လွတ်မြောက်ဒေသပန်ဆန်းမှာ ၁ဝ နှစ်ကြာ(နေဦးဝေ)(၉)
(၉)
ဗုံးသံအမြောက်သံညံတဲ့နှစ်
ဗကပစစ်နည်းဗျူဟာတွေနဲ့ပတ်သက်ပြီး ကလေးကလားရုပ်ပျက်ဆင်းပျက် ရေးကြသားကြ ဗီဒီယိုရိုက်ကူးကြတာတွေကို မကြာခဏဖတ်ရ ကြည့်ရဘူးမှာပါ။ နိုင်ငံခြားသတင်းထောက်ကြီး တစ်ယောက်ကဆိုရင် ဗကပတွေဟာ လှိုင်းလုံးစစ်ဆင်ရေးနည်းနဲ့တိုက်တယ်ဆိုပြီး ရမ်းတုပ် ခဲ့သလို သူ့စာအုပ်ဘာသာပြန်သူကလည်း ဒီလိုဘဲမှန်းတုပ်တယ်။ စစ်တပ်ကရိုက်ကူးတဲ ဗီဒီယိုတစ်ကားမှာတော့ စစ်တပ်က ကတုတ်ကျင်း ထဲက သေနတ်တွေနဲ့စောင့်ပစ်နေတာကို ဗကပတွေက လက်ချင်းချိတ်ပြီး တက်လာသတဲ့။ တက်လာတဲ့သူတွေကို ပစ်ချလိုက်ရင် နောက် တသုတ် လက်ချင်းချိတ်ပြီးတက်လာကြပြန်သတဲ့။ စစ်နဲ့ငြိမ်းချမ်းရေးဝတ္ထုကြီးထဲက သြစတားလစ်တိုက်ပွဲခေတ်လို တပ်နှစ်တပ်ရင်ဆိုင်ပြီး တူမီးသေနတ်ပစ်တဲ့ခေတ် မဟုတ်သလို ဒုတိယကမ္ဘာစစ်အစောပိုင်း ရိုင်ဖယ်တိုင်မကွယ်နဲ့ မိုင်နှစ်ဆယ်သွားတယ်ဆို့ခေတ်မျိုး မဟုတ်တော့ တာကို ဘယ်စစ်တပ်မဆို သိနေကြတာပါ။ ဒါကို သရုy်ဖျက်ပြီး ရိုင်ဖယ်ခေတ်က လှိုင်းလုံးစစ်ဆင်ရေးနည်းကို မောင်းပြန်သေနတ်ခေတ်မှာ လုပ်သလိုလို ရေးချင်ကြတယ်။ အဲသလိုရေးမှလည်း သူတို့ဖက်က အကျအဆုံးများတာနဲ့ယှဉ်ရင် လှိုင်းလုံးစစ်ဆင်တဲ့ ဗကပတွေက ထောင်ချီ သေတယ်လို့ ဝါဒဖြန့်နိုင်မှာကိုး။
ဗကပစစ်နည်းဗျူဟာတွေနဲ့ပတ်သက်ပြီး ကလေးကလားရုပ်ပျက်ဆင်းပျက် ရေးကြသားကြ ဗီဒီယိုရိုက်ကူးကြတာတွေကို မကြာခဏဖတ်ရ ကြည့်ရဘူးမှာပါ။ နိုင်ငံခြားသတင်းထောက်ကြီး တစ်ယောက်ကဆိုရင် ဗကပတွေဟာ လှိုင်းလုံးစစ်ဆင်ရေးနည်းနဲ့တိုက်တယ်ဆိုပြီး ရမ်းတုပ် ခဲ့သလို သူ့စာအုပ်ဘာသာပြန်သူကလည်း ဒီလိုဘဲမှန်းတုပ်တယ်။ စစ်တပ်ကရိုက်ကူးတဲ ဗီဒီယိုတစ်ကားမှာတော့ စစ်တပ်က ကတုတ်ကျင်း ထဲက သေနတ်တွေနဲ့စောင့်ပစ်နေတာကို ဗကပတွေက လက်ချင်းချိတ်ပြီး တက်လာသတဲ့။ တက်လာတဲ့သူတွေကို ပစ်ချလိုက်ရင် နောက် တသုတ် လက်ချင်းချိတ်ပြီးတက်လာကြပြန်သတဲ့။ စစ်နဲ့ငြိမ်းချမ်းရေးဝတ္ထုကြီးထဲက သြစတားလစ်တိုက်ပွဲခေတ်လို တပ်နှစ်တပ်ရင်ဆိုင်ပြီး တူမီးသေနတ်ပစ်တဲ့ခေတ် မဟုတ်သလို ဒုတိယကမ္ဘာစစ်အစောပိုင်း ရိုင်ဖယ်တိုင်မကွယ်နဲ့ မိုင်နှစ်ဆယ်သွားတယ်ဆို့ခေတ်မျိုး မဟုတ်တော့ တာကို ဘယ်စစ်တပ်မဆို သိနေကြတာပါ။ ဒါကို သရုy်ဖျက်ပြီး ရိုင်ဖယ်ခေတ်က လှိုင်းလုံးစစ်ဆင်ရေးနည်းကို မောင်းပြန်သေနတ်ခေတ်မှာ လုပ်သလိုလို ရေးချင်ကြတယ်။ အဲသလိုရေးမှလည်း သူတို့ဖက်က အကျအဆုံးများတာနဲ့ယှဉ်ရင် လှိုင်းလုံးစစ်ဆင်တဲ့ ဗကပတွေက ထောင်ချီ သေတယ်လို့ ဝါဒဖြန့်နိုင်မှာကိုး။
တောခိုကျောင်းသားသုံးယောက်ဘဲရေးသလား
ထောက်လှမ်းရေးဗိုလ်မှူးကြီးဟောင်းဘဲရေးသလား မရှင်းမလင်းဖြစ်နေတဲ့ ဗကပ အရှေ့ မြောက်ဒေသအကြောင်း
စာအုပ်ထူထဲမှာတော့ ၁၉၇၅ ကနေ ၁၉၇၇ တိုက်ပွဲကြီးတွေအကြောင်းတွေကို တစ်နှစ်စာလုံး
စာတစ်မျက်နှာ ပြည့်အောင် တောင်မဖော်ပြရဲသလို ၁၉၇၉ နိုဝင်ဘာ မင်းရန်အောင်စစ်ဆင်ရေးမှာ
သူတို့ဘက်က အထိအခိုက်အကျအဆုံးများပုံကို ဖာဖာထေးထေး ရေးထားတာကို ဖတ်ဘူးသူတိုင်းတွေ့ကြမှာပါ။
တပ်မတော်သမိုင်းစာအုပ်ထဲမှာပါတဲ့ လိုတိုးပိုလျှော့စာရင်းတွေအရ ၁၉၇၅ ခု
မူဆယ်နမ့်လင်းတဝိုက် တိုက်ပွဲတွေမှာ အစိုးရတပ်က ၁၅၆ ယောက်ကျ၊ ၄၆ဝ ဒဏ်ရာရတယ်။ ဗကပက
၁၆၃ ကျတယ် ၇၁ ယောက် ဖမ်းမိတယ်တဲ့။ ၁၉၇၆ လွယ်ပျက်ပုတ် လွယ်လုံကြောတိုက်ပွဲတွေမှာ
အစိုးရတပ်က ၃၄ ကျ၊ ၁၂၁ ဒဏ်ရာရ။ ဗကပ ၁၈၂ ကျ၊ ၁၄ဝ ဒဏ်ရာ ရတယ်တဲ့။ ၁၉၇၇
ပန်ကောက်ခြူးရွှေတိုက်ပွဲမှာ အစိုးရတပ်က၁၂၆ ကျ၊ ၂၃၇ ဒဏ်ရာရ။ ဗကပ၅ဝဝကျတယ်တဲ့။ ၁၉၇၈
ဟိုပန်တာတိလင် တိုက်ပွဲတွေမှာ အစိုးရတပ် ၆၇ ကျ၊ ၁ဝ ဒဏ်ရာရ၊ ၆၉ ပျောက်ဆုံး၊ ဗကပ ၁ဝဝ
ကျ။ အဲဒီနှစ်နောက်လိုင်ပါဖန်တိုက်ပွဲများမှာ အစိုးရတပ်က ၄ ကျ။ ဗကပ ၇ဝ ကျ။ ၁၉၇၉ခု
ရပခနဲ့ ရမခနယ်မြေများမှာလုပ်တဲ့ မင်းရန်အောင်စစ်ဆင်ရေးတိုက်ပွဲများမှာ အစိုးရတပ်က၂ဝ၇
ကျ၊ ၆၄၅ ဒဏ်ရာရ။ ဗကပ ၄၁၁ ကျ၊ ၁၂ ဖမ်းမိ။ ၁၉၈ဝ မင်းရန်အောင်စစ်ဆင်ရေး
မန်ခူးမန်ခါတိုက်ပွဲမှာ အစိုးရတပ် ၃၃ ကျ၊ ၃၉ ဒဏ်ရာရ၊ ၁၄၉ ပျောက်ဆုံး။ ဗကပ ၁ဝဝ ကျ၊
အဲဒီနှစ်မိုင်းယောင်းတိုက်ပွဲ အစိုးရတပ် ၆၈ ကျ၊၇၂ ဒဏ်ရာရ။ ဗကပ ၉၁ကျ၊၁၁၅ ဒဏ်ရာရ။
အဲဒီနှစ် ကော်ဟို လွယ်တိုက်ပွဲ အစိုးရတပ် ၁၆ ကျ။ ဗကပ ၂၇ ကျ စသဖြင့်ထုတ်ပြန်ထားတယ်။
အဲဒီ စာအုပ်ထဲမှာ ၁၉၈၈ အထိ တိုက်ပွဲကြီး သုံးလေးခု စာရင်းလည်းပါပါတယ်။ ဒီစာရင်းမှာ
ဗကပထံအဖမ်းခံလိုက်ရသူတွေကို ပျောက်ဆုံးလို့ဖော်ပြသလို ကျဆုံးစာရင်းများမှာစိုးလို့
တချို့ကို ဒဏ်ရာရ စာရင်းသွင်းပြီး ဆေးရုံရောက်မှ သေစာရင်းသွင်းတာတွေလည်းရှိတယ်။
ဘာဖြစ်လို့
အခုလို ငြီးငွေ့စရာစာရင်းအင်းတွေကို ဖော်ပြရသလည်းဆိုရင် အထက်မှာပြောခဲ့တဲ့
ထောက်လှမ်းရေးဗိုလ်မှူးကြီးတစ်ယောက် ကလောင်ဝင့်ထားတဲ့ စာအုပ်ထဲမှာ
“ရမခမန်မန်းဆိုင်ဒေသ မန်ခူးမန်ခါတွင် တပ်စွဲထားသော ခလရ ၃၃ ကို ဗကပတပ်မဟာ(၈)အင်အားများ
ဖြင့်တိုက်ခိုက်ပြီး မင်းရန်အောင်ထိုးစစ်ကို ရိုက်ချိုးလိုက်ပြီဟု ကြွားဝါခဲ့သည်။
လက်တွေ့တွင်ကား မင်းရန်အောင်ထိုးစစ်ကာလတွင် ဗကပ တပ်များတွင် သေကြေဒဏ်ရာရစုစုပေါင်း
၁၅ဝဝ ကျော်အထိနာခဲ့ပြီဖြစ်သည်။ တပ်ရင်းတပ်ဖွဲ့အသီးသီးတွင် လူအင်အားထိုးကျသွားတော့ သည်”လို့ရေးထားလို့ဖြစ်ပါတယ်။
သူကတော့ ဗကပကို ဘယ်လို သာသာနဲ့နာနာနှက်မလည်းဆိုတာ အာရုံစိုက်လွန်းရလို့ ကိုယ်အထိနာတာ တွေကို ဖြစ်နိုင်ရင် သမိုင်းထဲက
ဖျောက်ပစ်ချင်မှာပါ။ အမျိုးသားရင်ကြားစေ့ရေးတကယ်လုပ်ချင်ရင်
အဖြစ်မှန်ဖော်ထုတ်ရေးတွေ သမိုင်းမှန် ဖော်ထုတ်ရေးတွေ
မလုပ်မဖြစ်လုပ်ဖို့လိုလိမ့်မယ်။
ကျွန်တော်
မှတ်မိသလောက်ဆိုရင် ရှမ်းမြောက်မူဆယ်ကနေ မန်မန်းဆိုင် ယုံအောဒေသနဲ့ မိုင်းညှင်း
ပန်မာကောက်အလယ်၊ မဲခေါင်မြစ်အနီး ကော်ပါခါးနဲ့ မိုင်းယောင်းအထိ တိုက်ပွဲအတော်များများနဲ့
ဗကပက ထိုးစစ်ကိုတုန့်ပြန်ခဲ့တယ်။ ဒီစစ်ဆင်ရေးကြီးမှာ ဗကပ ဗဟိုအနီးက နယ်မြေတချို့ကို
အစိုးရဖက်ကရရှိသွားပေမယ့် အစိုးရဘက်မှာလည်း အတော်လေး အထိနာခဲ့တယ်။ မင်းရန်အောင်
ထိုးစစ်မှာ အစိုးရတပ် ဖက်မှာ အထိအနာဆုံးတိုက်ပွဲ ၅ ပွဲဖြစ်ပြီး အဲဒီထဲက ၂ ခုဟာ
ပန်ဆန်းဗကပဌာနချုပ်နဲ့အနီးဆုံး နေရာနှစ်ခုဖြစ်တဲ့ မန်မန်းဆိုင်နဲ့ ကောင်းလင်း
ကောင်းလန်းတို့မှာ ဖြစ်ပွားတာဖြစ်ပါတယ်။ ဒီတိုက်ပွဲ ၂ ပွဲဟာ
သုံးလကျော်လောက်ခြားပြီး တိုက်ခဲ့တာပါ။ တပ်မတော်သမိုင်းစာအုပ်ထဲမှာ ရော ခုနက
ထောက်လှမ်းရေးဗိုလ်မှူးကြီးဟောင်းစာအုပ်မှာပါ ကောင်းလင်းကောင်းလန်း တိုက်ပွဲ
အကြောင်း လေသံတောင်မဟခဲ့ကြဘူး။ အဲဒီတိုက်ပွဲ ကြီး ၂ ပွဲမှာ အစိုးရတပ်ဆုံးရှုံးမှု
ဘယ်လောက်ကြီးမားသလည်းဆိုရင် ခါတိုင်းတိုက်ပွဲဖြစ်ပြီးနောက်ပိုင်း သေနတ်သံတို့
အမြောက် သံတို့ ဖြိုးဖြိုးဖြောက်ဖြောက်ကြားရပေမယ့် ဒီတိုက်ပွဲတွေအပြီးမှာတော့ အစိုးရတပ်ဖက်က
ငြိမ်ကျသွားပြီး တစပြင်တစ်ခုလို ဘာသံမှ မထွက်တဲ့ အထိဖြစ်ခဲ့တာပါ။
မင်းရန်အောင်စစ်ဆင်ရေးဟာ
ဗကပဗဟိုအခြေစိုက်ရာ ပန်ဆန်းမြို့ကလေးကိုတိုက်ရိုက်ခြိမ်းခြောက်ပြီး ဗဟိုနဲ့
ရှမ်းပြည်အလယ်ပိုင်းကို ဖြတ်တောက်ဖို့၊ ဗဟိုလက်သီးတပ်တွေကို ထိန်းချုပ်ဖို့ရည်ရွယ်တဲ့
စစ်ဆင်ရေးဖြစ်ပါတယ်။ ဒီစစ်ဆင်ရေးကို စီမံကွပ်ကဲသူက ကစထမှူး
ဗိုလ်ချုပ်ထွန်းရီဖြစ်ပြီး တပ်မ ၇၇ ရှေ့တန်းဌာနချုပ်ကို
မိုင်းရှူးမှာလာအခြေစိုက်ပြီး ထိုးစစ်ဆင်တာဖြစ်ပါတယ်။ မြောက်ဖက် တောင်ပံကို
ရမခတပ်တွေနဲ့ထိုးပြီး။ ပန်ဆန်းနဲ့အနီးဆုံးမော်ဖဒေသနဲ့ယုံအောဒေသကို တပ်မ၇၇
နဲ့ထိုးတယ်။ တောင်ဖက်တောင်ပံအဖြစ် ပန်ဆန်းတောင် ဖက် မိုင်းညှင်းပန်မာကောက်ဒေသကိုလည်း
တပ်မ ၈၈ နဲ့ထိုးသလို ဗကပ ၈၁၅ ဒေသကိုလည်း တပ်မ ၈၈ နည်းဗျူဟာတစ်ခုနဲ့ထိုးခဲ့တယ်။
ဒီစစ်ဆင်ရေးကို
တပ်ရင်းပေါင်း ၃၄ ရင်းနဲ့ ၁၉၇၉ နိုဝင်ဘာမှာစတင်တာဖြစ်ပြီး ဗကပက အဲဒီနှစ်ထဲမှာ
ကျိုင်းတုံအရှေ့ဖက်တောင်ပံ ကော်ပါခါး တိုက်ပွဲနဲ့ ချင်းသေနတ်ကိုင်တပ်ရင်း ၎
စစ်ကြောင်းတစ်ကြောင်းလုံးကိုချေမှုန်းပြီး သုံ့ပန်း ၂ဝ နဲ့ လက်နက် ၈ဝ ကျော်
ဖမ်းဆီးနိုင်ခဲ့တယ်။ မုံးကိုးဘက်မှာလည်း မူဆယ်မြို့သိမ်းတိုက်ပွဲနဲ့
တန်ပြန်တိုက်ခိုက်ခဲ့တယ်။
အဲဒီအချိန်က
ပန်ဆန်းစစ်မျက်နှာမှာ တပ်များများမရှိသေးဘူး။ တပ်မ ၇၇ နည်းဗျူဟာတပ်ရင်း ၃ ရင်းနဲ့
ရမခ ခလရ ၃၃ ထိုးလာတာကိုနယ်ခံ ပြောက်ကျားအဖွဲ့တွေကဘဲ နှောက်ယှက်တာ
မိုင်းစစ်ဆင်တာလုပ်နိုင်ခဲ့တယ်။ နောက်မှ အသစ်ဖွဲ့စည်းခါစ တပ်မ ၄၈ ကို ပန်ဆန်း
စစ်မျက် နှာကို ရွှေ့ပြောင်းစေပြီး ထိုးစစ်ကို တုန့်ပြန်တာဖြစ်ပါတယ်။ တပ်မ ၄၈ ရဲ့
ပွဲဦးထွက်တိုက်ပွဲက မန်ခူးမန်ခါကို ဝင်ရောက်တပ်စွဲလာတဲ့ ခလရ ၃၃ ကို အခြေမမြဲခင်
အင်အားသုံးချေမှုန်းတာဖြစ်ပါတယ်။ ၁၂ဝ မမ စိန်ပြောင်းအကူနဲ့ ထိုးစစ်ဆင်တာ ၂
နာရီလောက်အတွင်း တပ်ရင်းမှူး အပါအဝင် လူ ၂ဝဝကျော်ကို ချေမှုန်းနိုင်ခဲ့တယ်။ ခလရ ၃၃
တပ်ခွဲ၁ တစ်ခုသာလွတ်သွားတယ်။
လက်နက်ကြီးငယ်မျိုးစုံ
၂ဝဝကျော်နဲ့ ရင်းမှူးအပါ သုံ့ပန်း ၁၂၁ ယောက်ကိုဖမ်းမိလိုက်တဲ့ တိုက်ပွဲဖြစ်ပါတယ်။
ဒီအရှုံးသတင်းကြောင့်
မင်းရန်အောင်စစ်ဆင်ရေးမှာပါသူတွေ အတိတ်ကြီး တိတ်သွားခဲ့ရတယ်။ ဒီတိုက်ပွဲမှာ အလောင်း ၁ဝဝ ထားခဲ့ရတယ်လို့ တပ်မတော် သမိုင်းမှာရေးထားပေမယ့် ဗကပဘက်က ပြန်တိုက်တဲ့ တပ်ရင်း ၄ ရင်းမှာ ကျဆုံးသူစုစုပေါင်း ၃၅ ယောက်ဘဲရှိတယ်။ ဒါတောင် ၅ဝ၃ တပ်ရင်းက ထိထိမိမိမတိုက်နိုင်ခဲ့လို့ အကျအဆုံး ပိုများသွားတာဖြစ်ပါတယ်။ ဒီတိုက်ပွဲအပြီးမှာ မင်းရန်အောင်စစ်ဆင်ရေးနောက်ထပ်
ရည်မှန်းချက်တွေကိုရပ်ပစ်ပြီး အစိုးရဘက်က သူ့တပ်တွေ ပြန်စုစည်းတာတွေလုပ်ကုန်တယ်။
မင်းရန်အောင်စစ်ဆင်ရေးမှာပါသူတွေ အတိတ်ကြီး တိတ်သွားခဲ့ရတယ်။ ဒီတိုက်ပွဲမှာ အလောင်း ၁ဝဝ ထားခဲ့ရတယ်လို့ တပ်မတော် သမိုင်းမှာရေးထားပေမယ့် ဗကပဘက်က ပြန်တိုက်တဲ့ တပ်ရင်း ၄ ရင်းမှာ ကျဆုံးသူစုစုပေါင်း ၃၅ ယောက်ဘဲရှိတယ်။ ဒါတောင် ၅ဝ၃ တပ်ရင်းက ထိထိမိမိမတိုက်နိုင်ခဲ့လို့ အကျအဆုံး ပိုများသွားတာဖြစ်ပါတယ်။ ဒီတိုက်ပွဲအပြီးမှာ မင်းရန်အောင်စစ်ဆင်ရေးနောက်ထပ်
ရည်မှန်းချက်တွေကိုရပ်ပစ်ပြီး အစိုးရဘက်က သူ့တပ်တွေ ပြန်စုစည်းတာတွေလုပ်ကုန်တယ်။
ဗကပရဲ့
နောက်ထပ်ပစ်မှတ်ကတော့ ထိုးစစ်ရဲ့အဓိက ရင်အုပ်ပိုင်းဖြစ်တဲ့ တပ်မ ၇၇ ဘဲဖြစ်ပါတယ်။
ဒီပစ်မှတ်အတွက် တပ်တွေ ကို ၃ လ လောက် ကောင်းကောင်းအနားပေးပြီး
နိုင်ငံရေးအရပညာပေးတာတွေ ပြင်ဆင်ဖွဲ့စည်းတာတွေလုပ်တယ်။ ဘာဖြစ်လို့လည်းဆိုရင်
ဒီတိုက်ပွဲဟာ ရှုပ်ထွေးတဲ့ တောင်ကြောတွေ လျှိုမြှောင်တွေကြားထဲမှာ ကိုယ့်တပ်တွေကိုနောက်ထဲသွင်းပြီး
တိုက်ရတဲ့တိုက်ပွဲဖြစ်လို့ပါဘဲ။ တိုက်ပွဲက ပိုစိတ်ဝင်စားစရာကောင်းသလို
ဦးစိုးသိမ်းပြောခဲ့တဲ့ ဗကပရဲ့စစ်နည်းဗျူဟာကိုလည်း စစ်ဦးစီးတွေ ပြန်လည်စွဲကိုင်ခဲ့ကြလို့
ဖြစ်ပါတယ်။
တပ်မ
၇၇ တာဝန်ကျတဲ့ မော်ဖဒေသနဲ့ ယုံအောဒေသဟာ ပန်ဆန်းနဲ့ တစ်ရက်နှစ်ရက်ခရီးဘဲ ဝေးပါတယ်။
အမြောက်သံတွေလည်း အတိုင်းသားကြားနေရတယ်။ တပ်အင်အားကျဲတဲ့အဲဒီဒေသက မက်မန်း၊
မွတ်နူး၊ဝမ်ကန်၊ ပန်ခါ၊ ပွိုင့် ၆ဝ၂၈၊ ပွိုင့် ၅၇၁ဝ၊တပ်ဗိုလ်စံ စတဲ့ အချက်အခြာနေရာအတော်များများကို
သူတို့ရသွားတယ်။ တပ်မ ၈၈ ကတော့ သူတို့လောက် မလွယ်ကူဘူး။ ပန်မာကောက် တောင်ကုန်းကို
အလွယ်တကူရမယ်ထင်ပြီး လေကြောင်းအကူနဲ့ထိုးစစ်ဆင်တာ အကြိမ်ကြိမ်လန်ကျနေတယ်။ အဲဒီမှာ
ခံစစ်ဆင်နေတဲ့ ဝ တပ်ဖွဲတစ်ဖွဲ့ဟာ အစာရေစာပြတ်တဲ့ကြားက ပန်မာကောက်ကို ရက်ပေါင်း ၄ဝ
ကျော်ဆက်ထိန်းထားတယ်။ ၁၉၇၉ ဧပြီင်္လ ၉ ရက်မှာတော့ တပ်မ ၄၈ တပ်ဖွဲ့ တွေ
ယုံအောစစ်မျက်နှာ လုံနောက်တောင်ကြောကို ရောက်သွားကြပြီ။ လျှိုတစ်ခုခံနေတာကို ညတွင်းချင်းဘဲ
ဖြတ်ကျော်ပြီး တွယ်နောက် တောင်ကြောကို နေရာယူလိုက်ကြတယ်။ တွယ်နောက်တောင်ကြောမှာ
နေရာယူအသင့်ပြင်ပြီးတာနဲ့ မနက် ၄ နာရီမှာ ကောင်းလင်းရွာ ခမရ ၁ဝ၅ ခြေကုတ်စခန်းကို
လက်နက်ကြီးပစ်ကူနဲ့ ထိုးစစ်ဆင်ကြတယ်။ ဒီတိုက်ပွဲက မမျှော်လင့်ဘဲ
ထင်တာထက်ပိုကြာတယ်။ မိုင်းတွေညှောင့် တွှေ ဆူးချွန် ၂ ထပ်စည်းရိုးတွေနဲ့
မဆုတ်တမ်းခံစစ်အဖြစ် ပြင်ဆင်ထားလို့ တိုက်ရခက်နေတယ်။ နေ့လည်ရောက်မှ သိမ်းမိတယ်။
တစ်ဖက်မှာလည်း
အဆင်ပြေချင်တော့ ကောင်းလင်း အောက်ဖက်ကပတ်ပြီး ပစ်မှတ်တစ်ခုကိုသွားနေတဲ့
ဗကပတပ်တစ်တပ်က အောက်ဖက် မှာရောက်ချိန်နဲ့ ကောင်းလင်းကဆုတ်လာတဲ့ ခမရ ၁ဝ၅ တပ်သားတွေ အပိတ်ခံလိုက်ရပြီးတိုက်ပွဲဖြစ်ပြန်တယ်။
ခမရ ၁ဝ၅ ဒုတိယအချီ အထိနာပြန်တယ်။ အဲဒီပိတ်တဲ့တပ်ဟာ
ကောင်းလင်းနဲ့မျက်နှာချင်းဆိုင်မှာရှိတဲ့ ကောင်းလန်းတောင်ကြောပေါ် ချောချောမောမောရောက်ပြီး
နဗဟရုံးစိုက်ထားရာ ဝမ်ကန်ကို ခြိမ်းခြောက်တဲ့အနေအထားကို ရရှိသွားတယ်။ တပ်မ၇၇ ဟာ
အဲဒီကောင်းလန်းကို မရမက ပြန်ယူမှာသေချာ သလောက်ဖြစ်သွားတယ်။ ဗကပစစ်ပရိယာယ်က
အဲဒီနေရာကစောင့်ပြီး ထိုးလာတဲ့တပ်တွေကို အေးအေးဆေးဆေး ချေမှုန်းဖို့ပါဘဲ။ ခန့်မှန်း
တဲ့အတိုင်းလည်း တကယ်ဖြစ်လာတယ်။ တပ်မမှူးဗိုလ်ချုပ်ချစ်ဆွေက ကောင်းလန်းကို မရရအောင်ပြန်သိမ်းဖို့
တပ်တွေလွှတ်တယ်။
ပထမဆုံးလွှတ်လိုက်တဲ့တပ်က
ကောင်းလင်းမှာ နှစ်ခါအထိနာခဲ့တဲ့ ခမရ ၁ဝ၅ ဖြစ်ပြီး ဒီတပ်ဟာ ကောင်းလန်းမှာလည်း
တက်ထိုးတာလန်ကျ ပြီး တတိယအကြိမ်အထိနာတယ်။ ဒါနဲ့ ရှမ်းသနက ၁ တပ်ရင်းကိုထပ်လွှတ်ပြန်တယ်။
လက်နက်ကြီးစာမိပြီးအထိနာပြန်တယ်။ နောက်ဆုံး တစ်တပ် ကတော့ လှော်ကားကြီးလို့ခေါ်တဲ့
လှော်ကားအခြေစိုက် ခလရ ၆ တပ်ရင်းဘဲဖြစ်ပါတယ်။
ဒီတစ်ခါတော့
၁ဝ၅ တို့ ရှမ်း ၁ တို့ လန်ကျသွားတဲ့နေရာကနေ မတက်ခိုင်းတော့ဘူး။ သံလွင်မြစ်ကမ်းကနေ
လျှိုကြီးအတိုင်း တောတိုးစေပြီး ကောင်းလန်းရဲ့ မြောက်ဖက်တောင်ခါးပန်းကနေ
ထိုးခိုင်းတာဖြစ်နေတယ်။ ကံမကောင်းချင်တော့အဲဒီတောင်ခါးပန်းဟာ ဗကပတပ်တွေ နေရာယူထားတဲ့
ကောင်းလင်းတောင်ကြောကို ကျောပေးပြီးတက်မှရတဲ့ လမ်းကြောင်းဖြစ်နေတယ်။ လှော်ကားကြီးတပ်တွေဟာ
အဲဒီလမ်း အတိုင်းလေကြောင်းပစ်ကူအားကိုးနဲ့ တကယ်ဘဲ တက်လာကြတယ်။ ကောင်းလန်းက
ကိုယ့်ရဲဘော်တွေကိုပစ်နေတဲ့ လောင်ချာမီးခိုးတွေ ၉ဝ မမ ဘဇူကာပစ်တာတွေကို
ကောင်းလင်းကြောပေါ်က အတိုင်းသားမြင်နေရတယ်။ ဗကပ ဟာ ခလရ ၆ အဆုတ်မှာ ပိတ်ဖို့ ကိုယ်တပ်ဖွဲ့တစ်ခု
စေလွှတ်တာလုပ်ပြီး အသင့်ဖြစ်တာနဲ့ ကျောပေးတက်နေတဲ့ကောင်းလန်းတောင်ကြော ခါးပန်းပေါ်က
ခလရ ၆ ကို ကောင်းလင်းဘက်ကနေ လက်နက်ကြီးငယ်သုံးပြီး တိုက်ပစ်ကြတယ်။ အဲဒီက
လန်ကျလာတဲ့ ခလရ ၆ တပ်တွေကို လျှိုအောက်ပိုင်းကနေ ပိတ်ပြီးစောင့်နေတဲ့တပ်က
ထပ်တိုက်ပစ်လိုက်လို့ လက်နက်တွေ သုံ့ပန်းတွေထပ်ရပြန်တယ်။
ယုံအောစစ်မျက်နှာမှာ
နောက်ဆုံးတိုက်ပွဲကတော့ ဗိုလ်စံကုန်းလို့ခေါ်တဲ့ တပ်ဗိုလ်စံစခန်း တိုက်တာဖြစ်ပါတယ်။
တကယ်က တိုက်ပွဲလို့ တောင်ခေါ်လို့မရပါဘူး။ ဒီစခန်းက စခန်းဟောင်းဖြစ်ပြီး
နဗဟရုံးစိုက်ရာ ဝမ်ကန်တို့ ပန်ခါတို့အတွက် အရေးကြီးတဲ့စခန်းဖြစ်ပါတယ်။ ဗကပတပ်တွေဟာ
ကောင်းလန်းတိုက်ပွဲအပြီးမှာ ၁၂ဝ မမတွေယူပြီး ဝမ်ကန်စခန်းနဲ့ ခပ်နီးနီးအထိ
တိတ်တိတ်ချဉ်းကပ်သွားတယ်။ နောက် တော့ လက်နက်ကြီးတွေနဲ့ပစ်ပြီး
ချက်ချင်းပြန်ဆုတ်တယ်။ အဲသလိုဘဲ တပ်ဗိုလ်စံစခန်းကိုလည်း လက်နက်ကြီးတွေနဲ့ ထိတ်ထိတ်ပျာပျာ
ဖြစ်အောင်လုပ်ဖို့ပြင်ထားတယ်။ တိုက်ပွဲမစခင် ဗကပ ၃ဝ၃၅ တပ်ရင်းကို တပ်ဗိုလ်စံစခန်းက
မြင်လောက်တဲ့အကွာအဝေးမှာ အရောင်ပြ နေစေတယ်။ လက်နက်ကြီးတွေ စုပြုံပစ်လိုက်တဲ့အခါ
လက်နက်ကြီးထိမှန်ထားတဲ့ တပ်ဗိုလ်စံကတပ်ဟာ ဗကပ တပ်တွေထိုးစစ်ဆင်ပြီ ထင်ပြီး ဆုတ်ပြေးတော့တာဘဲ။
ဒီစခန်းကိုလည်း ထိုးစရာမလိုဘဲ သိမ်းလို့ရသွားတယ်။ အဲဒီစခန်းမှာရှိတဲ့တပ်က သုံးကြိမ်အထိနာပြီးဖြစ်တဲ့
ခမရ ၁ဝ၅ ဘဲဖြစ်ပါတယ်။ ခမရ ၁ဝ၅ ဟာ တပ်ပျက်သလောက်ဖြစ်သွားလို့ နောက်တန်းကို ဖွဲ့စည်းဖို့
ပြန်လွှတ်လိုက်တဲ့အခါ သံလွင် အနောက်ဖက် သူတို့ပါလာတဲ့ကားတန်းကို တပ်မဟာ ၆၈၃ က
လမ်းဖြတ်တိုက်တာ ခံလိုက်ရပြန်တယ်။
ဒီတိုက်ပွဲစဉ်မှာ
တပ်မ ၇၇ တပ်ရင်း ၃ ရင်း အထိနာသွားတယ်လို့ပြောရမှာပါ။ အစိုးရတပ်သား ၁၅၂
ယောက်ကျဆုံးပြီး သုံ့ပန်းတွေလည်း အဖမ်းခံလိုက်ရတယ်။ တပ်ဗိုလ်စံက
ထောက်ပံ့ရေးစခန်းဆိုတော့ လက်နက်ခဲယမ်းတွေ ရိက္ခာတွေတစ်ပုံကြီး ဆုံးရှုံးသွားတယ်။ ဒီအကြောင်း
ခုနကစာအုပ်တွေမှာ ဘာလို့မထည့်သလည်းဆိုတာ စာရှုသူ ရိပ်မိလောက်ပါပြီ။ အဲဒီတိုက်ပွဲတွေအတွင်းမှာဘဲ
မင်းရန်အောင်စစ်ဆင်ရေး ရည်မှန်းချက်ဖြစ်တဲ့ ပန်ဆန်းနဲ့
ရှမ်းပြည်အလယ်ပိုင်းအဆက်ဖြတ်ရေးဟာလည်း ပျက်စီးသွားတယ်။ အသစ်ဖွဲ့ပြီးစ ဗကပ
အလယ်ပိုင်း ဗျူရိုအဖွဲ့ဟာ သံလွင်မြစ်ကို ချောချောမောမောဖြတ်ကူးပြီး
ရည်မှန်းချက်ကို ရောက်ရှိသွားပါတယ်။
၁၉၇၉
ဟာ ဗကပသမိုင်းအတွက် အရေးကြီးတဲ့နှစ်တစ်နှစ်ဖြစ်ပါတယ်။ နောင်အခါ ဝတွေအာဏာသိမ်းပြီး
အသံလွှင့်ရာမှာ ၁၉၇၉ နှစ်ကို စည်းကြောင်းအဖြစ် ပြောဆိုတာတွေ့ရတယ်။ “၁၉၇၉ မတိုင်မီက
အခြေအနေကောင်းခဲ့တယ်။ အခုတော့အဲသလိုမဟုတ်တော့ဘူး”လို့ အသံ လွှင့်ခဲ့တယ်။ ဗကပဟာ
စစ်နည်းဗျူဟာအရ ၁၉၇၉-၁၉၈ဝတွေ အထိ အနိုင်တိုက်နိုင်စွမ်းရှိနေသေးတယ်။ နယ်စပ်မှာ
ရန်သူကို မျှားခေါ်ပြီး ချေမှုန်းရေးဆိုတဲ့အမြင်ဟာ ၁၉၇၉ မှာ
အစွမ်းကုန်ဖူးပွင့်တယ်လို့တောင် ဆိုနိုင်တယ်။ ဘာဖြစ်လို့လည်းဆိုတော့ အဲဒီကာလအထိ တဖက်
နိုင်ငံက နိုင်ငံတကာ့အကူအညီတွေ ဆက်ပြီးရနေဦးမယ်လို့တွေးခဲ့ကြပြီး
လက်နက်ခဲယမ်းအပြည့်အစုံနဲ့ ရန်သူကို အချိန်မရွေး ရင်ဆိုင်နိုင်မယ် လို့ အားလုံးက
ထင်ခဲ့ကြလို့ဖြစ်ပါတယ်။
အဲဒီမင်းရန်အောင်စစ်ဆင်ရေးတိုက်ပွဲတွေဖြစ်နေတုံးမှာဘဲ
ဗကပကို တစ်ဖက်နိုင်ငံက အကူတွေရပ်လိုက်ပြီဆိုတဲ့သတင်းတွေ ကျွန်တော်တို့ စပြီးကြားလိုက်ရတယ်။
မင်းရန်အောင်စစ်ဆင်ရေးလုပ်တာကိုယ်၌က တရုတ်ပြည်ကို ဗိုလ်နေဝင်းသွားတုံးက ဗကပကို
မကူတော့ဘူးဆိုတဲ့ ဂတိရလာလို့ဆိုတဲ့ ကောလာဟလတစ်ခုလည်း အဲဒီအချိန်က ထွက်လာသေးတယ်။
တကယ်က ၁၉၆၇ ခုနှစ်တုံးက ဗကပနဲ့ချုပ်ဆိုတဲ့ စာချုပ်အရ တစ်ဖက်နိုင်ငံရဲ့အကူအညီဟာ ၁ဝ
နှစ် ဘဲဖြစ်ပါတယ်။ ဗကပခေါင်းဆောင်တွေဟာ ၁၉၇၇ ကထဲက ကိုယ့်ဒူးကိုယ်ချွန်လုပ်ဖို့
တိုက်တွန်းနေတာလည်း ဒါကြောင့်ပါဘဲ။ ၁၉၈ဝ မှာတော့ နိုင်ငံတကာ့အကူတွေ မရတော့ဘူး၊
ရှိထားတဲ့လက်နက်ခဲယမ်းတွေနဲ့ ၁ဝ နှစ် ခံအောင်ချွေတာပြီး တိုက်ကြရမယ်ဆိုတဲ့သတင်းတွေ
အောက်ခြေအထိပြန့်လာခဲ့တယ်။ ဒီအချက်ဟာ ဗကပတပ်တွေထဲမှာ စိတ်ဓာတ်အရ
အတော်လေးထိခိုက်စေတဲ့အချက်တစ်ခု ဖြစ် လာခဲ့တယ်။
နေဦးဝေ
https://www.facebook.com/The-Communist-1458107654491426/?__xts__[0]=68.ARAqGW7glj1K6hpuN_EV3gDTAbln5uQC-XRXGPWLaeMo08r5zkoZOx8VELjJ34hU288LSlMdc8mGETpb3LH3L2mA1MgzRzspAHV2GtIgw9iTpx-8ZF7x31YMBm_J60n0fAiMHzumy1uf0-4epQh4F1FjlAmM6snVKTLdsnT_sUjEbkh_bFjHg2AADtHPRPgjZv_g35ytQr9AD4wIdJUnv1xsdHuifzV2lCjBQxIZ0lboW6-MFtosbcGTPUDu4NncJHyG_qMArimPNCJN5H25wIpc_sNSXhrmqRqWa5x-CXzdL853V05Bej6ZrELFIKuNnQB2g49zYiGL4_IpFxnGCwduALAIမှ
ကူးယူဖော်ပြပါသည်
0 comments:
Post a Comment