Saturday, February 9, 2019

(စစ်သားဆိုတာ) မျိုးမြင့်ချို

0 comments

(စစ်သားဆိုတာ) မျိုးမြင့်ချို
စစ်သားဆိုတာ ရန်သူမရှိရင် မနေတတ်သူဖြစ်ပါတယ်။ ရန်သူ ကြိုတင်ရှိထားရပါတယ်။ ဒါက တချက်ပါ။

စစ်သားဆိုတာ ရန်သူကို မုန်းမနေရင်ကြောက်မနေရင် စစ်တိုက်လို့ကိုမရပါဘူး။ ဒါ့ကြောင့် ရန်သူကို မုန်းတတ်ကြောက်တတ်အောင် လုပ်ပေးထားရပါ။တယ် ဒါကတချက်။

ရန်သူကလည်း ကိုယ့်ကို မုန်းနေတယ်ကြောက်နေတယ်လို့ သူ့စိတ်ထဲမှာထင်နေအောင် လုပ်ထားပေးရပါတယ်။ ဒါမှ ကိုယ့်ကိုမုန်းနေကြောက်နေတဲ့သူကို ကျားစီးဖားစီးတိုက်ပါတယ်။ ဒါကနောက်တချက်။

အဲ့သည်သုံးခုလုံးကိုလုပ်တဲ့နေရာမှာ သူဟာ သူကိုယ်စားပြုနေတဲ့ လူ့အစုအစည်းကိုကာကွယ်နေတဲ့သူ၊ အဲ့ဒီလူ့အစုအစည်းအတွက် အသေခံဝံ့သူ၊ အဲ့ဒီလူ့အစုအစည်းအတွက် သတ်ဝံ့ဖြတ်ဝံ့သူ၊ အဲ့ဒီလူ့အစုအစည်းအတွက် သေရသတ်ရတာဟာမှန်ကြောင်းနဲ့ အဲလိုသေရသတ်ရတာမြတ်ကြောင်း ယုံကြည်လာအောင် လုပ်ပေးထားရတာယ်။

ဒီနေရာမှာ ရန်သူကိုသတ်ရဲထာတက် ကိုယ့်အသက် အသေခံရဲလောက်အောင်ဖြစ်လာတဲ့ ယုံကြည်မှုမျိုး ဝင်နေအောင်လုပ်ပေးထားရတာဖြစ်ပါတယ်။ ဒါဆို စစ်သားအဖြစ်အနေသဘောဟာ ပြည့်စုံသွားပြီ။ စစ်သားအဖို့ အဲ့သလောက်ဆို ရပါပြီ။

စစ်တိုက်ကျင်လည်ပါတယ်ဆိုတဲ့ဗိုလ်ချုပ်ကြီးတွေ စစ်အတ်တဖက်ကမ်းခတ်ပါတယ်ဆိုတဲ့ စစ်ပါရဂူကြီးတွေကအစ မနေ့တနေ့ကမှတပ်ထဲဝင်လာတဲ့ စာမတတ်ပေမတတ် စစ်သားပေါက်စလေးအထိ အဲ့သလိုဖြစ်နေပါတယ်။ ဖြစ်နေမှာလည်းရပါတယ်။

ဒီနေရာမှာတော်လှန်စစ်တွေ၊ ဖေါက်ပြန်စစ်တွေ၊ ကျူးကျော်စစ်တွေ၊ ခုခံစစ်တွေ၊ တရားသောစစ်တွေ၊ မတရားသောစစ်တွေ ဒါတွေက နိုင်ငံရေးကိစ္စ၊ အတွေးအခေါ်ကိစ္စ၊ လူတန်းစားကိစ္စတွေဖြစ်လို့ သီးခြားပြောရမယ်ထင်ပါတယ်။

တပ်မ ၉၉ လက်အောက်ခံ တပ်ရင်းတွေနဲ့တွဲပြီးရှေ့တန်းလိုက်ခဲ့တုန်းက စစ်သားတွေကို ကျနော် အဲ့လိုတွေ့ခဲ့ပါတယ်။
ဖေဖော်ဝါရီ ၆ ရက်၊ ၂ဝ၁၉

0 comments:

Post a Comment