
ချဉ်ငန်စပ်လိုဟာလည်း စားချင်ပုံပေါ်၏။ “ကောင်းတယ် ဒါမှ ပွင့်သွားတာပေါ့”ပြောတော့
“ပွင့်သွားတယ်ဆိုတယ်ဘာလဲ”ဟုမေးသဖြင့် ရှင်းရသေး၏။ ကြက်ဥဟင်းနှင့်ဆို
ထမင်းကိုခေါင်းမဖော်တမ်း စားမှန်းသိသဖြင့် ကျနော့်အမေနှင့် သင်းသင်းလည်း
သူစားရကောင်းစေဆိုကာ မကြာမကြာချက်၏။ သူကလည်း စားရုံမက အပြန် ပါဆယ်လ်ပါ
မချသွားသေး၏။ အိမ်တွင် သူ ကိုယ်တိုင်ချက်သည့်ကြည်ဥဟင်းကျ နံနံပင်တင်မက
မဆလာပါအုပ်လိုက်သေး၏။ မဆလာကြိုက်သည့် အိုင်းရစ်ရှ်မ။ အစပ်လည်း ကျနော့်ထက်
စားနိုင်၏။ ကျနော်က အချိုသမား။
I am hungry, I need to eat something ဟုပြောရင်း အိုင်ပက်ဒ်ကိုဘေးချပြီး မရင်နှစ်က မီးဖိုခန်းဝင်ကာ မျက်လုံးကစား၏။ မလှမ်းမကမ်းရှိ အလုပ်ကွန်ပြူတာခုံတွင်ထိုင်နေသည့် သင်းသင်းအေးက “ဟိုး..အိုးကြီးထဲမှာ တုန့်ယမ်ရှိတယ် သမီး၊ ဟိုဗူးထဲမှာလည်း မေမေ ကြက်သား ကြော်ထားတယ် သမီးအတွက်”ဆိုတော့ OK, thanks May May ဟု တခွန်းပြောကာ ဇွန်းနှင့်ပန်းကန်လုံးကိုထုတ်၏။ ဖိုဂွင်ပေါ် တင်နွှေးထားသည့် တုန့်ယမ်အိုးထဲမှ အရည်ကြည်ကို စိတ်ရှည်လက်ရှည်စစ်နေ၏။ သူက တုန့်ယမ်သာ အသေကြိုက်သော်လည်း အထဲပါသည့်အဖတ်ဆို ဘာအဖတ်မှမစား။ မကြိုက်။ အရည်ကြည်သက်သက်ကို အဖတ်တစက်မှမပါအောင် စစ်သောက်တတ်သူ။ နောက်တော့ ကြက်သားကြော်တတုံး လှမ်းနှိုက်ကာ ထမင်းစားပွဲနားလာပြီး ကျနော့်ဘေးတွင်ထိုင်ရင်း ဟီးဟီးဟု အသံပြု၏။ ဘာလဲသမီး ဆိုတော့ Yummy! Yummy! ဟုပြောကာ ခွက်ကထွက်နေသည့် အငွေ့တထောင်းထောင်းကို ရှူပြ၏။
ကျနော်က “ငရုပ်ကောင်းမှုန့်လေး နည်းနည်းထပ်ဖြူးစား ပိုကောင်းတယ်"ဟု ဇနီးကိုပြောရင်း ကျနော့်ပန်းကန်ထဲက စပါးလင်ဖတ်တွေကို ခပ်ဆယ်ပြီး ဘေးချနေ၏။ မရင်နှစ်က အဲ့ဒါ ဘာလဲ ဘဘ ဟုမေးသဖြင့် Lemongrass ဟုဖြေတော့ ဇနီးက “ဗမာလို ဘယ်လိုခေါ်သလဲ”ဆို၏။ “ရေးတော့ စပါးလင် အသံထွက်တော့ ဇဘလင်လို့ ထွက်တယ်”ဆိုတော့ သြော်တခွန်းပြောပြီး သူ့တုံ့ယမ်ကို တရှူးရှူးသောက်နေ၏။ မရင်နှစ်က ဇနီးကို သိချင်ရန်ကောဟူသည့်အကြည့်ဖြင့် မျက်လုံးတချက်လှန်ကြည့်ပြီး ဘာမှ မဆက်တော့။ ကျနော့်စိတ်ထဲ နောက်ချင် စချင်စိတ်က ပြူလာ၏။ “ကယ်ရင် စပါးလင်ဆိုတာ အဓိပ္ပါယ်သိလား”ဟုမေးတော့ “မသိဘူး ပြောပြလေ”ဟုဆို၏။ “နင် စပါးတော့ သိတယ်မဟုတ်လား” “အေးသိတယ်” “အေး..ဒါက စပါးရဲ့လင်ပေါ့။ လင်ကို Husband ခေါ်တယ် မဟုတ်လား။ “အေးလေ” ဒီတော့ This is husband of paddy. ပေါ့ဟု အတည်ပေါက်နှင့်ပြောတော့ ဇနီးမျက်နှာက မချိုမချဉ်နှင့် တော်တော် ပေါက်ပေါက်ရှာရှာပြောတဲ့ငနဲ ဟူသည့်အကြည့်ဖြင့် မိက်စောင်းတချက်ပြစ်၏။ ဘာမှတော့ မပြော။ ဤတွင် မရင်နှစ်က သောက်လက်စကို ရုတ်တရက်ရပ်လိုက်ပြီး “ဘာလဲ ဘဘ။ ဘာပြောတာလဲ”ဟု စူးစမ်းဟန်ဖြင့်မေး၏။
ဤတွင် ကျနော်သိလိုက်ပြီ။ ကျနော် မီးခိုးကြွက်လျှောက် လျှောက်ရတော့မည်။ ကရွတ် ကင်းလိုက်ရတော့မည်။ ကျနော့်ရယ်စရာဟာသသည် မရင်နှစ်အဖို့ ရယ်စရာမဖြစ်တော့ပြီ။ စူးစမ်းစရာဖြစ်ခဲ့ပြီ။ “အိုခေ ဘဘပြောတာက နောက်တာ သမီးရဲ့ I am just kidding to her. But I will explain to you what I said.” ဟုဆိုတော့ အင်း..တလုံးပြောပြီး နားထောင်နေ၏။ ကွန်ပြူတာခုံမှ သင်းသင်းအေးက ကျနော့်ကို တချက် လှမ်းကြည့်ပြီး ရှင်းပေတော့ကိုယ့်ပြဿနာကိုယ်ဟု မျက်နှာပေးနှင့်ကြည့်တာကို သတိထားမိလိုက်၏။ ပြီးတော့ သူပဲ မနေနိုင်တော့ “လာသမီး ဒီကိုလာ မေမေပြမယ်။ “သမီး စပါးကို သိလား” မသိဘူးဆိုတော့ အွန်လိုင်းမှ စပါးပင်တွေ စပါးနှံပုံတွေကိုပြရင်း အဲ့ဒါ ဗမာလို စပါးလို့ ခေါ်တယ်။ မရင်နှစ်က “အင်း စပါး စပါး”ဟု သံယောင်လိုက်ထွက်ရင်း နားထောင်၏။ “အဲ့ဒီဟာတွေက စပါးနှံလို့ခေါ်တယ်။ အဲ့ဒီ စပါးနှံမှာ ကပ်သီးနေတာတွေက စပါးစေ့တွေ” “စပါးက အဲ့ဒီ တခုခုမှာ ဘယ်လောက်များများရှိလဲ မေမေ” “မေမေလည်း အတိအကျ မပြောတတ်ဘူး ရာပေါင်းများစွာပေါ့ သမီးရယ်”ဆိုတော့ အင်းလိုက်၏။ “အဲ့ဒီ စပါးစေ့လေးကို အခွံချွတ်လိုက်တော့ ဆန်ဖြစ်လာတယ်။ ဆန်ကို ချက်လိုက်တော့ ဟော့ဟို ပေါင်းအိုးထဲက ထမင်းပေါ့သမီးရဲ့” ဆိုတော့ သူ့မျက်နှာမှာ စိတ်ရှုပ်သွားဟန် အထင်းသားပေါ်လာ၏။ ကျနော့်ဘက် တချက်ကြည့်ရင်း လက်ဟန်ဖြင့် သူ့ခေါင်းတွေ ပွင့်ထွက်ကုန်ပြီဟု လုပ်ပြ၏။
ဒါနဲ့ “ကဲ လာ..ဘဘ ဆက်ပြမယ်”ဟုအနားခေါ်ပြီး ကွန်ပြူတာလည်းဖွင့် စပါးပင်၊ စပါးနှံ၊ စပါးစေ့တစေ့ချင်း၊ ဆန်၊ ထမင်း စတာတွေကို တဆင့်ပြီးတဆင့် အင်္ဂလိပ်လိုရော ဗမာလိုပါ ရှင်းပြ၏။ ဒါလည်း သူ လုံးစေ့ပတ်စေ့ နားမလည်သေး။ မလည်ဆို ကျနော်တို့က စပါးကိုလည်း Rice, ဆန်ကိုလည်း Rice, ထမင်းကိုလည်း Rice နှင့် ရှင်းကြတာဖြစ်၏။ ဒီတော့မှ သူဘာ့ကြောင့် နားမလည် နားမရှင်းအဖြေကို သွားတွေ့၏။ သင်းသင်းနှင့်ကျနော် ၂ ယောက်ပေါင်းပြီး သူနားကျပါးကျ နားလည်သည်အထိ ရှင်းရန်တာဝန်ရှိလာပြီ။ သင်းသင်းက စားပွဲမှာ ထကာ။ “လာသမီး ဒီမှာကြည့်”ဟု စတိုခန်းထဲမှ ဆန်အိပ်ကိုပြရင်း ဒီထဲကဟာ ဘာလဲဆိုတော့ “Rice လေမေမေ”။ ထမင်းအိုးကို လက်ညှိုးထိုးရင်း “ဟိုထဲကဟာရော” “Rice လေမေမေ” ကွန်ပြူတာပေါ်က စပါးနှံလေးတွေကို ထိုးပြရင်း “ဒါရောဘာလဲ သမီး” “အဲ့ဒါလည်း Rice လေ မေမေ” ဟုဆို၏။
ကျနော်က ဝင်ပြီး “ဒီလိုသမီးရဲ့ ဘဘတို့ ဗမာမှာကို အခွံမချွတ်ရသေးတဲ့ ဒီအစေ့လေးတွေကို စပါးလို့ခေါ်တယ်၊ အခွံချွတ်ပြီးသား ဒါကို ကျတော့ ဆန်လို့ခေါ်ပြီး ချက်လိုက်လို့ ကျက်သွားတာကျ ထမင်းလို့ခေါ်တယ်” ဟု တလုံးချင်းရှင်း၏။ “ထမင်းကို သမီးသိတယ်လေ ဘဘ။ သမီးစားနေတာဘဲလေ အဲ့ဒါ Rice လေ”ဟုဆို၏။ ဒီတော့ ဇနီးကပါ ကျနော်တို့ ၃ ယောက်သား ရွာလည်နေတာကိုကြည့်ပြီး Yinhnit, please, have a seat ဟုပြောပြီး Rice before take off it’s shell is Zabar. Rice after take off it’s shell or uncooked rice is San. Rice after cook or cooked rice is Htamin. ဟု ပြောတော့ မရင်နှစ်မျက်နှာ တချက်လင်းထွက်သွား၏။ I know, I know ဟု ဆို၏။ သင်းသင်းက “အခွံမချွတ်ရသေးရင် စပါး၊ အခွံချွတ်ပြီးသွားရင် ဆန်။ ဆန်ကို အိုးထဲထည့်ချက်လိုက်တော့ ထမင်း၊ ဟုတ်ပြီလားသမီး” ဆိုတော့ Thank you May May, Ba Ba and Karen ဟုပြောပြီး သူ့ကုလားထိုင်တွင်ပြန်ထိုင်၏။ Burmese language is more specific. ဟု ပြောသေး၏။ ကျနော့်စိတ်ထဲ သူလည်း သဘောပေါက်သွားပြီ။ ငါ့အတွက်လည်း တရန်တော့ငြိမ်းပြီ ကိစ္စအေးပြီဟုတွေးကာ အေးဆေး ဆက်စားရန်ပြင်၏။
မရင်နှစ်က မပြီး ကျနော် ပန်းကန်ထဲက ဆယ်ချထားသည့် စပါးလင်ဖတ်များကို လက်ညှိုးထိုးပြီး “ဘဘ အခုန ကယ်ရင့်ကိုပြောတယ်နော် အဲ့ဒါတွေက Husband of Paddy ဆိုပြီးတော့လေ”ဟု ဆို၏။ ကျနော်ပြုံးမိတော့မလိုဖြစ်ပြီးမှ ကိုယ်ရှိန်ပြန်သတ်ပြီး “အေးလေ..ဘာဖြစ်လို့လဲသမီးရဲ့” ဆိုတော့ သူတခုခုကို ခုချက်ခြင်း နားလည်သဘောပေါက်သွားလေဟန် ဂုဏ်ယူသည့်အမူအယာနှင့် “Well, Zabar must be wife of lemongrass. ပေါ့နော် ဘဘ”ဟု ခတ်တည်တည်ဆို၏။ သည့်တော့မှ ဇနီးက အားရပါးရပြုံးရင်း Yes, it is. ဟုပြောပြီးမှ He makes joke. Is he not funny, it’s he? ပြော၏။ သည်တော့မှ "ဟင်...ဒါဆို စပါးမှာ လင်မရှိဘူး။ စပါးကလည်း မိန်းမဟုတ်ဘူးပေါ့"ဟုပြောရင်း သူ့ဘာသာ အတွေးပေါက်ကာ ပါးစုံ့ကြီးများဖေါင်းထွက်လာသည်အထိ တဟီးဟီး ရယ်တော့၏။ သူရယ်တာကြည့်ပြီး ကျနော်တို့လည်း ခွက်ထိုးခွက်လှန် ရယ်မောမိကြ၏။ သည်တော့မှ တအိမ်လုံး အရယ်အပြုံးတွေနှင့် ပြည့်သွားတော့၏။
ကျနော်တို့ သူ့ကို အိမ်မှာ ဗမာလို ဒီ့ထက်မက ပြောရတော့မည်။
မျိုးမြင့်ချို(ဇန်နဝါရီ ၂၇၊ ၂ဝ၁၉)
0 comments:
Post a Comment