အမေရိကန်-တရုတ် ကုန်သွယ်ရေး
ဆွေးနွေးပွဲ
နှင့်ဈေးကွက်ရေးရာ သောင်းပြောင်းထွေလာ
ဒီတစ်ပတ်ထဲ ဘေဂျင်းမှာ ပုလုပ်ခဲ့တဲ့ တရုတ်-အမေရိကန် ကုန်သွယ်ရေးဆွေးနွေးပွဲ မနေ့က ပြီးဆုံးခဲ့ပြီဖြစ်သည်။ အမေရိကန်ဘက်က ဘဏ္ဍာရေးဝန်ကြီး Steven Mnuchin နှင့် ကုန်သွယ်ရေးအကြီးတန်းအရာရှိ Robert E. Lighthizer တို့ ဦးဆောင်တဲ့ကိုယ်စားလှယ်အဖွဲ့ဟာ တရုတ်ဒုဝန်ကြီးချုပ် Liu Heဦးဆောင်တဲ့ တရုတ်ကိုယ်စားလှယ်အဖွဲ့နှင့်ကုန်သွယ်စစ် အဆုံးသတ်ပြေငြိမ်းဖို့ရှိစေရေးအတွက် နှစ်ဖက်တွေ့ဆုံ ညှိနှိုင်းဆွေးနွေးမှုလုပ်ခဲ့ကြသည်။ ကုန်သွယ်ရေးဆွေးနွေးမှုအပြီးမှာ Steven Mnuchin က၎င်း၏ တွစ်တာစာမျက်နှာ၌ ရေးသားရာတွင် တွေ့ဆုံညှိနှိုင်းမှု အရာရောက်၊အကျိုးရှိ(productive) ခဲ့ဟု ရေးသားခဲ့လေသည်။

အိမ်ဖြူတော်အသိုင်းအဝိုင်းကလည်း
နှစ်ဖက်တွေ့ဆုံညှိနှိုင်းမှု တိုးတက်ကောင်းမွန်ခဲ့ပေမယ့်
ဆွေးနွေးညှိနှိုင်းစရာတွေများစွာ ကျန်ရှိနေသေးဟု ဆိုထားသည်။
ဆွေးနွေးညှိနှိုင်းမှုအပြီးမှာတော့ အမေရိကန်ကိုယ်စားလှယ်အဖွဲ့သည်
တရုတ်သမ္မတရှီကျင့်ပင်းနှင့်တွေ့ဆုံခဲ့ကြသည်။ တရုတ် သမ္မတ
ရှီကျင့်ပင်းကလည်း နှစ်ဖက်တွေ့ဆုံညှိနှိုင်းမှုကို အကောင်းမြင်ပြောကြားခဲ့သည်။'
ရှီ'ကဆက်လက်ပြောကြားရာ၌ "ကျွန်တော် အရင်ကတည်းကပြောခဲ့သလိုဘဲ
အမေရိကန်နှင့် တရုတ်နိုင်ငံတို့ဟာ အချင်းချင်း ပြိုင်ဆိုင်တိုက်ခိုက်ခြင်းသည်
နှစ်ဖက်လုံးကို အထိနာစေနိုင်ကြောင်းနှင့် နှစ်ဖက်အကျိုးတူ ပူးပေါင်းလုပ်ဆောင်ခြင်းသည်ကသာ
အကျိုးဖြစ်ထွန်းနိုင်မည် "ဟု ပြောကြားခဲ့သည်။ ထို့အပြင်'ရှီ'က ယခု နှစ်ဖက်
ညှိနှိုင်းဆွေးနွေးမှုသည် တိုးတက်မှုအခြေအနေရှိနေခဲ့ပြီး လာမည့်အပတ်မှာ ဝါရှင်တန်၌ထပ်ပြီး
ဆွေးနွေးညှိနှိုင်းဖို့ ရှိလိမ့်မည်ဟု ပြောကြားခဲ့သည်။
အိမ်ဖြူတော်က ပြောကြားရာ၌နောက်တစ်ပတ်
တွေ့ဆုံညှိနှိုင်းမှုမှာ နည်းပညာ အတင်းအဓမ္မလွှဲပြောင်းမှု၊ ဉာဏပစ္စည်း
မူပိုင်ခွင့်၊ Cyber theft လယ်ယာစိုက်ပျိုးရေး၊ ဝန်ဆောင်မှုလုပ်ငန်းများ၊
ငွေကြေးဆိုင်ရာကိစ္စရပ်တို့ကို ထည့်သွင်းဆွေးနွေးညှိနှိုင်းကြဖို့ရန်နှင့်
နောက်တစ်ပတ်ထဲ ဆွေးနွေးမှု၌ ဝန်ကြီးအဆင့်ဆွေးနွေးပွဲ ဖြစ်လိမ့်မည်ဟုဆိုထားသည်။
အမေရိကန်အပါအဝင် အနောက်နိုင်ငံများတို့က
တရုတ်သည် မိမိပြည်တွင်းရှိ နိုင်ငံခြားကုမ္ပဏီများတို့အား နည်းပညာ အတင်းအဓမ္မလွှဲပြောင်း
ခိုင်းမှုကို လုပ်ဆောင်နေသည်ဟု စွပ်စွဲ ဝေဖန်ထားကြသည်။ အမေရိကန်နှင့်
ဆွေးနွေးညှိနှိုင်းမှု၌ ၎င်းကိစ္စရပ်ကို အဓိက ဦးစားပေးဆွေးနွေးရဖို့ ရှိနေဟု
ကျွမ်းကျင်သူများတို့က သုံးသပ်ယူဆ ထားကြသည်။
နှစ်ဖက် ဆွေးနွေးညှိနှိုင်းမှုကို တရုတ်ကော၊
အမေရိကန်ကပါ လိုလိုလားလားရှိနေကြသည်။ တရုတ်စီးပွားရေးက ပြီးခဲ့တဲ့နှစ်မှာ ၆.၄%
သာ တိုးတက်မှု ရှိခဲ့သည်။ ဂဏန်းနှစ်လုံးဖြင့် စီးပွားရေးတိုးတက်မှုနှုန်းရှိနေခဲ့တဲ့
တရုတ်စီးပွားရေး အကျဘက်သို့ ဦးတည်နေပြီဖြစ်ပြီး၊ ပြီးခဲ့တဲ့နှစ်က ၆.၄%
နှုန်းသည် (၁၉၈၉)ခုနှစ် နောက်ပိုင်း အနိမ့်ဆုံးအဆင့်ဖြစ်ခဲ့ပြီး၊ ဒီနှစ်ထဲမှာ
စီးပွားရေးတိုးတက်မှု နှုန်းသည် ၆% အောက်တောင်ကျဆင်းနိုင်ချေ ရှိနေသည်။
တရုတ်ကဲ့သို့ပင် အမေရိကန်လည်း ထိုနည်း၎င်းပင်ဖြစ်သည်။
အရင်နေ့ကထွက်ခဲ့တဲ့ စီးပွားရေးဒေတာများက အဆိုးညွှန်ပြနေကြသည်။ Retail sales
ဒေတာလည်း ဒီဇင်ဘာထဲ၌ (၉)နှစ်အတွင်း အဆိုးဆုံးဖြစ်ခဲ့သည်။ ထို့အပြင်
အရောင်းလက်လီစတိုးဆိုင်ပေါင်း ယခုနှစ်ထဲ ၆ပတ်အတွင်း ၂၁၈၆ ခုအထိ
ပိတ်ခဲ့ပြီး အရင်နှစ်ကထက်၂၃% ကျော်များပြီး ပိတ်ခဲ့ကြသည်။ Gymboree စတိုး
ဆိုင်ခွဲပေါင်း ၇၄၉ခု၊ Shopko စတိုးဆိုင်ပေါင်း ၂၅၁ခု၊ Charlotte Russe က
၉၄ခုအထိ ပိတ်လိုက်ရပြီဖြစ်သည်။ နောက်ထပ်လည်း Payless Shoe Source Inc ရဲ့
စတိုး ဆိုင်ခွဲပေါင်း ၂၃ဝဝကျော်လည်း ဒီလထဲ မှာ ဒေဝါလီခံရဖို့ ရှိနေပါသည်။
အမေရိကန်ရဲ့စီးပွားရေးကို စီးပွားရေးပညာရှင်
အများစုတို့က ၂ဝ၂ဝအကုန်လောက်မှာ ရီဆက်ရှင်း ဆိုက်နိုင်ဟု သုံးသပ်ထားကြပြီး
စီးပွား ရေးအတက်သံသရာ နှောင်းပိုင်းသို့ ရောက်ရှိနေပြီဟုလည်း အချို့သောကျွမ်းကျင်သူများတို့က
သုံးသပ်ထားကြသည်။ လက်ရှိ စီးပွားရေး အနေအထားကို ပိုပြီးဆိုးရွားမှုမရှိစေရန်အတွက်
အမေရိကန် Fedဗဟိုဘဏ်ရဲ့အတိုးနှုန်းတိုးခြင်းအကြော့ကို ရပ်ဆိုင်းထားပြီး
ဒီနှစ်ထဲမှာ အတိုးနှုန်း တစ်ကြိမ်မှ မတိုးဖို့ရန်အထိ Fed ဗဟိုဘဏ် အရာရှိတို့က
Dovish အသံပေးကြလေသည်။
အမေရိကန်အတွက်
တရုတ်နှင့်ကုန်သွယ်စစ်ကို အဆုံးသတ်ပြေငြိမ်းစေဖို့အတွက် နှစ်ဖက် ညှိနှိုင်းမှုကို
ခပ်စိတ်စိတ်လုပ်လာခဲ့ပြီး အရင်တုန်း ကတော့ တရုတ်အား မတ်လ ၁ရက်နေ့
မတိုင်မီ ပြေလည်အောင်ညှိနှိုင်းဖို့ရန်နှင့်၊ သို့မဟုတ်ပါက လက်ရှိ
တရုတ်ကုန်စည်တန်ဖိုး ဒေါ်လာ (၂ဝဝ)ဘီလီယံအပေါ် ကောက်ခံနေတဲ့စည်းကြပ်ခွန်နှုန်း
၁ဝ% ကနေ ၂၅% အထိ တိုးမြှင့်သွားဖို့ ရှိနေသည်ဟု ခြိမ်းခြောက်ထားသည်။
သို့သော် အမေရိကန်သည် တရုတ်နှင့်
ကုန်သွယ်စစ်အပြင် အီရန်၊ ဗင်နီဇွဲလားတို့ကိုလည်း စီးပွားရေးဆိုင်ရာ
အရေးယူပိတ်ဆို့မှုမျိုးလုပ်ပြီး အာရုံစိုက်နေရသည့်အပြင် ပြည်တွင်း၌လည်း
ထရမ့်အစိုးရနှင့် ဒီမိုကရက်တို့ကြား အားပြိုင်ပါဝါလွန်ဆွဲမှုအရှိန်က
မြင့်တက်လာနေပြီ ဖြစ်သည်။
မနေ့ကတော့ သမ္မတထရမ့်အတွက် အလွန် သောကများစရာ
နေ့တနေ့အဖြစ် ရှိခဲ့သည်။ မက္ကဆီကိုနယ်စပ်တလျှောက်လုံးအား တံတိုင်း
ကာရံဖို့အတွက် လွှတ်တော်၌ ဒေါ်လာ ၅.၇ ဘီလီယံအား တောင်းခံထားသည်ကို
ဒီမိုကရက်တွေက သဘောမတူကြလို့ အစိုးရ အစိပ်အပိုင်း အားလုံးရဲ့ ၄ ပုံ ၁ပုံ
လောက်ရှိတဲ့ အစိုးရလုပ်ငန်းများကို သမိုင်းတလျှောက်အရှည်ကြာဆုံးအဖြစ်(၃၅)ရက်တာ
ကာလအထိ Shutdown လုပ်
ခဲ့ပြီး၊ အစိုးရဝန်ထမ်း ၈သိန်းကျော်လောက် ၎င်း ကာလအတွင်း၌ လုပ်ခလစာ မရရှိကြဘဲ ရှိခဲ့ကြသည်။ Shut-down ပြန်ဖွင့်ပြီး နောက်ထပ် ပြန်မပိတ်ရန် လွှတ်တော်နှစ်ရပ်က ညှိနှိုင်းချထားပေးတဲ့ အစိုးရအသုံးစရိတ်မူကြမ်းကိုတော့ သမ္မတထရမ့်က လက်မှတ်ထိုးခဲ့ပြီး Shutdown လုပ်မှု ဘေးမှကင်းဝေးခဲ့ရသည်။

သို့သော်
မိမိလိုချင်တဲ့တံတိုင်းကာရံစရိတ် ဒေါ်လာ ၅.၇ ဘီလီယံ မပါလို့ လွှတ်တော်ထံမှ
တောင်းခံစရာမလိုဘဲ တခြားသော အစိုးရ ဌာန တွေဆီက အသုံးစရိတ်တောင်းခံဖို့ရန်အတွက်
မနေ့ညတုန်းက နိုင်ငံတော် အရေးပေါ်အခြေအနေအဖြစ် ကြေညာခဲ့သည်။ ဒီမိုကရက်တွေ ဘက်ကတော့
အပြင်းအထန် ကန့်ကွက်ကြပြီး တံတိုင်းကာရံမှုသည် အချိန်ကုန်၊ ငွေကုန်ပြီး၊
အကျိုးမရှိနိုင်ဟု ဝေဖန်တိုက်ခိုက်ကြပြီး အခုတံတိုင်းကာရံဖို့အတွက် အခုလို
ကြေညာခြင်းသည် သမ္မတရဲ့လုပ်ပိုင်ခွင့်အာဏာကိုကျော်လွန်ပြီး
လုပ်ရာရောက်ကြောင်းယူဆကြပြီး သမ္မတအား တရားစွဲဖို့အထိ ရှိလာနိုင်ပါသည်။ သမ္မတထရမ့်ကတော့
မိမိအား တရားစွဲဆိုခဲ့ရင်လည်း နောက်ဆုံးအဆင့်၌ နိုင်ငံတော်တရားရုံး
ချုပ်အထိရောက်ပြီး မိမိသာ အနိုင်ရပြီး အောင်ပွဲခံရမည်ဟု ဆိုထားသည်။
ချုပ်အထိရောက်ပြီး မိမိသာ အနိုင်ရပြီး အောင်ပွဲခံရမည်ဟု ဆိုထားသည်။
အမေရိကန်အတွက် ပြည်တွင်းပဋိပက္ခတွေ
မြင့်တက်လာချိန် ပြည်ပအရေးဘက်၌ အာရုံစိုက်မှုအနည်းငယ်လျော့နိုင်သလို
တရုတ်နှင့် ကုန်သွယ်ရေးဆွေးနွေးမှုဘက်၌ ကြိုးလျှော့ထားဖို့ရှိနိုင်ကြောင်း
ဈေးကွက်က ထင်မြင်သုံးသပ်လာကြလို့ စတော့ဈေးကွက်လည်း အတက်ပြန် အားယူလာခဲ့သည်။
သောကြာနေ့တုန်းက အမေရိကန် အဓိကစတော့ညွှန်းကိန်းများ အတက်ကိုယ်စီ
ရှိခဲ့ကြသည်။ Dow Jones ညွှန်းကိန်း သည်
339.98 ပွိုင့် အတက်(+1.33%)် 25883.25 ဖြင့်ပိတ်ခဲ့သည်။
S&P 500 ညွှန်းကိန်း ကတော့ 29.87 ပွိုင့်အတက်(+1.1%)
2775.60 ဖြင့် ပိတ်ခဲ့သည်။ Nasdaq Compsite ညွှန်းကိန်းကတော့ 45.46 ပွိုင့်
အတက်(+0.61%) 7472.41ဖြင့်ပိတ်ခဲ့သည်။
အတက်(+0.61%) 7472.41ဖြင့်ပိတ်ခဲ့သည်။
Brent ရေနံဈေးကတော့ သောကြာနေ့မှာ တစ်စည်ကို
$66.25 ဖြင့်ပိတ်ခဲ့ပြီး ၎င်းနေ့၌ 2.6% အတက်ရှိခဲ့။ တစ်ပတ်တာအတွက် အတက်နှုန်း 6.7%
အထိ ရှိခဲ့သည်။
WTI ရေနံကတော့ သောကြာနေ့မှာ တစ်စည်ကို $55.59 ဖြင့်ပိတ်ခဲ့ပြီး၎င်းနေ့၌ 2.2% အတက်ရှိခဲ့သည်။ WTI ရေနံဈေးနှုန်းသည် တနင်္လာ နေ့မှာ တစ်စည် ကို $51.23 အနိမ့် level ကနေ သောကြာနေ့မှာ $56 နားအထိ ရောက်ရှိလာခဲ့ခြင်းလည်းဖြစ်ပြီး တစ်ပတ်တာ အတက်နှုန်း 5% အထက် ရှိခဲ့သည်။

ထူးထူးခြားခြား အလေးနက်ထားစရာအဖြစ်
ဒီတပတ်အစောပိုင်းရက်များက နိုဘယ်လ်ဆုရအထင်ကရပုဂ္ဂိုလ်ကြီး နှစ်ဦးဖြစ်ကြတဲ့
Paul
Krugman နှင့်Robert J .Shillerတို့ကတော့ ဒီနှစ် ထဲ(သို့မဟုတ်)နောက်နှစ်ထဲလောက်မှာ ကမ္ဘာကြီးဟာ Recessionကြီး နှင့် ဦးတိုက်တွေ့ကြုံရဖို့အတွက် ရှောင်လွှဲလို့မရနိုင်တော့ဟု သုံးသပ်ပြောကြားခဲ့ကြသည်။
Krugman နှင့်Robert J .Shillerတို့ကတော့ ဒီနှစ် ထဲ(သို့မဟုတ်)နောက်နှစ်ထဲလောက်မှာ ကမ္ဘာကြီးဟာ Recessionကြီး နှင့် ဦးတိုက်တွေ့ကြုံရဖို့အတွက် ရှောင်လွှဲလို့မရနိုင်တော့ဟု သုံးသပ်ပြောကြားခဲ့ကြသည်။
ကမ္ဘာ့ရွှေဈေးသည်လည်း အတက်ဘက်
ပြန်လည်အားယူဖို့ ဟန်ရေးပြလာခဲ့သည်။ အရေးအကြောင်းဆို ဈေးကွက် မတည်မငြိမ်ရှိလာသည့်
အခါတိုင်း ရွှေကို ဝယ်ပြီး အကာကွယ်ယူလေ့ရှိကြလို့ ကမ္ဘာ့ရွှေလည်း
အတက်ပြန်လှည့်လာခဲ့သည်။ ပြီးခဲ့တဲ့ တပတ်တာလုံးက ကမ္ဘာ့ ရွှေဈေး ဟာ $1300- $1325
တန်းကို မဖောက်နိုင်ခဲ့ပေ။ သို့သော် ရီဆက်ရှင်းနှင့်ပတ်သက်လို့ စိုးရိမ်မှုတွေ
မြင့်တက်လာမည်ဆိုပါက ရွှေ အရောင်
တောက်ဖို့ ရှိလာနိုင်ပါသည်။1321.20 ဖြင့် သောကြာနေ့၌ ပိတ်ခဲ့ပြီး 0.68%အတက် ရှိခဲ့သည်။
ဇန်နဝါရီ ၃၁ရက်နေ့ အမြင့်ဆုံး1326.67 အထက်ဆို ကမ္ဘာ့ရွှေဈေးသည် အတက်လားရာ အားယူဖို့ရှိနိုင်ပါသည်။
တောက်ဖို့ ရှိလာနိုင်ပါသည်။1321.20 ဖြင့် သောကြာနေ့၌ ပိတ်ခဲ့ပြီး 0.68%အတက် ရှိခဲ့သည်။
ဇန်နဝါရီ ၃၁ရက်နေ့ အမြင့်ဆုံး1326.67 အထက်ဆို ကမ္ဘာ့ရွှေဈေးသည် အတက်လားရာ အားယူဖို့ရှိနိုင်ပါသည်။
https://www.facebook.com/KO-NAY-NAY-1987499171319646/
0 comments:
Post a Comment