Sunday, February 17, 2019

"နိုင်ငံရေးအရလူသတ်မှု" အပိုင်း(၁) Hla Thaung

0 comments
"နိုင်ငံရေးအရလူသတ်မှု"

မြန်မာနိုင်ငံမှာ လူသတ်မှုတွေနေ့စဉ်နီးပါး ဖြစ်ပွားနေပါတယ်။ လူသတ်မှုတွေက ယခင်ကလည်းဖြစ်ခဲ့တာပါဘဲ။ ယနေ့အချိန်မှာတော့ သတင်းပွင့်လင်းမှုက ယခင်ထင်ပိုရလာတာကြောင့် လူသတ်မှုသတင်းတွေကို ပိုပြီးသိရပါတယ်။ လူသတ်မှုကျူးလွန်ရာမှာငွေလိုချင်လို့ လူသတ်တယ်၊ မုဒိမ်းမှုကျူးလွန်ရင်းလူသတ်တယ်၊ နိုင်ငံရေးအရပြိုင်ဘက်က ကိုယ့်ထက်သာလာမှာစိုးလို့ သတ်တာတွေလည်းရှိပါတယ်။ ဘယ်လိုနည်းကြောင့်ဘဲလူသတ်သည်ဖြစ်စေ လူသတ်မှုမှန်သမျှကိုဆန့်ကျင်ပါတယ်။

လူသတ်မှုကျူးလွန်ရာမှာ နိုင်ငံရေးအရ လူသတ်မှုကတော့ အဆိုးတကာ့အဆိုးဆုံးဖြစ်တယ်လို့ဆိုနိုင်ပါတယ် ။အကြံပက်စက် ဆန်ကော လောက်မှဇောက်မနက်သူတွေလို့ ဆိုရမှာဖြစ်ပါတယ်။ စီစဉ်သူတွေနဲ့ကျူးလွန်သူတွေဟာ ကိုယ့်အတွက်ကလွဲလို့ ဘာတစ်ခုမှမစဉ်းစားသူတွေ ဖြစ်ကြပါတယ်။ တိုင်းပြည်ရဲ့အနာဂတ်၊ သူတို့ရဲ့အနာဂတ်၊ သူတို့သားစဉ်မြေးဆက်ရဲ့အနာဂတ် စတာတွေကို မစဉ်းစားဘူး။ ဗိုလ်ချုပ်တို့ကို လုပ်ကြံသူတွေဟာ ဗိုလ်ချုပ်တို့မရှိရင် ငါတို့သာအာဏာရမှာဆိုတဲ့ အတွေးသာရှိပါတယ်။ ဗိုလ်ချုပ်ကျဆုံးသွားတာကြောင့် ကွန်မြူနစ်တွေ တောခိုတယ်။ ပြည်သူ့ရဲဘော်တွေရဲ့ ၆၀% ခန့် တောခိုတယ်။ ဗမာ့သေနတ်ကိုင်တပ်ရင်းအချို့တောခိုတယ်။ ဒါတွေဟာ ဗိုလ်ချုပ်သာ သက်ရှိထင်ရှားဆိုရင် ဘယ်လိုမှဖြစ်မလာနိုင်ပါဘူး။ ယခုထိပြည်သူတွေဟာ ဒီအကျိုးဆက်တွေကိုခံနေရဆဲပါတယ်။

မြန်မာနိုင်ငံမှာ နိုင်ငံရေးအရလူသတ်ကြတာ ဒုတိယကမ္ဘာစစ်အပြီးမှာစတယ်လို့ ဆိုနိုင်ပါတယ်။ မြန်မာတွေက စစ်ကြီးအတွင်းမှာ သေနတ်တွေ ဖောခြင်းသောခြင်းကိုင်ကြရတာကြောင့်ဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် မြန်မာနိုင်ငံရဲ့အဓိပတိဖြစ်ခဲတဲ့ Dr.Ba Maw ကသူ့ရဲ့"Breakthrough in Burma"ထဲမှာ သေနတ်က မြန်မာ့နိုင်ငံရေးမှာ အရေးပါလာပြီလို့ ရေးထားပါတယ်။

သေနတ်ကိုသုံးပြီး လူတစ်ယောက်ကို လုပ်ကြံတဲ့ကြိုးပမ်းမှု တစ်ခုဒုတိယကမ္ဘာစစ်အပြီးမှာ ဖြစ်ခဲ့ပါတယ်။ နိုင်ငံရေးအရ လူတစ်ယောက်ရဲ့ အသက်ကိုလုပ်ကြံမှုအစလို့ ဆိုနိုင်ပါတယ်။ စစ်ကြီးအပြီးမှာမြန်မာပြည်ဘုရင်ခံက ယူဂန်ဒါမှာအချုပ်ခံနေရတဲ့ ဂဠုံဦးစောကို မြန်မာနိုင်ငံ ပြန်ခေါ်ပြီးဘုရင်ခံအမှုဆောင်ကောင်စီမှာ ထည့်ဖို့လုပ်ပါတယ်။ ဒါကိုမလိုလားတဲ့လူတစ်စုက ဦးစောရဲ့အသက်ကို လုပ်ကြံပါတယ်

၁။ ဦးစော အသက်မသေပေမယ့် ဒဏ်ရာရသွားပါတယ်။ ဦးစောကိုလုပ်ကြံတဲ့ ကိစ္စကဒီနေရာမှာတင်မပြီးပါဘူး။ အကျိုးဆက်တွေ ပေါ်လာ ပါတယ်။ ကောင်းတဲ့နမူနာကိုသာ မယူချင်ကြတာ၊ မကောင်းတဲ့အကျင့်စရိုက်ကိုတော့ ယခုထိ ဆုတ်ကိုင်ထားချင်နေကြစဲ။
ဦးစောကလည်း နန်းရင်းဝန်လုပ်လာခဲ့သူဆိုတော့ ငြိမ်ခံမနေပါဘူး။ သူအာဏာရှိစဉ်က ဆန့်ကျင်ဘက်နိုင်ငံရေးသမားတွေကို ဝါးရင်းတုတ်နဲ့ ရိုက်ခဲ့တဲ့အစဉ်အလာရှိတော့ ဗိုလ်ချုပ်တို့တစ်ဖွဲ့လုံးကို လုပ်ကြံခဲ့ပါတယ်။ ဒီလိုအာဏာအတွက် လူသတ်တာတွေတော့ လွတ်လပ်ရေးရချိန်မှာ နယ်ချဲ့စနစ်နဲ့အတူကျန်ခဲ့ပြီလို့ ထင်ခဲ့တာ မှားသွားပါတယ်။ ဗိုလ်ချုပ်ကိုယ်တိုင် လေးစားတန်ဖိုးထားခဲ့ ICS ဦးတင်ထွဋ်ကိုလုပ်ကြံသတ်ဖြတ် ပါတယ်။ ကာကွယ်ရေးဦးစီးချုပ်ဟောင်း Smith Dun ကို မင်္ဂလာဒုံလေယာဉ်ကွင်းမှာ လုပ်ကြံခဲ့ပေမယ့် မအောင်မြင်ခဲ့ဘူး ၂။ ဗိုလ်လက်ျာကို လုပ်ကြံသတ်ဖြတ်ဖို့ ကြိုးစားခဲ့တယ် ၃။ မင်းလှ လေးလောင်းပြိုင်လူသတ်မှု စသည်ဖြင့် စာရင်းချပြရင်ဒီထက်ပိုပါလိမ့်မယ်။

ဗုဒ္ဓဘာသာနိုင်ငံကြီးမှာ ဒီလိုညစ်ပတ်ရမ်းကားတဲ့လုပ်ရပ်တွေကို မြေမြုပ်ဖို့လိုနေပါပြီ။ မြန်မြန်မြေမြုပ်နိုင်လေ တိုင်းပြည်အနာဂတ်အတွက် ကောင်းလေလို့ဆိုရမှာပါ။

ဒီလိုကြီးမားလှတဲ့ နိုင်ငံရေးလုပ်ကြံသတ်ဖြတ်မှုတွေကို ဘယ်အဆင့်ကလူတွေ ဦးစီးကြတာလဲ။ အထူးသဖြင့် ICS ဦးတင်ထွဋ် လုပ်ကြံခံရတဲ့ ကိစ္စအပေါ် ကျနော်ကြိုးစားလေ့လာကြည့်ပါတယ်။
ဆက်ရန်
Ref:
(၁) ကိုကိုမောင်ကြီး၊ တစ်ရံရောအခါများ
(၂) Sith Dun, 'Memoirs of The Four Foot
Colonel'
(၃) ဒေါက်တာခင်လက်ျာ၊ ဖေဖေဗိုလ်လက်ျာ

ယူတာက https://www.facebook.com/hla.thaung.9?__tn__=%2CdC-R-R&eid=ARCjGfizOr-87NGHTNjkjeUQLmu2ScnFVDJHP5UiBuGtlNxgpP_fKaC0Bnztvryxzjgn7bTSSOS3vece&hc_ref=ARQXhgiJ9NU5Q9IlKHjUqCjiNE75uWn8yn9y6IG2hvP42uorsLza76zSs3b3qFq_bJI&fref=nf

0 comments:

Post a Comment