Friday, February 15, 2019

(ဘယ်သူနဲ့မှအတူရှိဖို့မလိုပါ) မျိုးမြင့်ချို

0 comments
(ဘယ်သူနဲ့မှအတူရှိဖို့မလိုပါ) ဒေါ်ကြီး ညစ်တွန်း တွန်းပြီး မီးမွှေးပါပြီ။ တိုင်းပြည်ကိုအရေးပေါ် အခြေအနေကြညာချက်ကို လက်မှတ်ထိုးပါပြီ။ သူ့တံတိုင်းအတွက် ပြည့်လည်မျိုကိုညှစ် နိုင်ငံ့ဘဏ္ဏာတိုက်ကို ဖောက်မည့်အကြံဖြစ်ပါသည်။ ကာကွယ်ရေးအသုံးစရိတ် သို့မဟုတ် သဘာဝဘေးအန္တရယ်ကာကွယ်ရေး အရေးပေါ်ရန်ပုံငွေထဲကနေ ထုတ်သုံးည့်သဘောဖြစ်ပါသည်။

တိုင်းပြည်သည် အခြေအနေရ စစ်ပူရော စစ်အေးရေး မပူသလို၊ ပြည်တွင်းရန်ရော ပြည်ပရန်ရော ဘာခြိမ်းခြောက်မှုနှင့် ဘာအန္တရာယ်မှ ကျမနေပါ။ ချောက်ထဲကျရန် လက်နှစ်လုံးမဟုတ်ပါ။ ဖုတ်ပူမီးတိုက် လုပ်ရမည့်အနေအထားဘာမှမရှိပါ။

ဒေါ်ကြီးရှို့သောမီးသည် ပြသဒ်မှစလောင်သောမီးဖြစ်၍ ပြဿဒ်တွင် ငြိမ်းသွားလျှင်ကောင်းပါသည်။ အမှိုက်ပုံဆင်းလောင်ပါက တပြည်လုံး မီးကူးပါလိမ့်မည်။ နိုင်ငံကသောင်းကနင်းဖြစ်လိမ့်မည်။ ပြဿနာပေါင်း သောင်းခြောက်ထောင်လာပါလိမ့်မည်။

ဗဟိုတရားရုံးတို့ကွန်ဂရက်စ်တို့နဲ့ ထိပ်တိုက်တိုးပါလိမ့်မည်။ လောလောဆယ် အမေရိကန် စတော့ရှယ်ယာဈေးကွက် ငြိမ်နေပါသေးသည်။ လွှတ်တော်၊ အိမ်ဖြူတော်၊ စူပရီးမ်းကုဒ်တို့ နဖူးကျည်ပွေ့တွေတွေ့ကြလျှင် ငွေဈေးကွက် စတော့ရှယ်ယာဈေးကွက် လှုပ်လာပါလိမ့်မည်။ ထိုအရာတွေလှုပ်လာလျှင် ရွှေဈေး ရေနံဈေး ဒေါလာဈေးတွေပါ အဖျားခတ်လာပါလိမ့်မည်။

လွှတ်တော်ဆိုင်ရာဘတ်ဂျက်ရုံးနှင့် ကော်မတီက ဘာမှမပြောသေးပါ။ ဘဏ္ဏာရေးကော်မတီ အသီးသီးလည်း ဘာဆက်ဖြစ်ဦးမလဲ နားစွင့်နေကြပုံပေါ်ပါသည်။ ဝေါစထရိနှင့် နူးယော့ခ် ငွေကုန်သည်ကြီးတွေလည်း နားရွက်မခတ်ပဲ တထိတ်ထိတ်စောင့်ကြည့်နေကြပါသည်။

အောက်လွှတ်တော်သည် ဒီမိုကရက်တွေလက်ထဲရှိပြီး အထက်လွှတ်တော်(ဆီးနိတ်)မှာ ရီပတ်ဘလီကင်န်တွေ ထိန်းထားပါသည်။ မဲအပြတ်အသတ်ကွာသည်တော့ မဟုတ်ပါ။ နေရာပေါင်း ၁ဝဝ တွင် ၅၃နှင့်၄၇ ဖြစ်ပါသည်။ ဆီးနိတ်သည် (သမ္မတအမည်စာရင်း တင်သွင်းသူများအား ရာထူးခန့်မခန့် အတည်ပြုဆုံးဖြတ်ပေးရာ၌ အလွန်အခရာကျပါသည်။ သို့သော် ၆၀ ရာခိုင်နှုန်းထောက်ခံမှ အတည်ဖြစ်ပါသည်) လွှတ်တော် ၂ ရပ်ပေါင်းရှိ အမတ် ၃ ပုံ ၂ ပုံက ကန့်ကွက်ည်ဆိုလျှင် ဒေါ်ကြီးရဲ့အရေးပေါ်အခြေအနေကြေညာမှုဟာ အထမမြောက်ပါ။ ၂ ရပ်ပေါင်းမဲခွဲလျှင်တော့ ဒေါ်ကြီးဘက်က နိုင် နိုင်ခြေရှိပါသည်။

ခု သမ္မတ၊ လွှတ်တော် ၂ ရပ်နှင့် စူပရီးမ်းကုတ်တို့ တပွဲတလမ်း အကဲစမ်းကြပါတော့မည်။

ကျနော်တို့ကား အခွန်ထမ်းပြည်သူများဖြစ်ကြပါသည်။ မြေဇာပင်များ မဟုတ်ပါ။ ပွဲကြည့်ပရိတ်သတ် မဟုတ်ပါ။ မဲဆန္ဒရှင်သက်သက် မဟုတ်ကြပါ။ ဘယ်နိုင်ရေးသမား ဘယ်သမ္မတမျက်နှာမှ ကြည့်စရာမလိုပါ။ ကျနော်တို့ ယုံကြည်ရာကို လွတ်လွတ်လပ်လပ်ပြော ယုံကြည်သည့်အတိုင်း ကမ်းကမ်းကုန်ကုန် ရပ်တည်လို့ရကြပါသည်။ ပြောမည်ဆိုမည်ကန့်ကွက်မည်ထောက်ခံကြပါမည်။ လိုအပ်လျှင် လမ်းပေါ် ထွက်ကြပါလိမ့်မည်။ အမေရိကတွင် လမ်းပေါ်နိုင်ငံရေးခေတ် ရှိနေပါသည် ဗမာပြည်မှာတော့ ခေတ်ကုန်ပြီဟုဆိုပါသည်။

ကျနော်တို့ အများတကာ့အများစုကြီးဖြစ်သောကျနော်တို့ (လူထုသည်)သည်မျက်နှာနှင့် တိုင်းပြည်မျက်နှာသာကြည့်ပါမည်။ အမေနှင့်အတူတို့ ဘယ်သူနှင့်အတူတို့ဘာတို့ ဒီမှာမရှိပါ။ ဘယ်သူနှင့်မှ အတူရှိဖို့မလိုပါ။ ပြည်သူတို့သည် ပြည်သူတို့နှင့်အတူရှိကြပါသည်။ ကျနော်တို့သည် ကျနော်တို့နှင့်အတူရှိကြပါသည်။
မျိုးမြင့်ချို ဖေဖော်ဝါရီ ၁၅၊ ၂ဝ၁၉

0 comments:

Post a Comment