ဗူးသီးတောင်
မောင်းတောမြို့နယ်တွေက အစ္စလာမ်ဘာသာဝင်တွေကို တအိမ်ထောင်ကလေး(၂)ဦးယူ ဆိုတဲ့ ဒေသန္တရအမိန့်ကို
ရခိုင်ပြည်နယ်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မြို့နယ် (၈) ခုက ထောက်ခံတယ်ဆိုတဲ့အကြောင်း
သဘောထားထုတ်ပြန်ချက် မူရင်းဖြစ်ပါတယ်။ သူ့ပါတီတွင်းကိစ္စမို့ ဘာမှဝင်မပြောလိုလည်း ပါတီတည်ဆောက်ရေးဆိုတာ
ဘာမှန်းသိရဖို့ ဘယ်လောက်အရေးကြီးမှန်းသိဖို့ ဧရာမအခွင့်အလမ်းကောင်းကြီးတခုရလိုက်ပြီလို့
အင်န်အယ်လ်ဒီက ခေါင်းဆောင်တွေခံယူမယ်ဆိုရင် နောက်ကျသွားဦးတောင်၊ အချိန်မီထိမ်းညှိဖို့
မမီတော့ဘူးဆိုရင်တောင် နောက်လာမယ့် အင်န်အယ်လ်ဒီမျိုးဆက်တွေအဖို့ တွေးဆစရာတော့ဖြစ်ပေလိမ့်မယ်ထင်တယ်။
ဒီစာကို ဗဟိုကိုမိတ္တူပေးတယ်ဆိုပေမယ့် ဗဟိုကဘာမှမသိပါလို့ ပြောတာလည်းကြားကြမယ် ထင်ပါတယ်။
ပါတီတွင်းကွဲအက်မှုလား။ ဒါဆို “ကွဲအက်ရေးမှခွဲထွက်ရေး”အထိရော ရောက်သွားလေမလား။ ပါတီတွင်း
အာခံမှုလား။ ဒါဆို “အာခံမှုကနေ ပါတီတွင်းပုန်ကန်မှု”အထိရော ရောက်သွားလေမလား။ ပါတီတွင်းမှာ
စင်တွေအပြိုင်ထိုးတာလား။ ဒါဆို “ပါတီတွင်းစင်ပြိုင်တွေဖြစ်ပြီး လှေကြီးပေါ်လှေငယ်တင်”တော့မလို့လား။
“စင်ပြိုင်ပါတီ”ဖြစ်သွားမလား။ အင်န်အယ်လ်ဒီပါတီ(ရခိုင်ပြည်နယ်အင်န်အယ်လ်ဒီ၏သီးခြားလုပ်ပိုင်ဆောင်ရွက်ခွင့်များ)ရဲ့
တချို့ပြည်နယ်ဒေသတွေကို သီးခြားလုပ်ပိုင်ဆောင်ရွက်ခွင့်ပေးပြီး “ဗဟိုမဲ့သွားအောင် အားပျော့သွားအောင်
ပျောက်သွားအောင် ကွယ်သွားအောင်” အထိများဖြစ်လေမလား။ ဒေါ်စုခြံရှေ့မှာဆန္ဒပြကြတာကရော ဘယ်သူတွေများလဲ။
ဆန္ဒပြခွင့်ကြိုတင်လျှောက်ပြီး ခွင့်ပြုချက်တောင်းစရာမလိုတဲ့ လူအုပ်တွေလား။ တချိန်က
သူ့ကို နှစ်နှစ်ကာကာထောက်ခံခဲ့ကြဖူးသူတွေလား။ သဲကွဲပြီဆိုရင် ဘယ်သူ့လက်ရာမှန်းက အထူးတလည်တောင်ပြောနေစရာမလို။
ခုဟာက မသဲကွဲလို့သာဆိုပေမယ့် ပါတီပြန်မှတ်ပုံတင်ပြီးနောက်မှာ လူတွေရဲ့ဆန္ဒအပြခံရတာ လက်ပန်းတောင်ကိစ္စနဲ့ပါ
(၂)ကြိမ်ရှိပြီ။ ဒီပဲယင်းလိုကိစ္စမျိုးကြတော့ ရှင်းတယ်။ လက်သည်ကအသင့်ဖော်စပ်ပြီးသား။
ခုဟာက ဘယ်သူ့ဘူ ဘယ်သူ့ဘက်သား ဘယ်လိုပြောမလဲ။ သေချာတာကတော့ ပါတီတခုမှာ “မူ” ဘယ်လောက်အရေးကြီးကြောင်း
ထင်ရှားသွားစေတာပါပဲ။ မူမဲ့တာဟာကျောရိုးမဲ့တာမှန်း သိသာသွားစေတာပါပဲ။ ဘာမူနဲ့သွားမျာလဲ
လုပ်မှာလဲမေးတဲ့အခါတိုင်း “ဒီမိုကရေစီရေးပေါ့… လူ့အခွင့်အရေးပေါ့”တို့လို့ ပြန်ပြန်ဖြေတာဟာ
မူမဟုတ်မှန်းသိကြဖို့ လေးနက်သွားကြမယ်လည်းတွေးမိပါရဲ့။ မျိုးမြင့်ချို
Pages
ဂိုးလ်ဒင်န်းမွန်းနဲ့ဗျူးတာပါ
ကျနော်စာသင်နေတာပါ
Blog Archive
-
▼
2013
(359)
-
▼
June
(54)
- ကြံ့ဖွံ့အစိုးရပစ်လိုက်သည့် မျိုးစောင့်ဥပဒေဆိုသောခဲ...
- ဆေးလိပ်အရက်၊ ဆဲဆိုသူနှင့်သာဓုအခေါ်လွယ်သူများ (မျိုး...
- ငြင်းပယ်ခြင်း၏အလှ(ဖြစ်တည်မှုဒဿနနိဒန်း) မောင်ကြည်သစ်...
- ငြင်းပယ်ခြင်း၏အလှ(ဖြစ်တည်မှုဒဿနနိဒန်း) မောင်ကြည်သစ်...
- ငြင်းပယ်ခြင်း၏အလှ(ဖြစ်တည်မှုဒဿနနိဒန်း) မောင်ကြည်သစ်...
- ငြင်းပယ်ခြင်း၏အလှ(ဖြစ်တည်မှုဒဿနနိဒန်း) မောင်ကြည်သစ်...
- ငြင်းပယ်ခြင်း၏အလှ(ဖြစ်တည်မှုဒဿနနိဒန်း) မောင်ကြည်သစ်...
- ငြင်းပယ်ခြင်း၏အလှ(ဖြစ်တည်မှုဒဿန နိဒန်း) မောင်ကြည်သစ...
- ငြင်းပယ်ခြင်း၏အလှ(ဖြစ်တည်မှုဒဿနနိဒန်း) မောင်ကြည်သစ်...
- ငြင်းပယ်ခြင်း၏အလှ(ဖြစ်တည်မှုဒဿနနိဒန်း) မောင်ကြည်သစ်...
- ငြင်းပယ်ခြင်း၏အလှ(ဖြစ်တည်မှုဒဿနနိဒန်း) မောင်ကြည်သစ်
- မာ့က်စ်ဝါဒနဲ့ဗမာပြည် အောင်သာ (ပီသုံးလုံး)
- ကြံ့ခိုင်ရေးပါတီအစည်းအဝေး ဒီမိုကရေစီနှင့်ရင်ကြားစေ...
- မနေ့ကရေးတဲ့စတေးတပ်စ်ရဲ့အဆက်
- ဘွားခနဲပေါ်ထွက်လာပြီဖြစ်တဲ့ ဗိုလ်ချုပ်ဟောင်းတွေရဲ့ ...
- ပြည်သူ့ဆန္ဒပြည်သူ့စွမ်းအားဖြင့် အခြေခံဥပဒေသစ် ရေးဆွ...
- ဂန္ဒီစစ်တမ်း (ရေးသူ-ကွန်မြူနစ်ခေါင်းဆောင် ကိုဗဟိန်း)
- သံဃာတော်များ၏အင်အား-၂-(အောင်ဇော်-ဧရာဝတီ) အောက်တိုဘ...
- သံဃာတော်များ၏အင်အား-၁-(အောင်ဇော်-ဧရာဝတီ) အောက်တိုဘ...
- ဂျိုးမွေးဒဲ့ကောင်(မျိုးမြင့်ချို)
- ”ခွန်ဒီးယမ်ဖတ်စေ့ချင်တဲ့စာ” မျိုးမြင့်ချို
- လစ်ဘရယ်ဝါဒအကြောင်းဆွေးနွေးချက်-အပိုင်း(၂)(ကိုဝတုတ်)
- လစ်ဘရယ်ဝါဒအကြောင်းဆွေးနွေးချက် အပိုင်း(၁)(ကိုဝတုတ်)
- မြင်အောင်ကြည့်ကြပါ (ဇော်မင်း)
- “တိုင်း”“ရင်း”“သား”၊ Social Construction နှင့် Cri...
- မတရားတဲ့လူ့အဖွဲ့အစည်းနဲ့ဘာသာတရား- ကိုဝတုတ်
- သုတစာပေအဆင့်မြှင့်ရန်(ဘိုဘိုလန်းစင်) ခေတ်မောင်းအတွ...
- ဆဲဗင်းဂျူလိုင်ရဲ့ အနှစ်သာရဆိုတာ(လင်းထင်)
- မိထ္ထီလာ၊ လားရှိုးနှင့်မလေးရှားက အသက်သွေးများကို အရင...
- “နောက်ပြန်ဆွဲနေသော”(ကိုပေါ-ခေတ်မောင်းအတွဲ ၂၊ အမှတ်...
- မလေးရှားနိုင်ငံမှသတ်ဖြတ်မှုများ အနက်ရောင်အင်္ဂါနေ့လှုပ...
- မိမိကိုယ်မိမိပိုင်စိုးမှုနှင့်နိုင်ငံရေး- ကိုဝတုတ်
- ၂၀၁၅ရွေးကောက်ပွဲအတွက်အသံပေးကြပြီ (ရဲဘော်ဖိုးသံချော...
- ၂ဝ၁၂ ဇွန်လထုတ် ခေတ်မောင်းအတွဲ (၁)၊ အမှတ်(၂) အယ်ဒီတ...
- ထင်ရှားသော မြန်မာဆေးလောက နိုင်ငံရေးသမားများ(ဘိုဘို...
- သူပုန်ကြီးလို့ဖြစ်တာမဟုတ်တဲ့အစိုးရ မျိုးမြင့်ချို-...
- “သူစိမ်းမဆန်အထီးမကျန်ဖို့”လင်းထင် (ခေတ်မောင်း အတွဲ...
- မက်ဒလင်းအောရိုက်နှင့်ဆွေးနွေးခြင်း (ဒေါက်တာသန်းငြိ...
- အောက်ကြေးသမားအကြံ ပီအာသံညံ(စိမ်းမြင့်)
- စစ်ရောင်ခြည်ဦး(ဘိုဘိုလန်းစင်)
- ဘိရမာဝါးတားဂိတ် အပိုင်း- ၄ အိုးဝေ-ဦးညိုမြ
- ဘိရမာဝါးတားဂိတ် အပိုင်း (၃) အိုးဝေ ဦးညိုမြ
- ဘိရမာဝါတားဂိတ်- အပိုင်း ၂ (အိုးဝေ-ဦးညိုမြ)
- ဘိရမာဝါးတားဂိတ်(အိုးဝေ-ဦးညိုမြ) အပိုင်း-၁
- ဆရာမတင် တပည့်မခံချင်ကြသူများ(ဒုတိယပိုင်း) (ပါမောက္ခ...
- ဆရာမတင် တပည့်မခံချင်ကြသူများ(ပါမောက္ခရွှေရိုး) (ပထမပ...
- စပိဘာ့ခ်၏ ကိုလိုနီနင်းပြားတွေအကြောင်း(မြင့်သန်း)
- ဒေါ်ခင်ကြည်ပြောပြတဲ့လူ(၅)ယောက်အကြောင်း (လှကွန့်) (အ...
- ဒေါ်ခင်ကြည်ပြောပြတဲ့ လူ (၅)ယောက်အကြောင်း(လှကွန့်) (...
- ခေတ်မောင်း အတွဲ-၂၊ အမှတ်-၅ အယ်ဒီတာ့အာဘော်
- ဒေါ်ခင်ကြည်ပြောပြတဲ့လူ(၅)ယောက်အကြောင်း(လှကွန့်) အစပ...
- ကာနယ်ချစ်ကောင်း (ကိုယ်ရေးအကျဉ်းမှတ်တမ်းတို)
- ကလေး ၂ ဦးယူနဲ့ သို့လောသို့လောများ
- ဒေါ်ခင်ကြည်ပြောပြတဲ့လူ(၅)ယောက်အကြောင်း(လှကွန့်) အစပ...
-
▼
June
(54)
Followers
Search This Blog
You can replace this text by going to "Layout" and then "Page Elements" section. Edit " About "
Saturday, June 1, 2013
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment