Sunday, February 17, 2019

(သေရွာပြန်ဆိုတာ) မျိုးမြင့်ချို

0 comments

(သေရွာပြန်ဆိုတာ)
အကြမ်းဖက်လူသတ်ကောင်ရာဇဝတ်သားကြည်လင်းကို သူရဲကောင်းသဖွယ်ဂုဏ်ပြုပြီး ကြည်လင်းရုပ်တုထုကာ မစိုးရိပ်တိုက်သစ်ဝင်းထဲမှာ စိုက်ထူမယ်လို့ နာဇီဂတုံးကောင်ဝီရသူက ပြောတယ်ဆိုတဲသတင်းတခု ထွက်လာပါတယ်။

အတည်ပြုမရသေးတော့ အမှန်သတင်းအဖြစ် ရာနှုန်းပြည့်စိတ်ချလို့မရသေးပါ။ ကောလဟလလား အမှန်တကယ်လားခွဲခြားဖို့ခက်နေသေးပေမယ့် ရှေ့ကသူပြောခဲ့တာတွေနဲ့ ဆက်စပ်စဉ်းစားရင်တော့ မှန်ဖို့နီးစပ်တယ်လို့ ကောက်ချက်ဆွဲသူ ဆွဲနိုင်ပါတယ်။

ဖြစ်နိုင်တယ်ဆိုတဲ့ဘက်ကတွေးရင် မစိုးရိမ်တိုက်သစ်ရဲ့ ရိုင်းပြီးသားပျက်စီးပြီးသားရာဇဝင်ကို အဆုံးစွန်အထိ မိုက်ရိုင်းဖို့ မောင်းတင်လိုက်တာပါပဲ။ ခုလောလောဆယ်တော့ ကြိုးအပေးတကယ်မခံရသေးခင်မှာ သူရဲကောင်းအဖြစ်စီရင်တာပါ။ လည်ပင်းကြိုးကွင်းစွပ်သွားရင်တော့ အာဇာနည်ဆိုပြီးတောင် ထလုပ်ရင်တောင်လုပ်လာနိုင်ပါမယ်။

သေချာတာတခုကတော့ လူသတ်ကောင်ကြည်လင်းဟာ နာဇီဂတုံးကောင်ဝီရသူနဲ့ သူ့ဂိုဏ်းသားတွေအတွက် ဘယ်တော့မှ အာဇာနည်ဖြစ်မလာမှာပါပဲ။

ဗမာပြည်မှာ ဗိုလ်ကြီးအုန်းကျော်မြင့်တို့ ဆလိုင်းတင်မောင်ဦးတို့နောက် ဘယ်သေဒဏ်ကျမှ ကြိုးပေးမသတ်တော့ပါဘူး။ ကြိုးပေး မကွပ်မျက်တော့ အခြားနည်းနဲ့ သုတ်သင်သလားဆိုတော့လည်း မသုတ်သင်ပါဘူး။

ကြိုးသမားဟာ အထွေထွေလွတ်ငြိမ်းချမ်းသာခွင့် ဒါမှမဟုတ် လွတ်ငြိမ်းသက်သာခွင့်တခုခုတွေနဲ့ ကြိုးကနေ တသက်တကျွန်းပြောင်းသွားပါတယ်။

ကျွန်းမှာ နှစ်အကန့်အသတ်မရှိကျွန်း၊ ၃၅ နှစ်ကျွန်း၊ နှစ် ၂၀ ကျွန်းဆိုပြီး ယေဘုယျပြောထားတာရှိပါတယ်။ ကြိုးပြောင်း ကျွန်းတည်ရင် တကျွန်း။ အဲ့ဒီကမှ ၃၅ နှစ်ကျွန်း၊ အဲ့ဒီကမှ နှစ် ၂ဝ ကျွန်း၊ အဲ့ဒီကမှ ၁ဝ နှစ်နှင့်အထက်များ ၁ဝ နှစ် တည်စေဖြစ်(၁၉၉၃ ခု ပေးခဲ့တာမျိုးပါ)ပြီး အဲ့ဒီကမှနောက်ဆုံး ထောင်လျှော့ရက်တွေနဲ့ပြန်လွတ်ကုန်ကြတာပါ။

ဒါက အယူခံ ၃ ဆင့်လုံး ရှူံးသွားတဲ့ကြိုးသမားတယောက်တောင် အဲ့လိုနည်းနဲ လွတ်လာပါတယ်။ အထက်ရုံးတရုံးရုံးမှာ အယူခံနိုင်မယ်မှန်း ကြိုသိနှင့်တဲ့ကြိုးသမားဆို ကြိုးပေးခံရတယ်ဆိုတဲ့စိတ်ခံစားမှု ဖိစီးမှု ဝေဒနာ စိတ်သောကတွေတောင် မရှိကြပါဘူး။ ကြိုးမိန့်ချလိုက်တဲ့နေ့က ပျော်ပျော်ပါးပါး ဟားတိုက်ပြီးတောင် ကြိုးတိုက်ကိုပြောင်းလာတာ ကျနော်မြင်ခဲ့ဖူးပါတယ်။

ကြိုးလွတ်တွေလို့ သေရွာပြန်ကြိုးသမားတွေလို့ သေမင်းလက်မခံတွေလို့ဆိုပြီး မိုက်ဂုဏ်ကိုအဟုတ်ထင်ပြီး ဝါကြွားနေသူတွေဆိုတာ အဲ့လိုလူတွေကိုပြောတာပါ။ တကယ်ကြိုးပေးသတ်ရက်နဲ့ ကြိုးတန်းလန်းကြီးကနေ တွဲလောင်းကြီးကျရက်နဲ့ မသေပဲအသက်ရှင်သွားတဲ့သူဆိုတာ မရှိပါဘူး။ ရှိလို့လည်းမရပါဘူး။ အသေအချာတွက်ချက်ပြီး စနစ်တကျကွပ်မျက်တာမို့ တကယ်ကြိုးပေးသတ်ရင် မသေမရှိပါပဲ။

ခုကြည်လင်းနဲ့ အသက်သာ နည်းနည်းရှည်ရှည်နေရရင် ကျန်းမာရေးလည်းကောင်းရင် တနေ့နေ့တချိန်ချိန် အပြင်ပြန်ရောက်လာမှာပါ။ လူတွေမေ့သလောက်ရှိတော့ ပြန်ထုတ်ပေးလိုက်မှာပါ။

စစ်အုပ်စုဟာ တိုင်းပြည်နဲ့လူထုကိုသာမက ကမ္ဘာကိုပါ နည်းအမျိုးမျိုးနဲ့ လှည့်ပတ်ဖျားယောင်း ကလိန်ညာဏ်ဆင်တဲ့နေရာမှာ သိက္ခာတရားအရှက်တရားကမ်းကုန်နေတဲ့ စစ်ရာဇဝတ်ကောင်တွေပါ။

ခက်နေတာက “ကျနော်တို့လူ“ ဆိုတဲ့လူတွေက အဲ့ဒီစစ်အုပ်စုစစ်ရာဇဝတ်ကောင်တွေနဲ့ ပလူးပလဲလုပ် ပယောပယီလုပ် အောက်စီးက မျက်နှာချိုသွေး ဒူးထောက်ရင်း မူမဲ့တဲ့စေ့စပ်ရေး အရှူံးပေးရေး အညံ့ခံရေးတွေကို အမျိုးသားရင်ကြားစေ့ရေးတို့ အမျိုးသားပြန်လည်သင့်မြတ်ရေးတို့ဆိုပြီး လုပ်နေတာပဲဖြစ်ပါတယ်။
မျိုးမြင့်ချို ဖေဖော်ဝါရီ ၁၇၊ ၂ဝ၁၉

0 comments:

Post a Comment