လွတ်မြောက်ဒေသပန်ဆန်းမှာ ၁ဝ နှစ်ကြာ(နေဦးဝေ)(၆)
(၆)
ရှမ်းပြည်အလယ်ပိုင်းရောက် ‘ဝ’တပ်များ
“ ပါတီမှာအခွင့်အလမ်းကောင်းတွေပေါ်လာရင် မမျှော်လင့်တဲ့ အခက်အခဲတွေဖြစ်လာတတ်တယ်။ ဒါပေမယ့် တော်လှန်ရေးဆိုတာအမြဲရှုံးနေတာ မဟုတ်ဘူး။ အောင်ပွဲခံနိုင်မယ့်အလားအလာတွေလည်း ရှိနေသေးတယ်။ ကျွန်တော်တို့လုပ်နိုင်ရင် လုပ်နိုင်သလောက် ပါတီနဲ့ပြည်သူအတွက် အကျိုးရှိစေမှာပါ” လို့အမြဲပြောတတ်တဲ့ ရှမ်းပြည်အလယ်ပိုင်း ဗကပတပ်မှူး ဗိုလ်ခင်ညိုရဲ့ ၇၅၁ဝ စီမံကိန်းနဲ့ပတ်သက်တဲ့အမြင်ကလည်း မှတ်သားစရာကောင်းတယ်။ ပါတီမှာ မှန်ကန်တဲ့ပေါ်လစီတွေရှိရုံနဲ့မပြီးဘူး၊ ဒီပေါ်လစီကို အခိုင်အမာအကောင်အထည်ဖော်မယ့် ကေဒါကောင်း တွေ ရှိဖို့လည်းလိုတယ်။ ပါတီဟာ သံလွင်မြစ်အနောက်ဘက်ထိုးဖောက်ရေးဆိုတဲ့ ၇၅၁ဝ စီမံကိန်းကိုချနိုင်ခဲ့ပေမယ့် အခိုင်အမာအကောင်အထည်ဖော်တဲ့ ကေဒါတွေမှာ စိတ်ပိုင်းဖြတ်မှုမလုံလောက်ရုံမက ဒီကေဒါတွေကို ပါတီက ထိန်းချုပ်နိုင်စွမ်းမရှိဘူးလို့ သူကယူဆပါတယ်။
“ ပါတီမှာအခွင့်အလမ်းကောင်းတွေပေါ်လာရင် မမျှော်လင့်တဲ့ အခက်အခဲတွေဖြစ်လာတတ်တယ်။ ဒါပေမယ့် တော်လှန်ရေးဆိုတာအမြဲရှုံးနေတာ မဟုတ်ဘူး။ အောင်ပွဲခံနိုင်မယ့်အလားအလာတွေလည်း ရှိနေသေးတယ်။ ကျွန်တော်တို့လုပ်နိုင်ရင် လုပ်နိုင်သလောက် ပါတီနဲ့ပြည်သူအတွက် အကျိုးရှိစေမှာပါ” လို့အမြဲပြောတတ်တဲ့ ရှမ်းပြည်အလယ်ပိုင်း ဗကပတပ်မှူး ဗိုလ်ခင်ညိုရဲ့ ၇၅၁ဝ စီမံကိန်းနဲ့ပတ်သက်တဲ့အမြင်ကလည်း မှတ်သားစရာကောင်းတယ်။ ပါတီမှာ မှန်ကန်တဲ့ပေါ်လစီတွေရှိရုံနဲ့မပြီးဘူး၊ ဒီပေါ်လစီကို အခိုင်အမာအကောင်အထည်ဖော်မယ့် ကေဒါကောင်း တွေ ရှိဖို့လည်းလိုတယ်။ ပါတီဟာ သံလွင်မြစ်အနောက်ဘက်ထိုးဖောက်ရေးဆိုတဲ့ ၇၅၁ဝ စီမံကိန်းကိုချနိုင်ခဲ့ပေမယ့် အခိုင်အမာအကောင်အထည်ဖော်တဲ့ ကေဒါတွေမှာ စိတ်ပိုင်းဖြတ်မှုမလုံလောက်ရုံမက ဒီကေဒါတွေကို ပါတီက ထိန်းချုပ်နိုင်စွမ်းမရှိဘူးလို့ သူကယူဆပါတယ်။
ဗိုလ်ခင်ညိုဟာ
၄၉ မျိုးဆက်ဆိုတဲ့ ပါတီရဲ့ဒုတိယမျိုးဆက် တပ်မှူးကောင်းတစ်ယောက်ဖြစ်ပါတယ်။ စစ်ထဲဝင်ဖို့
အသက်မပြည့်လို့အသက် လိမ်ပြီး ပါတီနောက်လိုက်ခဲ့သူ မြင်းခြံတောင်သာသား ကျောင်းသားတစ်ယောက်ပါဘဲ။
သူ့ကို အသက်ငယ်လို့ဆိုပြီး ရဲခေါင်ကျောင်းသားအဖွဲ့ ပို့လိုက်ကြတယ်။ နောက်တော့
ဗိုလ်အာဠာဝကဦးစီးတဲ့ တောင်သာပြင်စည်ကနားရှိ အမှတ် ၄ တပ်မကို သူရောက်သွားတယ်။
အဲဒီကနေ တပ်ရင်းတစ်ရင်းနဲ့အတူ ပျဉ်းမနားကိုပြောင်းလာပြီး ဗိုလ်ရန်အောင်ဦးစီးတဲ့
တပ်မကြီး ၁ တပ်ရင်း ၂ မှာ ရုံး လုပ်သားလုပ်ရတယ်။ သူပါဝင်တဲ့ တပ်ရင်း ၂ ဟာ
တိုက်ခိုက်ရေးဘက်မှာနာမည်ကောင်းရတဲ့တပ်ဖြစ်ပြီး လယ်ဝေး လှံစွပ်ထိုးတိုက်ပွဲတို့
ပျဉ်းမနားအနီးကပ်တိုက်ပွဲတို့မှာ သတ္တိပြခဲ့တဲ့တပ်ဖြစ်သလို တပ်ခွဲမှူးတွေကျဆုံးတာတွေလည်း
မျက်စိရှေ့မှာပင်မြင်တွေ့ခဲ့ဘူးသူဖြစ်ပါတယ်။
၃
နှစ်တာ တိုက်ပွဲတွေကျော်ဖြတ်လိုက်တဲ့အခါမူလက လူ ၄ဝဝ လောက်ရှိတဲ့တပ်ရင်းဟာ လု ၂ဝဝ တောင်မပြည့်တော့ဘူး။
နောက်ပိုင်း မှာတော့ တော်လှန်ရေးဒီရေကျဆင်းလာပြီးတပ်တွင်းစည်းလုံးမှုတွေ၊
တပ်တွင်းစည်းကမ်းတွေ၊ တပ်တွင်းဒီမိုကရေစီတွေ ဆုတ်ယုတ်လာပြီး အင်အားလည်း အများကြီးလျော့ကျသွားတယ်။
၁၉၅၂ မှာတော့ တပ်မှူး ဗိုလ်မြသန်း ( ၁၉၇ဝ သခင်တင်ထွန်းနဲ့အတူကျဆုံးသွားသူ) ဦးစီးတဲ့
သူတို့တပ်ရင်းဟာ ရှမ်းပြည်နယ်သစ်တိုးချဲ့ရေးစီမံကိန်းအရ ပေါင်းလောင်းနမ့်ဖာဒေသကို
ရောက်လာပါတယ်။
သူ့ကို
ကျွန်တော် မုံးကိုးမှာ ပထမဆုံးတွေ့ဘူးတာဖြစ်ပါတယ်။ ၁ဝ၈ ပြောက်ကျားဒေသကတက်လာပြီး အရှေ့မြောက်အခြေခံဒေသတွေကို
လှည့်ကြည့်ခွင့်ရလို့ မုံးကိုးကို သူတို့အဖွဲ့ရောက်လာတာဖြစ်ပါတယ်။ သူတို့မလာခင်ကထဲက
အလယ်ပိုင်းဗဟိုဌာနခွဲသခင်တင်ထွန်းရဲ့ ရုံးအဖွဲ့ကို သဲကြီးမဲကြီးလိုက်နေတဲ့ အထူးကွန်မင်ဒိုတပ်စုတစ်စုကို
ကျောက်ဂူအနီး လုံဝယ်ရွာနားမှာ အနီးကပ်ချေ မှုန်းတဲ့တိုက်ပွဲတိုက်ကွက် ဖော်ခဲ့သူအဖြစ်
ဗိုလ်ခင်ညိုအကြောင်းကို အဲဒီတိုက်ပွဲမှာပါခဲ့တဲ့ ညောင်ရွှေသား ရဲဘော်စံဝင်းက
ပြန်ပြောပြလို့ ကျွန်တော်တို့ ကြားဘူးနေခဲ့တယ်။ ကိုစံဝင်းက အဲဒီတုံးက မုံးကိုးအလုပ်အဖွဲ့မှာရှိနေလို့
ရှမ်းပြည်အလယ်ပိုင်း ပြောက်ကျားဒေသ ဘယ်လိုခက်ခက်ခဲခဲ ရပ်တည်ခဲ့သလည်းဆိုတာတွေ
မကြာခဏပြောပြခဲ့ဘူးပါတယ်။ မုံးကိုးကိုလာတုံးက ၁၉၄၉ ကာလ ရဲဘော်တွေဟာ
ပါတီလမ်းစဉ်တို့ဘာတို့ သိပ်နားမလည်သလို အကြားအမြင်ဗဟုသုတလည်းနည်းတဲ့အကြောင်းတွေကို
ရယ်စရာမောစရာအဖြစ်ဦးခင်ညို ပြန်ပြောပြခဲ့တာမှတ်မိ နေသေးတယ်။
၁၉၄၉
ခု ကရင်တွေနဲ့အတူ မြို့တစ်ခုကိုသိမ်းကြတော့ ကရင်တပ်တွေမှာ အလံတွေထူထားပြီး
ကိုယ့်တပ်မှာတော့ ဘာအလံမှမရှိ ဘူးတဲ့။ ဒါနဲ့ ဒို့လည်း ပါတီအလံတစ်ခုတော့ထူမှဆိုပြီး
စဉ်းစားတယ်။ ဒါပေမယ့်ပါတီအလံကို မြင်ဘူးတဲ့သူမရှိသလောက် ဖြစ်နေတယ်။ ဒီအခါမှာ တပ်စုမှူး
တစ်ယောက်ကနေပြီး ဒို့ပါတီကို အလံဖြူပါတီလို့ခေါ်တာကြားဘူးတယ်ကွ။ ဒီတော့အလံဖြူထောင်ကြတာပေါ့လို့
ဆုံးဖြတ်လိုက်တယ်။ မေမြို့ထဲမှာ သူတို့တပ်သားတွေ အလံဖြူကြီးထူပြီးလှည့်ကြသတဲ့။
တကယ်က အလံဖြူဆိုတာ သခင်စိုးက ရန်သူကို ဒူးထောက်တဲ့ပါတီဆိုပြီး ဗကပကို နာမ်နှိမ်ခေါ်ထားတာပါ။
သခင်စိုးက သူ့ပါတီကိုတော့ တော်လှန်တဲ့ပါတီမို့လို့ အလံနီလို့ခေါ်ခဲ့တယ်။ နောက်ပိုင်းမှာ
အစိုးရသတင်း စာတွေက ဗကပကို နစ်ဖြူ အလံနီပါတီကို နစ်နီလို့ရေးကြတယ်။ နောက်ဆုံးမှာ
ရောင်စုံသူပုန်ဆိုပြီး အကုန်နှိမ့်ချ ပစ်လိုက်တော့တာပါဘဲ။
ဦးခင်ညိုကတော့
သူတို့ဒေသက ဗဟိုနဲ့အလှမ်းဝေးတော့ ပါတီလမ်းစဉ်အသစ်ပြောင်းရင်တောင် အတော်လေးနောက်ကျမှ
သိကြတယ်တဲ့ လေ။ လမ်းစဉ်ပေါ်လစီတွေမှန်ရုံနဲ့မပြီးဘူး ကေဒါတွေလည်းရှိဖို့လိုတယ်ဆိုတဲ့သူ့အမြင်ဟာ
အဲဒီကာလလောက်ကတည်းက ဖြစ်တည်လာခဲ့ သလားလို့တောင် ယူဆရပါတယ်။
၇၅၁ဝ
စီမံကိန်းဟာ ၁၉၇၅ နိုဝင်ဘာလောက်မှာစတင်ပြီး ၁၉၇၉ ခုလောက်မှာ တဖြည်းဖြည်းရုပ်လုံးပေါ်လာတယ်လို့
ဆိုနိုင်ပါတယ်။
တပ်မဟာနိုင်ငံရေးမှူး လီကျုံးချန်ဦးဆောင်တဲ့ တပ်ရင်း ၃ ရင်း တပ်အင်အား ၈ဝဝ လောက်ပါတဲ့ ၆၈၃ တပ်မဟာနဲ့ ဗကပ ၁ဝ၈ တပ်ဖွဲ့
တို့ဟာ ဒီစီမံကိန်းမှာ အဓိကအင်အားတွေဖြစ်ပြီး တိုင်းရင်းသားမဟာမိတ်တပ်များရဲ့ ဝိုင်းဝန်းကူ့ညီမှုနဲ့ ရုပ်လုံးဖော်ရတာဖြစ်ပါတယ်။
တပ်မဟာနိုင်ငံရေးမှူး လီကျုံးချန်ဦးဆောင်တဲ့ တပ်ရင်း ၃ ရင်း တပ်အင်အား ၈ဝဝ လောက်ပါတဲ့ ၆၈၃ တပ်မဟာနဲ့ ဗကပ ၁ဝ၈ တပ်ဖွဲ့
တို့ဟာ ဒီစီမံကိန်းမှာ အဓိကအင်အားတွေဖြစ်ပြီး တိုင်းရင်းသားမဟာမိတ်တပ်များရဲ့ ဝိုင်းဝန်းကူ့ညီမှုနဲ့ ရုပ်လုံးဖော်ရတာဖြစ်ပါတယ်။
ဒီနေရာမှာ
အရှေ့မြောက်စစ်ဒေသနဲ့ သံလွင်အနောက် ရှမ်းပြည်အလယ်ပိုင်း ပြောက်ကျားဒေသတို့အကြား
အလွန်ကွာခြားတဲ့ ပကတိ
အခြေအနေတွေကိုထည့်မတွက်ဘဲ အောင်သလားရှုံးသလားဆိုတာကို နိဂုံးချုပ်မယ်ဆိုရင် သမိုင်းအချက်အလက်မပြည့်စုံနိုင်ပါဘူး။
စီမံကိန်းတစ်ခု အကောင်အထည်ဖော်ရာမှာ ပကတိဘာဝအကြောင်းအချက်တွေနဲ့ ဆန္ဒပိုင်းဆိုင်ရာအကြောင်းအချက်တွေ ၂ မျိုးစလုံး
ထည့်သွင်းနိုင်မှသာ မှန်ကန်တဲ့လမ်းကြောင်းပေါ် ရောက်မှာဖြစ်ပါတယ်။
အခြေအနေတွေကိုထည့်မတွက်ဘဲ အောင်သလားရှုံးသလားဆိုတာကို နိဂုံးချုပ်မယ်ဆိုရင် သမိုင်းအချက်အလက်မပြည့်စုံနိုင်ပါဘူး။
စီမံကိန်းတစ်ခု အကောင်အထည်ဖော်ရာမှာ ပကတိဘာဝအကြောင်းအချက်တွေနဲ့ ဆန္ဒပိုင်းဆိုင်ရာအကြောင်းအချက်တွေ ၂ မျိုးစလုံး
ထည့်သွင်းနိုင်မှသာ မှန်ကန်တဲ့လမ်းကြောင်းပေါ် ရောက်မှာဖြစ်ပါတယ်။
ရှမ်းပြည်အလယ်ပိုင်းပြောက်ကျားဒေသဟာ
၁၉၅၄ လောက်ကထဲက ထိုးစစ်မျိုးစုံ ပြင်းပြင်းထန်ထန် အဆက်မပြတ်ရင်ဆိုင်နေရတဲ့ဒေသ ဖြစ်ပြီး
ဗကပအရှေ့မြောက်နယ်စပ်တိုက်ပွဲတွေပေါ်လာတဲ့ ၁၉၇ဝ နောက်ပိုင်းမှာတော့ အပြင်းထန်ဆုံးထိုးစစ်တွေနဲ့ရင်ဆိုင်ခဲ့ရတယ်။
စစ်တပ်တွေ တပ်စွဲထားပုံကလည်း အလွန်စိပ်ပြီး အထပ်ထပ်ပိတ်ဆို့ ဝိုင်းပတ်ထားတာဖြစ်သလို
တပ်မ၊ တပ်ရင်းအသစ်တွေကိုလည်း ကွန်ယက်သဖွယ်ဖြစ်နေတဲ့ ကားလမ်းတွေကနေ အချိန်မရွေး
ရွှေ့ပြောင်းအင်အားဖြည့်လို့ရတဲ့ဒေသဖြစ်နေတယ်။ ဒေသခံရွာတွေကို ဖြတ် ၄ ဖြတ်တွေ၊
မဟာဗျူဟာ ရွာတည်ထောင်တာတွေလည်း ဗီယက်နမ်မှာ
အမေရိကန်တပ်ကလုပ်သလိုလုပ်နေတာဖြစ်ပါတယ်။
အဲဒီ
ဒေသကရွာတွေမှာ နေထိုင်သူအများစုဟာ ရှမ်း ဓနု ပလောင် ပအို့ဝ်စတဲ့
တိုင်းရင်းသားတွေဖြစ်ပြီး စပါးစိုက်တဲ့နယ်က ကျောက်ဂူ၊
မိုင်းယွန်း၊ မိုင်းလန်း၊ မိုင်းပြင်းကွင်းတွေဘဲရှိပါတယ်။ နောင်လုံနောင်ဝိုးစတဲ့နေရာတွေကတော့ မြေပဲအများအပြားစိုက်ပျိုးတယ်။ကျောက်ဂူ မြို့နယ်မှာ ရွာ ၂၇ ရွာရှိပြီး အိမ်ခြေ ၁၅ဝဝ ကျော်ရှိသလို နောင်လုံမြို့နယ်မှာ ရွာ ၁၅ ရွာအိမ်ခြေ ၈ဝဝ လောက်ရှိတယ်။ နောင်လုံမှာတော့ ရွာ ၂၃ ရွာ အိမ်ခြေ ၁ဝဝဝ ကျော်ရှိတယ်။ အရှေ့ဘက်မှာရှိတဲ့ မိုင်းယွန်းမိုင်းလန်းဒေသဟာ ၁ဝ၈ နယ်မြေဖြစ်ပေမယ့် ဗိုလ်မိုးဟိန်းရဲ့ SURA တပ်တွေ မကြာခဏ နှောက်ယှက်တတ်တဲ့နေရာတွေဖြစ်ပါတယ်။ ဒီဒေသအနောက်ဖက်နဲ့မြောက်ဖက်မှာ ဒုဌာဝတီမြစ်တို့ မိုးလုံးဟိန်းလို တောင်ကုန်းတောင်တန်းတွေရှိပြီး နောင်ဝိုး ကျောက်ဂူ အင်တော ရပ်စောက်လမ်းနဲ့ နမ့်လန်မန်လီ တုံလော ကနေ မိုင်းလန်း ရပ်စောက် ဟဲဟိုးလမ်းတွေရှိနေတယ်။
မိုင်းယွန်း၊ မိုင်းလန်း၊ မိုင်းပြင်းကွင်းတွေဘဲရှိပါတယ်။ နောင်လုံနောင်ဝိုးစတဲ့နေရာတွေကတော့ မြေပဲအများအပြားစိုက်ပျိုးတယ်။ကျောက်ဂူ မြို့နယ်မှာ ရွာ ၂၇ ရွာရှိပြီး အိမ်ခြေ ၁၅ဝဝ ကျော်ရှိသလို နောင်လုံမြို့နယ်မှာ ရွာ ၁၅ ရွာအိမ်ခြေ ၈ဝဝ လောက်ရှိတယ်။ နောင်လုံမှာတော့ ရွာ ၂၃ ရွာ အိမ်ခြေ ၁ဝဝဝ ကျော်ရှိတယ်။ အရှေ့ဘက်မှာရှိတဲ့ မိုင်းယွန်းမိုင်းလန်းဒေသဟာ ၁ဝ၈ နယ်မြေဖြစ်ပေမယ့် ဗိုလ်မိုးဟိန်းရဲ့ SURA တပ်တွေ မကြာခဏ နှောက်ယှက်တတ်တဲ့နေရာတွေဖြစ်ပါတယ်။ ဒီဒေသအနောက်ဖက်နဲ့မြောက်ဖက်မှာ ဒုဌာဝတီမြစ်တို့ မိုးလုံးဟိန်းလို တောင်ကုန်းတောင်တန်းတွေရှိပြီး နောင်ဝိုး ကျောက်ဂူ အင်တော ရပ်စောက်လမ်းနဲ့ နမ့်လန်မန်လီ တုံလော ကနေ မိုင်းလန်း ရပ်စောက် ဟဲဟိုးလမ်းတွေရှိနေတယ်။
အရှေ့ဘက်ခြမ်းမှာတော့
နမ့်ပန်ချောင်းတို့ ကျေးသီး မိုင်းနောင်လမ်းတို့ လဲခြား မိုင်းရှူးလမ်းတို့
မိုင်းကိုင်လည်းခြားလမ်းတို့အပြင် တောင်ဖက် မှာ ပြည်ထောင်စုကားလမ်းကြီးဖြတ်သန်းရာ
နမ့်စန်မြို့ကနေလည်းခြား မိုင်းကိုင်ကိုဆက်ထားတဲ့ လမ်းကြီးရှိနေတာပါ။ နမ့်စန်ဟာ
စစ်လေ ယာဉ်တွေအတက်အဆင်းလုပ်ရာ စစ်လေဆိပ်လည်းဖြစ်ပါတယ်။
ဒါတွေဟာ
၇၅၁ဝ စီမံကိန်းအကောင်အထည်ဖော်ရမယ့် စစ်ဇာတ်ခုံပုံကြမ်းဖြစ်ပါတယ်။ ဒီစစ်ဇာတ်ခုံကတောင်းဆိုတာကတော့
တပ်အင်အား ကြီးကြီး တစ်နေရာထဲစုဖွဲ့ထားရင် စားနပ်ရိက္ခာအခက်အခဲရှိသလို
လှုပ်ရှားရာမှာလည်း ရန်သူအချိန်မရွေးသိသွားနိုင်တယ်။ ရန်သူဟာ
ပြင်ပကတပ်သစ်တွေသွင်းပြီး အင်အားစုဖွဲ့ထားတဲ့နေရာကို သဲသဲမဲမဲထိုးစစ်ဆင်လို့လွယ်တယ်။
တစ်ဖက်မှာတော့ ရန်သူချေမှုန်းရေး လုပ်ချင်ရင် ရန်သူအင်အားထက်သာလွန်တဲ့
မိမိအင်အားနဲ့တိုက်မှရမှာဖြစ်တဲ့အတွက် ချေမှုန်းစစ်ပွဲ သိပ်များများမလုပ်နိုင်ဘူး။
ပြောက်ကျားစစ်ဘဲလုပ်နိုင်တယ်။ အင်အားတစ်စုတစ်ဝေးထဲမထားဘဲ ဖြန့်ခွဲထားရင်
တပ်အတွက်စားနပ်ရိက္ခာအဆင်ပြေမှာဖြစ်သလို ဖြန့်ခွဲလိုက်တဲ့တပ်တွေနဲ့
အခြေခံဒေသတည်ဆောက်ရေးတွေ လူထုလုပ်ငန်းတွေလုပ်လို့ရတဲ့အားသာချက်လည်းရှိတယ်။
တနည်းအားဖြင့်
ကိုယ့်အားကိုကိုး အခြေခံဒေသတစ်ခုကို အခိုင်အမာအခြေအနေနဲ့ ပေါင်းစပ်ထူထောင်ဖို့ဖြစ်ပါတယ်။
အရေးကြီးတာက တပ်ကို အချိန်မရွေးရွှေ့ပြောင်းတာ စုစည်းတာလုပ်လို့ရအောင် အမြဲပြင်ဆင်ထားမှ
ရန်သူထိုးစစ်ကို ရင်ဆိုင်နိုင်မှာဖြစ်ပါတယ်။ ဒီစစ်ဇာတ်ခုံ ပေါ်မှာ ကပြအသုံးတော်ခံမယ့်တပ်ဟာ
ပြောက်ကျားစစ်နဲ့ လူထုလုပ်ငန်း ဘယ်လောက်လုပ်နိုင်စွမ်း ရှိမလဲဆိုတဲ့မေးခွန်းဟာ
သံလွင်မြစ် ကူးပြီးကတည်းက အငြင်းအခုန်ရှိလာတယ်လို့ ဆိုရမှာဖြစ်ပါတယ်။ ဒီတပ်တွေဟာ
ရဲစွမ်းသတ္တိအပြည့်ရှိသလို တိုက်ရည်ခိုက်ရည်လည်း အပြည့်ရှိတယ်ဆိုတာ
အထူးပြောဖို့လိုမယ်မထင်ဘူး။ အခုကျဆုံးသွားပြီဖြစ်တဲ့ ၄ဝ၄၅ တပ်ရင်းက
ဒုရင်းမှူးကချင် ရဲဘော် ဗိုလ်တောက်ဖုန်း ဆိုရင် နမ့်စန်ကွန်ဟိန်းကားလမ်းတလျှောက်
ပြောက်ကျားတိုက်ရာမှာ အလွန်သတ္တိရှိသလို တီထွင်မှုလည်းအပြည့်ရှိတဲ့ ရဲဘော်ဖြစ်ပါတယ်။
သူ့ကြောင့်
စစ်ယာဉ်တန်းတွေ စစ်ကြောင်းတွေဟာ အလစ်အငိုက်ခံရတာတွေမနည်းဘူး။ ဒါပေမယ့် ဗကပအရှေ့မြောက်စစ်ဒေသမှာ
လှုပ်ရှားတဲ့ တပ်အားလုံးနီးပါးဟာ ကိုယ့်အင်အားကိုအလုံးအရင်းစုဖွဲ့ပြီး
လှုပ်ရှားနေတဲ့ရန်သူကိုတိုက်ရာမှာ ကျွမ်းကျင်သလို နေရာယူစစ် ခံစစ်စတာတွေနဲ့
မိမိနယ်မြေ မိမိနယ်မြေမိမိထောက်ပံ့ရေးတွေနဲ့ အလေ့အကျင့်ရလာတဲ့တပ်ဖြစ်ပါတယ်။
လူထုလုပ်ငန်းကို ဒေသန္တရအဖွဲ့ အစည်းများကလုပ်တာဖြစ်လို့ တပ်ကလူထုလုပ်ငန်းလုပ်တာ
မရှိသလောက်ပါဘဲ။ အခုတိုးရမယ့်နယ်မြေကတော့ လက်နက်ခဲယမ်းကအစ ကိုယ်နိုင်သလောက်သာ
သယ်သွားနိုင်တဲ့၊ တိုက်ပွဲတွေမှာ ကျည်အားမီးအား ဖိသုံးလို့မဖြစ်တဲ့၊ လူထုဆီက
စားနပ်ရိက္ခာနဲ့ သတင်းအရင်း အမြစ်တွေကို မှီခိုရမယ့် ဒေသဖြစ်နေပါတယ်။
တပ်မဟာ
၆၈၃ ဟာ သံလွင်မြစ်ကို ကူးတာနဲ့ ရန်သူ ရှေ့ကပိတ်တာ နောက်ကလိုက်တာ
ဘေးကတိုက်တာတွေဒလစပ်လုပ်သလို တိုက်လေ ယာဉ်နဲ့လည်း
ကင်းထောက်ဗုံးကြဲတာတွေလုပ်တဲ့ကြားက SSPP ရှမ်းအဖွဲ့နယ်မြေထဲရောက်သွားခဲ့တယ်။
အဲဒီနေရာကိုရောက်တာနဲ့ မူလ အစီအစဉ်အတိုင်း ၁ဝ၈ နယ်မြေဖြစ်တဲ့ ကျောက်ဂူ နောင်ဝိုးကိုဆက်သွားမလား
လွယ်မော်တွေကူးသန်းနေတဲ့ လွယ်ခေးတောင်တန်းမှာဘဲ ခြေကုတ်ယူမလားဆိုပြီး
တပ်မဟာပါတီကော်မတီထဲမှာ သဘောကွဲမှုစဖြစ်တယ်။ လွယ်ခေးတောင်ဟာ တရုတ်လူမျိုးတွေအများစုနေထိုင်ပြီး
မြင်းလားရောင်းဝယ်ရေးနဲ့ စီးပွားရေးအဆင်ပြေနေတဲ့သူတွေများတယ်။ ပဲပုတ်၊ ဂျုံ၊
ပြောင်း၊ ဘိန်း စတဲ့သီးနှံတွေစိုက်တယ်။
တောင်ပေါ်ရွာများများမရှိသလို
ဧရိယာလည်း သိပ်မကျယ်ဘူး။ ရန်သူတပ်တွေအလွယ်တကူစုစည်းပိတ်ဆို့ပြီး တိုက်လို့ရတဲ့နေရာလည်း
ဖြစ်နေတယ်။ ဒီနေရာရဲ့အားသာချက်ကတော့ သံလွင်မြစ်ကို အချိန်မရွေးဖြတ်ကူးပြီး
လက်နက်ခဲယမ်း မီးကျောက်သွားသယ်လို့လွယ်တယ်။ ကိုယ့်တပ်ကူတွေလည်း ကူးလာလို့လွယ်တယ်။
လွယ်ခေးစီမံကိန်းကို အပြိုင်တင်ပြတဲ့ တပ်မဟာ ဒုနိုင်ငံရေးမှူးကဆိုရင် လွယ်ခေးကို
“ဗမာပြည်ရဲ့ ကျင်ကန်းတောင်တန်း”လို့တောင် ညွှန်းဆိုခဲ့တယ်။ ဒါပေမယ့် အရှေ့မြောက်စစ်ဒေသ
ဒုတပ်မှူးရဲဘော်တိုက်အောင်လိုက်လာပြီး ဗဟိုရဲ့ ၇၅၁ဝ
စီမံကိန်းကိုသဘောပေါက်အောင်ရှင်းလင်းနိုင်ခဲ့တဲ့အတွက် တပ်မဟာ ၆၈၃ မူလဦးတည်ရာအတိုင်းချီတက်ခဲ့ကြတယ်။
၁ဝ၈
ဒေသကိုရောက်လာတဲ့အခါ ၆၈၃ တပ်မဟာနဲ့ ၁ဝ၈ တပ်ဖွဲ့တာဝန်ခံတွေစုပေါင်းဆွေးနွေးပွဲလုပ်ပါတယ်။
တပ်မဟာကို တနေရာထဲ စုမထားဘဲ မြို့နယ် ၃ ခုမှာဖြန့်ခွဲထားရန်၊
တပ်မဟာရုံးလုံခြုံရေးအတွက် တစ်ရင်းစီမှ တပ်စုတစ်စုစီထုတ်နုတ်ရန်၊ ဖြန့်ခွဲလိုက်တဲ့တပ်များက
နယ်မြေအလိုက်လူထုလုပ်ငန်းများလုပ်ပြီး ကိုယ့်ရိက္ခာကိုယ်ရှာရန်။ အခွန်ကောက်ခြင်းတပ်သားသစ်စုဆောင်းခြင်းများကို
လူထုအဖွဲ့ အစည်းများနဲ့ညှိနှိုင်းလုပ်ကိုင်ရန် စတဲ့အချက်တွေအပြင်
တပ်အင်အားမဖြန့်ခွဲမှီ တပ်မ ၅၅ နဗဟတစ်ခုနဲ့ထိုးစစ်ဆင်နေတာကို ရိုက်ချိုးရန်
ဆိုပြီးဆုံးဖြတ်ခဲ့ကြတယ်။
ဒီဆုံးဖြတ်ချက်အရ
နမ့်လန်တုံလောဘက်ကနေ နောင်ဝိုးကို ထိုးစစ်ဆင်ရှင်းလင်းရေးလုပ်လာတဲ့
အောင်လင်းထူးစစ်ကြောင်းကို ခဲဟီးရွာ အနီးမှာ အလစ်တိုက်ခိုက်လိုက်ပြီး စစ်ကြောင်းချေမှုန်းရေးအောင်ပွဲတစ်ပွဲရသွားခဲ့ပါတယ်။
နောက်ပိုင်းမှာတော့ တပ်ရင်းအလိုက်၁ဝ၈ ဒေသ မြို့နယ်များမှာဖြန့်ခွဲလှုပ်ရှားတာတွေ ဇောင်းပေးလုပ်ကိုင်ကြတယ်။ဖြန့်ခွဲလိုက်တဲ့တပ်တွေကို
ကျောက်ဂူမြို့နယ်ကနေ တပ်ခွဲ ၁၊ နောင်ဝိုးမြို့နယ် ကနေ တပ်ခွဲ ၂၊ ဟိုခဲမြို့နယ်ကနေ
တပ်ခွဲ ၃ဆိုပြီး လှုပ်ရှားစစ် ဆင်ဖို့ တပ်ရင်းတစ်ရင်းအဖြစ်ပြန်ဖွဲ့တယ်။ ဒါပေမယ့် လက်တွေ့မှာ
နောင်ဝိုးမြို့နယ်က သူတာဝန်ကျတဲ့ တပ်ခွဲတစ်ခွဲကိုထုတ်ပေးဖို့သဘောမတူလို့
အစီအစဉ်မအောင်မြင်ဘူး။
မြို့နယ်ကို
ရောက်သွားတဲ့တပ်တွေဟာ လူထုလုပ်ငန်းအတွေ့အကြုံမရှိရုံမက နယ်ခံကေဒါတွေနဲ့လည်း
ပေါင်းစည်းဖို့ခက်ခဲသူတွေဖြစ်နေတယ်။ တချို့တပ်ခေါင်းဆောင်တွေဆိုရင် လူထုအပေါ်
နိုင်ထက်စီးနင်းပြုတာတောင်ဖြစ်လာတယ်။ တချို့ကတော့ မိမိအတွက်စီးပွားရှာတာတွေ ဖိလုပ်နေတယ်။
စပါးတို့မြေပဲတို့ ပင်ထောင်ဝယ်တာတွေလုပ်သလို ဘိန်းအရောင်းအဝယ်တွေတောင်လုပ်နေကြတယ်။
နောင်ဝိုးက မြို့နယ်မှူး ဖြစ်နေတဲ့ ဒုရင်းမှူးဟောင်းဆိုရင် အရပ်ကို နိုင်ထက်စီးနင်းလုပ်ရုံမက
SSPP နယ်မြေက ကောင်းခန်းရွာကျောင်းထိုင်ဆရာတော်ကိုပါ စော်ကားတဲ့အတွက် ပါတီကော်မတီက
ဆရာတော်ကို သွားရောက်ဝန်ချတောင်းပန် ကန်တော့ရတာတွေဖြစ်လာတယ်။ ၁၉၇၉ မှာတော့ ရန်သူက
ဖြတ် ၄ဖြတ်နဲ့ ထိုးစစ်သစ်တွေ ထပ်ပြီးလုပ်လာတဲ့အတွက် ဒီဒေသဟာ အခက်ခဲမျိုးစုံထပ်ပြီး
ရင်ဆိုင်ရပြန်တယ်။ တပ်တချို့လည်း ခဲယမ်းမီးကျောက်သယ်ဖို့ သံလွင်မြစ်ကူးပြီး အရှေ့မြောက်နယ်စပ်ကိုပြန်ကြတယ်။
တပ်အင်အားတွေ အများကြီးလျော့ကျသွားပါတယ်။ ဒါပေမယ့် တပ်တချို့ဆန်ကာတင်ကျန်ခဲ့တယ်။
နောက်ပိုင်းကာလတွေမှာတော့
အရှေ့မြောက်နယ်စပ်က တပ်ခေါင်းဆောင်အတော်များများဟာ သူတို့ကို တခြားဒေသကို အခြေချဖို့
မလွှတ်ပါနဲ့ သံလွင်မြစ်ကူးပြီး လက်နက်ပို့တာမျိုးလောက်ဘဲလုပ်ပါရစေလို့
တောင်းဆိုလာကြတယ်။ တချို့တပ်ရင်းနိုင်ငံရေးမှူးတွေဆိုရင် အိမ်ကိုခွင့်ပြန်လာရင်း
ဟိုဘက်ကို ပြန်မသွားကြတော့ဘူး။ တချို့လည်း သံလွင်မြစ်အနောက်ဖက်ကူးပြီး စစ်ဆင်ရေးလုပ်ခိုင်းရင်
ဗြောင်ဘဲ ငြင်းဆန်လာတယ်။ သူတို့အတွက် ဗမာပြည်တစ်ပြည်လုံးနိုင်ငံရေးထက် ကိုယ်ဒေသရေးက
ပိုအရေးကြီးနေတယ်။ နောက်ဆုံးမှာ ဗကပက ခွဲထွက်တော့ သူတို့ဘဲ ဦးဆောင်ခဲ့ကြတယ်။
ဗိုလ်ခင်ညိုပြောတဲ့ ကေဒါပြဿနာထဲမှာ နိုင်ငံရေးရေချိန်က အဓိကကျတယ်လို့ ကျွန်တော် ထင်တယ်။
အခုတပ်တွေဟာ ဗိုလ်ခင်ညိုတို့ ၁၉၄၉ ခုက ဗကပတပ်တွေ
နိုင်ငံရေးရေချိန်နိမ့်နည်းမျိုးနဲ့ တူပေမယ့် ဟိုတုံးက တော်လှန်ရေး အတက်ပိုင်းကာလနဲ့တိုးနေလို့
ခံသာခဲ့တယ်ဆိုရမှာပါ။
နေဦးဝေ
https://www.facebook.com/The-Communist-1458107654491426/?__xts__[0]=68.ARAqGW7glj1K6hpuN_EV3gDTAbln5uQC-XRXGPWLaeMo08r5zkoZOx8VELjJ34hU288LSlMdc8mGETpb3LH3L2mA1MgzRzspAHV2GtIgw9iTpx-8ZF7x31YMBm_J60n0fAiMHzumy1uf0-4epQh4F1FjlAmM6snVKTLdsnT_sUjEbkh_bFjHg2AADtHPRPgjZv_g35ytQr9AD4wIdJUnv1xsdHuifzV2lCjBQxIZ0lboW6-MFtosbcGTPUDu4NncJHyG_qMArimPNCJN5H25wIpc_sNSXhrmqRqWa5x-CXzdL853V05Bej6ZrELFIKuNnQB2g49zYiGL4_IpFxnGCwduALAIမှ
ကူးယူဖော်ပြပါသည်
0 comments:
Post a Comment