Friday, January 4, 2019

(တူတာနဲ့တိုက်ရင် တူတာတောင် ကံကောင်းမှရတယ်) မျိုးမြင့်ချို

0 comments

(တူတာနဲ့တိုက်ရင် တူတာတောင် ကံကောင်းမှရတယ်)
ပဒေသရာဇ်အတွေးအခေါ်ကို ပဒေသရာဇ်အတွေးအခေါ်နဲ့တိုက်တော့ ပဒေသရာဇ်အတွေးအခေါ်ပဲရတယ်။ ဒါတောင် ကိုယ်က လူဦးရေအရ စီးပိုးထားနိုင်မှ။ နယ်မြေအရ ပိုင်စိုးထားနိုင်မှ။ လက်နက်နိုင်ငံတော်ကြီး ထူထောင်ထားနိုင်မှ။

ပဒေသရာဇ်စနစ်ကို ပဒေသရာဇ်စနစ်နဲ့တိုက်တော့ ပဒေသရာဇ်စနစ်ပဲရတယ်။ ဒါတောင် ကိုယ်က ထီးဆောင်းမင်း၊ သမီးအပို့ ပဏ္ဏာအကျို့ခံဖြစ်ဦးမှ။ အဲ့လိုမဟုတ်လို့ကတော့ မယားတင်မက ဘုရားပါအလုခံရတယ်။

ဖက်ဒရယ်ပြည်ထောင်စု၊ လူမျိုးစုအားလုံးတန်းတူရည်တူရှိမှု၊ ကိုယ်ပိုင်ပြဌာန်းခွင့်၊ လူ့အခွင့်အရေး၊ ဒီမိုကရေစီ စတာတွေလိုချင်ရင် ပဒေသရာဇ်ကျင့် ပဒေသရာဇ်ကြံ ကြံနေတဲ့ ဗမာလူမျိုးကြီးဝါဒကို လစ်ဘရယ်လ်ဒီမိုကရေစီ တနည်းပြောရရင် အရင်းရှင်ဒီမိုကရေစီ အတွေးအခေါ်နဲ့တိုက်မှ ရမယ်။ အရင်းရှင်စနစ်ဟာ ပဒေသရာဇ်စနစ်ထက် ခေတ်မီသစ်လွင် တိုးတက်ကောင်းမွန်တယ်။

တကယ်တော့ ပဒေသရာဇ်စနစ်ဆိုတာ တမ်းတကောင်း တောင့်တအပ်တဲ့အရာမဟုတ်ဘူး။ ဘာလူမျိုးရဲ့ပဒေသရာဇ်စနစ်မှာဖြစ်ဖြစ် ဘုရင်ကလွဲရင် အားလုံး ကျွန်ပဲ။ ဗမာကျွန် မဖြစ်ပြီးရော ကိုယ့်လူမျိုးအချင်းချင်း ကျွန်ပြန်ဖြစ်ပါစေဆိုပြီး ပဒေသရာဇ်အတွေးအခေါ်နဲ့ စစ်အာဏာရှင်စနစ်ကိုတိုက်ရင် နိုင်ဖို့မပြောနဲ့ စစ်အာဏာအောက် ခွေးတိုးဝက်ဝင်မနေရရင်တောင်ကံကောင်း။

ခေတ်မီကြပါဆိုတာ အတွေးအခေါ်ကိုပြောတာ။
မျိုးမြင့်ချို ဇန်နဝါရီ ၃၊ ၂ဝ၁၉

0 comments:

Post a Comment